Friday, September 9, 2011

blogger ဆိုတာ ဘာလဲ (တဂ်ပြီ)

blogger ဆိုတာ ဘာလဲ



ဘယ်သူကနေ ဘယ်သူ့ကိုစပြီးတဂ်လိုက်သလဲတော့မသိပါဘူး ။ ထုံးစံအတိုင်းပဲ ဘလော့ဂ်ဂါ ဆိုတာ ဘာလဲ ဆိုတဲ့ ခေါင်းစဉ်နဲ့ မန္တလေးသားလေး ကိုကိုးအိမ်က တဂ်လိုက်ပြန်ပါပြီ ။ ပြန်ရေးတာ နောက်ကျသွားတဲ့ အတွက် ခွင့်လွှတ်ပါ ညီရေ ။ အရင်ဆုံးပြောချင်တာတာတွေကို အပိုင်းလေးတွေခွဲပြီး ရေးသွားမှာဖြစ်ပါတယ် ။

၁ ။ ဘလော့ဂ်ဂါဆိုတာ ကိုယ်ပိုင် blogspot.com ရှိယုံနဲ့ တကယ်ပဲ စာရေးသူ ဘလော့ဂ်ဂါ တစ်ယောက် ဖြစ်ပြီ တဲ့လား ?
၂ ။ ဘလော့ဂါတစ်ယောက်ဖြစ်ဖို့ဆိုရင် ဘာတွေနဲ့ပြည့်စုံရမလဲ ?
၃ ။ ဘလော့ဂါတစ်ယောက်ဖြစ်ဖို့ ဘာတွေရှောင်ရမလဲ ?
၎ ။ အဆိပ်ပင်တွေ ရေမလောင်းကြပါနဲ့
၅ ။ စည်းလုံးညီညွှတ်မှုဟာ ဘလော့ဂ် မှာ ဘယ်လောက်ထိအရေးကြီးသလဲ ?

ကျွန်တော်ပြောချင်တဲ့အကြောင်းအရာတွေကို ခေါင်းစဉ်လေးတွေခွဲထားခြင်းဖြစ်ပါတယ် ။ ကျွန်တော့်ရဲ့ တစ်ဖက် သက် Personal view ဖြစ်တဲ့အတွက် ကိုယ့်လူတို့နဲ့ သဘောထားချင်းတူတာတွေလည်းရှိသလို မတူတာတွေ လည်းရှိ ပါလိမ့်မယ် ။ ဒါပေမယ့် စာရေးသူတစ်ယောက်အတွက် စာဖတ်သူတွေအပေါ် ထားရှိတဲ့ စေတနာ ကသာ လျှင် အရေးအကြီးဆုံးဖြစ်တယ်ဆိုတာကိုတော့ ကိုယ့်လူတို့ ၀န်ခံရပါလိမ့်မယ် ။

၁ ။ ဘလော့ဂ်ဂါဆိုတာ ကိုယ်ပိုင် blogspot.com ရှိယုံနဲ့ တကယ်ပဲ စာရေးသူ ဘလော့ဂ်ဂါ တစ်ယော က်ဖြစ်ပြီ တဲ့ လား ?

ဒီမေးခွန်းရဲ့အဖြေကတော့ရှင်းပါတယ် ။ မြန်မာနိုင်ငံမှလွဲ၍ ကိုယ်ပိုင်ဂျီမေးလ်အကောင့်ရှိတဲ့သူတွေအဖို့ www.blogger.com မှာ Sign Up လုပ်လိုက် ယုံနဲ့ ဘလော့တစ်ခုဖြစ်ဖို့ ဆိုတာ လွယ်သမှ သိပ်လွယ် ။ ပြီးတော့ ရေး ချင် တာသာရေးကြပေတော့ ။ ကဲ ဘလော့ဂ်ဂါတစ်ယောက်ဖြစ်သွားပြီတဲ့လား ။ နိုးနိုး...မဖြစ်သေး ပါဘူး ။ blogspot.com ရှိယုံနဲ့ ဘလော့ဂ်ဂါတစ်ယောက်မဖြစ်ဘူးလို့ ကျွန်တော်ကတော့ သတ်မှတ်ထားတယ် ။ ဘလော့ တစ်ခုကို Register လုပ်ယုံလုပ်ပြီး ယောင်ဝါးဝါးလုပ်နေတဲ့သူတွေဟာ သာမန် Blogspot User လို့သာ ကျွန်တော်က သတ်မှတ်ပါတယ် ။ Blogger အစစ်မဟုတ်သေးပါဘူး ။ အဲ ..အစပိုင်းမှာပြောခဲ့သလိုပေါ့ ။ မြန်မာနိုင်ငံ ကလွဲ၍ ဆိုတဲ့စကားလေးပြန်ရှင်းရဦးမယ် ။ အားလုံးသိထားပြီးဖြစ်တဲ့အတိုင်း ဘလော့စပေါ့ကို ကြည့်ဖို့ဖြစ်စေ ၀င်ဖို့ဖြစ်စေ မြန်မာနိုင်ငံကဆိုရင်တော့ ကျော်တတ်ခွတတ်ဖို့တော့လိုပါတယ် ။ အခုဆက်ရေး မှာကတော့ ဘာဆို ဘာမှ မသိသေးတဲ့သူတွေအတွက်ရည်ရွယ်ပါတယ် ။ သိပြီးသားဖြစ်လို့ ကိုယ့်လူတို့ကို ဆရာလုပ်မိ သလိုဖြစ်သွားခဲ့ရင်လည်း အနူးအညွှတ်တောင်းပန်ပါတယ်ဗျာ ။ နံပတ် ၂ ကို ဆက်ဖတ်သွားနိုင် ပါတယ် ။ ကျော်တဲ့ခွတဲ့နေရာမှာ နည်းတွေအမျိုးမျိုးရှိသဗျ ။ (နည်းနည်းတော့ လျှာရှည်လိုက်ဦးမယ်ဗျာ ရတယ် ဟုတ်..း)Link

