Wednesday, March 24, 2010

ကျွန်တော်တို့ ဘယ်တော့မှ မျှော်လင့်ချက်တွေကို မဆုံးရှုံးစေသင့်ဘူး

ကျွန်တော်တို့ ဘယ်တော့မှ မျှော်လင့်ချက်တွေကို မဆုံးရှုံးစေသင့်ဘူး

ဘ၀ ဆိုတာ ပန်းခင်းလမ်းစစ်စစ် မဟုတ်ဘူးဆိုတာ ကျွန်တော်တို့ သိခဲ့ကြပြီး ဖြစ်ပါတယ် ။ ဆူးတွေ အပြည့်နဲ့ အချို့ က သွေးသံရဲရဲ နဲ့ ဘ၀ရဲ့ အဓိပ္ပါယ်ဆိုတာ ဘာမှန်းမသိအောင် ခံစားနေရတဲ့ သူတွေ ရှိပါတယ် ။ ဒါပေမယ့် ကျွန်တော် အနှစ်သက်ဆုံး စကားတစ်ခွန်းရှိပါတယ် ။

" ကျွန်တော်တို့ ဘယ်တော့မှ မျှော်လင့်ချက်တွေကို မဆုံးရှုံးစေသင့်ဘူး " တဲ့ ။

အလွန်ကို မှန်ကန်တဲ့ စကားတစ်ခွန်း ဖြစ်ပါတယ် ။ လူတွေ အသက်ရှင်နေသရွှေ့ ဘာကို အားကိုးပြီး နေထိုင် နေကြရတာပါလဲ ။ ကျွန်တော်တို့ ကြိုးစားမှုတွေရဲ့ နောက်ဆုံးရလဒ်က ဘာလဲ ။ ချမ်းသာမှုလား ... ပျော်ရွှင် မှုလား.... သေခြင်းတရားလား ။ မြန်မာ ဗုဒ္ဓဘာသာ အယူအဆ အရဆိုရင် ကောင်းကင်က အပ် တစ်စင်းနဲ့ လူ့ပြည် က အပ်တစ်စင်း ဆုံချင်သာဆုံမယ် ။ လူ့ ဘ၀ကို ရရှိဖို့ဆိုတာ အလွန်ကို ခက်ခဲလှပါတယ် တစ်ချို့ ငွေပုံကြီး ပေါ်ထိုင်ပြီး ရောဂါသည်ဘ၀နဲ့ နေရတယ် ။ တစ်ချို့က တိုက်တွေကားတွေနဲ့ စက်ရုပ်ဆန်ဆန် နေထိုင်ကြရတယ် ။ တစ်ချို့ ကတော့ ဆင်းရဲလွန်းလို့ ထမင်းတောင် နပ်မှန်အောင် မစားရတဲ့ဘ၀ ။ သေဖို့ ကြံစည်တဲ့အထိတောင် ဖြစ်ကြတယ်လို့ ကျွန်တော် လေ့လာဖူးပါတယ် ။ အဲဒီလို ဘ၀တွေအတွက် မျှော် လင့်ခြင်း ကို မဆုံးရှုံးစေသင့်ပါဘူး ။ ။ ဒါဆို လူဖြစ်ပေမယ့် လူခြင်း မတူရတဲ့ ဘ၀ ။ မပြည့်စုံတဲ့ဘ၀တွေအတွက် ဘာတွေ က မျှော်လင့်ချက်ဖြစ်မယ်လို့ သင်ထင်ပါသလဲ ။

" ရှင်သန်ခြင်း " ဆိုတဲ့ မျှော်လင့် ချက်ပဲ ဖြစ်ပါတယ် ။ ရှင်သန်ခြင်းသာ အဓိကလိုအပ်တဲ့ မျှော်လင့် ခြင်းဖြစ်ပါတယ် ။ ကဲ ဒါဆို မျှော်လင့်ချက် မရှိဘူးလို့ ကျွန်တော်တို့ ထင်ခဲ့တဲ့ ထင်နေတဲ့ ချို့ ယွင်းချက်ရှိတဲ့ လူ သား တွေရဲ့ ဘ၀တွေကို လေ့လာ ကြည့်ရအောင် ။



လူသားနှစ်ဦး လက်တွေပါမလာဘူး ။ ဒါပေမယ့် ရေလွှာလျောစီး နေကြတယ် ။ သာမန် လူတွေတောင် လုပ်ဖို့ ခက်ခဲ တဲ့ကိစ္စ သူတို့ စွမ်းဆောင်နေကြတယ် ။ ကျွန်တော်တို့ သန်သန်စွမ်းစွမ်းကြီးတွေ ဘာတွေကို စိတ်အား ငယ်နေကြတာလဲ ။



