Thursday, March 25, 2010

တရုတ်နိုင်ငံမှ သွေးစွန်းသော ဖျော်ဖြေမှု

တရုတ်နိုင်ငံမှ သွေးစွန်းသော ဖျော်ဖြေမှု

တရုတ်နိုင်ငံမှာ အသက်ရှင်လျှက်ရှိတဲ့ နွားတစ်ကောင်ဟာ တိုးရစ်တွေကို ဖျော်ဖြေဖို့အတွက် ကျားတွေရဲ့ စား သောက်ခြင်းကို ခံခဲ့ရပါတယ် ။ မျက်မြင်သက်သေတစ်ဦးက အဲဒီတိုးရစ်ဟာ ကျားစာအတွက် နွားတစ်ကောင်ကို ဒေါ်လာ ၂၀၀ ပေးပြီး ၀ယ်ခဲ့တယ်လို့ ဆိုပါတယ် ။

လူလူခြင်း နှိပ်စက်တဲ့ ခေတ် ၊ လူက တိရိစ္ဆာန်ကို နှိပ်စက်တဲ့ ခေတ်ကြီး ကုန်ဆုံး သွားပြီလို့ ကြွေးကြော် နေတဲ့အချိန်မှာ ဒီလို ဖြစ်ရပ်တွေဟာ အလွန်ကို ရွံရှာ စက်ဆုပ်ဖွယ် ကောင်းလှပါတယ် ။ တရုတ်နိုင်ငံရဲ့ ယဉ် ကျေး မှု နဲ့ ဓလေ့စရိုက်တွေကို မဝေဖန်လိုပေမယ့် ကိုယ့်ရဲ့ အာသီသ ၊ ကိုယ့်ရဲ့ စိတ်အပန်းဖြေဖို့အတွက် နွား တစ်ကောင်လုံးကို ၀ယ်ပြီး ကျားတွေရှေ့ကို ပို့ စားသောက်စေတဲ့ တိုးရစ်ရဲ့ စိတ်ဓါတ်ကိုလည်း ရွံရှာမိပါတယ် ။ ပုံတွေထဲမှာ နွားတစ်ကောင်ရဲ့ ကျဆုံးမှုကို အားရ၀မ်းသာနဲ့ ဓါတ်ပုံတွေရိုက်နေတဲ့ တိုးရစ်တွေကိုလည်း တွေ့မြင်နိုင်ပါတယ် ။







တရုတ်နိုင်ငံရဲ့ သွေးစွန်းသော ဖျော်ဖြေမှု တိရိစ္ဆာန်ညှင်းပန်းနှိပ်စက်မှုတွေကို ကမ္ဘာ့တိရိစ္ဆာန် ထိမ်းသိမ်း စောင့်ရှောက်ရေးအဖွဲ့က ဘာကြောင့် အရေးမယူရသလဲဆိုတာကိုတော့ မစဉ်းစားတတ်အောင်ပါပဲ ။ ဒါပေမယ့် ကံကံ၏ အကျိုးဆိုတာကတော့ နောက်ဘ၀ အထိ မကူးပါဘူး ။ ကိုယ်ပြုခဲ့သောကံဟာ ကိုယ့်ဆီကို အမှန်ပြန်လာမှာပဲ ဖြစ်ပါတယ် ။ ဒီလို စတေးခံနေရတဲ့ သတ္တ၀ါတွေ ကိုယ့်အကျိုးအတွက် အသုံးချခံနေရတဲ့ အသက်တွေ ကမ္ဘာကြီးအပေါ်မှာ ဘယ်လောက်များ ရှိနေမှာပါလိမ့် ။

စာရေးသူ......သက်တန့်ချို (၂၅.၃.၁၀)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

11 comments:

  1. တော်တော် ဆိုးဝါးတဲ့ အဖြစ်ပဲနော်..
    ကျားတွေကတော့ ဒီလို ခဏခဏ ရနေလို့လား မသိ.. ဝလို့ လှလို့ပဲ.. :)

    ReplyDelete
  2. ဟုတ်ပါတယ်...
    သူတို့ပြုတဲ့ ကံ သူတို့ပဲ ခံရမှာပါပဲ..။
    အနှေးနဲ့ အမြန်ပေါ့။

    ReplyDelete
  3. ဒီလိုမြင်ကွင်းမျိုးကို ဘယ်လိုစိတ်မျိုးနဲ့ အဖျော်ဖြေခံလည်း နားမလည်ပါဘူးကွယ်..

    ReplyDelete
  4. သူတို့စိတ်ထဲမှာ အဲဒီနွားနေရာမှာ ငါသာဖြစ်ရင် ဆိုတဲ့ အတွေးမရှိဘူးလားနော်။ သားသားကို ကိုယ်ချင်းစာတရား ထားတတ်ဖို့ သင်နေတာ။ သူကျောင်းပြန်လာမှ ဒီpost လေးကိုဖတ်ပြရင်း ပြောပြစရာတခုတိုးပြီ သက်တန့်ရေ။ ကျေးဇူးတင်ပါတယ်။

    ReplyDelete
  5. ဒီမြင်ကွင်းကိုကြည့်ရင်း အတော်စိတ်မချမ်းမသာဖြစ်မိတယ်။ ဘယ်လိုစိတ်မျိုးနဲ့ များဒါကို အရသာခံကြည့်နိုင်ပါလိမ့်နော်။

    ReplyDelete
  6. တောရဲတိရိစ္တာန်က ဝမ်းစာအတွက် သားကောင်ကို ရှာစားတာ သဘာဝပါ။ အဲဒီတိရိစ္တာန်မှာ အပြစ်မရှိပါဘူး။

    လူဆိုတဲ့ သတ္တဝါတွေကတော့ အတော်ကို တရားလွန်တယ်။

    ReplyDelete
  7. This is a bad performance but anyway think about this... how many beefs and pork or chickens have you been eat all this years.... This is nothing when you compare it to you.

    ReplyDelete
  8. This is a bad performance but anyway think about this... how many beefs, porks and chickens have you been eating all these years. This is nothing when you compare it to you.

    ReplyDelete