- ကျော်ခွသော ဆိုက်များအားသုံး၍ ကျော်ခွကြည့်ခြင်း

www.polysolve.com တို့လို www.vtunnel.com တို့လို www.ctunnel.com တို့လိုဆိုက်တွေကို ဖွင့်ပြီး အထဲမှာပါတဲ့ Solve အကွက်ထဲမှာ ကိုယ်ကြည့်ချင်တဲ့ ၀ဘ်ဆိုက်ကို ရိုက်ထည့်ပြီးနှိပ်လိုက်တာနဲ့ အကုန်ကြည့် လို့ရပါတယ် ။ အားသာချက်ကတော့ ဘာပရောက်ဆီ ဘာ ဆော့ဝဲလ်မှမလိုပါဘူး ။ လွယ်ကူပြီး ရိုးရိုးစာဖတ် သူတွေအ တွက်အဆင်ပြေမှာပါ ။ အားနည်းချက်ကတော့ Blogger.com ကို Sign in လုပ်ဖို့မလွယ်ပါဘူး ။ ကိုယ်က ဘလော့ဂ်ရေးသူတစ်ယောက် ဒါမှမဟုတ် ဘလောဂ်ဂါဖြစ်ဖို့ ဆန္ဒရှိတယ်ဆိုရင်တော့ Proxy သိုLink့မဟုတ် Software သုံး မှပဲဖြစ်နိုင်မှာပါ ။

- Software အသုံးပြုခြင်း

အကောင်းဆုံးကျွန်တော်အကြိုက်ဆုံး ကျော်ခွတဲ့ software လေးကတော့ Ultrasurf လေးဖြစ်ပါတယ် ။ Ultrasurf 9.4 ကနေကျွန်တော်စသုံးနေတာ အခုဆိုရင် Ultrasurf 10.07 တောင်ရောက်လို့နေပါပြီ ။ လိုချင်ရင် ဒီနေရာလေးမှာ Download လုပ်သွားနိုင်ပါတယ် ။ အသုံးပြုပုံကတော့ သူ့ကို run လိုက်ပါ ။ ခဏလောက်ကြာ တဲ့အခါ Successfully connected to the server ဆိုပြီးပေါ်လာပါလိမ့်မယ် ။ ချက်ချင်းပဲ IE browser လည်းပေါ် လာပါလိမ့်မယ် ။ ကိုယ်က IE သုံးနေတာဆိုရင်တော့ တိုက်ရိုက်သုံးယုံပါပဲ ။ မဟုတ်ပဲနဲ့ Firefox သို့မ ဟုတ် တခြား browser သုံးနေတာဆိုရင်တော့ အဲဒီပေါ်လာတဲ့ IE browser ကိုပိတ်လိုက်ပါ ။ ပြီးတဲ့အခါ ကိုယ်သုံးနေတဲ့ Browser ထဲက Tools>Options>Advanced>Network>Setting > ဆိုပြီးအဆင့်ဆင့်သွားပါ ။ ပြီးတဲ့အ ခါ Manual Proxy Configuration ကိုရွေးပါ ။ ပြီးရင် Http proxy နေရာမှာ 127.0.0.1 လို့ရိုက်ပြီး Port နေရာမှာ 9666 လို့ရိုက်ပါ ။ ပြီးရင် Use this proxy server for all protocols ကို အမှန်ခြစ်ပြီး ။ ပြီးရင် Ok တွေနှိပ်ပြီး သုံးနိုင်ပါပြီ ။ Blogger.com ကို Sign in ၀င်လို့ရသလို ကွန်နက်ရှင် သာကောင်း ရင် တော်တော်လေးကို အဆင်ပြေပါတယ် ။ ကျွန်တော်လက်ရှိသုံးနေတာပါ ။

