Thursday, March 25, 2010

တရုတ်နိုင်ငံမှ သွေးစွန်းသော ဖျော်ဖြေမှု

တရုတ်နိုင်ငံမှ သွေးစွန်းသော ဖျော်ဖြေမှု

တရုတ်နိုင်ငံမှာ အသက်ရှင်လျှက်ရှိတဲ့ နွားတစ်ကောင်ဟာ တိုးရစ်တွေကို ဖျော်ဖြေဖို့အတွက် ကျားတွေရဲ့ စား သောက်ခြင်းကို ခံခဲ့ရပါတယ် ။ မျက်မြင်သက်သေတစ်ဦးက အဲဒီတိုးရစ်ဟာ ကျားစာအတွက် နွားတစ်ကောင်ကို ဒေါ်လာ ၂၀၀ ပေးပြီး ၀ယ်ခဲ့တယ်လို့ ဆိုပါတယ် ။

လူလူခြင်း နှိပ်စက်တဲ့ ခေတ် ၊ လူက တိရိစ္ဆာန်ကို နှိပ်စက်တဲ့ ခေတ်ကြီး ကုန်ဆုံး သွားပြီလို့ ကြွေးကြော် နေတဲ့အချိန်မှာ ဒီလို ဖြစ်ရပ်တွေဟာ အလွန်ကို ရွံရှာ စက်ဆုပ်ဖွယ် ကောင်းလှပါတယ် ။ တရုတ်နိုင်ငံရဲ့ ယဉ် ကျေး မှု နဲ့ ဓလေ့စရိုက်တွေကို မဝေဖန်လိုပေမယ့် ကိုယ့်ရဲ့ အာသီသ ၊ ကိုယ့်ရဲ့ စိတ်အပန်းဖြေဖို့အတွက် နွား တစ်ကောင်လုံးကို ၀ယ်ပြီး ကျားတွေရှေ့ကို ပို့ စားသောက်စေတဲ့ တိုးရစ်ရဲ့ စိတ်ဓါတ်ကိုလည်း ရွံရှာမိပါတယ် ။ ပုံတွေထဲမှာ နွားတစ်ကောင်ရဲ့ ကျဆုံးမှုကို အားရ၀မ်းသာနဲ့ ဓါတ်ပုံတွေရိုက်နေတဲ့ တိုးရစ်တွေကိုလည်း တွေ့မြင်နိုင်ပါတယ် ။







တရုတ်နိုင်ငံရဲ့ သွေးစွန်းသော ဖျော်ဖြေမှု တိရိစ္ဆာန်ညှင်းပန်းနှိပ်စက်မှုတွေကို ကမ္ဘာ့တိရိစ္ဆာန် ထိမ်းသိမ်း စောင့်ရှောက်ရေးအဖွဲ့က ဘာကြောင့် အရေးမယူရသလဲဆိုတာကိုတော့ မစဉ်းစားတတ်အောင်ပါပဲ ။ ဒါပေမယ့် ကံကံ၏ အကျိုးဆိုတာကတော့ နောက်ဘ၀ အထိ မကူးပါဘူး ။ ကိုယ်ပြုခဲ့သောကံဟာ ကိုယ့်ဆီကို အမှန်ပြန်လာမှာပဲ ဖြစ်ပါတယ် ။ ဒီလို စတေးခံနေရတဲ့ သတ္တ၀ါတွေ ကိုယ့်အကျိုးအတွက် အသုံးချခံနေရတဲ့ အသက်တွေ ကမ္ဘာကြီးအပေါ်မှာ ဘယ်လောက်များ ရှိနေမှာပါလိမ့် ။

စာရေးသူ......သက်တန့်ချို (၂၅.၃.၁၀)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, March 24, 2010

