Friday, June 3, 2011

ချစ်သူရှိသောအမျိုးသားများတွင် မရှိအပ်သည့်အချက် နှစ်ဆယ်

ချစ်သူရှိသောအမျိုးသားများတွင် မရှိအပ်သည့်အချက် နှစ်ဆယ်




ပထမပို့စ်မှာတုန်းက ချစ်သူရှိသောအမျိုးသမီးတွေအတွက် ရေးပေးလိုက်တော့ တချို့ တလေတော့ အထိနာ သွားကြလို့လားမသိဘူး အနားမှာရှိနေရင် ကိုသက်တန့်ကြီးကို အမှုန့်ကြိတ်ပစ်မယ်တဲ့ ဟိဟိ တရားမျှတအောင် ဒီတခါ ယောင်္ကျားလေးတွေအတွက်ပြန်ရေးပေးလိုက်ပါတယ် ။ ကဲ ကိုပုရိသတို့ ကိုယ့်အလှည့်ကျ မနွှဲ့စ တမ်းပေါ့နော် :P

၁ ။ မိမိချစ်သူက ရှော့ပင်ထွက်ချိန်သည့်အခါတွင် အကြောင်းအမျိုးမျိုးပြ ပိုက်ဆံ မရှိလို့အချိန်မအားလို့ စသဖြင့် (အမှန် က သူငယ်ချင်းများနှင့် ဘီယာသောက် ၊ ဘောလုံးပွဲကြည့်ရန် ) မိမိချစ်သူကိုငြင်းပယ်တတ်ခြင်း ။

၂ ။ ချစ်သူရှေ့တွင် အလိုက်ကမ်းဆိုးမသိ ကွမ်းစား ခြင်း ဆေးလိပ်သောက်ခြင်း ဖြင့် ချစ်သူ အား ရော ဂါတိုးစေခြင်း ။

၃ ။ မိမိချစ်သူက အချော့ခံချင်၍ အသေးအဖွဲကိစ္စလေးကအစ စိတ်ကောက်သည့်အခါ နားလည်မှုမပေးပဲ ပြဿ နာ အကြီးကြီးရှာတယ် ဘာမှမဟုတ်တာလေးနဲ့ စိတ်ကောက်တယ် ဟု အထင်လွဲခြင်း ။

၎ ။ မိမိချစ်သူက စိတ်အားငယ်သည့်အခါတွင် အားပေးဖော်မရပဲ မင်းမျက်နှာကြီးကလည်း အမြဲစိတ် ပျက်နေ တဲ့ပုံကြီးပဲ ငါနဲ့တွဲရတာပျော်တော့ဘူးလားဟု ဘုဂလန့်စကားများပြောဆိုခြင်း ။

၅ ။ မိမိချစ်သူက အမှတ်တရလက်ဆောင်ပစစ္စည်းအသေးအဖွဲလေးများ လဲလိုသည့်အခါတွင် အရေးမကြီး တဲ့အ လုပ်တွေပါကွာ စိတ်ထဲက ချစ်နေရင်ပြီးတာပါပဲဟု ငြင်းပယ်တတ်ခြင်း ။

၆ ။ မိမိချစ်သူကိုပေးရမည့်အချိန်ထက် ဘောလုံးပွဲနှင့် မိမိအလုပ်များကို သာ အချိန်ပေးနေတတ်ခြင်း ။

၇ ။ မိမိချစ်သူက ရှေ့ရေးအတွက် အလေးအနက်ထားတိုင်ပင်သည့်အခါတွင် ပေါ့ပျက်ပျက်ဖြင့် အလေးမထားသလို အချိန်တန်ရင်နွားပိန်ကန်ပါလိမ့်မယ်ကွာ နောက်တော့လည်း ဖြစ်လာမှာပေါ့ စသဖြင့် ဆင်ခြေဆင်လက်ပေးတတ်ခြင်း ။

