Monday, September 12, 2011

ပရိုတိန်းအကြောင်း သိကောင်းစရာများ

ပရိုတိန်းအကြောင်း သိကောင်းစရာများ




အာဟာရလို့ပြောတဲ့နေရာမှာ ကာဗိုဟိုက်ဒရိတ် (ကစီဓါတ်) ၊ပရိုတိန်း ( အသားဓါတ်) နဲ့ အဆီဓါတ်တို့ ပါဝင်ကြောင်း ကို ကျွန်တော်တို့ သိရှိခဲ့ကြပြီးဖြစ်ပါတယ် ။ အခုတင်ဆက်ပေးသွားမှာကတော့ ပရိုတိန်းဓါတ် အကြောင်း ပဲဖြစ်ပါတယ် ။ ပရိုတိန်းဆိုတာ peptide အစည်းတွေက တဆင့် တွယ်နှောင်ထားတဲ့ အမိုင်နို အက်ဆစ်တွေ နဲ့ပြုလုပ်ထားတဲ့ Polymer Chain တွေဖြစ်ကြပါတယ် ။ အမိုင်နိုအက်ဆစ်တွေကို Essential amino acid နဲ့ Non- essential amino acid ဆိုပြီး နှစ်မျိုးခွဲနိုင်ပါတယ် ။ ပရိုတိန်းနဲ့ ကာဗိုဟိုက်ဒရိတ်တွေမှာ အာဟာရ တန်ဖိုး 4kcal/gram ပါဝင်ပြီး Lipid လို့ခေါ်တဲ့အဆီမှာတော့ 9kcal/gram ပါဝင်ပါတယ် ။ အစား အသောက်တွေကနေရရှိတဲ့ မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်ဆစ်တွေကတော့ Leucine , Isolucine, Valine , Lysine , Threonine, Tryptophan, Methionine, Phenylalanine နဲ့ Histidine တို့ဖြစ်ကြပါတယ် ။ Non essential amino acid တွေကတော့ တခြားအမိုင်နိုအက်ဆစ်တွေမှတဆင့် ခန္ဓာကိုယ်ကနေ ထုတ်လုပ်ပါတယ် ။ Non-essential amino acid တွေကတော့ Arginine, Alanine, Asparagine , Aspartic Acids, Cysteine, Glutamine, Glutamic acid, Glycine, Proline, Serine နဲ့ Tyrasine တို့ဖြစ်ကြပါတယ် ။

အာဟာရ ရှုထောင့်ကနေကြည့်မယ်ဆိုရင် အစာချေဖျက်ချိန်မှာ Protease လို့ခေါ်တဲ့ အင်ဇိုင်းရဲ့အကူအညီနဲ့ ပရိုတိန်းတွေဟာ အစာအိမ်ထဲမှာ ကျေပျက်ပါတယ် ။ ပြီးတော့ သေးငယ်တဲ့ Polypeptides တွေအဖြစ်ပြောင်းပြီး ခန္ဓာကိုယ်အတွက် အမိုင်နိုအက်ဆစ်တွေကကိုထောက်ပံ့ပေးပါတယ် ။ ဒါကြောင့်လူတစ်ယောက် ရဲ့အစား အသောက် မှတဆင့်ပရိုတိန်းဟာ Protein synthesis အတွက် Essential amino acid ရော Non essential amino acid ရော နှစ်မျိုးစလုံကိုထောက်ပံ့ပေးပါတယ် ။ အသားအများစုနဲ့ အချို့သောဟင်းသီး ဟင်း၇ွက်တွေ မှာပါတဲ့ ပရိုတိန်းဟာ Essentail amino acid တွေ အချိုးတူညီစွာပါဝင်တဲ့ Complete protein တွေဖြစ်တယ်လို့ ယူဆရ ပါတယ် ။ ကျန်းမာရေးကြောင့်ဖြစ်စေ ဘာသာရေးကြောင့်ဖြစ်စေ အကြောင်းတစ်စုံတစ်ခုကြောင့်ဖြစ်စေ အသားရှောင်တဲ့သူတွေဟာ သူတို့ရဲ့အစားအသောက်တွေကတဆင့် Essential amino acid တွေရရှိအောင် ပရိုတိန်းဓါတ်တွေရရှိအောင် ဘယ်လိုစားသုံးရမယ်ဆိုတာဟာလည်း အရေးကြီးလွန်းလှပါတယ် ။

ပရိုတိန်းတွေက ခန္ဓာကိုယ်ထဲမှာဘာလုပ်ပေးသလဲ



ပရိုတိန်းဟာ ခန္ဓာကိုယ်ရဲ့ကြီးထွားမှု ဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့အာဟာရဓါတ်တစ်မျိုးဖြစ်ပါတယ် ။ ရေမှလွဲပြီး ပရိုတိန်း ဟာ ခန္ဓာကိုယ်ထဲမှာ ပေါများစွာတွေ့ရတဲ့ မော်လီကျူးတွေဖြစ်ပါတယ် ။ ခန္ဓာကိုယ်ရှိ ဆဲလ်အားလုံးမှာ ပရိုတိန်း ကိုတွေ့ရှိနိုင်ပြီး ဆဲလ်အားလုံးရဲ့အဓိက အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ် ။ (အထူးသဖြင့် ကြွက် သား များ) ပရိုတိန်းလို့ ဆိုလိုက်တာနဲ့ ခန္ဓာကိုယ်ရဲ့အတွင်းကလီစာ အစိတ်အပိုင်းတွေ ၊ ဆံပင်တွေ နဲ့ အရေပြားတွေ ကအစပါဝင်ပါတယ် ။ Membranes တွေကနေပြီး (အထူးသဖြင့် Glycoprotiens) ပရိုတိန်း ကိုသုံး စွဲကြပါတယ် ။ အမိုင်နိုအက်ဆစ်အဖြစ်ပြိုကွဲပျက်ဆီးသွားတဲ့အခါမှာတော့ သူတို့ဟာ nucleic acid နဲ့ ဗီတာ မင်တွေရဲ့ precursor အဖြစ် အသုံးပြုခြင်းခံရပါတယ် ။ အမိုင်နိုအက် ဆစ်တွေ ကနေတ ဆင့်ဖြစ်ပေါ်လာတဲ့ ဟော်မုန်းတွေနဲ့ အင်ဇိုင်းတွေဟာ ဇီဝဖြစ်ပျက်မှု ( metabolism) ကိုပုံမှန်အ တိုင်း ဖြစ်အောင်ဆောင်ရွက်ပေးပါတယ် ။ နောက်ဆုံးမှာတော့ သွေးဆဲလ်တွေပြုလုပ်ဖို့အတွက် ပရိုတိန်း ကိုလိုအပ် ပါတယ် ။

ပရိုတိန်းနှင့်လေ့ကျင့်ခန်း

အားကစားတွေမှာ အောင်မြင်ဖို့ဆိုတာဟာလည်း ပရိုတိန်းကအ ဓိက Key nutrient အနေနဲ့ ပါဝင်ဆောင်ရွက်ပေးပြန်တယ် ။ ပရိုတိန်းရဲ့အစိတ်အပိုင်းတွေဖြစ်တဲ့အ မိုင်နိုအက်ဆစ်တွေကို တစ်ရှူးအသစ်တွေဖြစ်ပေါ်ဖို့ ၊ ပျက်ဆီးသွားတဲ့တစ်ရှူးတွေကိုပြန်လည်ပြုပြင်ဖို့ အသုံးပြုကြပါတယ် ။ ပရိုတိန်းတွေဟာ ကြွက်သားလေ့ကျင့်ခန်းအတွက် Fuel ( လောင်စာ) ကိုအနည်းငယ်သာ ထောက်ပံ့ပေးသော်လည်း ကာဗိုဟိုက်ဒရိတ်နဲ့ lipid တွေနည်းနေတဲ့အခြေအနေမျိုးမှာ သူတို့ကို အဓိက fuel အဖြစ်သုံးကြရပါတယ် ။

ပရိုတိန်းတွေကို ဘယ်ကနေရရှိသလဲ

ပရိုတိန်းတွေကို အမျိုးမျိုးသော အစားအသောက်တွေကနေတဆင့်ရရှိနိုင်ပါတယ် ။ ပရိုတိန်းအ များဆုံးပါ ၀င်တဲ့အစား အစာတွေဖြစ်တဲ့ နို့ ၊ သား ၊ ငါး ၊ ဥများနဲ့အသီးအရွက်များ ၊ ပရိုတိန်း powders တွေပါဝင်တဲ့ ( ဆန် ၊ ပဲပုပ် ၊ ဂျုံ) စသည်တို့မှ တဆင့်လည်း ရရှိနိုင်ပါတယ် ။ ပရိုတိန်းနဲ့ ပင်ရင်းဇစ်မြစ်ကို အဆင့် ဆင့်ပြောင်း လဲထုတ် လုပ်ရင် ပရိုတိန်းပေါင်ဒါကိုရရှိပါတယ် ။ Protein Powders ဟာ လှုပ်ရှားနေတဲ့ကြွက်သားတွေအတွက် လိုအပ် တဲ့ ပရိုတိန်းတွေကို ဖြည့်စွက်ထောက်ပံ့ပေးပါတယ် ။ ကြွက်သားတွေရဲ့ လေ့ကျင့်ခန်းလုပ်ဆောင်မှု Performance ကတော့ ဘယ်လို ပရိုတိန်းအမျိုးအစားလဲ ဆိုတဲ့အပေါ်မူတည်ပါတယ် ။ မတူညီတဲ့ Physical နဲ့ Chemical ဂုဏ် သတ္တိတွေက Protein digestion နှုန်းကို သက်ရောက်မှု ရှိစေပါတယ် ။

ပရိုတိန်းများအား ချေဖျက်ခြင်း

ပရိုတိန်းအများစုဟာ ချေဖျက်ခြင်း ( Digestion) မှတဆင့် အမိုင်နိုအက်ဆစ်တွေရတယ်လို့ အထက်မှာ တင်ပြခဲ့ ပြီးဖြစ် ပါတယ် ။ Digestion ဆိုတဲ့ဖြစ်စဉ်ကို အစာအိမ်ထဲမှာ အစပျိုးစေခဲ့တာကတော့ Hydrocloric acid တွေရဲ့ အ ကူအညီနဲ့ Pepsinogen တွေဟာ Pepsin အဖြစ်ပြောင်းသွားခြင်းမှ စတင်ပါတယ် ။ ပြီးတဲ့အခါ အူလမ်းကြောင်းမှာ Trypsin နဲ့ Chymotrypsin စသဖြင့် အမျိုးမျိုးပြောင်းလဲဖြစ်ပေါ်ပါတယ် ။ အူအသေး ထဲကနေ စုပ်ယူခြင်းမပြုခင် ပရိုတိန်းအများစုဟာ အမိုင်နိုအက်ဆစ်တစ်ခု ဒါမှမဟုတ် များစွာ သော အမိုင်နိုအက် ဆစ်တွေရဲ့ Peptides တွေအဖြစ်ပြောင်းကြရပါတယ် ။ အမိုင်နိုအက်ဆစ်လေးခုထက်ပိုတဲ့ Peptides တွေ ကိုတော့ စုပ် ယူခြင်းမပြုနိုင်ပါဘူး ။ အမိုင်နိုအက်ဆစ်တစ်ခုခြင်းစီရဲ့ စုပ်ယူမှုနှုန်းကတော့ Protein source အပေါ် မူတည်ပါတယ် ။

အစားအစာများအား အလာ့ဂျစ်ဖြစ်ခြင်း

အချို့သော အစားအစာတွေမှာ ပါဝင်တဲ့ အချို့သော ပရိုတိန်းတွေဟာ အလာ့ဂျစ်နဲ့ ဓါတ်မတည့် ခြင်းဖြစ်စဉ်တွေ ကို ဖြစ်စေပါတယ် ။ ဒါဟာ ဘာကြောင့်လည်းဆိုရင် ပရိုတိန်းတစ်ခုစီရဲ့ တည်ဆောက်ပုံဟာ ကွဲပြားခြားနား တာကြောင့်ဖြစ်ပြီး တချို့ ခန္ဓာကိုယ်ခုခံအားကို ဆန့်ကျင်နေချိန်မှာ တချို့ကတော့ အန္တရာယ်မဖြစ်စေပါဘူး ။ လူအများစုဟာ နို့ထဲမှာ ပါတဲ့ ပရိုတိန်းတစ်မျိုးဖြစ်တဲ့ Casein ကိုအလာ့ဂျစ်ဖြစ်ကြပြီး ဂျုံနဲ့တခြားအစား အစာတွေမှာပါဝင်တဲ့ Gluten ကိုလည်း အလာ့ဂျစ်ဖြစ်ကြပါတယ် ။ ပင်လယ်စာတွေနဲ့ မြေပဲ ၊ ပင်လယ်ငါးတ ချို့ကို လူတွေ အလာ့ဂျစ်ဖြစ်ကြတာကို သင်ကြားဖူးမှာပါ ။

ဖွံ့ဖြိုးဆဲတိုင်းပြည်များနှင့် ပရိုတိန်းဓါတ်ချို့တဲ့မှု

ဖွံ့ဖြိုးဆဲတိုင်းပြည်တွေမှာပရိုတိန်းဓါတ်ချို့တဲ့ခြင်းဟာ သေဆုံးမှုများစွာသော ရောဂါတို့ကိုဖြစ်စေတဲ့အကြောင်း
အရင်း တစ်ခုဖြစ်နေလို့ပါ ။ ပရိုတိန်းဓါတ်ချို့တဲ့ခြင်းဟာ Kwashiorkor ( ကွာရှာကော) လို့ခေါ် တဲ့ ရော ဂါဖြစ်စေခြင်းရဲ့ အဓိက အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ် ။ လူဦးရေထူထပ်ခြင်းနဲ့ တခြားအကြောင်း အရာများ စွာဟာ အာဟာရချို့တဲ့ခြင်း (malnutrition) နဲ့ Protein Deficiency တို့ကိုများစေပါတယ် ။ ပရိုတိန်း ဓါတ် ချို့တဲ့ရင် ဥာဏ်ရည်ဥာဏ်သွေးနိမ့်ပြီး ဥာဏ်မမှီခြင်း ( Mental Retardation) ကိုလည်းဖြစ်စေပါတယ် ။ ပရိုတိန်းချို့တဲ့တဲ့ တိုင်းပြည်တွေကို လေ့လာကြည့်မယ်ဆိုရင် အသီးအရွက်စားတာကများပြီး အဲဒါတွေက သင့်တင့် မျှတဲ့ စွမ်းအင်နဲ့ ပရိုတိန်းဓါတ်ရရှိအောင် စွမ်းဆောင်ဖို့ ခဲယဉ်းလှပါတယ် ။ ကွာရှာကော ရဲ့လက္ခဏာတွေ ကတော့ ၀မ်းသွားခြင်း ၊ လှုပ်ရှားမှုနည်းခြင်း ၊ ခန္ဓာကိုယ်မကြီးထွားခြင်း ၊ အရေပြားမွဲခြောက်ပြီး အသည်း အဆီဖုံးခြင်း ၊ ၀မ်းဗိုက်သားနဲ့ ခြေလက်တွေမှာ ဖောယောင်ခြင်းစသည်တို့ ဖြစ်ကြပါတယ် ။