လက်မပါတဲ့အတွက် သူက ပါးစပ်နဲ့ ဆော့ပင်ကို ကိုက်ပြီး စာရေးတတ်တယ် ။ ကျွန်တော်တို့ လက်နှစ်ဖက် နဲ့ စာရေး နိုင်ကြတယ် ။ ကွန်ပြူတာရိုက်နိုင်တယ် ။ ကျွန်တော်တို့ ဘာကို ပျင်းနေကြတာလဲ ။



သူက ပခုံးနဲ့ ခေါင်းနဲ့ ညှပ်ပြီး ဂေါက်ရိုက်တတ်တယ် ။ ကျွန်တော်တို့ လက်နှစ်ဖက်လုံးပါကြတယ် ။ ဂေါက်လည်း ရိုက်နိုင်တယ် ။ ဘာကို စိတ်ပျက်နေကြတာလဲ ။



သူရေကူးတတ်တယ် ။ မနစ်မြှုပ်အောင် စွမ်းစွမ်းတမံ ကြိုးစားခဲ့တယ် ။ ကျွန်တော်တို့ရော... အဲဒီလို ကြိုးစား ဖူးကြရဲ့လား ။



သူ့မျက်နှာမှာ မျှော်လင့်ခြင်းတွေ အပြည့်နဲ့ လူတွေကို ရဲရဲ စိုက်ကြည့်လေ့ရှိတယ်။ ကျွန်တော်တို့ ဘာအတွက် ခေါင်းငုံ့ နေကြမှာလဲ ။



တစ်ဖက်က ကလေးလေးက ပျင်းရိစွာ စာရေးနေချိန်မှာ လက်မပါတဲ့ ကလေးငယ်လေးက စာကို ခြေချောင်း လေး နဲ့ ညှပ်ပြီး ဂရုတစိုက်ရေးနေတယ်။ ကျွန်တော်တို့ ငယ်ငယ်က အဲဒီလို ကြိုးစားခဲ့ကြရဲ့လား ။



သူ့ရဲ့ မျက်နှာမှာ ပျော်ရွှင်မှုတွေအပြည့်နဲ့ ရှင်သန်ခြင်းဆိုတဲ့ မျှော်လင့်ချက်တွေ အပြည့်နဲ့ ။



ဒီကလေးငယ်လေးရဲ့ ရှေုဆက်ရမယ့် ဘ၀ကိုလည်း သင်တွေးမိရဲ့လား ။

ဒါဆို သူတို့ သူတို့တွေ..မျှော်လင့်ချက်တွေကို အဆုံးရှုံးမခံကြဘူး ။ ကျွန်တော်တို့ကရော ဘာအတွက်ကြောင့်များ အဆုံး ရှုံးခံကြရမှာလဲ ။

စာရေးသူ......သက်တန့်ချို (၂၄.၃.၁၀)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

18 comments:

  1. စာလာဖတ်သွားတယ်သက်တန့်ရေ။ သူ့ကိုအားကျပေမယ့် ပျင်းကြီးနေတုန်းပဲ။ :P

    ReplyDelete
  2. လေးစားအားကျ စရာပါပဲ သက်တန့်ရေ..

    ခင်မင်လေးစားလျှက်

    ReplyDelete
  3. လေးစားအားကျတယ်ဗျာ
    သူတို့စိတ်ဓတ်တွေခိုင်မာကြတယ်

    ReplyDelete
  4. သူတို့တွေရဲ့စိတ်ဓါတ်ကိုအတုယူပြီးကြိုးစားရမယ်။ တကယ့်ကိုချီးကျူးမိတယ်လေးစားမိတယ်။

    ခင်တဲ့
    သဒ္ဓါ

    ReplyDelete
  5. လူတိုင်းဘ၀ မှာ
    မျှော်လင့်ချက် ထားသင့်သလို
    ထို မျှော်လင့်ချက်တွေ အတိုင်း
    ဖြစ်လာဖို့လည်း ကြိုးစားဖို့ လိုတယ် ..

