Thursday, January 30, 2020

Corona Virus Update 1/30

 နောက်ဆုံးဖတ်ရတဲ့အရေအတွက်ကတော့ လူပေါင်း ၁၇၀ သေဆုံးပြီး ကူးစက်ခံရမှုပေါင်း ၇၇၀၀ ကျော်ပြီဖြစ်ပြီး ၀ူဟန် ကော်ရိုနာ ဗိုင်းရပ်ဟာ အာရှတခွင်နဲ့ကမ္ဘာတဝှမ်းကိုပျံ့နှံလျှက်ရှိပါတယ် ။

တရုတ်ပြည်မှာ အခု ဖြစ်နေတဲ့ confirmed case ဟာ SARS တုန်းကထက်အရေအတွက်များနေပြီဖြစ်ပါတယ် ။ ပိုးကူးစက်ခံရမှုက ၃၀% မြင့်တက်လာတယ်လို့ NY Times မှာလည်းဖော်ပြထားပါတယ် ။

တရုတ်ပြည်မှာ လူပေါင်း ၆၀ မီလီယံလောက်ကို မြို့အလိုက် partial or full lockdown လုပ်ထားလိုက်ပြီ အထဲကလူအပြင်ထွက်မရ အပြင်ကလူအထဲဝင်မရအောင်တင်းကြပ်တဲ့ rule တွေနဲ့ထိမ်းချုပ်ထားပါတယ်

တစ်ကမ္ဘာလုံးပျံ့နှံ့မှုကိုကြည့်မယ်ဆိုရင် အမေရိကန်အပါအဝင် ကူးစက်ခံရမှုအပေါင်း ၉၁ ခု ရှိပြီဖြစ်ပါတယ် ။

ထူးခြားစွာ ကံကောင်းနေတာလား ကိုယ်တွေပဲ immune သိပ်ကောင်းနေတာလား  တခြားနိုင်ငံတွေထက် prevention ပိုကောင်းနေတာလား disease nature နဲ့ adaptation ရနေတာလာ ဘာလားတော့မပြောတတ်ပါဘူး မြန်မာနိုင်ငံမှာတော့ တစ်ယောက်မှ မတွေ့သေးပါဘူး တွေ့တယ်လည်းသတင်းမကြားမိသေးပါဘူး ဖတ်မိရင်လည်း Comment မှာ ပြန်မျှဝေပေးကြပါ ။

Soure : CNN

The latest numbers: At least 170 people are dead and more than 7,000 cases have been confirmed in mainland China, as the Wuhan coronavirus spreads across Asia and the rest of the world.
China on lockdown: Nearly 60 million people are under partial or full lockdowns in Chinese cities.
Global spread: There are 91 confirmed cases outside of China, including at least five in the US.


No comments:

Post a Comment