ဒါကြောင့် ပရိုတိန်းဓါတ်တွေမချို့တဲ့အောင် အသားနဲ့ သစ်သီးသစ်ရွက်တွေကို သင့်တင့်မျှတစွာ စားသုံးကြပါလို့ အကြံပေး ရင်း နိဂုံးချုပ်လိုက်ပါတယ် ။

Ref : Wikipedia ( Protein Nutrition)

သက်တန့်ချို

(Living Life Journal , Vol 2 - No.1 )

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, September 9, 2011

blogger ဆိုတာ ဘာလဲ (တဂ်ပြီ)

blogger ဆိုတာ ဘာလဲ



ဘယ်သူကနေ ဘယ်သူ့ကိုစပြီးတဂ်လိုက်သလဲတော့မသိပါဘူး ။ ထုံးစံအတိုင်းပဲ ဘလော့ဂ်ဂါ ဆိုတာ ဘာလဲ ဆိုတဲ့ ခေါင်းစဉ်နဲ့ မန္တလေးသားလေး ကိုကိုးအိမ်က တဂ်လိုက်ပြန်ပါပြီ ။ ပြန်ရေးတာ နောက်ကျသွားတဲ့ အတွက် ခွင့်လွှတ်ပါ ညီရေ ။ အရင်ဆုံးပြောချင်တာတာတွေကို အပိုင်းလေးတွေခွဲပြီး ရေးသွားမှာဖြစ်ပါတယ် ။

၁ ။ ဘလော့ဂ်ဂါဆိုတာ ကိုယ်ပိုင် blogspot.com ရှိယုံနဲ့ တကယ်ပဲ စာရေးသူ ဘလော့ဂ်ဂါ တစ်ယောက် ဖြစ်ပြီ တဲ့လား ?
၂ ။ ဘလော့ဂါတစ်ယောက်ဖြစ်ဖို့ဆိုရင် ဘာတွေနဲ့ပြည့်စုံရမလဲ ?
၃ ။ ဘလော့ဂါတစ်ယောက်ဖြစ်ဖို့ ဘာတွေရှောင်ရမလဲ ?
၎ ။ အဆိပ်ပင်တွေ ရေမလောင်းကြပါနဲ့
၅ ။ စည်းလုံးညီညွှတ်မှုဟာ ဘလော့ဂ် မှာ ဘယ်လောက်ထိအရေးကြီးသလဲ ?

ကျွန်တော်ပြောချင်တဲ့အကြောင်းအရာတွေကို ခေါင်းစဉ်လေးတွေခွဲထားခြင်းဖြစ်ပါတယ် ။ ကျွန်တော့်ရဲ့ တစ်ဖက် သက် Personal view ဖြစ်တဲ့အတွက် ကိုယ့်လူတို့နဲ့ သဘောထားချင်းတူတာတွေလည်းရှိသလို မတူတာတွေ လည်းရှိ ပါလိမ့်မယ် ။ ဒါပေမယ့် စာရေးသူတစ်ယောက်အတွက် စာဖတ်သူတွေအပေါ် ထားရှိတဲ့ စေတနာ ကသာ လျှင် အရေးအကြီးဆုံးဖြစ်တယ်ဆိုတာကိုတော့ ကိုယ့်လူတို့ ၀န်ခံရပါလိမ့်မယ် ။

၁ ။ ဘလော့ဂ်ဂါဆိုတာ ကိုယ်ပိုင် blogspot.com ရှိယုံနဲ့ တကယ်ပဲ စာရေးသူ ဘလော့ဂ်ဂါ တစ်ယော က်ဖြစ်ပြီ တဲ့ လား ?

ဒီမေးခွန်းရဲ့အဖြေကတော့ရှင်းပါတယ် ။ မြန်မာနိုင်ငံမှလွဲ၍ ကိုယ်ပိုင်ဂျီမေးလ်အကောင့်ရှိတဲ့သူတွေအဖို့ www.blogger.com မှာ Sign Up လုပ်လိုက် ယုံနဲ့ ဘလော့တစ်ခုဖြစ်ဖို့ ဆိုတာ လွယ်သမှ သိပ်လွယ် ။ ပြီးတော့ ရေး ချင် တာသာရေးကြပေတော့ ။ ကဲ ဘလော့ဂ်ဂါတစ်ယောက်ဖြစ်သွားပြီတဲ့လား ။ နိုးနိုး...မဖြစ်သေး ပါဘူး ။ blogspot.com ရှိယုံနဲ့ ဘလော့ဂ်ဂါတစ်ယောက်မဖြစ်ဘူးလို့ ကျွန်တော်ကတော့ သတ်မှတ်ထားတယ် ။ ဘလော့ တစ်ခုကို Register လုပ်ယုံလုပ်ပြီး ယောင်ဝါးဝါးလုပ်နေတဲ့သူတွေဟာ သာမန် Blogspot User လို့သာ ကျွန်တော်က သတ်မှတ်ပါတယ် ။ Blogger အစစ်မဟုတ်သေးပါဘူး ။ အဲ ..အစပိုင်းမှာပြောခဲ့သလိုပေါ့ ။ မြန်မာနိုင်ငံ ကလွဲ၍ ဆိုတဲ့စကားလေးပြန်ရှင်းရဦးမယ် ။ အားလုံးသိထားပြီးဖြစ်တဲ့အတိုင်း ဘလော့စပေါ့ကို ကြည့်ဖို့ဖြစ်စေ ၀င်ဖို့ဖြစ်စေ မြန်မာနိုင်ငံကဆိုရင်တော့ ကျော်တတ်ခွတတ်ဖို့တော့လိုပါတယ် ။ အခုဆက်ရေး မှာကတော့ ဘာဆို ဘာမှ မသိသေးတဲ့သူတွေအတွက်ရည်ရွယ်ပါတယ် ။ သိပြီးသားဖြစ်လို့ ကိုယ့်လူတို့ကို ဆရာလုပ်မိ သလိုဖြစ်သွားခဲ့ရင်လည်း အနူးအညွှတ်တောင်းပန်ပါတယ်ဗျာ ။ နံပတ် ၂ ကို ဆက်ဖတ်သွားနိုင် ပါတယ် ။ ကျော်တဲ့ခွတဲ့နေရာမှာ နည်းတွေအမျိုးမျိုးရှိသဗျ ။ (နည်းနည်းတော့ လျှာရှည်လိုက်ဦးမယ်ဗျာ ရတယ် ဟုတ်..း)Link

- ကျော်ခွသော ဆိုက်များအားသုံး၍ ကျော်ခွကြည့်ခြင်း

www.polysolve.com တို့လို www.vtunnel.com တို့လို www.ctunnel.com တို့လိုဆိုက်တွေကို ဖွင့်ပြီး အထဲမှာပါတဲ့ Solve အကွက်ထဲမှာ ကိုယ်ကြည့်ချင်တဲ့ ၀ဘ်ဆိုက်ကို ရိုက်ထည့်ပြီးနှိပ်လိုက်တာနဲ့ အကုန်ကြည့် လို့ရပါတယ် ။ အားသာချက်ကတော့ ဘာပရောက်ဆီ ဘာ ဆော့ဝဲလ်မှမလိုပါဘူး ။ လွယ်ကူပြီး ရိုးရိုးစာဖတ် သူတွေအ တွက်အဆင်ပြေမှာပါ ။ အားနည်းချက်ကတော့ Blogger.com ကို Sign in လုပ်ဖို့မလွယ်ပါဘူး ။ ကိုယ်က ဘလော့ဂ်ရေးသူတစ်ယောက် ဒါမှမဟုတ် ဘလောဂ်ဂါဖြစ်ဖို့ ဆန္ဒရှိတယ်ဆိုရင်တော့ Proxy သိုLink့မဟုတ် Software သုံး မှပဲဖြစ်နိုင်မှာပါ ။