ကျွန်တော်တို့ ဘယ်တော့မှ မျှော်လင့်ချက်တွေကို မဆုံးရှုံးစေသင့်ဘူး

ကျွန်တော်တို့ ဘယ်တော့မှ မျှော်လင့်ချက်တွေကို မဆုံးရှုံးစေသင့်ဘူး

ဘ၀ ဆိုတာ ပန်းခင်းလမ်းစစ်စစ် မဟုတ်ဘူးဆိုတာ ကျွန်တော်တို့ သိခဲ့ကြပြီး ဖြစ်ပါတယ် ။ ဆူးတွေ အပြည့်နဲ့ အချို့ က သွေးသံရဲရဲ နဲ့ ဘ၀ရဲ့ အဓိပ္ပါယ်ဆိုတာ ဘာမှန်းမသိအောင် ခံစားနေရတဲ့ သူတွေ ရှိပါတယ် ။ ဒါပေမယ့် ကျွန်တော် အနှစ်သက်ဆုံး စကားတစ်ခွန်းရှိပါတယ် ။

" ကျွန်တော်တို့ ဘယ်တော့မှ မျှော်လင့်ချက်တွေကို မဆုံးရှုံးစေသင့်ဘူး " တဲ့ ။

အလွန်ကို မှန်ကန်တဲ့ စကားတစ်ခွန်း ဖြစ်ပါတယ် ။ လူတွေ အသက်ရှင်နေသရွှေ့ ဘာကို အားကိုးပြီး နေထိုင် နေကြရတာပါလဲ ။ ကျွန်တော်တို့ ကြိုးစားမှုတွေရဲ့ နောက်ဆုံးရလဒ်က ဘာလဲ ။ ချမ်းသာမှုလား ... ပျော်ရွှင် မှုလား.... သေခြင်းတရားလား ။ မြန်မာ ဗုဒ္ဓဘာသာ အယူအဆ အရဆိုရင် ကောင်းကင်က အပ် တစ်စင်းနဲ့ လူ့ပြည် က အပ်တစ်စင်း ဆုံချင်သာဆုံမယ် ။ လူ့ ဘ၀ကို ရရှိဖို့ဆိုတာ အလွန်ကို ခက်ခဲလှပါတယ် တစ်ချို့ ငွေပုံကြီး ပေါ်ထိုင်ပြီး ရောဂါသည်ဘ၀နဲ့ နေရတယ် ။ တစ်ချို့က တိုက်တွေကားတွေနဲ့ စက်ရုပ်ဆန်ဆန် နေထိုင်ကြရတယ် ။ တစ်ချို့ ကတော့ ဆင်းရဲလွန်းလို့ ထမင်းတောင် နပ်မှန်အောင် မစားရတဲ့ဘ၀ ။ သေဖို့ ကြံစည်တဲ့အထိတောင် ဖြစ်ကြတယ်လို့ ကျွန်တော် လေ့လာဖူးပါတယ် ။ အဲဒီလို ဘ၀တွေအတွက် မျှော် လင့်ခြင်း ကို မဆုံးရှုံးစေသင့်ပါဘူး ။ ။ ဒါဆို လူဖြစ်ပေမယ့် လူခြင်း မတူရတဲ့ ဘ၀ ။ မပြည့်စုံတဲ့ဘ၀တွေအတွက် ဘာတွေ က မျှော်လင့်ချက်ဖြစ်မယ်လို့ သင်ထင်ပါသလဲ ။

" ရှင်သန်ခြင်း " ဆိုတဲ့ မျှော်လင့် ချက်ပဲ ဖြစ်ပါတယ် ။ ရှင်သန်ခြင်းသာ အဓိကလိုအပ်တဲ့ မျှော်လင့် ခြင်းဖြစ်ပါတယ် ။ ကဲ ဒါဆို မျှော်လင့်ချက် မရှိဘူးလို့ ကျွန်တော်တို့ ထင်ခဲ့တဲ့ ထင်နေတဲ့ ချို့ ယွင်းချက်ရှိတဲ့ လူ သား တွေရဲ့ ဘ၀တွေကို လေ့လာ ကြည့်ရအောင် ။