နောက်ဆော့ဝဲလ်တစ်ခုတော့ Freegate ဖြစ်ပါတယ် ။ သူ့ကိုလိုချင်ရင် ဒီနေရာလေးမှာ download လုပ်သွားနိုင် ပါတယ် ။ အားနည်းချက်ကတော့ ကိုယ်ပိုင်ဒိုမိန်းချိတ်ထားတဲ့ ဆိုက်တွေ တစ်ခုမှမပွင့်ပါဘူး ။ ဒါပေ မယ့် Ultrasurf ထက်မြန်ပြီးတော့ ဘလော့မှာ စာတွေတင်ရတာ တော်တော်အဆင်ပြေပါတယ် ။ အသုံးပြုချင် ရင်တော့ အပေါ်က နည်းအတိုင်းသုံးနိုင်ပါတယ် ။ နောက်ဆုံးအဆင့်မှာတော့ Http proxy : 127.0.0.1 ရိုက်ပြီး Port မှာ 8567 လို့ရိုက် ရမှာဖြစ်ပါတယ် ။

နောက်အသုံးများတဲ့ဆော့ဝဲလ်ကတော့ Freedom ဖြစ်ပါတယ် ။ အရမ်းကြီးတော့မခက်ပါဘူး ။ ကျွန်တော် က စောင့်ရ တာစိတ်မရှည်တဲ့အတွက် မသုံးပါဘူး ။ အရေးကြုံလာရင်တော့သုံးပါတယ် ။

- Add on အသုံးပြုခြင်း

နာမည်ကြီးနေတဲ့ အခုတလော P (ပီ) လို့ခေါ်တဲ့ Phizila Add on လေးဖြစ်ပါတယ် ။ ဘလော့တွေ ကြည့်လို့ ရပါတယ် ။ အားနည်းချက်ကတော့ blogger ကို sign in လုပ်ရတာမလွယ်ပါဘူး ။ Mozilla add on တစ်ခုဖြစ်တဲ့ P ကို တခြားဘလော့တွေမှာ ရေးထားတာတွေလည်းရှိပါတယ် ။ Google မှာ ရှာပြီးတော့လည်း သုံးနိုင်ပါတယ် ။

- Proxy အသုံးပြုခြင်း

အရင်တုန်းကဗျာ ဆော်ဒီပရောက်ဆီလို့ နာမည်ကြီးခဲ့တဲ့ Port:443 တွေ ပြန်တောင်သတိရမိတယ် ။ သုံးရတာ မြန်မှမြန် ။ နောက်ပိုင်း သုံးတဲ့လူတွေ များလာတော့ ပရောက်ဆီတွေလည်းတစ်ခုပြီးတစ်ခု ပျက်ကုန်တယ် ။ ရှာရမ လွယ်တော့ ဘူး ။ ဒီတော့ ဘလော့ဂ်ဂါအချို့က ၀ယ်ပြီးသုံးကြပါတယ် ။ ငါးယောက်လောက် ဖြစ်ဖြစ် စပ်ပြီးဝယ် ရင်အဆင်ပြေပါတယ် ။ ရန်ကုန်မှာဖြစ်ဖြစ် မန္တလေးမှာဖြစ်ဖြစ်ဝယ်လို့ရပါတယ် ။ ကျွန်တော် လည်း အဖော်ကောင်းရင် စပ်သုံးမလား ကြံနေတာ ဟီးးး။ လတိုင်းပိုက်ဆံပေးရမှာဖြစ်ပါတယ် ။ အများစုသုံးနေ ကြတာကတော့ Port : 443 တွေပါပဲ ။

ကဲ ဒီလောက်ဆို နည်းနည်းပါးပါးတော့ သိလောက်ပြီပေါ့ဗျာ ။ ကဲ ပြန်ဆက်ကြရအောင် ။

၂ ။ ဘလော့ဂါတစ်ယောက်ဖြစ်ဖို့ဆိုရင် ဘာတွေနဲ့ပြည့်စုံရမလဲ ?