- Software အသုံးပြုခြင်း

အကောင်းဆုံးကျွန်တော်အကြိုက်ဆုံး ကျော်ခွတဲ့ software လေးကတော့ Ultrasurf လေးဖြစ်ပါတယ် ။ Ultrasurf 9.4 ကနေကျွန်တော်စသုံးနေတာ အခုဆိုရင် Ultrasurf 10.07 တောင်ရောက်လို့နေပါပြီ ။ လိုချင်ရင် ဒီနေရာလေးမှာ Download လုပ်သွားနိုင်ပါတယ် ။ အသုံးပြုပုံကတော့ သူ့ကို run လိုက်ပါ ။ ခဏလောက်ကြာ တဲ့အခါ Successfully connected to the server ဆိုပြီးပေါ်လာပါလိမ့်မယ် ။ ချက်ချင်းပဲ IE browser လည်းပေါ် လာပါလိမ့်မယ် ။ ကိုယ်က IE သုံးနေတာဆိုရင်တော့ တိုက်ရိုက်သုံးယုံပါပဲ ။ မဟုတ်ပဲနဲ့ Firefox သို့မ ဟုတ် တခြား browser သုံးနေတာဆိုရင်တော့ အဲဒီပေါ်လာတဲ့ IE browser ကိုပိတ်လိုက်ပါ ။ ပြီးတဲ့အခါ ကိုယ်သုံးနေတဲ့ Browser ထဲက Tools>Options>Advanced>Network>Setting > ဆိုပြီးအဆင့်ဆင့်သွားပါ ။ ပြီးတဲ့အ ခါ Manual Proxy Configuration ကိုရွေးပါ ။ ပြီးရင် Http proxy နေရာမှာ 127.0.0.1 လို့ရိုက်ပြီး Port နေရာမှာ 9666 လို့ရိုက်ပါ ။ ပြီးရင် Use this proxy server for all protocols ကို အမှန်ခြစ်ပြီး ။ ပြီးရင် Ok တွေနှိပ်ပြီး သုံးနိုင်ပါပြီ ။ Blogger.com ကို Sign in ၀င်လို့ရသလို ကွန်နက်ရှင် သာကောင်း ရင် တော်တော်လေးကို အဆင်ပြေပါတယ် ။ ကျွန်တော်လက်ရှိသုံးနေတာပါ ။

နောက်ဆော့ဝဲလ်တစ်ခုတော့ Freegate ဖြစ်ပါတယ် ။ သူ့ကိုလိုချင်ရင် ဒီနေရာလေးမှာ download လုပ်သွားနိုင် ပါတယ် ။ အားနည်းချက်ကတော့ ကိုယ်ပိုင်ဒိုမိန်းချိတ်ထားတဲ့ ဆိုက်တွေ တစ်ခုမှမပွင့်ပါဘူး ။ ဒါပေ မယ့် Ultrasurf ထက်မြန်ပြီးတော့ ဘလော့မှာ စာတွေတင်ရတာ တော်တော်အဆင်ပြေပါတယ် ။ အသုံးပြုချင် ရင်တော့ အပေါ်က နည်းအတိုင်းသုံးနိုင်ပါတယ် ။ နောက်ဆုံးအဆင့်မှာတော့ Http proxy : 127.0.0.1 ရိုက်ပြီး Port မှာ 8567 လို့ရိုက် ရမှာဖြစ်ပါတယ် ။

နောက်အသုံးများတဲ့ဆော့ဝဲလ်ကတော့ Freedom ဖြစ်ပါတယ် ။ အရမ်းကြီးတော့မခက်ပါဘူး ။ ကျွန်တော် က စောင့်ရ တာစိတ်မရှည်တဲ့အတွက် မသုံးပါဘူး ။ အရေးကြုံလာရင်တော့သုံးပါတယ် ။

- Add on အသုံးပြုခြင်း

နာမည်ကြီးနေတဲ့ အခုတလော P (ပီ) လို့ခေါ်တဲ့ Phizila Add on လေးဖြစ်ပါတယ် ။ ဘလော့တွေ ကြည့်လို့ ရပါတယ် ။ အားနည်းချက်ကတော့ blogger ကို sign in လုပ်ရတာမလွယ်ပါဘူး ။ Mozilla add on တစ်ခုဖြစ်တဲ့ P ကို တခြားဘလော့တွေမှာ ရေးထားတာတွေလည်းရှိပါတယ် ။ Google မှာ ရှာပြီးတော့လည်း သုံးနိုင်ပါတယ် ။

- Proxy အသုံးပြုခြင်း

အရင်တုန်းကဗျာ ဆော်ဒီပရောက်ဆီလို့ နာမည်ကြီးခဲ့တဲ့ Port:443 တွေ ပြန်တောင်သတိရမိတယ် ။ သုံးရတာ မြန်မှမြန် ။ နောက်ပိုင်း သုံးတဲ့လူတွေ များလာတော့ ပရောက်ဆီတွေလည်းတစ်ခုပြီးတစ်ခု ပျက်ကုန်တယ် ။ ရှာရမ လွယ်တော့ ဘူး ။ ဒီတော့ ဘလော့ဂ်ဂါအချို့က ၀ယ်ပြီးသုံးကြပါတယ် ။ ငါးယောက်လောက် ဖြစ်ဖြစ် စပ်ပြီးဝယ် ရင်အဆင်ပြေပါတယ် ။ ရန်ကုန်မှာဖြစ်ဖြစ် မန္တလေးမှာဖြစ်ဖြစ်ဝယ်လို့ရပါတယ် ။ ကျွန်တော် လည်း အဖော်ကောင်းရင် စပ်သုံးမလား ကြံနေတာ ဟီးးး။ လတိုင်းပိုက်ဆံပေးရမှာဖြစ်ပါတယ် ။ အများစုသုံးနေ ကြတာကတော့ Port : 443 တွေပါပဲ ။

ကဲ ဒီလောက်ဆို နည်းနည်းပါးပါးတော့ သိလောက်ပြီပေါ့ဗျာ ။ ကဲ ပြန်ဆက်ကြရအောင် ။

၂ ။ ဘလော့ဂါတစ်ယောက်ဖြစ်ဖို့ဆိုရင် ဘာတွေနဲ့ပြည့်စုံရမလဲ ?

အဓိကကတော့ ရည်ရွယ်ချက်ပေါ့ဗျာ ။ ဘာအတွက်လုပ်ထားတာလဲ ။ ကိုယ်ဖတ်ဖို့လား ။ သူများဖတ်ဖို့လား ။ ကိုယ်ဖတ်ဖို့ ကိုယ်လုပ်ထားတာဆိုရင်တော့ ဘာမှပြောစရာမရှိပါဘူး ။ ကြိုက်တာလုပ်ပေါ့ ။ သူများဖတ် ဖို့ဆိုရင်တော့ ပြောစရာရှိလာပါပြီ ။ သူများဖတ်ဆိုရင် တော့ ကိုယ်က ပေးချင်တာလား ကိုယ့်အတွေးတွေကို ပြချင်တာလား ဆိုတာကိုရွေးရပါမယ် ။ ပေးချင်တာဆိုရင်တော့ ကိုယ့်လူ စေတနာ ပါဖို့တော့လိုတယ် ။ စာဖတ်သူတွေအတွက် တကယ်အကျိုးရှိတဲ့အရာတွေ ချပြဖို့လိုတယ် ။ ယောင်ဝါးဝါး လုပ်နေလို့တော့မဖြစ်ဘူးဗျို့ ။ ကိုယ့်အတွေးတွေ ပြချင်ယုံသက်သက်ဆိုရင်တော့ (ဥပမာ ကဗျာ ဆိုက်တွေပေါ့ ) သိပ်တော့ပြောစရာမရှိပါဘူး ။ သူက ပြယုံ သက်သက်ပဲကိုး ဒီတော့ ဖတ်တဲ့သူတွေကလည်း ဖတ်ယုံသက်သက် ခံစားရရင် ခံစားကြပေါ့ မခံစားရရင်လည်းမ ခံစားကြနဲ့ပေါ့ ဒါပဲရှိတယ် ။ တစ်ခုတော့ရှိတယ်ဗျာ ပို့စ်တစ်ပုဒ်တစ်ပုဒ်ကို အကြာကြီးပစ် မထားကြပါနဲ့ တချို့ဆို ဘယ်နှစ်လ မှန်းမသိဘူး ပစ်ထားကြတယ် ။ အကြောင်းရှိလို့ ဆိုရင်တော့လက်ခံပါတယ် ။ တချို့က အကြောင်းမရှိပဲနဲ့ ပျင်းလို့ကို ငါရေးချင်ရေးမယ် မရေးချင်မရေးဘူး မင်းတို့လည်းရေးတဲ့အခါ ဖတ် မရေး တဲ့ အခါ မဖတ်နဲ့ပေါ့ကွာ ဆိုတာမျိုးကတော့ အင်း ..သိပ်မမိုက်ဘူးပေါ့ဗျာနော် ။ ဒီတော့ ဘလော့ ဂါတစ်ယောက် ဖြစ်ဖို့ဆိုရင် တော့