လူသားနှစ်ဦး လက်တွေပါမလာဘူး ။ ဒါပေမယ့် ရေလွှာလျောစီး နေကြတယ် ။ သာမန် လူတွေတောင် လုပ်ဖို့ ခက်ခဲ တဲ့ကိစ္စ သူတို့ စွမ်းဆောင်နေကြတယ် ။ ကျွန်တော်တို့ သန်သန်စွမ်းစွမ်းကြီးတွေ ဘာတွေကို စိတ်အား ငယ်နေကြတာလဲ ။



လက်မပါတဲ့အတွက် သူက ပါးစပ်နဲ့ ဆော့ပင်ကို ကိုက်ပြီး စာရေးတတ်တယ် ။ ကျွန်တော်တို့ လက်နှစ်ဖက် နဲ့ စာရေး နိုင်ကြတယ် ။ ကွန်ပြူတာရိုက်နိုင်တယ် ။ ကျွန်တော်တို့ ဘာကို ပျင်းနေကြတာလဲ ။



သူက ပခုံးနဲ့ ခေါင်းနဲ့ ညှပ်ပြီး ဂေါက်ရိုက်တတ်တယ် ။ ကျွန်တော်တို့ လက်နှစ်ဖက်လုံးပါကြတယ် ။ ဂေါက်လည်း ရိုက်နိုင်တယ် ။ ဘာကို စိတ်ပျက်နေကြတာလဲ ။



သူရေကူးတတ်တယ် ။ မနစ်မြှုပ်အောင် စွမ်းစွမ်းတမံ ကြိုးစားခဲ့တယ် ။ ကျွန်တော်တို့ရော... အဲဒီလို ကြိုးစား ဖူးကြရဲ့လား ။



သူ့မျက်နှာမှာ မျှော်လင့်ခြင်းတွေ အပြည့်နဲ့ လူတွေကို ရဲရဲ စိုက်ကြည့်လေ့ရှိတယ်။ ကျွန်တော်တို့ ဘာအတွက် ခေါင်းငုံ့ နေကြမှာလဲ ။



တစ်ဖက်က ကလေးလေးက ပျင်းရိစွာ စာရေးနေချိန်မှာ လက်မပါတဲ့ ကလေးငယ်လေးက စာကို ခြေချောင်း လေး နဲ့ ညှပ်ပြီး ဂရုတစိုက်ရေးနေတယ်။ ကျွန်တော်တို့ ငယ်ငယ်က အဲဒီလို ကြိုးစားခဲ့ကြရဲ့လား ။



သူ့ရဲ့ မျက်နှာမှာ ပျော်ရွှင်မှုတွေအပြည့်နဲ့ ရှင်သန်ခြင်းဆိုတဲ့ မျှော်လင့်ချက်တွေ အပြည့်နဲ့ ။



ဒီကလေးငယ်လေးရဲ့ ရှေုဆက်ရမယ့် ဘ၀ကိုလည်း သင်တွေးမိရဲ့လား ။

ဒါဆို သူတို့ သူတို့တွေ..မျှော်လင့်ချက်တွေကို အဆုံးရှုံးမခံကြဘူး ။ ကျွန်တော်တို့ကရော ဘာအတွက်ကြောင့်များ အဆုံး ရှုံးခံကြရမှာလဲ ။

စာရေးသူ......သက်တန့်ချို (၂၄.၃.၁၀)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, March 23, 2010