အဓိကကတော့ ရည်ရွယ်ချက်ပေါ့ဗျာ ။ ဘာအတွက်လုပ်ထားတာလဲ ။ ကိုယ်ဖတ်ဖို့လား ။ သူများဖတ်ဖို့လား ။ ကိုယ်ဖတ်ဖို့ ကိုယ်လုပ်ထားတာဆိုရင်တော့ ဘာမှပြောစရာမရှိပါဘူး ။ ကြိုက်တာလုပ်ပေါ့ ။ သူများဖတ် ဖို့ဆိုရင်တော့ ပြောစရာရှိလာပါပြီ ။ သူများဖတ်ဆိုရင် တော့ ကိုယ်က ပေးချင်တာလား ကိုယ့်အတွေးတွေကို ပြချင်တာလား ဆိုတာကိုရွေးရပါမယ် ။ ပေးချင်တာဆိုရင်တော့ ကိုယ့်လူ စေတနာ ပါဖို့တော့လိုတယ် ။ စာဖတ်သူတွေအတွက် တကယ်အကျိုးရှိတဲ့အရာတွေ ချပြဖို့လိုတယ် ။ ယောင်ဝါးဝါး လုပ်နေလို့တော့မဖြစ်ဘူးဗျို့ ။ ကိုယ့်အတွေးတွေ ပြချင်ယုံသက်သက်ဆိုရင်တော့ (ဥပမာ ကဗျာ ဆိုက်တွေပေါ့ ) သိပ်တော့ပြောစရာမရှိပါဘူး ။ သူက ပြယုံ သက်သက်ပဲကိုး ဒီတော့ ဖတ်တဲ့သူတွေကလည်း ဖတ်ယုံသက်သက် ခံစားရရင် ခံစားကြပေါ့ မခံစားရရင်လည်းမ ခံစားကြနဲ့ပေါ့ ဒါပဲရှိတယ် ။ တစ်ခုတော့ရှိတယ်ဗျာ ပို့စ်တစ်ပုဒ်တစ်ပုဒ်ကို အကြာကြီးပစ် မထားကြပါနဲ့ တချို့ဆို ဘယ်နှစ်လ မှန်းမသိဘူး ပစ်ထားကြတယ် ။ အကြောင်းရှိလို့ ဆိုရင်တော့လက်ခံပါတယ် ။ တချို့က အကြောင်းမရှိပဲနဲ့ ပျင်းလို့ကို ငါရေးချင်ရေးမယ် မရေးချင်မရေးဘူး မင်းတို့လည်းရေးတဲ့အခါ ဖတ် မရေး တဲ့ အခါ မဖတ်နဲ့ပေါ့ကွာ ဆိုတာမျိုးကတော့ အင်း ..သိပ်မမိုက်ဘူးပေါ့ဗျာနော် ။ ဒီတော့ ဘလော့ ဂါတစ်ယောက် ဖြစ်ဖို့ဆိုရင် တော့

- စာဖတ်သူတွေအပေါ် စေတနာပါရမယ်ဗျာ နော်
- စာရေးသိပ်ပျင်းနေလို့မဖြစ်ဘူး ဗျ အရေးကြီးတယ်
- မြန်မာနိုင်ငံမှာဆိုရင်တော့ ကျော်တတ်ခွတတ်ရမယ် အရေးကြီးတယ် မဟုတ်ရင်တော့ အိပ်မက်မမက် တာ အကောင်းဆုံးပဲ
- ကိုယ့်စာတွေကိုပြန်ပြီး Review ပြန်ကြည့်ပြီး result ထုတ်ရမယ် ငါရေးလိုက်တဲ့စာက သူတို့ဖို့ ဘာတွေအ ကျိုးရှိသွား သလဲ သူတို့ဘာတွေရသွားသလဲ သုတလား ၊ ရသလား ပျော်ရွှင်မှုလား ၀မ်းနည်းမှုလား အဲဒါတွေပေါ့နော်
- ကိုယ်ဟာ မျက်စိစွင့်နားပွင့်ဖြစ်နေရမယ် ။ ရေးချင်တာသာရေးပြီးတခြား ဘလော့ဂ်တွေ ဘာဖြစ်နေမှန်းမသိပဲ link တွေ ပျက်နေ ရင်လည်းမဟုတ်သေးဘူးဗျ ကျွန်တော်ဆိုတခါတခါ link ပျက်ပျက်သွားတယ် မနည်းပြန် ချိတ်နေရတယ် ။ လတ်တလော ဘလော့အသိုင်းအ၀ိုင်းကြီးကို မျက်စိဖွင့် နားစွင့်လုပ်နေရမယ်ပေါ့ဗျာ ။
- ဘလော့တွေကို သိပ်အကြာကြီးမဟုတ်ပဲ Update လုပ်စေချင်ပါတယ် ။ တချို့ဘလော့ဂါတွေက ကွန်းမန့်များများ ရအောင်ဆိုပြီး ပို့စ်တစ်ပုဒ်ရေးပြီးရင်အကြာကြီးပစ်ထားကြတယ် ။ အင်း... သူတို့ရည်ရွယ် ချက်နဲ့သူတို့ဆိုတော့လည်း အပစ်တော့မပြောသာပါဘူး ။ ကွန်းမန့်ဆိုတာကလည်း ဘယ်လောက် အရေးကြီး လဲဆို တာ စာရေးဖူးတဲ့သူမှပဲသိမှာပဲဗျာနော့ ။ ဒီနေရာမှာ ကျွန်တော်အရမ်း ချီးကျူးချင်တဲ့ဘလော့ဂ် ဂါတစ်ယောက်ရှိတယ် ။ အဲဒီလူကတော့ ကိုပီတာကြီးပေါ့ခင်ဗျာ ။ သူ့စာတွေ ကောင်းလားမကောင်းလားတော့ ဖတ်ဖူးတဲ့ သူတိုင်းသိမှာပါ ။ ဒါပေမယ့် ပို့စ်တိုင်းမှာ ကွန်းမန့်မရှိဘူး ။ နည်းတယ်ပေါ့ဗျာ ။ ဒါဟာဘာကြောင့် လည်းဆိုရင် သူ့ဘလော့က အမြဲ Update ဖြစ်တယ် ။ စေတနာပါတယ် ။ စာရေးအားကောင်းတယ် ။ ဘာသာပြန် ဆိုပေမယ့်လည်းတွေးရရေးရတာပဲဗျာဟုတ်ဘူးလား ။တချို့ပြောကြသေးတယ် ဘာသာပြန်က ကုန်ကြမ်းရှိတယ် ဆိုပဲ သူတို့ ရင်တွင်းဖြစ်တွေကမှ ကုန်ကြမ်းပြတ်တဲ့အခါ ဘလော့ပို့စ်တွေပါ ကြာသွားရတာပါတဲ့ ။ ကိုပီတာရေ ဆက်သာကြိတ်ထားဗျို့ ကျွန်တော်ကတော့အားပေးတယ် ။
- ဘလော့အပြင်အဆင်ကို ဖြစ်ကတတ်ဆန်း ပစ်မထားကြပါနဲ့ ။ နည်းနည်းလေး ကိုယ့်ဘလော့နဲ့လိုက်မယ့် template လေးတွေ နဲ့ တန်ဆာ ဆင်စေချင်ပါတယ် ။ တချို့ဘလော့တွေက စာတွေအရမ်းကောင်းတယ် ။ ဒါပေ မယ့် ရိုးရိုး ကြီးတွေနဲ့ စာဖတ်သူတွေအပေါ် ဆွဲဆောင်မှုမရှိဘူးပေါ့ဗျာ ။ စာက အရေးကြီးလား အပြင်အဆင်က အရေးကြီးလားဆိုရင်တော့ နှစ်ခုလုံးအရေးကြီးတယ်ဖြေရမှာပါပဲ ။ ဟုတ်ဘူးလား ကိုယ့်လူ တို့ရယ် ။