- စာဖတ်သူတွေအပေါ် စေတနာပါရမယ်ဗျာ နော်
- စာရေးသိပ်ပျင်းနေလို့မဖြစ်ဘူး ဗျ အရေးကြီးတယ်
- မြန်မာနိုင်ငံမှာဆိုရင်တော့ ကျော်တတ်ခွတတ်ရမယ် အရေးကြီးတယ် မဟုတ်ရင်တော့ အိပ်မက်မမက် တာ အကောင်းဆုံးပဲ
- ကိုယ့်စာတွေကိုပြန်ပြီး Review ပြန်ကြည့်ပြီး result ထုတ်ရမယ် ငါရေးလိုက်တဲ့စာက သူတို့ဖို့ ဘာတွေအ ကျိုးရှိသွား သလဲ သူတို့ဘာတွေရသွားသလဲ သုတလား ၊ ရသလား ပျော်ရွှင်မှုလား ၀မ်းနည်းမှုလား အဲဒါတွေပေါ့နော်
- ကိုယ်ဟာ မျက်စိစွင့်နားပွင့်ဖြစ်နေရမယ် ။ ရေးချင်တာသာရေးပြီးတခြား ဘလော့ဂ်တွေ ဘာဖြစ်နေမှန်းမသိပဲ link တွေ ပျက်နေ ရင်လည်းမဟုတ်သေးဘူးဗျ ကျွန်တော်ဆိုတခါတခါ link ပျက်ပျက်သွားတယ် မနည်းပြန် ချိတ်နေရတယ် ။ လတ်တလော ဘလော့အသိုင်းအ၀ိုင်းကြီးကို မျက်စိဖွင့် နားစွင့်လုပ်နေရမယ်ပေါ့ဗျာ ။
- ဘလော့တွေကို သိပ်အကြာကြီးမဟုတ်ပဲ Update လုပ်စေချင်ပါတယ် ။ တချို့ဘလော့ဂါတွေက ကွန်းမန့်များများ ရအောင်ဆိုပြီး ပို့စ်တစ်ပုဒ်ရေးပြီးရင်အကြာကြီးပစ်ထားကြတယ် ။ အင်း... သူတို့ရည်ရွယ် ချက်နဲ့သူတို့ဆိုတော့လည်း အပစ်တော့မပြောသာပါဘူး ။ ကွန်းမန့်ဆိုတာကလည်း ဘယ်လောက် အရေးကြီး လဲဆို တာ စာရေးဖူးတဲ့သူမှပဲသိမှာပဲဗျာနော့ ။ ဒီနေရာမှာ ကျွန်တော်အရမ်း ချီးကျူးချင်တဲ့ဘလော့ဂ် ဂါတစ်ယောက်ရှိတယ် ။ အဲဒီလူကတော့ ကိုပီတာကြီးပေါ့ခင်ဗျာ ။ သူ့စာတွေ ကောင်းလားမကောင်းလားတော့ ဖတ်ဖူးတဲ့ သူတိုင်းသိမှာပါ ။ ဒါပေမယ့် ပို့စ်တိုင်းမှာ ကွန်းမန့်မရှိဘူး ။ နည်းတယ်ပေါ့ဗျာ ။ ဒါဟာဘာကြောင့် လည်းဆိုရင် သူ့ဘလော့က အမြဲ Update ဖြစ်တယ် ။ စေတနာပါတယ် ။ စာရေးအားကောင်းတယ် ။ ဘာသာပြန် ဆိုပေမယ့်လည်းတွေးရရေးရတာပဲဗျာဟုတ်ဘူးလား ။တချို့ပြောကြသေးတယ် ဘာသာပြန်က ကုန်ကြမ်းရှိတယ် ဆိုပဲ သူတို့ ရင်တွင်းဖြစ်တွေကမှ ကုန်ကြမ်းပြတ်တဲ့အခါ ဘလော့ပို့စ်တွေပါ ကြာသွားရတာပါတဲ့ ။ ကိုပီတာရေ ဆက်သာကြိတ်ထားဗျို့ ကျွန်တော်ကတော့အားပေးတယ် ။
- ဘလော့အပြင်အဆင်ကို ဖြစ်ကတတ်ဆန်း ပစ်မထားကြပါနဲ့ ။ နည်းနည်းလေး ကိုယ့်ဘလော့နဲ့လိုက်မယ့် template လေးတွေ နဲ့ တန်ဆာ ဆင်စေချင်ပါတယ် ။ တချို့ဘလော့တွေက စာတွေအရမ်းကောင်းတယ် ။ ဒါပေ မယ့် ရိုးရိုး ကြီးတွေနဲ့ စာဖတ်သူတွေအပေါ် ဆွဲဆောင်မှုမရှိဘူးပေါ့ဗျာ ။ စာက အရေးကြီးလား အပြင်အဆင်က အရေးကြီးလားဆိုရင်တော့ နှစ်ခုလုံးအရေးကြီးတယ်ဖြေရမှာပါပဲ ။ ဟုတ်ဘူးလား ကိုယ့်လူ တို့ရယ် ။

၃ ။ ဘလော့ဂါတစ်ယောက်ဖြစ်ဖို့ ဘာတွေရှောင်ရမလဲ ?

ဒါအရေးကြီးတယ်ဗျ ။ ဘာတွေရှောင်ရမလဲဆိုတော့ အချင်းချင်း ကုန်းချော တာ ၊ တိုက်ခိုက်တာ ၊ မနာလိုဝန်တိုစ ကားတွေကို ဘလော့တွေပေါ်ကနေစောင်းမြောင်းပြီးတမျိုး သွယ်ဝိုက်မျိုး တမျိုးပြောကြ တာတွေပေါ့ ။ တကိုယ်ဆို အဲဒီဘလော့တွေအတော် အောက်တန်းကျတယ် ။ စာဖတ်သူတွေ ကို စော်ကားနေ သလိုပဲ ။ ကိုယ့် ဖာသာမကျေနပ်လည်းတိုးတိုးတိတ်တိတ်လုပ်ကြပေါ့ဗျာ ဟုတ်ဘူးလား ။ အခုက စာဖတ်သူတွေ အတွက် အနှောက်အယှက်ဖြစ်ရတာပေါ့ ။ ပြီးတော့ စာရေးပျင်းတာရှောင်ရမယ် ဘာမှမဟုတ်ရင်တော့ ဘာမှမရေး တာအကောင်း ဆုံးပါပဲ ။ ဘလော့တွေ ဖောင်းပွလာတာပဲအဖတ်တင်လိမ့်မယ် ။ တချို့ဘလော့ဂ်တွေ နာမည်ကြီး ပြီး အရေ မရ အဖတ်မရတွေများတယ်ဆိုတာ ကိုယ့်လူတို့ သိတယ်မဟုတ်လား ။ တချို့ကလည်း အချင်းချင်း သူ့ ဘလော့ မှာ ကွန်းမန့် ဘယ်နှစ်ခု ငါ့ဘလော့မှာ ကွန်းမန့် ဘယ်နှစ်ခု ပြိုင်စရာမဟုတ်တာ ပြိုင်နေကြသေးတယ် ။


