Monday, September 5, 2011

Lacithin အကြောင်းသိကောင်းစရာ

Lacithin အကြောင်းသိကောင်းစရာ






လက်ဆီသင် ဆိုတာဟာ ဥတွေရဲ့ အနှစ်တွေ ၊ တိရိစ္ဆာန်နဲ့ အပင်တွေရဲ့ တစ်ရှူးတွေမှာ တွေ့ရလေ့ရှိတဲ့ အ၀ါရောင် အညိုရောင် အဆီအုပ်စုများကိုရည်ညွှန်းခေါ်ဆိုခြင်းဖြစ်ပါတယ် ။ လက်ဆီသင်ကို phosphoric acid , choline , fatty acids , glycerol , gylcolipids, triglycerides နဲ့ phospholipids တွေနဲ့ ဖွဲ့စည်းထားပါတယ် ။ Phospholipids ဆိုတာကတော့ phosphatidylcholine, phosphatidylethanolamine နဲ့ phosphatidylinositol စ တဲ့ ဒြပ်ပေါင်းတွေကို ဆိုလိုပါတယ် ။ Lacithin ဆိုတဲ့စကားလုံးကို ၁၈၄၇ ခုနှစ်မှာ ပြင်သစ်နိုင် ငံမှ ဓါတုဗေဒနဲ့ ဆေးဝါးပညာရှင် Theodore Gobley က သန့်စင်သော phosphatidylcholine ကို သတ်မှတ်ရန်အတွင် စတင်ဖော်ပြခဲ့ပါတယ် ။ Globley ဟာ လက်ဆီသင်ကို egg yolk ( lekithos ) - ရှေးဟောင်း ဂရိဘာသာစကားမှ ပွားယူထားခြင်းဖြစ်ပြီး ၁၈၇၄ ခုနှစ်မှာတော့ phosphatidylcholine ရဲ့ပြီး ပြည့်စုံတဲ့ ဓါတု ဖော်မြူလာအဖြစ်ဖော်ပြခဲ့ပါတယ် ။ ဒီကြားထဲမှာ သူဟာ လက်ဆီသင်ရဲ့ ဇီဝ အချက်တွေ ဖြစ်တဲ့ သွေးပြန်ကြော ၊ သည်းခြေရည် ၊ လူ့ဦးနှောက်တစ်ရှူး ၊ ငါးဥ ၊ ကြက်နဲ့ သိုးတွေရဲ့ဦးနှောက်နဲ့ ဆက်နွယ် ပတ်သတ်နေတာတွေကို ဖော်ပြခဲ့ပါတယ် ။



လက်ဆီသင်ကို ဓါတုနည်းပညာအရ hexane ကိုအသုံးပြု ထုတ်လုပ်ပြီး သဘာဝနည်းတွေအရ ပဲပုပ်မှ ထုတ် လုပ်ပါတယ် ။ ရေမှာပျော်ဝင်နိုင်တဲ့အစွမ်းအနည်းငယ်သာရှိပါတယ် ။ Aqueous solution ထဲမှာတော့ သူ့ရဲ့ phospholipid တွေဟာ အလွှာ ၂ လွှာပါသော အချုပ်ပြား liposomes ၊ micelles အဖြစ် ဖြစ်ပေါ်စေနိုင်ပြီး အဲဒီလိုဖြစ်ပေါ် ခြင်းဟာ ရေဓါတ်နဲ့ အပူချိန်အပေါ် မူတည်ပါတယ် ။ လက်ဆီသင်ကို အစား အသောက် ဖြည့်စွက်စာ Food supplement အဖြစ်နဲသာမက ဆေးပညာ အသုံးပြုမှု Medical use အတွက် ပါ ရောင်းချကြပါတယ် ။ ချက်ပြုတ်တဲ့အခါမှာတော့ emulsifier ( အဆီအနည်းငယ်ပါသော အရည် ) အဖြစ်အ သုံးပြုကြပြီး စေးကပ်ခြင်းကို ကာကွယ်ဖို့အတွက်ဖြစ်ပါတယ် ။