    ReplyDelete
  6. motivation နဲ့ဆိုင်မယ်
    ပတ်ဝန်းကျင်နဲ့ဆိုင်မယ်လို့ထင်တာဘဲ..
    အချို့များခြေလက်သန်သန်မာမာရှိတာတောင် စိတ်ဓာတ်ကျပီး သတ်သေချင်နေတာတွေအများကြီး..
    ကြီးပြင်းလာတဲ့မိသားစုဘ၀နဲ့ဖြတ်ကျော်လာရတဲ့ လောကအတွေ့ကြုံတွေက လူတစ်ယောက်စိတ်ပိုင်းဆိုင်ရာအရမ်းလွှမ်းမိုးနိုင်တယ်။

    ReplyDelete
  7. သက်တန့်ချိုရေ စိတ်မသက်သာစွာနဲ့ ကြည့်သွားတယ်။ ကိုယ်ကသာ ဒီလိုစိတ်မသက်မသာ ဖြစ်နေတယ် သူတို့ကတော့ ပျော်နေတာပဲ။ လောကကြီးကို အရှုံးမပေးတဲ့သူတွေ သိပ်ကိုချီးကျူးဖို့ကောင်းတယ်။

    ReplyDelete
  8. မိုးစက်ပွင့်March 24, 2010 at 3:11 PM

    ”အောင်မြင်ခြင်းအတူတူ ဘယ်သူမြတ်သည်လဲ” ဆိုတဲ့ သီချင်းလေးကို သတိရမိတယ်... ခွန်အားသစ်တစ်ချို့ ရရှိပါတယ်..ကျေးဇူး

    ReplyDelete
  9. လာဖတ်သွားပါတယ်။ အတုယူကြိုးစားရပါမည်။ ချီးကျူးစရာကောင်းပါတယ်။

    ReplyDelete
  10. ဟုတ်တယ်နော်။ ကိုယ်လက် အင်္ဂါအစုံပါနေတာတောင် ကျွန်မတို့ က ပျင်းနေတုန်း။ ခုချိန်ထိ ဝေလေလေ လုပ်နေတုန်း ။ တစ်ခုခုကို ပိုသင်ရတော့မယ်ဆို ပျင်းနေတုန်း ။ တစ်ခါတစ်လေ လူတွေကို ရင်မဆိုင်ရဲတုန်း။

း)

    ReplyDelete
  11. သူဘယ်လိုရေကူးသလဲမသိ ????
    (မကူးဘူးဆိုရင်တောင် ရေပေါ်မှာပေါ်နေအောင်)
    စိတ်ဝင်စားတယ်.......

    ReplyDelete
  12. ဒီလိုလူမျိုးတွေကိုကြည့်ပြီး
    အားပြန်မွေးရမယ်
    သိပ်ကိုချီးကျူးဖို့ကောင်းတဲ့ လူတွေဘဲနော်
    ဘ၀ကို လွယ်လွယ်နဲ့အရှုံးမပေးတတ်သူတွေရဲ့
    ပုံရိပ်တွေပါဘဲ
    ချီးကျူးစရာ

    ReplyDelete
  13. တော်တော်စိတ်ဓါတ်ခိုင်မာကြတယ်နော်။ ဘ၀ကို အရှုံးမပေးပဲ ရှင်သန်ကြိုးစားနေတာ သိပ်အတုယူဖို့ကောင်းတယ်။

    ReplyDelete
  14. တော်တော်စိတ်ဓါတ်ခိုင်မာကြတယ်နော်။ ဘ၀ကို အရှုံးမပေးပဲ ရှင်သန်ကြိုးစားနေတာ သိပ်အတုယူဖို့ကောင်းတယ်။

    ReplyDelete
  15. တော်တော်စိတ်ဓါတ်ခိုင်မာကြတယ်နော်။ ဘ၀ကို အရှုံးမပေးပဲ ရှင်သန်ကြိုးစားနေတာ သိပ်အတုယူဖို့ကောင်းတယ်။

    ReplyDelete
  16. ပုံတွေကြည့်ပြိး ဘာပြော၇မှန်းတောင့် မသိတော့ဘူး။ လောက ကြိးရဲ့ မညီမျှခြင်းတွေ ပေါ့။

    ReplyDelete
  17. ကိုသက်တန့်ကို ကျေးဇူးအများကြီးတင်ပါတယ်၊စာတွေအများကြီးရေးနိုင်ပါစေဗျာ....:)

    ReplyDelete
  18. ကိုသက်တန့်ကို ကျေးဇူးအများကြီးတင်ပါတယ်၊စာတွေအများကြီးရေးနိုင်ပါစေဗျာ....:)

    ReplyDelete