၃ ။ ဘလော့ဂါတစ်ယောက်ဖြစ်ဖို့ ဘာတွေရှောင်ရမလဲ ?

ဒါအရေးကြီးတယ်ဗျ ။ ဘာတွေရှောင်ရမလဲဆိုတော့ အချင်းချင်း ကုန်းချော တာ ၊ တိုက်ခိုက်တာ ၊ မနာလိုဝန်တိုစ ကားတွေကို ဘလော့တွေပေါ်ကနေစောင်းမြောင်းပြီးတမျိုး သွယ်ဝိုက်မျိုး တမျိုးပြောကြ တာတွေပေါ့ ။ တကိုယ်ဆို အဲဒီဘလော့တွေအတော် အောက်တန်းကျတယ် ။ စာဖတ်သူတွေ ကို စော်ကားနေ သလိုပဲ ။ ကိုယ့် ဖာသာမကျေနပ်လည်းတိုးတိုးတိတ်တိတ်လုပ်ကြပေါ့ဗျာ ဟုတ်ဘူးလား ။ အခုက စာဖတ်သူတွေ အတွက် အနှောက်အယှက်ဖြစ်ရတာပေါ့ ။ ပြီးတော့ စာရေးပျင်းတာရှောင်ရမယ် ဘာမှမဟုတ်ရင်တော့ ဘာမှမရေး တာအကောင်း ဆုံးပါပဲ ။ ဘလော့တွေ ဖောင်းပွလာတာပဲအဖတ်တင်လိမ့်မယ် ။ တချို့ဘလော့ဂ်တွေ နာမည်ကြီး ပြီး အရေ မရ အဖတ်မရတွေများတယ်ဆိုတာ ကိုယ့်လူတို့ သိတယ်မဟုတ်လား ။ တချို့ကလည်း အချင်းချင်း သူ့ ဘလော့ မှာ ကွန်းမန့် ဘယ်နှစ်ခု ငါ့ဘလော့မှာ ကွန်းမန့် ဘယ်နှစ်ခု ပြိုင်စရာမဟုတ်တာ ပြိုင်နေကြသေးတယ် ။


၎ ။ အဆိပ်ပင်တွေ ရေမလောင်းကြပါနဲ့

ဒါကတော့ ရေးတဲ့စာအမျိုးအစားကိုပြောတာပါ ။ စာဖတ်သူတွေအတွက် အယူအဆတွေလွဲသွားစေမယ့် စိတ်ဓါတ်တွေ ညံ့ဖျင်းသွားစေမယ့် စာတွေကို အဆိပ်ပင်လို့ ယူဆပါတယ် ။ သူတို့ကို ရေမလောင်းကြပါနဲ့ ။ ရှောင်ကြစေ လိုပါတယ် ။ ကိုယ့်လူတို့လည်း ရိပ်မိမှာပါ အခုနောက်ပိုင်းစာဖတ်သူတွေက စာကောင်းပေကောင်း နဲ့ စာစုတ်ပေစုတ် တွေကို ရွေးချယ်ခွဲခြားပြီး ဖတ်လာကြပြီဖြစ်တဲ့အတွက် အရှည် ကြီးတော့ပြော မနေတော့ပါဘူး ။ Blogger တွေဖက်ကလည်း role မြှင့်ကြဖို့လိုပါပြီ ။

၅ ။ စည်းလုံးညီညွှတ်မှုဟာ ဘလော့ဂ် မှာ ဘယ်လောက်ထိအရေးကြီးသလဲ ?