၈ ။ မိမိချစ်သူက လုပ်ဖော်ကိုင်ဖက် အမျိုးသားများနှင့် အလုပ်သဘောအရဆက်ဆံမှုရှိသည့်အခါမျိုးတွင် နားလည်မပေးနိုင်ပဲ နင်ငါ့ကွယ်ရာမှာ တခြားဘဲနဲ့ကြိတ်ပုန်းခုတ်နေတာလားဟု သံသယထား စွပ်စွဲတတ်ခြင်း ။

၉ ။ မိမိချစ်သူက အကြောင်းတစုံတခုကြောင့် စိတ်ကောက်နေသည့်အချိန်တွင် မိမိက ( ဘာကြောင့်ပဲ မှားမှား ယောင်္ကျားလေးဖက်က အရင်စချော့ရမည် ) ဟူသော မူကို လက်ကိုင်မထားပဲ ယောင်္ကျားတန်မဲ့ မိန်း ကလေးနှင့်အပြိုင်စိတ်ဆိုးစိတ်ကောက်တတ်ခြင်း ။

၁၀ ။ မိမိချစ်သူက မိမိအား တခြားအမျိုးသမီးများနှင့် မိန်းကလေးသဘာဝ သ၀န်တိုသောအခါများတွင် အော် ဒါ မိန်းကလေးသဘာဝပါလား ငါ့ကို ချစ်ရှာတာပဲလေဟု နားလည်မပေးပဲ နင်င့ါကို မယုံဘူးလား ငါ့အချစ်ကို စော်ကားတယ် စသဖြင့် ရန်စကားပြောဆိုခြင်း ။

၁၁ ။မိမိချစ်သူက မိမိအတွက် အလှပဆုံး ပြင်ဆင်လာသည့်အခါတွင် အော် သူလှတာလေးကို ငါ့ကို ကြည့်စေ ချင်ပါလား ဟု ဖြည့်စွက်မတွေးပဲ နင်ငါရှိနေတာတောင် တခြားဘဲတွေကြောင်အောင် ဘာလို့ အလှပြင်လာတာလဲ စသဖြင့် ပြဿနာရှာခြင်း ။

၁၂ ။ မိမိချစ်သူက တစ်ဖက်က PCO ဖုန်းပြောနေသည့်အခါတွင် မိမိက အားမနာလျှာမကျိုး အရည်မရအဖတ်မရ ဖုန်းဘေလ်တတ်အောင် ပြောဆိုခြင်း ။

၁၃ ။ မိမိချစ်သူက Facebook တွင်တခြားအမျိုးသား သာမန်သူငယ်ချင်းများသို့ သွားလည်သည့်အခါတွင် ထိုအမျိုး သားများအား အကြောင်းမရှိအကြောင်းရှာ ရန်သွားစတတ်ခြင်း ။

၁၄ ။ မိမိချစ်သူက အတူသုံးချင်၍ ဂျီမေလ်းပါ့စ၀ပ်တောင်းသည့်အခါတွင် ကိုယ်ကြူထားတာပေါ်သွားမှာစိုး၍ အကြောင်း အမျိုးမျိုးပြ ငြင်းပယ်တတ်ခြင်း ။

၁၅ ။ မိမိချစ်သူက ဘယ်မှာရောက်နေတာလဲဟု မေးသောအခါတွင် (ဘီယာဆိုင်တွင်ရောက်နေပါက Toilet ထဲ အမြန်ပြေးသွား၍ အေး ငါထမင်းဆိုင်မှာ ဟ ထမင်းစားနေတုန်းပဲ ) ( မာဆတ်ရောက်နေပါက အင်း ခဏလေးနော် ချစ်ရေ ကိုယ်ပုတီးစိပ်နေလို့ ) စသဖြင့် လိမ်ညာပြောဆိုတတ်ခြင်း ။

၁၆ ။ မိမိချစ်သူ၏ ဖေ့ဘုတ်စာမျက်နှာကို လာလည်သလိုလိုနှင့် သူ့သူငယ်ချင်းများအား လှည့်ပတ် ၍ အရောဝင်ခင်မင်၍ ကြုံရင် ကြုံသလို ကြူတတ်ခြင်း ။

၁၇ ။ မိမိချစ်သူက ကဗျာရေးသူစာရေးသူဖြစ်ပါက ကွန်မန့်ပေးဖော်မရပဲ အင်တာနက်သုံး၍ ကွန်နက်ရှင်ကျခြင်း လိုင်း မကောင်းခြင်းများကို အကြောင်းပြကာ ဒိုတာခုတ်ခြင်းဖြင့်အချိန်ကုန်နေတတ်ခြင်း ။

၁၈ ။ မိမိချစ်သူနှင့်ရှော့ပင်အတူထွက်သည့်အခါမျိုးတွင် ကိုယ်တော့ ဒီဟာလေးကြိုက်လာတာ ချစ်ရဲ့လက်ဆောင် အနေနဲ့ဝယ်ပေးပါလားဟင် ဟင် ..ဒီဖိနပ်လေးက ကိုယ်နဲ့သိပ်လိုက်မှာပဲ ကိုယ့်ကို လက်ဆောင် မပေးချင်ဘူးလားဟင်စသဖြင့် အားမနာတမ်းပူဆာတတ်ခြင်း ။

၁၉ ။ မိမိချစ်သူက ရေခြားမြေခြားတွင် ရှိနေ၍ မိမိအားမမြင်နိုင်သောအခါမျိုးတွင် ( သူမမြင်ရသော အလုပ် ကိစ္စနှင့်တခြားအကြောင်း ပြချက် များစွာကို အရင်းပြုကာ) အင်တာနက် ချက်တင်ထိုင်ရန်ပျက်ကွက်ခြင်း ။

၂၀ ။ မိမိချစ်သူက မိမိနှင့်တွေ့ဆုံရန်ချိန်းဆိုပြီးမှ ကိစ္စတစ်ခုခုကြောင့်ပျက်ကွက်ခြင်း ( မိန်းကလေးကျန်းမာရေး ၊ ဖျားနာခြင်း ) ဆိုလျှင် ချိန်းထားတာ အလေးအနက်ထားပြီးမလာဘူးဟု တစ်ဖက်လူပြဿနာကို အရင်မစုံစမ်းပဲ မိမိကအရင်ပြဿနာရှာတတ်ခြင်း ။

ကိုပုရိသတို့အတွက်လည်း ရှောင်ရမယ့်အချက်တွေပြောမယ်ဆိုရင် ပြောကုန်မယ်ထင်ပါဘူး ။ ဒီတခါတော့ မျှမျှ တတ အားလုံးကျေနပ်ကြလိမ့်မယ်လို့ထင်ပါတယ် ။ စိတ်ထဲကအတွေးလေးတွေကို မျှဝေထားတာဖြစ်တဲ့အတွက် ကျနော်ရေးတဲ့စာတွေကို ဗွေမယူစေချင်ပါဘူး ။ ဒီအတိုင်းလေးကိုယ်နဲ့တိုက်ဆိုင်တာလေးကို ပြင်လိုက်ပြီး ချစ်သူတိုင်းပြုံးပျော်ရွှင်စွာ ပေါင်းဖက်နိုင်ကြပါစေခင်ဗျားး)

မှတ်ချက် - ကိုသက်တန့်ရော ဒီလိုမျိုးပဲလားလို့ ပြန်မမေးကြေးနော် :P

www.thettantvillage.com
သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, June 2, 2011

ချစ်သူရှိသောအမျိုးသမီးများတွင်မရှိအပ်သည့်အချက် နှစ်ဆယ်

ချစ်သူရှိသောအမျိုးသမီးများတွင်မရှိအပ်သည့်အချက် နှစ်ဆယ်





၁ ။ မိမိချစ်သူက ချိန်းဆိုသည့်နေရာသို့ အကြောင်းတစ်စုံတစ်ခုကြောင့်နောက်ကျပြီးမှရောက်လာသောအခါတွင် အကျိုး အကြောင်းမမေးပဲ အပစ်တင်စကားအရင်ပြောဆိုခြင်း ။

၂ ။ မိမိချစ်သူအား ဆေးလိပ် ဘီယာ ဖြတ်စေချင်သောအခါတွင် လေပြည်ထိုးချော့မော့၍ ပါးနပ်စွာ မပြော ဆို ပဲ ဆေးလိပ်ဘီယာ ဖြတ်မလား ငါ့ကို ဖြတ်မလားဟု အတင်းအကြပ် ချောင်ပိတ်ပြောဆိုခြင်း ။

၃ ။ မိမိချစ်သူက ပေးချင်မှန်းမသိ မပေးချင်မှန်းမသိပဲ ဂျီမေးလ်အကောင့်ပတ်စ်ပ်များ တောင်းဆို၍ ယခင် ချက်မေလ်း များအား ပြန်လှန်ကာ ပြဿနာ ရှာခြင်း ။

၎ ။ မိမိချစ်သူက အလုပ်ပိနေ၍ ပြန်လည်၍ chatting မပြော နိုင်သည့်အခါ ဘယ်ကောင်မနဲ့ ကြူနေတာလဲဟု သ၀န်တိုစကားပြောဆိုခြင်း ။

၅ ။ မိမိချစ်သူက ဘောလုံးပွဲညဖက်ကြည့်ထား၍ အိပ်ငိုက်နေသည့်အခါ နားလည်မပေးပဲ ဘာလို့ အိပ်ငိုက်နေ တာလဲ ငါ့ကို လာတွေ့ရတာ မပျော်ဘူးလားဟု အရိပ်သုံးပါးနားမလည်ပဲ မေးမြန်းခြင်း ။

၆ ။ မိမိချစ်သူ၏ ဂျီမေလ်းအကောင့်ထဲသို့ ၀င်လာသည့်မေးလ်မှန်သမျှအား မိမိမေးလ်ထဲသို့ Forwarding လုပ်ထားခြင်း ။

၇ ။ မိမိချစ်သူက တစ်စုံတစ်ခုပြောရန်ကြံသောအခါတွင် အပြောမခံပဲ မိမိက အလျှင်ဦးအောင်ပြောဆိုခြင်း ။

၈ ။ မိမိချစ်သူအား နေကောင်းရဲ့လားဟု စကားတစ်ခွန်းမမေးပဲ မိမိနေမကောင်းသောအခါတွင် ချစ်သူ က နေကောင်း ရဲ့လားဟု မမေးမိသောအခါတွင် စိတ်ကောက်စိတ်ဆိုးတတ်ခြင်း ။

၉ ။ မိမိချစ်သူ ဂျီမေလ်းအကောင့်ပတ်စ၀ပ်အား တောင်းဆိုပြီး၍ ရပြီးသောအခါ မိမိ ဂျီမေလ်းအကောင့်ပါ့စ၀ပ် အား ပြန်လည်ပေးရန် တွန့်ဆုတ်နေခြင်း ။

၁၀ ။ မိမိအားငယ်နေသောအခါတွင် ချစ်သူထံမှ အားပေးစကားပြောဆိုရန်အလိုရှိသောအခါတွင် နား လည်အောင် မရှင်းပြပဲ ရန်ထထ ဖြစ်တတ်ခြင်း ။

၁၁ ။ မိမိချစ်သူ အလုပ်များနေသောအခါတွင် နားလည်မပေးနိုင်ပဲ မိမိအတွက် အချိန် မပေးနိုင်ကောင်း ရဲ့လားဟုဆို၍ ပြဿနာရှာခြင်း ။

