Tuesday, February 25, 2020

နေဝင်ချိန်ရောက်ခဲ့ရင်

သင့်ကို စွန့်ခွာသွားလို့ ဝမ်းနည်းမနေနဲ့
သင်လည်းတစ်နေ့ အကုန်လုံးကို စွန့်ခဲ့ရမှာ ။

သင့်ကို လမ်းခွဲသွားလို့ မျက်ရည်ကျမနေနဲ့
သင်လည်းတစ်နေ့ အချစ်အမုန်း အားလုံးကို လမ်းခွဲခဲ့ရမှာ ။

သင့်ကို နာကျင်စေခဲ့လို့ မုန်းတီးမနေနဲ့
အရာရာဟာ ကံကြမ္မာအတိုင်းဖြစ်ပျက်နေကြတယ် ။

" နေဝင်ချိန်ဆိုတဲ့ တစ်နေ့ရောက်လာခဲ့ရင်
အရာရာကို ထားခဲ့ရမယ် "

သက်တန့်ချို
25-Feb 2020

No comments:

Post a Comment