အိုး...သိပ်အရေးကြီးတာပေါ့ဗျာ ။ စည်းလုံးညီညွှတ်မှုမရှိရင် ဘာဆို ဘာမှမဖြစ်နိုင်ဘူး ။ Blog list တွေချိတ် ထားတာသာကြည့်တော့ ဘယ်လောက်အကျိုးရှိသလဲ ။ Click လေးတွေနှိပ်ပြီး ဆက်တိုက်ကြည့် သွားယုံပဲ ။ တဂ်တာတွေကို တလေးတစား ပြန်ဖြေပေးတာဟာလည်း စည်းလုံးမှု အတွက်လို ကျွန်တော်က ယူဆတယ် ။ ကိုယ်မအားလို့ ပြန်မဖြေဖြစ်တာကတော့တမျိုးပေါ့နော် ။ နောက်ပြီး ကိုမြစ်ကျိုးအင်းတို့ ကိုလူထွေးတို့ရေးတဲ့ ဘလော့စည်း လုံးရေးစာတွေကို ကျွန်တော်ကသိပ်သဘောကျတာပဲ ။ သူတို့လို မရေးတတ်ပေမယ့် ဒီလူတွေ တကယ့်ကို ဘလော့ဂါ စည်းလုံးရေး ပညာရှင်တွေလို့ မြင်မိတယ် ။း))

ကဲကဲ မျက်စိတွေတော့ညောင်းနေလောက်ပြီ ဒီလောက် ရှည်ရရင်တော်ပါပြီ ။ (စာရေးတာကိုပြောတာပါ) ထုံးစံအ တိုင်း ဟိုတစ်ခေါက်က မတဂ်လိုက်ရလို့ ဆက်ပြီးတဂ်ပြီဗျာ ဘုရားသာ တကြပေတော့ ။

၁ ။ ဆိုက်ပရပ် နတ်သမီးလေး နမ်းမ၀ ( ဟိဟိ တဂ်ပလိုက်ပြီ အကြွေးပေါ့လေ ကိုယ်ကြီးပဲ အတဂ်ခံနေရ လို့ကိုယ့်အလှည့် ကျ မနွဲ့စတမ်းပေါ့ နတ်သမီးက သဘောကောင်းပြီးသားပါ )
၂ ။ ဘလော့ များရဲ့ စိတ်ခွန်အားပေးစွမ်းရာ မနိုင်းနိုင်းစနေ ( သဘောကောင်းတယ် ရေးပေးမှာပါ မရေးပေး ရင်တော့တောင်ကြီးကို ပိုချမ်းအေးအောင်လုပ်ပစ်လိုက်မယ် :P)
၃ ။ ကိုကြီးပီတာ ( ဆရာလေး ဆရာလေးနဲ့ သူခေါ်လိုက်ရင် သီလရှင်ပုံပဲ ပြေးပြေးမြင်နေတယ် ဟဲဟဲ သဘောကောင်းတဲ့အကိုကြီးရေးပေးနော်)
၎ ။ ကျွန်မ ဘလော့ဂါမဟုတ်ပါလို့ ခပ်တည်တည်နဲ့ ပို့စ်တင်ထားတဲ့ နှင်းနဲ့မာယာ ( ဘလော့ဂါ ဟုတ်ဟုတ်မ ဟုတ်ဟုတ် အစ်မကြီးရေးပေးရမယ် နော် ဟိ အတင်းကြီးပဲ )
၅ ။ မောင်လှမျိုး (ချင်းချောင်းခြံ) ကိုအားကျပြီး အပီ ကလောင်နာမည်ယူထားတဲ့ မိတ်ဆွေကြီး ကိုဘကြိုင် (ချဉ်ပေါင်ခြံ) - ခြံထဲမှာ ချဉ်ပေါင်စိုက်ရင်းရေးပေးဗျာနော်
၆ ။ အခုတလော နေရာတိုင်းမှာတွေ့နေရတဲ့ အိန်ဂျယ်ရှားပါး (ဟွင်းဟွင်း ဘာတတ်နိုင်သေးတုန်း )
၇ ။ စာအရေးအေးနေတဲ့ ပူးတေ ( ကဲ သောကြာပူးရေ တဂ်လိုက်ပြီဗျာနော့ ဟိဟိ အကူအညီလို ရင်လည်းတောင်း မယ်နော် )
၈ ။ မေတ္တာဖြင့် အန်တီတင့် ( အန်တီရေ ကလေးကလားမို့ မလေးမစားမဟုတ်ပါဘူး တလေးတစားနဲ့ တဂ်လိုက် ပါတယ် လူကြီးဆိုတော့ ဒီလိုစာချိုးလေးနဲ့မှ အဆင်ပြေမယ် )
၉ ။ ဂျပန်နိုင်ငံက အစ်မကြည်ကြည် ( ဟီးးး ၀ိုင်းလေးစ လိုက်ရအောင် အဲလေ ဟုတ်ပါဘူး ယောင်လို့ တဂ် ပို့စ်လေးရေးပေးနော် ဟိဟိ)
၁၀ ။ ခိုတွေ..ခိုတွေ...ခိုတွေ....ဆိုပြီး တစ်ညလုံး ကဗျာအဓိပ္ပါယ်ကို စဉ်းစားရအောင်လုပ်တဲ့ ပန်ဒိုရာ (ဟဲဟဲ အဲဒီလို တွေး စရာတွေများများရေးနော်သိလား ဆံပင်ဖြူလည်းပေါက်နေပြီ တဂ်လိုက်ပြီအစ်မပန်ရေ )