၎ ။ အဆိပ်ပင်တွေ ရေမလောင်းကြပါနဲ့

ဒါကတော့ ရေးတဲ့စာအမျိုးအစားကိုပြောတာပါ ။ စာဖတ်သူတွေအတွက် အယူအဆတွေလွဲသွားစေမယ့် စိတ်ဓါတ်တွေ ညံ့ဖျင်းသွားစေမယ့် စာတွေကို အဆိပ်ပင်လို့ ယူဆပါတယ် ။ သူတို့ကို ရေမလောင်းကြပါနဲ့ ။ ရှောင်ကြစေ လိုပါတယ် ။ ကိုယ့်လူတို့လည်း ရိပ်မိမှာပါ အခုနောက်ပိုင်းစာဖတ်သူတွေက စာကောင်းပေကောင်း နဲ့ စာစုတ်ပေစုတ် တွေကို ရွေးချယ်ခွဲခြားပြီး ဖတ်လာကြပြီဖြစ်တဲ့အတွက် အရှည် ကြီးတော့ပြော မနေတော့ပါဘူး ။ Blogger တွေဖက်ကလည်း role မြှင့်ကြဖို့လိုပါပြီ ။

၅ ။ စည်းလုံးညီညွှတ်မှုဟာ ဘလော့ဂ် မှာ ဘယ်လောက်ထိအရေးကြီးသလဲ ?

အိုး...သိပ်အရေးကြီးတာပေါ့ဗျာ ။ စည်းလုံးညီညွှတ်မှုမရှိရင် ဘာဆို ဘာမှမဖြစ်နိုင်ဘူး ။ Blog list တွေချိတ် ထားတာသာကြည့်တော့ ဘယ်လောက်အကျိုးရှိသလဲ ။ Click လေးတွေနှိပ်ပြီး ဆက်တိုက်ကြည့် သွားယုံပဲ ။ တဂ်တာတွေကို တလေးတစား ပြန်ဖြေပေးတာဟာလည်း စည်းလုံးမှု အတွက်လို ကျွန်တော်က ယူဆတယ် ။ ကိုယ်မအားလို့ ပြန်မဖြေဖြစ်တာကတော့တမျိုးပေါ့နော် ။ နောက်ပြီး ကိုမြစ်ကျိုးအင်းတို့ ကိုလူထွေးတို့ရေးတဲ့ ဘလော့စည်း လုံးရေးစာတွေကို ကျွန်တော်ကသိပ်သဘောကျတာပဲ ။ သူတို့လို မရေးတတ်ပေမယ့် ဒီလူတွေ တကယ့်ကို ဘလော့ဂါ စည်းလုံးရေး ပညာရှင်တွေလို့ မြင်မိတယ် ။း))

ကဲကဲ မျက်စိတွေတော့ညောင်းနေလောက်ပြီ ဒီလောက် ရှည်ရရင်တော်ပါပြီ ။ (စာရေးတာကိုပြောတာပါ) ထုံးစံအ တိုင်း ဟိုတစ်ခေါက်က မတဂ်လိုက်ရလို့ ဆက်ပြီးတဂ်ပြီဗျာ ဘုရားသာ တကြပေတော့ ။

၁ ။ ဆိုက်ပရပ် နတ်သမီးလေး နမ်းမ၀ ( ဟိဟိ တဂ်ပလိုက်ပြီ အကြွေးပေါ့လေ ကိုယ်ကြီးပဲ အတဂ်ခံနေရ လို့ကိုယ့်အလှည့် ကျ မနွဲ့စတမ်းပေါ့ နတ်သမီးက သဘောကောင်းပြီးသားပါ )
၂ ။ ဘလော့ များရဲ့ စိတ်ခွန်အားပေးစွမ်းရာ မနိုင်းနိုင်းစနေ ( သဘောကောင်းတယ် ရေးပေးမှာပါ မရေးပေး ရင်တော့တောင်ကြီးကို ပိုချမ်းအေးအောင်လုပ်ပစ်လိုက်မယ် :P)
၃ ။ ကိုကြီးပီတာ ( ဆရာလေး ဆရာလေးနဲ့ သူခေါ်လိုက်ရင် သီလရှင်ပုံပဲ ပြေးပြေးမြင်နေတယ် ဟဲဟဲ သဘောကောင်းတဲ့အကိုကြီးရေးပေးနော်)
၎ ။ ကျွန်မ ဘလော့ဂါမဟုတ်ပါလို့ ခပ်တည်တည်နဲ့ ပို့စ်တင်ထားတဲ့ နှင်းနဲ့မာယာ ( ဘလော့ဂါ ဟုတ်ဟုတ်မ ဟုတ်ဟုတ် အစ်မကြီးရေးပေးရမယ် နော် ဟိ အတင်းကြီးပဲ )
၅ ။ မောင်လှမျိုး (ချင်းချောင်းခြံ) ကိုအားကျပြီး အပီ ကလောင်နာမည်ယူထားတဲ့ မိတ်ဆွေကြီး ကိုဘကြိုင် (ချဉ်ပေါင်ခြံ) - ခြံထဲမှာ ချဉ်ပေါင်စိုက်ရင်းရေးပေးဗျာနော်
၆ ။ အခုတလော နေရာတိုင်းမှာတွေ့နေရတဲ့ အိန်ဂျယ်ရှားပါး (ဟွင်းဟွင်း ဘာတတ်နိုင်သေးတုန်း )
၇ ။ စာအရေးအေးနေတဲ့ ပူးတေ ( ကဲ သောကြာပူးရေ တဂ်လိုက်ပြီဗျာနော့ ဟိဟိ အကူအညီလို ရင်လည်းတောင်း မယ်နော် )
၈ ။ မေတ္တာဖြင့် အန်တီတင့် ( အန်တီရေ ကလေးကလားမို့ မလေးမစားမဟုတ်ပါဘူး တလေးတစားနဲ့ တဂ်လိုက် ပါတယ် လူကြီးဆိုတော့ ဒီလိုစာချိုးလေးနဲ့မှ အဆင်ပြေမယ် )
၉ ။ ဂျပန်နိုင်ငံက အစ်မကြည်ကြည် ( ဟီးးး ၀ိုင်းလေးစ လိုက်ရအောင် အဲလေ ဟုတ်ပါဘူး ယောင်လို့ တဂ် ပို့စ်လေးရေးပေးနော် ဟိဟိ)
၁၀ ။ ခိုတွေ..ခိုတွေ...ခိုတွေ....ဆိုပြီး တစ်ညလုံး ကဗျာအဓိပ္ပါယ်ကို စဉ်းစားရအောင်လုပ်တဲ့ ပန်ဒိုရာ (ဟဲဟဲ အဲဒီလို တွေး စရာတွေများများရေးနော်သိလား ဆံပင်ဖြူလည်းပေါက်နေပြီ တဂ်လိုက်ပြီအစ်မပန်ရေ )

ကဲ ချစ်ခင်သော သူများရေးပေးကြပါကုန်။ (မရေးပေးရင်မချစ်ခင်ဘူးလို့ပြောတာမဟုတ်ပါဘူး အဲဒီလိုတွေးရင် လည်းတွေးပေါ့ ဟိဟိ) အော် ငါ့နှယ် မျက်နှာပိုးကိုမသေပါဘူး ။ ကိုယ့်လူတို့ ပြုံးမိအောင်ပါဗျာ ။အော်မှာထား ဦးမယ် တဂ်ထဲမပါလို့ စိတ်မကောင်းမဖြစ်နေနဲ့နော် ။ အချီကြီးတဂ်ဦးမှာ ဟဲဟဲ ။ စိတ်ချ ကျွန်တော့် Tag list ထဲမှာတ ချို့ ဘလော့ဂါတွေကိုတခြားဘလော့ဂါတွေက တဂ်ထားပြီးဖြစ်မှာပါ ။ ဒီတော့ နှစ်ထပ်ကွမ်းပေါ့ဗျာ ။ ရေးပေး ကြပေတော့ ဒါပဲ ဟိ ။

လူတိုင်းအကြိုက်မွန်းလိုက် အဲလေ ဟုတ်ပါဘူး ဒီလက်ကလည်းပေါက်ကရရေးရမယ်ဆိုရင်ထိမ်းလို့မရဘူး အဲဒီလို ပါရမီက ..