Phosphatidylcholine ကို သက်ရှိသတ္တ၀ါမျိုးစုံ cellular organisms တွေမှာ တွေ့ရှိရပြီး အဲဒါဟာ ဆဲလ်အ ကာတွေ ရဲ့ phospholipid အစိတ်အပိုင်းရဲ့ အဓိက ပါဝင်မှုလည်းဖြစ်ပါတယ် ။ လက်ဆီသင်ကို အစား အသောက် ထုတ်လုပ်သူတွေက အဆီထဲမှာ phospholipids ကို ရောပြီးထုတ်လုပ်ကြပါတယ် ။ လက်ဆီသင်ကို အစေ့အ ဆံတွေရဲ့ အဆီတွေကနေ နည်းပညာသုံးပြီး ထုတ်လုပ်ရယူပါတယ် ။ ဒါကြောင့် လက်ဆီသင်ဟာ အမျိုး မျိုးသော phospholipids တွေရဲ့ အရောအနှောဖြစ်ပြီး ပါဝင်ဖွဲ့စည်းမှုကတော့ မူရင်းလက်ဆီသင်အပေါ် မူတည် ပါတယ် ။ အဓိက လက်ဆီသင်ရဲ့ ဇစ်မြစ်ကတော့ ပဲပုပ်မှရရှိတဲ့ အဆီဖြစ်ပါတယ် ။ EU ရဲ့ လိုအပ်ချက် အရ အစားအသောက်တွေမှာ အလာဂျင်တွေ များလာတာကို ရှောင်ရှားဖို့နဲ့ မျိုးဗီဇ ပြုပြင်ထား တဲ့ ကောက်ပဲသီးနှံတွေကို ပယ်ရှားဖို့အတွက် နေကြာဆီကနေရရှီတဲ့ လက်ဆီသင် ကို နောက်ပိုင်း မှာ ပြောင်းလဲလာခဲ့ကြတယ် ။ ပဲပုပ်နဲ့ နေကြာတွေကနေ ရရှိတဲ့ လက်ဆီသင်တွေရဲ့ အဓိက phospholipids တွေကတော့ phosphatidyl choline, phosphatidyl inositol, phosphatidyl ethanolamine, နဲ့ phosphatidic acid တို့ပဲဖြစ်ကြပါတယ် ။ သူတို့ကို အတိုကောက်အနေနဲ့ PC,PI,PE နဲ့ PA ဆိုပြီးအသီး သီးခေါ်ကြပါတယ် ။

လက်ဆီသင်အား ရေသွင်းဖြိုခွဲခြင်း

လက်ဆီသင်ကို သူထည့်ပေါင်းတဲ့ ထုတ်ကုန်တွေမှာ သင့်လျှော်စွာ ထည့်ပေါင်းဖို့ နဲ့ သူ့ရဲ့ လုပ်ဆောင်ချက် performance ကို ပိုကောင်းစေဖို့ အတွက်ဆိုရင် အင်ဇိုင်းတွေရဲ့အကူအညီနဲ့ Hydrolysed - ရေသွင်း ဖြိုခွဲရပါတယ် ။ Hydrolysed လုပ်ထားတဲ့ လက်ဆီသင်မှာဆိုရင် phospholipids ရဲ့ အစိတ်အပိုင်းတစ်ခုမှာ phopholipase ကနေ ဖယ်ရှားပေးတဲ့ fatty acid တစ်ခုရှိပါတယ် ။ အဲဒီလို phospholipids တွေကို lyso-phospholipids လို့ခေါ်ပါတယ် ။ အသုံးများတဲ့ phospholipase ကတော့ Phospholipase A2 ဖြစ်ပြီး သူက glycerol ရဲ့ C2 နေရာကနေ fatty acid ကို ဖယ်ရှားပေးပါတယ် ။ လက်ဆီသင်ကို fractionation လို့ခေါ်တဲ့ ဖြစ်စဉ်တစ် ခုနဲ့လည်း modify လုပ်နိုင်ပါသေးတယ် ။ အဲဒီဖြစ်စဉ်မှာဆိုရင် လက်ဆီသင်ကို alcohol နဲ့ (အထူးသဖြင့် အီသနော) ရောပါတယ် ။ အချို့သော phosphatidylcholine ကဲ့သို့ phospholipids တွေဟာ အီသနော မှာ ကောင်းမွန်စွာ ပျော်ဝင်နိုင်ခြင်းရှိပါတယ် ။ အချို့သော ဖော့စ်ပို လစ်ပစ် တွေကတော့ အီသနော မှာ ပျော်ဝင်နိုင်ခြင်းမရှိပါဘူး ။

