Wednesday, June 1, 2011

သူမ ကို ကျွန်တော်လွမ်းသည် . . .

သူမ ကို ကျွန်တော်လွမ်းသည် . . .



အတွေးထဲမှာ..
နှင်းတွေ ဆုပ်ကျဲဖြန့်ကျက်ထားသလိုမျိုး
အဖြူရောင်ငွေ့ငွေ့....
တရွေ့ရွေ့လွမ်း . . တယ် . . .

သူမ ...
နံနက်ခင်းရဲ့နေခြည်
အလင်းတွေဝေဖြာလို့
ကြယ်တစ်စင်းလင်းလက်သလိုမျိုး
ကျွန်တော့်ကို . . နွေးစေတယ် ...

သူမ ....
ရင့်ကျက်တဲ့အလှတရားနဲ့
ကျွန်တော့်အတွက်ဆို...
ကမ္ဘာကိုတောင်ဖန်ဆင်းမတဲ့ ...
အရာရာကို စိုးမိုး
ခပ်တိုးတိုးလေးညည်းမိတယ် ...
အရမ်း. . . လွမ်းတယ် ...

သူမ ....
မျှော်လင့်ခြင်းတွေပွေ့ဖက်လို့
ပန်းတွေ တယုတယပျိုးတယ်
မေတ္တာတရားနဲ့ချစ်ခြင်းကို
အချိုးညီညီ ရောစပ်လို့
ကျွန်တော့်အတွက်...
ရွှေအိုရောင်သံစဉ်တွေ
တေးသီဆိုတယ် . . .

သူမ ....
နေခြည်ရဲ့နတ်သမီး
အနက်ရှိုင်းဆုံးလွင့်ပျံလို့....
နှင်းတွေ တဖွဲဖွဲ့
မိုးတွေ တ ဖွဲ ဖွဲ . . .
အလွမ်းတွေ .. . . . တ သည်း သည်း . . . .

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

9 comments:

  1. ကျွန်တော်လဲ သူမကိုလွမ်းပါသည်။

    ReplyDelete
  2. " နှင်းတွေ တဖွဲဖွဲ့
    မိုးတွေ တ ဖွဲ ဖွဲ . . .
    အလွမ်းတွေ .. . . . တ သည်း သည်း . . . ."

    ကဗျာလေးထဲကအတိုင်း တို့လဲချစ်သူကိုလွမ်းနေပါသည်။

    ReplyDelete
  3. ညီမလေးလည်း ကူပြိး လွမ်းသွား တယ်အကို...:)

    ReplyDelete
  4. အဖြူရောင်နတ်သမီးJune 2, 2011 at 5:07 AM

    ဟယ်...
    နတ်သမီးလည်း သူမကိုလွမ်းချင်သလိုလိုဖြစ်လာပြီ...
    လွမ်းတယ်....

    ReplyDelete
  5. သူမ က ချစ်စရာကောင်းတယ်..
    သူမကရော သူ လွမ်းနေတာကို သိရဲ့လား..။

    ReplyDelete
  6. အလွမ်းဝင်္ကဘာMay 10, 2012 at 6:45 PM

    မေလည်း မောင့်ကိုလွမ်းသည်

    ReplyDelete
  7. အတွေးထဲမှာ..
    နှင်းတွေ ဆုပ်ကျဲဖြန့်ကျက်ထားသလိုမျိုး
    အဖြူရောင်ငွေ့ငွေ့...
    တရွေ့ရွေ့လွမ်း..တယ်....
    အိမွန်လည်း သူ့ကိုသိပ်လွမ်းတယ်

    ReplyDelete
  8. အိုး ပြုစားလွန်းသော အချစ်
    တစ်ခါတစ်ရံမှာ ဆင်တူယိုးမှားတဲ့ စွဲလန်းခဲ့တဲ့ သံယောဇဉ် ကို ငါလေ လွမ်းမိပါတယ် သို့သော်
    လက်ရှိ ချစ်သူကိုသာ ချစ်ပါတယ်တဲ့

    ReplyDelete
  9. သူမ ....
    ရင့်ကျက်တဲ့အလှတရားနဲ့
    ကျွန်တော့်အတွက်ဆို...
    ကမ္ဘာကိုတောင်ဖန်ဆင်းမတဲ့ ...
    အရာရာကို စိုးမိုး
    ခပ်တိုးတိုးလေးညည်းမိတယ် ...
    အရမ်း. . . လွမ်းတယ် ...။ အဲဒီစာသားလေးတွေကို အကြိုက်ဆုံးပဲ..။ သူမ ကို လေးစားမိတယ်...။

    ReplyDelete