Thursday, June 2, 2011

ချစ်သူရှိသောအမျိုးသမီးများတွင်မရှိအပ်သည့်အချက် နှစ်ဆယ်

ချစ်သူရှိသောအမျိုးသမီးများတွင်မရှိအပ်သည့်အချက် နှစ်ဆယ်





၁ ။ မိမိချစ်သူက ချိန်းဆိုသည့်နေရာသို့ အကြောင်းတစ်စုံတစ်ခုကြောင့်နောက်ကျပြီးမှရောက်လာသောအခါတွင် အကျိုး အကြောင်းမမေးပဲ အပစ်တင်စကားအရင်ပြောဆိုခြင်း ။

၂ ။ မိမိချစ်သူအား ဆေးလိပ် ဘီယာ ဖြတ်စေချင်သောအခါတွင် လေပြည်ထိုးချော့မော့၍ ပါးနပ်စွာ မပြော ဆို ပဲ ဆေးလိပ်ဘီယာ ဖြတ်မလား ငါ့ကို ဖြတ်မလားဟု အတင်းအကြပ် ချောင်ပိတ်ပြောဆိုခြင်း ။

၃ ။ မိမိချစ်သူက ပေးချင်မှန်းမသိ မပေးချင်မှန်းမသိပဲ ဂျီမေးလ်အကောင့်ပတ်စ်ပ်များ တောင်းဆို၍ ယခင် ချက်မေလ်း များအား ပြန်လှန်ကာ ပြဿနာ ရှာခြင်း ။

၎ ။ မိမိချစ်သူက အလုပ်ပိနေ၍ ပြန်လည်၍ chatting မပြော နိုင်သည့်အခါ ဘယ်ကောင်မနဲ့ ကြူနေတာလဲဟု သ၀န်တိုစကားပြောဆိုခြင်း ။

၅ ။ မိမိချစ်သူက ဘောလုံးပွဲညဖက်ကြည့်ထား၍ အိပ်ငိုက်နေသည့်အခါ နားလည်မပေးပဲ ဘာလို့ အိပ်ငိုက်နေ တာလဲ ငါ့ကို လာတွေ့ရတာ မပျော်ဘူးလားဟု အရိပ်သုံးပါးနားမလည်ပဲ မေးမြန်းခြင်း ။

၆ ။ မိမိချစ်သူ၏ ဂျီမေလ်းအကောင့်ထဲသို့ ၀င်လာသည့်မေးလ်မှန်သမျှအား မိမိမေးလ်ထဲသို့ Forwarding လုပ်ထားခြင်း ။

၇ ။ မိမိချစ်သူက တစ်စုံတစ်ခုပြောရန်ကြံသောအခါတွင် အပြောမခံပဲ မိမိက အလျှင်ဦးအောင်ပြောဆိုခြင်း ။

၈ ။ မိမိချစ်သူအား နေကောင်းရဲ့လားဟု စကားတစ်ခွန်းမမေးပဲ မိမိနေမကောင်းသောအခါတွင် ချစ်သူ က နေကောင်း ရဲ့လားဟု မမေးမိသောအခါတွင် စိတ်ကောက်စိတ်ဆိုးတတ်ခြင်း ။

၉ ။ မိမိချစ်သူ ဂျီမေလ်းအကောင့်ပတ်စ၀ပ်အား တောင်းဆိုပြီး၍ ရပြီးသောအခါ မိမိ ဂျီမေလ်းအကောင့်ပါ့စ၀ပ် အား ပြန်လည်ပေးရန် တွန့်ဆုတ်နေခြင်း ။

၁၀ ။ မိမိအားငယ်နေသောအခါတွင် ချစ်သူထံမှ အားပေးစကားပြောဆိုရန်အလိုရှိသောအခါတွင် နား လည်အောင် မရှင်းပြပဲ ရန်ထထ ဖြစ်တတ်ခြင်း ။

၁၁ ။ မိမိချစ်သူ အလုပ်များနေသောအခါတွင် နားလည်မပေးနိုင်ပဲ မိမိအတွက် အချိန် မပေးနိုင်ကောင်း ရဲ့လားဟုဆို၍ ပြဿနာရှာခြင်း ။

၁၂ ။ မိမိချစ်သူက အကြင်နာပေးချင်သည့်အခါ မည်သည့်အကြောင်းပြချက် မှမရှိပဲ ငြင်းပယ်နေလေ့ရှိခြင်း ။

၁၃ ။ မိမိချစ်သူက ရှေ့တွင်ဖြတ်လျှောက်သွားသော အမျိုးသမီးများအား ဘာရယ်မဟုတ်ကြည့်မိသည့်အခါတွင် ဒီလောက်တောင် နှာဘူးထရလား ငါတစ်ယောက်လုံးပါနေတာတောင် မမြင်ဘူးလားဟုဆို၍ သ၀န်တို တတ်ခြင်း ။

၁၄ ။ မိမိချစ်သူက ဘလော့များတွင် စာရေးလေ့ ရှိသူဖြစ်ပါက အချိန်မှန်လည်ပတ်၍ ကွန်းမန့်များပေးရန် ပျက်ကွက် ခြင်း ။

၁၅ ။ မိမိချစ်သူ ၏ ဘလော့သို့ လာရောက်လည်ပတ် ကွန်းမန့်ပေးကုန်ကျသော ပရိတ်သတ်အမျိုးသမီးများနှင့် လှည့် ပတ် ပြဿနာဖြစ်ခြင်း ။

၁၆ ။ မိမိချစ်သူက မအားလပ်သောအချိန်ဖြစ်ပါ အလိုက်မသိပဲ နာရီပေါင်းများစွာ ဖုန်းပြောနေခြင်း ။

၁၇ ။ မိမိချစ်သူက စေတနာနှင့်ပြောဆိုသော ဆုံးမစကားများအား ငါ့ကို သက်သက်ဆရာကြီး လာလုပ်တယ်ဟု အထင်ရောက်ခြင်း ။

၁၈ ။ မိမိချစ်သူနှင့်လုပ်ဖော်ကိုင်ဖက် သူငယ်ချင်း မိန်းကလေးများအား အလကားနေအလကား အခြောက်တိုက် သ၀န်တိုတတ်ခြင်း ။

၁၉ ။ မိမိချစ်သူရှေ့တွင် အစားအသောက်အနေအထိုင်မဆင်ခြင်ပဲ စားချင်ရာစွတ် စားပြီး နေချင် သလို နေ ထိုင်ခြင်း ။

၂၀ ။ မိမိချစ်သူနှင့်အင်တာနက်သုံးchatting ထိုင်နေသည့်အချိန်တွင် တစ်ဖက်မှ မီးပျက်ခြင်း ၊ ကွန်နက် ရှင် ကျခြင်း များကို နားလည်မပေးပဲ ငါနဲ့ပြောနေတုန်း ဂျီတော့ကို ဘာလို့အောက်လိုက်တာလဲဟု ပြဿနာရှာခြင်း ။

အထက်ပါ အချက် ၂၀ ဟာ စိတ်ကူးထဲမှာ ပေါ်လာတာတွေချရေးထားတာပါ ။ ဒီထက်ရေး ရရင်လည်းရေး ကုန်နိုင်မယ်ထင်ပါဘူး ။ ကိုယ့်ရှေ့မှာ ဖြစ်ပျက်နေတာတွေကို ရေးထားခြင်းဖြစ်တဲ့အတွက် ကိုသက် တန့်ချိုကြီး တကယ်ကြုံနေရတာလားလို့တော့ မမေးကြပါနဲ့ :P အားလုံးက စိတ်ကူးထဲက အတွေးတွေကို ဝေမျှထားတာပါ ။ မကြာ ခင်မှာ ချစ်သူရှိသောအမျိုးသားများတွင်မရှိအပ်သည့်အချက် နှစ်ဆယ်ကိုလည်းရေးဖြစ်ပါလိမ့်မယ် ။ စောင့်မျှော် ဖတ်ပေးကြပါဦး ။ :P : P

www.thettantvillage.com
သက်တန့်ချို


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

12 comments:

  1. တော်ပြီ ဒီမိန်းကလေး အကြောင်းတွေပဲဖတ်သွားတော့မယ်။

    တို့အလှည့်ကျ လာမဖတ်တော့ဘူး။ ဟီးဟီး

    ReplyDelete
  2. ကိုသက်တန့် ဂျီး....
    ယောကျာ်းလေးတွေဘက်ကလဲ အမြန်ဆုံးရေးတင်ပါ ..
    ဒါပဲ.... :PPPP

    ReplyDelete
  3. ဝက်ဝံလေးJune 2, 2011 at 11:45 PM

    ဖတ်ပြီး ပြုံးသွားတယ် မိသက်ရေ .. အဟိ ....

    ReplyDelete
  4. ဖတ်ရင်း ပြုံးသွားတယ်အကို....ဒို့အကိုက တော်တော်များများ သိတာပဲနော်...:)

    ReplyDelete
  5. ဟိုဘက်မှာကျ နံပါတ်စဉ်ကို အမှန်ခြစ်တယ်။ ဒီဘက်မှာတော့ :P ပြေးပြီနော့။

    ReplyDelete
  6. သက်တန်.ချို ဆိုတဲ့လူကိုမြင်ဖူးချင်တယ်။ လောကကြီးမှာဘ၀တူတွေရှိတယ်။ သူနဲ.ကိုယ်အရမ်းတူတယ်။ god bless you

    ReplyDelete
  7. အမျိုးသားတွေအတွက်လည်း
    ရေးပေးအုန်းလေ
    ဒါမှ ... :)


    ခင်မင်စွာဖြင့်
    Layeikch@
    Mandalay

    ReplyDelete
  8. 快点写做老师不该做的东西,,,,好吗 ....
    :DDDDDDDDDDDDDDDDDDDDDDDDDDDD

    ReplyDelete
  9. ဒီအချက်တွေကိုလုပ်မိဖို့နေနေသာသာ ယောက်ကျားလေးဖြစ်တဲ့ သူကချည်းပဲအရင်ဦးအောင်လုပ်လုပ်သွား လို့ စိတ်ညစ်နေရတာ...

    ReplyDelete
  10. ကိုသက်တန့်ရေ ကျွန်တော်တို့ကညားခါစဇနီးမောင်နှံဆိုတော့သိသင့်တာလေးတွေရေးပေးပါဦး

    ReplyDelete
  11. မြန်မြန်အကျင်.တွေပြင်မှဘဲကိုယ်လာပြောနေသလိုပါလားနော်.......

    ReplyDelete