ပြင်သစ်ပင့်ကူလူသား

ပြင်သစ်ပင့်ကူလူသား


Alain Robert ဆိုသူဟာ ပြင်သစ်နိုင်ငံမှာ ထင်ရှားကျော်ကြားလှပါတယ် ။ သူဟာ လုံခြုံရေးပစ္စည်း အကူတစ်စုံ တစ်ရာ ကူညီမှုမပါပဲ လူထောင်ပေါင်းများစွာရဲ့ရှေ့မှာ ပြင်သစ်နိုင်ငံမှ အရှည်ဆုံး အဆောက်အဦး ပေါ်ကို တွယ်တက် ပြသခဲ့ပါတယ် ။ အိုး...မယုံနိုင်စရာပါပဲ ။ Alian Robert ရဲ့ စုစုပေါင်းတွယ်တက်ချိန်ဟာ မိနစ် ၂၀ ပဲ ကြာ ပါတယ် ။ Alain Robert ဟာ Chicago မှ Sears Tower ၊ ကွာလာလမ်ပူမှ Petronas Twin Towers နဲ့ New York City မှ Empire State Building အပြင် ပဲရစ်မှ Eiffel Tower တွေကို လည်း ထူးဆန်းအံ့သြဖွယ်ရာ တက် ပြခဲ့သေးပါတယ် ။













စာရေးသူ.....သက်တန့်ချို (၂၃.၃.၁၀)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, March 22, 2010

စိုက်ပျိုးခင်း အနုပညာ

စိုက်ပျိုးခင်း အနုပညာ



နှစ်စဉ်နှစ်တိုင်းမှာ Aomori နိုင်ငံ Inakadate ရဲ့ မြို့တော်မှ လယ်သမားများဟာ သီးနှံစိုက်ခင်းများနဲ့ ဖန်တီး ထားတဲ့ အနုပညာတွေကို ပြသလေ့ရှိပါတယ် ။ သူတို့ဟာ နှစ်စဉ် ခရမ်းရောင်နဲ့ အ၀ါရောင်ရှိတဲ့ Kodaimai ဆန် ကို သူတို့ ဒေသအစိမ်းရောင်အရွက်အမျိုးအစားဖြစ်တဲ့ tsugaru-roman နဲ့ တွဲဖက်စိုက်ပျိုးလေ့ရှိပါတယ် ။ ဒီနှစ် မှာ တော့ ထူထဲတဲ့ မြက်ပင်များသဏ္ဍာန် နဲ့ Hokusai ရဲ့ ၃၆ ဖက်မြင်နိုင်တဲ့ ဖူဂျီတောင်ကြီးကို စိုက်ခင်း တွေပေါ်မှာ ဖော်ဆောင်ပြသနိုင်ခဲ့ပါပြီ ။ ဒီဖူဂျီတောင်စိုက်ခင်း အနုပညာပြသမှုကို စက်တင်ဘာလ လယ်သမား တွေ ကောက်ပဲသီးနှံတွေကို မရိတ်သိမ်းခင်အထိ တွေ့မြင်နိုင်ပါတယ် ။



2006

2005

2002

၁၉၉၃ ခုနှစ်ကတည်းက Inakadate မှာ နေထိုင်သူတွေဟာ ဆန်စပါးတွေနဲ့ ပုံအမျိုးအမျိုးကို ရေးဆွဲခဲ့ကြပါတယ် ။ ဒီပုံတွေကတော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က တွေ့ခဲ့ရတဲ့ စိုက်ပျိုးခင်း အနုပညာ ခြယ်သမှုများပဲ ဖြစ်ပါတယ် ။

Yonezawa, Yamagata prefecture, 2007

Yonezawa, Yamagata prefecture, 2006

Nishio, Aichi prefecture (2005, 2006)

Inakadate ဟာ ဂျပန်နိုင်ငံရဲ့ အထင်ရှားဆုံး သီးနှံစိုက်ခင်းတွေ ဖြစ်လာတဲ့အခါ ဂျပန်နိုင်ငံတွေမှ အခြား နေရာတွေကလည်း ဒီလိုမျိုး အနုပညာတွေကို ဖော်ဆောင်လို့လာကြပါတယ် ။

စာရေးသူ......သက်တန့်ချို (၂၃.၃.၁၀)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, March 20, 2010