၁၂ ။ မိမိချစ်သူက အကြင်နာပေးချင်သည့်အခါ မည်သည့်အကြောင်းပြချက် မှမရှိပဲ ငြင်းပယ်နေလေ့ရှိခြင်း ။

၁၃ ။ မိမိချစ်သူက ရှေ့တွင်ဖြတ်လျှောက်သွားသော အမျိုးသမီးများအား ဘာရယ်မဟုတ်ကြည့်မိသည့်အခါတွင် ဒီလောက်တောင် နှာဘူးထရလား ငါတစ်ယောက်လုံးပါနေတာတောင် မမြင်ဘူးလားဟုဆို၍ သ၀န်တို တတ်ခြင်း ။

၁၄ ။ မိမိချစ်သူက ဘလော့များတွင် စာရေးလေ့ ရှိသူဖြစ်ပါက အချိန်မှန်လည်ပတ်၍ ကွန်းမန့်များပေးရန် ပျက်ကွက် ခြင်း ။

၁၅ ။ မိမိချစ်သူ ၏ ဘလော့သို့ လာရောက်လည်ပတ် ကွန်းမန့်ပေးကုန်ကျသော ပရိတ်သတ်အမျိုးသမီးများနှင့် လှည့် ပတ် ပြဿနာဖြစ်ခြင်း ။

၁၆ ။ မိမိချစ်သူက မအားလပ်သောအချိန်ဖြစ်ပါ အလိုက်မသိပဲ နာရီပေါင်းများစွာ ဖုန်းပြောနေခြင်း ။

၁၇ ။ မိမိချစ်သူက စေတနာနှင့်ပြောဆိုသော ဆုံးမစကားများအား ငါ့ကို သက်သက်ဆရာကြီး လာလုပ်တယ်ဟု အထင်ရောက်ခြင်း ။

၁၈ ။ မိမိချစ်သူနှင့်လုပ်ဖော်ကိုင်ဖက် သူငယ်ချင်း မိန်းကလေးများအား အလကားနေအလကား အခြောက်တိုက် သ၀န်တိုတတ်ခြင်း ။

၁၉ ။ မိမိချစ်သူရှေ့တွင် အစားအသောက်အနေအထိုင်မဆင်ခြင်ပဲ စားချင်ရာစွတ် စားပြီး နေချင် သလို နေ ထိုင်ခြင်း ။

၂၀ ။ မိမိချစ်သူနှင့်အင်တာနက်သုံးchatting ထိုင်နေသည့်အချိန်တွင် တစ်ဖက်မှ မီးပျက်ခြင်း ၊ ကွန်နက် ရှင် ကျခြင်း များကို နားလည်မပေးပဲ ငါနဲ့ပြောနေတုန်း ဂျီတော့ကို ဘာလို့အောက်လိုက်တာလဲဟု ပြဿနာရှာခြင်း ။

အထက်ပါ အချက် ၂၀ ဟာ စိတ်ကူးထဲမှာ ပေါ်လာတာတွေချရေးထားတာပါ ။ ဒီထက်ရေး ရရင်လည်းရေး ကုန်နိုင်မယ်ထင်ပါဘူး ။ ကိုယ့်ရှေ့မှာ ဖြစ်ပျက်နေတာတွေကို ရေးထားခြင်းဖြစ်တဲ့အတွက် ကိုသက် တန့်ချိုကြီး တကယ်ကြုံနေရတာလားလို့တော့ မမေးကြပါနဲ့ :P အားလုံးက စိတ်ကူးထဲက အတွေးတွေကို ဝေမျှထားတာပါ ။ မကြာ ခင်မှာ ချစ်သူရှိသောအမျိုးသားများတွင်မရှိအပ်သည့်အချက် နှစ်ဆယ်ကိုလည်းရေးဖြစ်ပါလိမ့်မယ် ။ စောင့်မျှော် ဖတ်ပေးကြပါဦး ။ :P : P

www.thettantvillage.com
သက်တန့်ချို


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, June 1, 2011

သူမ ကို ကျွန်တော်လွမ်းသည် . . .

သူမ ကို ကျွန်တော်လွမ်းသည် . . .



အတွေးထဲမှာ..
နှင်းတွေ ဆုပ်ကျဲဖြန့်ကျက်ထားသလိုမျိုး
အဖြူရောင်ငွေ့ငွေ့....
တရွေ့ရွေ့လွမ်း . . တယ် . . .

သူမ ...
နံနက်ခင်းရဲ့နေခြည်
အလင်းတွေဝေဖြာလို့
ကြယ်တစ်စင်းလင်းလက်သလိုမျိုး
ကျွန်တော့်ကို . . နွေးစေတယ် ...

သူမ ....
ရင့်ကျက်တဲ့အလှတရားနဲ့
ကျွန်တော့်အတွက်ဆို...
ကမ္ဘာကိုတောင်ဖန်ဆင်းမတဲ့ ...
အရာရာကို စိုးမိုး
ခပ်တိုးတိုးလေးညည်းမိတယ် ...
အရမ်း. . . လွမ်းတယ် ...

သူမ ....
မျှော်လင့်ခြင်းတွေပွေ့ဖက်လို့
ပန်းတွေ တယုတယပျိုးတယ်
မေတ္တာတရားနဲ့ချစ်ခြင်းကို
အချိုးညီညီ ရောစပ်လို့
ကျွန်တော့်အတွက်...
ရွှေအိုရောင်သံစဉ်တွေ
တေးသီဆိုတယ် . . .

သူမ ....
နေခြည်ရဲ့နတ်သမီး
အနက်ရှိုင်းဆုံးလွင့်ပျံလို့....
နှင်းတွေ တဖွဲဖွဲ့
မိုးတွေ တ ဖွဲ ဖွဲ . . .
အလွမ်းတွေ .. . . . တ သည်း သည်း . . . .

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Blob ငါး

Blob ငါး




အကျိအချွဲရည်ထုတ်သောငါးလို့ ဘာသာပြန်ရမလားပဲ ။ ဒီငါးကို Blobfish လို့ခေါ်ပြီး သြစတေးလျ နဲ့ Tasmania ရေနက်ပိုင်းတွေမှာတွေ့ရလေ့ရှိပါတယ် ။ ပင်လယ်ရေမျက်နှာပြင်ထက် ဖိအား ဆယ်ဆ သို့မဟုတ် အဆ ၂၀ လောက်နက်တဲ့ နေရာတွေမှာတွေ့ရလေ့ရှိပါတယ် ။

www.thettantvillage.com
သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

လည်တွန့်ပါတဲ့ ပုတ်သင်ညို

လည်တွန့်ပါတဲ့ ပုတ်သင်ညို



ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ထူးဆန်းတဲ့အကောင်ဖြစ်တဲ့ လည်တွန့်ပါ ပုတ်သင်ညိုဖြစ်ပါတယ် ။ ဒီကောင့် ကို Frill necked lizard လို့ခေါ်ပြီး သြစတေးလျ အနောက်ပိုင်း Kimberley ၀န်းကျင်မှာတွေ့ရှိရပါတယ် ။ ဒါ့အပြင် New Guinea တောင်ဖက်နဲ့ သြစတေးလျ မြောက်ပိုင်းတွေမှာလည်းတွေ့နိုင်ပါသေးတယ် ။ နောက်တစ် မျိုး ဒီအကောင်ကို Frilled dragon လို့လည်းခေါ်ပါသေးတယ် ။ အတွန့်အလိမ်တွေပါတဲ့ သူ့အရည်အခွံဟာ လည်ပင်းနဲ့ဦးခေါင်းပိုင်းဟာ နဂါးသဏ္ဍာန်ဖြစ်နေတာကြောင့် ဒီအမည်တွင်ရခြင်းဖြစ်တယ်လို့ထင်ပါတယ် ။

www.thettantvillage.com
သက်တန့်ချို




စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................