ကဲ ချစ်ခင်သော သူများရေးပေးကြပါကုန်။ (မရေးပေးရင်မချစ်ခင်ဘူးလို့ပြောတာမဟုတ်ပါဘူး အဲဒီလိုတွေးရင် လည်းတွေးပေါ့ ဟိဟိ) အော် ငါ့နှယ် မျက်နှာပိုးကိုမသေပါဘူး ။ ကိုယ့်လူတို့ ပြုံးမိအောင်ပါဗျာ ။အော်မှာထား ဦးမယ် တဂ်ထဲမပါလို့ စိတ်မကောင်းမဖြစ်နေနဲ့နော် ။ အချီကြီးတဂ်ဦးမှာ ဟဲဟဲ ။ စိတ်ချ ကျွန်တော့် Tag list ထဲမှာတ ချို့ ဘလော့ဂါတွေကိုတခြားဘလော့ဂါတွေက တဂ်ထားပြီးဖြစ်မှာပါ ။ ဒီတော့ နှစ်ထပ်ကွမ်းပေါ့ဗျာ ။ ရေးပေး ကြပေတော့ ဒါပဲ ဟိ ။

လူတိုင်းအကြိုက်မွန်းလိုက် အဲလေ ဟုတ်ပါဘူး ဒီလက်ကလည်းပေါက်ကရရေးရမယ်ဆိုရင်ထိမ်းလို့မရဘူး အဲဒီလို ပါရမီက ..

သက်တန့်ချို

မှတ်ချက် ။ ပါရမီက သက်တန့်ချိုမဟုတ်ပါ ။ မြောက်ဥက္ကလာပ မှ သက်တန့်ချိုဖြစ်ပါသည် ။


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

22 comments:

  1. သက်တန့်ရေ.
    ဘလော့ဂါရဲ့ ဖွင့်ဆိုထားတာလေးတွေ ကောင်းပါ့။ မွန်းလိုက်တော့မသောက်တော့ပါ။။။

    ခင်မင်လျက်
    သဒ္ဓါ

    ReplyDelete
  2. 'ဘလော့ဂါ' ရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်လေး ၅-ချက် ဖတ်သွားပြီ ကိုသက်တန့်ရေ။
    "ဘလော့မှာ အန်တီ့ကိုတဂ်ထားတယ်" ဆိုလို့ ထိတ်လန့်ခြင်းများစွာဖြင့် ကိုသက်တန့်ရဲ့ ဘလော့ထဲကို ဝင်ကြည့်လိုက်တော့မှ စိတ်ကိုအေးသွားစေတယ်း)))
    ရေးပြီးသားအဆင်သင့်လေးရှိနေလို့း)
    စိတ်ဓါတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. ကျော်ခွနည်းများကို စိတ်ရှည်ရှည် ရေးပေးသွားတာေ ကျးဇူးပါဗျာ
    ဘလော့ဂါ အကြောင်းရေးထားလည်း ဖတ်သွားတယ်

    ReplyDelete
  4. ဟာ ရှင်းလင်းဖွင့်ဆိုချက်ကကောင်းပါ့  ကိုသက်တန့်ရေ .....

    အားပေးလျှက်
    မဒိုးကန်

    (ဆော့ဝဲပါသိသွားပီ ကျေးဇူးး)

    ReplyDelete
  5. မြောက်ဥ က သက်တန့်ချို တဂ်လိုက်တာ ကောင်းတယ်..နတ်သမီးကို ထည့်မရေးမိလိုက်ဘူး... သူခေါင်းခေါက်တာကို ကြောက်လို့..ခွစ်ခွစ်..

    ပြည်တော်ပြန် ကျော်ခွရန် လင့်ခ်တွေမှတ်သွားဒယ်။

    ReplyDelete
  6. ဟုတ်တယ် ... မပျင်းရဘူး။ ပို့စ်တစ်ပုဒ်ကိုအကြာကြီးပစ်မထားရဘူး။ မှတ်သားသွားပါတယ်။
    မလုံမလဲ တီတီဆွိး)

    ReplyDelete
  7. ဆောင်ရန်ရှောင်ရန်လေးတွေ မှတ်သွားတယ်အကို ...ကျေးဇူးပါလို့ ..