သက်တန့်ချို

မှတ်ချက် ။ ပါရမီက သက်တန့်ချိုမဟုတ်ပါ ။ မြောက်ဥက္ကလာပ မှ သက်တန့်ချိုဖြစ်ပါသည် ။


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, September 6, 2011

ရှေးဟောင်းသတ္တ၀ါကြီးများ

ရှေးဟောင်းသတ္တ၀ါကြီးများ



Phorusrhacids

မျိုးတုန်းပျောက်ကွယ်သွားပြီဖြစ်တဲ့ ရှေးဟောင်းခေတ်ဦးသတ္တ၀ါကြီးများရဲ့ပုံကို ဆင်ဟွာသတင်းဌာနက ယခုလို ဖော် ပြပေးခဲ့ပါတယ် ။ ရှားရှားပါးပါးတွေ့ခဲလှပြီး ရှေးဟောင်းသတ္တ၀ါမျိုးစိတ်တွေကို စိတ်ဝင်စားသူတွေ အတွက်တော့ ဆက်လက်လေ့လာစရာပါပဲ ။




Megalodon



Smilodon



Estemmenosuchus



Pterosaur



Purussaurus



Entelodon



Giantopithecus

Source : Xinhua

သက်တန့်ချို
6 Sept 2011

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ဖိလစ်ပိုင်မှာဖမ်းမိတဲ့ အကြီးဆုံးမိချောင်းကြီး

ဖိလစ်ပိုင်မှာဖမ်းမိတဲ့ အကြီးဆုံးမိချောင်းကြီး



ဖိလစ်ပိုင်နိုင်ငံရဲ့ လူသူအရောက်အပေါက်နည်းတဲ့ စွန့်ပစ်မြေတစ်ခုမှာ ရွာသားတွေက 1075kg ( တစ်တန်) လောက်လေး တဲ့ ကြီးမားတဲ့မိချောင်းကြီးတစ်ကောင်ကိုဖမ်းဆီးရှိကြောင်း ဆင်ဟွာသတင်း ဌာနက ဖော် ပြ ထားပါတယ် ။ ၂၁ ပေ ( ၆.၄ မီတာ) ရှည်လျှားပြီး အသက်ရှင်လျှက်ဖမ်းမိတဲ့ မိချောင်းထဲမှာ အကြီး ဆုံး ဖြစ်တယ်လို့ ဆိုပါတယ် ။



Source : Xinhua

သက်တန့်ချို
6 Sept 2011

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, September 5, 2011

Lacithin အကြောင်းသိကောင်းစရာ

Lacithin အကြောင်းသိကောင်းစရာ






လက်ဆီသင် ဆိုတာဟာ ဥတွေရဲ့ အနှစ်တွေ ၊ တိရိစ္ဆာန်နဲ့ အပင်တွေရဲ့ တစ်ရှူးတွေမှာ တွေ့ရလေ့ရှိတဲ့ အ၀ါရောင် အညိုရောင် အဆီအုပ်စုများကိုရည်ညွှန်းခေါ်ဆိုခြင်းဖြစ်ပါတယ် ။ လက်ဆီသင်ကို phosphoric acid , choline , fatty acids , glycerol , gylcolipids, triglycerides နဲ့ phospholipids တွေနဲ့ ဖွဲ့စည်းထားပါတယ် ။ Phospholipids ဆိုတာကတော့ phosphatidylcholine, phosphatidylethanolamine နဲ့ phosphatidylinositol စ တဲ့ ဒြပ်ပေါင်းတွေကို ဆိုလိုပါတယ် ။ Lacithin ဆိုတဲ့စကားလုံးကို ၁၈၄၇ ခုနှစ်မှာ ပြင်သစ်နိုင် ငံမှ ဓါတုဗေဒနဲ့ ဆေးဝါးပညာရှင် Theodore Gobley က သန့်စင်သော phosphatidylcholine ကို သတ်မှတ်ရန်အတွင် စတင်ဖော်ပြခဲ့ပါတယ် ။ Globley ဟာ လက်ဆီသင်ကို egg yolk ( lekithos ) - ရှေးဟောင်း ဂရိဘာသာစကားမှ ပွားယူထားခြင်းဖြစ်ပြီး ၁၈၇၄ ခုနှစ်မှာတော့ phosphatidylcholine ရဲ့ပြီး ပြည့်စုံတဲ့ ဓါတု ဖော်မြူလာအဖြစ်ဖော်ပြခဲ့ပါတယ် ။ ဒီကြားထဲမှာ သူဟာ လက်ဆီသင်ရဲ့ ဇီဝ အချက်တွေ ဖြစ်တဲ့ သွေးပြန်ကြော ၊ သည်းခြေရည် ၊ လူ့ဦးနှောက်တစ်ရှူး ၊ ငါးဥ ၊ ကြက်နဲ့ သိုးတွေရဲ့ဦးနှောက်နဲ့ ဆက်နွယ် ပတ်သတ်နေတာတွေကို ဖော်ပြခဲ့ပါတယ် ။



လက်ဆီသင်ကို ဓါတုနည်းပညာအရ hexane ကိုအသုံးပြု ထုတ်လုပ်ပြီး သဘာဝနည်းတွေအရ ပဲပုပ်မှ ထုတ် လုပ်ပါတယ် ။ ရေမှာပျော်ဝင်နိုင်တဲ့အစွမ်းအနည်းငယ်သာရှိပါတယ် ။ Aqueous solution ထဲမှာတော့ သူ့ရဲ့ phospholipid တွေဟာ အလွှာ ၂ လွှာပါသော အချုပ်ပြား liposomes ၊ micelles အဖြစ် ဖြစ်ပေါ်စေနိုင်ပြီး အဲဒီလိုဖြစ်ပေါ် ခြင်းဟာ ရေဓါတ်နဲ့ အပူချိန်အပေါ် မူတည်ပါတယ် ။ လက်ဆီသင်ကို အစား အသောက် ဖြည့်စွက်စာ Food supplement အဖြစ်နဲသာမက ဆေးပညာ အသုံးပြုမှု Medical use အတွက် ပါ ရောင်းချကြပါတယ် ။ ချက်ပြုတ်တဲ့အခါမှာတော့ emulsifier ( အဆီအနည်းငယ်ပါသော အရည် ) အဖြစ်အ သုံးပြုကြပြီး စေးကပ်ခြင်းကို ကာကွယ်ဖို့အတွက်ဖြစ်ပါတယ် ။