ဂြိုလ်သားနဲ့ တူတဲ့ လူသား

ဂြိုလ်သားနဲ့ တူတဲ့ လူသား



အလွန်ကို ရှားပါးပြီး အရမ်းကို ကြောက်မက်ဖွယ်ကောင်းတဲ့ ရောဂါတစ်ခုကို ခံစားနေရသူကတော့ Leon Botha ပဲဖြစ် ပါတယ် ။ သူဟာ လွန်စွာ ထူးဆန်းတဲ့ ရောဂါဆန်းတစ်ခု ဖြစ်တဲ့ Progeria ဆိုတဲ့ ရောဂါကို ခံစား နေရပါတယ် ။ Progeria ဆိုတာကတော့ အသက်ငယ်ငယ်ရွယ်ရွယ်မှာပဲ အသက်ကြီးတဲ့ လက္ခဏာကို ခံစာရတဲ့ ရောဂါ ဖြစ်ပါတယ် ။






Gene တစ်ခုဟာ Mutant ဖြစ်ပြီး လူခန္ဓာကိုယ် တစ်ခုလုံးကို ပြောင်းလဲစေခြင်းပဲ ဖြစ်ပါတယ် ။ Mutant ဆိုတာ ကတော့ gene တွေ ပုံ သဏ္ဍာန်ပြောင်းလဲခြင်းလို့ အလွယ်တကူမှတ်ယူ နိုင်ပါတယ် ။ Progeria ရောဂါနဲ့ မွေးဖွား လာသူဟာ နှစ်ပေါင်း ၃၀ လောက်တော့ အသက်ရှင်လျှက်နေထိုင် နိုင်ပါတယ် ။ အချို့ ကတော့ ဆယ်ကျော် သက် အသက်နှစ်ဆယ်လောက်ထိပဲ အသက်ရှင်ဖို့ အခွင့်အလမ်းရှိပြီး လွန်စွာ ရှားပါးသော တစ်ယောက် တစ်လေ မှသာလျှင် အသက် ၄၀ လောက်ထိကို ရောက်ရှိနိုင်မှာ ဖြစ်ပါတယ် ။






ဒီရောဂါ ဖြစ်စဉ်ဟာ အလွန်ဖြစ်ပွားမှု နည်းပါးပြီး 8 million အရှင်မွေးတွေမှာမှ ၁ ယောက်သာလျှင် ဖြစ်နိုင်ပါတယ် ။ ဒီ Leon Botha ဆိုတဲ့ လူကတော့ Progeria ရောဂါခံစားနေရပြီး အသက် ၂၄ ရှိပြီဖြစ်ပါတယ် ။ ဘယ်သူ တစ်ဦးတစ်ယောက်ကမှ သူဘယ်လောက်ထိ ဆက်လက် အသက်ရှင်နိုင်မလဲဆိုတာ မသိနိုင်ပါဘူး ။ ဒါပေ မယ့် သူကတော့ တကယ့်ကို ဂြိုလ်သားပုံသဏ္ဍာန်နဲ့ ဆင်တူလှပါတယ် ။





ဒီရောဂါအကြောင်းကို အခြေခံပြီးတော့ Mr.Amitabh က bollywood movie PAA မှာ AURO ကို ဖန်တီး ခဲ့ပါတယ် ။



ကဲ ကျွန်တော်တို့အားလုံး Leon Botha ဆိုတဲ့ လူ ဆက်လက် ပြီး နှစ်ပေါင်း များစွာ အသက်ဆက်ရှင်သန်နိုင်ဖို့ ဆု တောင်း ကြရအောင် ။



" Leon Botha ခင်ဗျား နောင်နှစ်ပေါင်းများစွာ ကမ္ဘာမြေကြီးပေါ်မှာ ဆက်လက် ရှင်သန်နိုင်ပါစေ "

စာရေးသူ....သက်တန့်ချို (၂၀.၃.၁၀)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................