    ReplyDelete
  8. ဆွေလေးမွန်September 9, 2011 at 5:10 PM

    အမယ်လေးနော် ဆွေလေးမွန် ကိုများတည့်တည့်ပြောထားလေသလားနော်..
    ဂယ်ပဲ အားငယ်တယ်။..

    :) :)

    ကိုသက်တန့် ရေ အချက်ငါးချက်လဲဖတ်သွားပြီ လောလောဆယ်လဲ အဲလိုပဲဖြစ်နေတယ်..
    ဒါပေမယ့် အဲလိုမဖြစ်အောင်တော့ အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်..လို့ ..

    ReplyDelete
  9. မြောက်ဥက္ကလာပ သီဟဇော်လင်းဦးလာဖတ်တယ် ...မောလိုက်တာ အဝေးကြီးကနေလာရတာ

    ReplyDelete
  10. ကိုယ်ရေးစရာမကျန်အောင် သူပဲအကုန်ရေးပြီးတော့ တက်ဂ်တယ်တဲ့.. ဟွန့်..........

    ကိုပီတာကို ကြိုက်တယ်.. သွားသွားဖတ်တယ်..း)

    ReplyDelete
  11. ကိုသက်တန့် ရေ

    စေတနာလေး ကိုတွေ့လိုက်ပါတယ်

    ReplyDelete
  12. ရေးထားတာလေးတွေ ကောင်းတော့ ဖတ်ရတာ ကြိုက်တယ်ဗျာ။
    ကျော်တာ ခွတာတော့ ဗဟုသုတရစေတာပါပဲ။

    ReplyDelete
  13. သက်တန့်ခါး... အဲလေ.. သက်တန့်ချို။
    စာလေးတွေ အကုန်ကောင်းတယ်။ ခန့်တယ်။ ဒါပေမဲ့ ပြီးခါနီးမှ ပေါတောတာရယ်။း))

    သူကြီးမင်းကတော့ အစအဆုံး ခပ်ပေါပေါကြီး။ ဟီး ဟီး။

    ခင်မင်လျှက်

    ReplyDelete
  14. စာဖတ်သူတွေအပေါ်ထားတဲ့စေတနာကိုလေးစားပါတယ်....... မေတ္တာရောင်ပြန်ဟပ်တတ်ပါတယ်... .... :))
    ( အာဂျီးမား )

    ReplyDelete
  15. ဟေးဟေးးးးပျော်စရာကြီးဗျိုးးးး။ ကိုသက်တန့်ဆီမှာ လာဖတ်ရတာ ပရောက်ဆီတွေလည်းသိသွားပြီဗျိုးးး သူများကို လမ်းညွှန်လို့လည်းရသွားပြီ။ ကျေးကျေးပါ ကိုသက်တန့်ရေ။


    ခင်တဲ့
    မေသိမ့်

    ReplyDelete
  16. ဗဟုသုတတွေ ယူသွားတယ်ဗျာ။။။။။။။။။။

    ReplyDelete
  17. I was impressed with the way you expressed your thoughts about Blogger: သက်တန့်ချို..... - Post a Comment. I can not belive that somebody can write an amazing story like thet about I love Blogger: သက်တန့်ချို..... - Post a Comment.

    ReplyDelete
  18. TTC
    စာတွေကိုအမြဲအားပေးနေပါတယ်
    ပုံကTTC ရဲ.ပုံလား ကိုရီးယားမင်းသားပုံလား
    တော်တော်ကိုချောတာပဲ:)

    ReplyDelete
  19. TTC
    စာတွေကိုအမြဲအားပေးနေပါတယ်
    ပုံကTTC ရဲ.ပုံလား ကိုရီးယားမင်းသားပုံလား
    တော်တော်ကိုချောတာပဲ:)

    ReplyDelete
  20. TTC
    စာတွေကိုအမြဲအားပေးနေပါတယ်
    ပုံကTTC ရဲ.ပုံလား ကိုရီးယားမင်းသားပုံလား
    တော်တော်ကိုချောတာပဲ:)

    ReplyDelete
  21. TTC မဟုတ်ပါဘူး ကိုရီးယားမင်းသားပုံပါ ဟီးး ကိုယ့်ပုံအစစ်တင်လိုက်ရင် စာဖတ်သူတွေ ညည ကြောက်လန့်ပြီး အိပ်မရမှာစိုးလို့ စိတ်ချမ်းသာအောင် ကောင်လေးချောချောပုံတင်ထားတာ (စေတနာပါ ) :P

    ReplyDelete
  22. ကိုသက်တံရေ ညီလဲဖက်သွားပါတယ် ။ ကိုသက်တံဆီမှဗဟုသတတွေအများကြီး ရှိတယ် ။

    ReplyDelete