Phosphatidylcholine ကို သက်ရှိသတ္တ၀ါမျိုးစုံ cellular organisms တွေမှာ တွေ့ရှိရပြီး အဲဒါဟာ ဆဲလ်အ ကာတွေ ရဲ့ phospholipid အစိတ်အပိုင်းရဲ့ အဓိက ပါဝင်မှုလည်းဖြစ်ပါတယ် ။ လက်ဆီသင်ကို အစား အသောက် ထုတ်လုပ်သူတွေက အဆီထဲမှာ phospholipids ကို ရောပြီးထုတ်လုပ်ကြပါတယ် ။ လက်ဆီသင်ကို အစေ့အ ဆံတွေရဲ့ အဆီတွေကနေ နည်းပညာသုံးပြီး ထုတ်လုပ်ရယူပါတယ် ။ ဒါကြောင့် လက်ဆီသင်ဟာ အမျိုး မျိုးသော phospholipids တွေရဲ့ အရောအနှောဖြစ်ပြီး ပါဝင်ဖွဲ့စည်းမှုကတော့ မူရင်းလက်ဆီသင်အပေါ် မူတည် ပါတယ် ။ အဓိက လက်ဆီသင်ရဲ့ ဇစ်မြစ်ကတော့ ပဲပုပ်မှရရှိတဲ့ အဆီဖြစ်ပါတယ် ။ EU ရဲ့ လိုအပ်ချက် အရ အစားအသောက်တွေမှာ အလာဂျင်တွေ များလာတာကို ရှောင်ရှားဖို့နဲ့ မျိုးဗီဇ ပြုပြင်ထား တဲ့ ကောက်ပဲသီးနှံတွေကို ပယ်ရှားဖို့အတွက် နေကြာဆီကနေရရှီတဲ့ လက်ဆီသင် ကို နောက်ပိုင်း မှာ ပြောင်းလဲလာခဲ့ကြတယ် ။ ပဲပုပ်နဲ့ နေကြာတွေကနေ ရရှိတဲ့ လက်ဆီသင်တွေရဲ့ အဓိက phospholipids တွေကတော့ phosphatidyl choline, phosphatidyl inositol, phosphatidyl ethanolamine, နဲ့ phosphatidic acid တို့ပဲဖြစ်ကြပါတယ် ။ သူတို့ကို အတိုကောက်အနေနဲ့ PC,PI,PE နဲ့ PA ဆိုပြီးအသီး သီးခေါ်ကြပါတယ် ။

လက်ဆီသင်အား ရေသွင်းဖြိုခွဲခြင်း

လက်ဆီသင်ကို သူထည့်ပေါင်းတဲ့ ထုတ်ကုန်တွေမှာ သင့်လျှော်စွာ ထည့်ပေါင်းဖို့ နဲ့ သူ့ရဲ့ လုပ်ဆောင်ချက် performance ကို ပိုကောင်းစေဖို့ အတွက်ဆိုရင် အင်ဇိုင်းတွေရဲ့အကူအညီနဲ့ Hydrolysed - ရေသွင်း ဖြိုခွဲရပါတယ် ။ Hydrolysed လုပ်ထားတဲ့ လက်ဆီသင်မှာဆိုရင် phospholipids ရဲ့ အစိတ်အပိုင်းတစ်ခုမှာ phopholipase ကနေ ဖယ်ရှားပေးတဲ့ fatty acid တစ်ခုရှိပါတယ် ။ အဲဒီလို phospholipids တွေကို lyso-phospholipids လို့ခေါ်ပါတယ် ။ အသုံးများတဲ့ phospholipase ကတော့ Phospholipase A2 ဖြစ်ပြီး သူက glycerol ရဲ့ C2 နေရာကနေ fatty acid ကို ဖယ်ရှားပေးပါတယ် ။ လက်ဆီသင်ကို fractionation လို့ခေါ်တဲ့ ဖြစ်စဉ်တစ် ခုနဲ့လည်း modify လုပ်နိုင်ပါသေးတယ် ။ အဲဒီဖြစ်စဉ်မှာဆိုရင် လက်ဆီသင်ကို alcohol နဲ့ (အထူးသဖြင့် အီသနော) ရောပါတယ် ။ အချို့သော phosphatidylcholine ကဲ့သို့ phospholipids တွေဟာ အီသနော မှာ ကောင်းမွန်စွာ ပျော်ဝင်နိုင်ခြင်းရှိပါတယ် ။ အချို့သော ဖော့စ်ပို လစ်ပစ် တွေကတော့ အီသနော မှာ ပျော်ဝင်နိုင်ခြင်းမရှိပါဘူး ။

လက်ဆီသင်၏ဂုဏ်သတ္တိများနှင့်အသုံးဝင်ပုံများ

လက်ဆီသင်မှာ ပျစ်ချွဲပြီး ချောကျိတဲ့ ဂုဏ်သတ္တိရှိတဲ့အတွက်သူ့ကို surfactant အနေနဲ့အသုံးပြုကြပါတယ် ။ လက်ဆီ သင်ကို လူ့ခန္ဓာကိုယ်ကနေလုံးဝ ဇီဝ ဖြစ်ပျက်မှု ( Totally metabolism ) ကို ပြုလုပ်နိုင်ပြီး အစာချေ တဲ့အခါမှာလည်းအ ဆိပ်အတောက်မဖြစ်စေနိုင်ပါဘူး ။ လက်ဆီသင်ကို အစားအသောက်တွေထဲမှာ ဖြည့်စွက် ခြင်း ၊ တိရိစ္တာန်များအား အစာကျွေးခြင်း ၊ ဆေးခြယ်ခြင်း နဲ့တခြား စက်မှု လုပ်ငန်းတွေမှာလည်း ကျယ်ပြန့်စွာ အသုံးပြုနိုင်ပါတယ် ။

လက်ဆီသင်နှင့် အစားအစာများတွင်အသုံးပြုခြင်း ၊ ကျန်းမာရေးဆိုင်ရာအချက်များ

အဆိပ်အတောက်မရှိတဲ့ လက်ဆီသင်ဟာ အစားအစာတွေမှာ ထည့်သွင်းဖို့ သင့်လျော်ပြီး အစာတွေ ပြုပြင်တဲ့နေ ရာနဲ့ ထပ်ပေါင်းထည့်ဖို့ ရည်ရွယ်ကြပါတယ် ။ အစားအသောက်ထုတ်ကုန်လုပ်ငန်းတွေမှာတော့ ရည်ရွယ်ချက် မျိုးစုံနဲ့သုံးကြပါတယ် ။ US FDA ကလည်း လက်ဆီသင်ကို လူတွေစားသုံးဖို့ အန္တရာယ် ကင်းစင်ကြောင်းေ ထာက်ခံချက်ပေးထားပြီးဖြစ်ပါတယ် ။ လက်ဆီသင်ကို EU ကနေ E number E 322 နဲ့ Food additive အဖြစ် သတ်မှတ်ထားပြီးဖြစ်ပါတယ် ။ ပဲပုပ်ကနေ ထွက်တဲ့ လက်ဆီသင်မှာ ကလိုစထရော နဲ့ triglycerides တွေကို လျော့ကျစေတဲ့အစွမ်းရှိပါတယ် ။ ကောင်းမွန်တဲ့အဆီတွေဖြစ်တဲ့ High density lipoprotein တွေ ကို သွေးထဲမှာ များစေပါတယ် ။ လက်ဆီသင် granules 7.5 grams ( တစ်ဇွန်းစာ ) မှာ phosphatidyl choline 1700 mg , phosphatidyl inositol 1000 mg , နဲ့ essential fatty acids အထူး သဖြင့် linoleic acid 2,200 mg ပါဝင်ပါတယ် ။ သူ့မှာ အလွန်အဖိုးတန်တဲံ Omega 3 linolenic acid (fish oil) ပါ ၀င်ပါ တယ် ။ လက်ဆီသင်ပါဝင်တဲ့ ဆေးတောင့်တွေကို ယခုအခါမှာ ဈေးကွက်ထဲအလွယ်တကူ ရရှိနေနိုင်ပြီဖြစ် ပါတယ် ။

သက်တန့်ချို
5 Sept 2011

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................