လက်ဆီသင်၏ဂုဏ်သတ္တိများနှင့်အသုံးဝင်ပုံများ

လက်ဆီသင်မှာ ပျစ်ချွဲပြီး ချောကျိတဲ့ ဂုဏ်သတ္တိရှိတဲ့အတွက်သူ့ကို surfactant အနေနဲ့အသုံးပြုကြပါတယ် ။ လက်ဆီ သင်ကို လူ့ခန္ဓာကိုယ်ကနေလုံးဝ ဇီဝ ဖြစ်ပျက်မှု ( Totally metabolism ) ကို ပြုလုပ်နိုင်ပြီး အစာချေ တဲ့အခါမှာလည်းအ ဆိပ်အတောက်မဖြစ်စေနိုင်ပါဘူး ။ လက်ဆီသင်ကို အစားအသောက်တွေထဲမှာ ဖြည့်စွက် ခြင်း ၊ တိရိစ္တာန်များအား အစာကျွေးခြင်း ၊ ဆေးခြယ်ခြင်း နဲ့တခြား စက်မှု လုပ်ငန်းတွေမှာလည်း ကျယ်ပြန့်စွာ အသုံးပြုနိုင်ပါတယ် ။

လက်ဆီသင်နှင့် အစားအစာများတွင်အသုံးပြုခြင်း ၊ ကျန်းမာရေးဆိုင်ရာအချက်များ

အဆိပ်အတောက်မရှိတဲ့ လက်ဆီသင်ဟာ အစားအစာတွေမှာ ထည့်သွင်းဖို့ သင့်လျော်ပြီး အစာတွေ ပြုပြင်တဲ့နေ ရာနဲ့ ထပ်ပေါင်းထည့်ဖို့ ရည်ရွယ်ကြပါတယ် ။ အစားအသောက်ထုတ်ကုန်လုပ်ငန်းတွေမှာတော့ ရည်ရွယ်ချက် မျိုးစုံနဲ့သုံးကြပါတယ် ။ US FDA ကလည်း လက်ဆီသင်ကို လူတွေစားသုံးဖို့ အန္တရာယ် ကင်းစင်ကြောင်းေ ထာက်ခံချက်ပေးထားပြီးဖြစ်ပါတယ် ။ လက်ဆီသင်ကို EU ကနေ E number E 322 နဲ့ Food additive အဖြစ် သတ်မှတ်ထားပြီးဖြစ်ပါတယ် ။ ပဲပုပ်ကနေ ထွက်တဲ့ လက်ဆီသင်မှာ ကလိုစထရော နဲ့ triglycerides တွေကို လျော့ကျစေတဲ့အစွမ်းရှိပါတယ် ။ ကောင်းမွန်တဲ့အဆီတွေဖြစ်တဲ့ High density lipoprotein တွေ ကို သွေးထဲမှာ များစေပါတယ် ။ လက်ဆီသင် granules 7.5 grams ( တစ်ဇွန်းစာ ) မှာ phosphatidyl choline 1700 mg , phosphatidyl inositol 1000 mg , နဲ့ essential fatty acids အထူး သဖြင့် linoleic acid 2,200 mg ပါဝင်ပါတယ် ။ သူ့မှာ အလွန်အဖိုးတန်တဲံ Omega 3 linolenic acid (fish oil) ပါ ၀င်ပါ တယ် ။ လက်ဆီသင်ပါဝင်တဲ့ ဆေးတောင့်တွေကို ယခုအခါမှာ ဈေးကွက်ထဲအလွယ်တကူ ရရှိနေနိုင်ပြီဖြစ် ပါတယ် ။

သက်တန့်ချို
5 Sept 2011

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

2 comments:

  1. လက်သီဆင်ဆိုတာ ခုမှပဲကြားဖူးတော့တယ်.... ...
    သိပ်တော့လဲနားမလည်သေးဘူး....

    ReplyDelete
  2. လက်ဆီသင်အကြောင်း သိကောင်းစရာအဖြာဖြာ ဖတ်သွားတယ် ဗဟုသုတအတွက် ကျးဇူးပါ ကိုသက်တန့်ရေ။
    စိတ်ဓါတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete