Friday, June 10, 2011

ချစ်သူရှိသောသူများတွင် မရှိအပ်သည့် ဆယ့်တစ်ချက်

ချစ်သူရှိသောသူများတွင် မရှိအပ်သည့် ဆယ့်တစ်ချက်



ချစ်သူရှိသော အမျိုးသားနဲ့အမျိုးသမီးတွေမှာ မရှိအပ်တဲ့ အချက်တွေကို ဖော်ပြပြီး ဖြစ်တဲ့အတွက် ဒီတစ်ခါတော့ ချစ်သူရှိသောသူများမှာ မရှိသင့်တဲ့ အချက်ကလေးတွေကို စိတ်ကူးရှိသမျှ ချရေးပေးလိုက်ပါတယ် ။ ကိုယ်နဲ့ တိုက်ဆိုင်တာရှိရင် ရှောင်ရှားသင့်ပြီး မတိုက်ဆိုင်ရင်လည်း ဖတ်သွားစေလိုပါတယ် ။ ကျားရော မရော မခွဲခြား ပဲ ယေဘူယျရေးထားတဲ့အတွက် မေတ္တာပို့သံတွေ ဝေဆာမနေလောက်ဘူးလို့ ထင်ပါတယ် :P

၁ ။ မိမိချစ်သူ၏ ကိစ္စများကို အရေးကြီးသည်ဟုမထင်ပဲ ငါ့ကိစ္စသာလျှင်အရေးကြီးတယ် သူ့ကိစ္စက ရွေ့လို့ ရပါ တယ် ကွာ စသဖြင့် အရေးမကြီးသလို လစ်လျှူ ရှု တတ်ခြင်း ။

၂ ။ မိမိချစ်သူနှင့် အတူရှိနေစဉ်အတွင်းတွင် အလိုက်ကမ်းဆိုးမသိပဲ သူငယ်ချင်းကိစ္စများအကြောင်း ၊ အလုပ် ကိစ္စ များအကြောင်း ၊ ဘလော့များအကြောင်း ရေပက်မ၀င်အောင်ပြောဆိုတတ်ခြင်း ။

၃ ။ အကြောင်းတစ်စုံတစ်ခုကြောင့် ဘာမဟုတ်တာလေးနှင့် တင်းမာကြပြီဆိုလျှင် သူက ယောင်္ကျားလေးပဲ စချော့ပေါ့ ၊ သူက မိန်းကလေးပဲ ချစ်သူကိုနွေးထွေးရကောင်းမှန်းမသိဘူးလား အလကားနေ အတိုက်အခံ လုပ်နေ တယ်စသဖြင့် အလျော့မပေးတတ်ခြင်း ။

၎ ။ မိမိချစ်သူနှင့် ချိန်းတွေ့စဉ်အတွင်း မိဘမောင်နှမအကြောင်းကို စိတ်အားထက်သန်စွာ ပြောဆိုခြင်း ( သူ့အိမ်က အမျိုးတွေကို ငါ့ထက်ပိုချစ် ပိုခင်တွယ် တယ် စသဖြင့် အထင်လွဲခံရနိုင်ပါတယ် ။ )

၅ ။ မိမိချစ်သူက တစ်ခုခုကို အထင်လွဲနေသည့်အခါ နားလည်အောင်ရှင်းပြဖို့မကြိုးစားပဲ သူငါ့ကိုတ ကယ်ချစ် တယ်ဆိုရင် ငါ့ကို အထင်လွဲစရာမလိုပါဘူး နားလည်ပေးရမှာပေါ့ ဒါငါ့ကို တကယ်မချစ်လို့ အထင်လွဲတာပဲ စသဖြင့် အပြိုင်တင်းမာတတ်ခြင်း ။

၆ ။ မိမိချစ်သူနှင့် ဆုံတွေ့စဉ် နွေးထွေးကြင်နာသော စကားများမပြောဆိုပဲ အေးတိအေးစက်နေထိုင်တတ်ခြင်း ။

၇ ။ ဘာမဟုတ်သည့် အသေးအဖွဲကိစ္စလေးကို ဂရုမပြုမိသည့်အတွက် တစ်ဖက်သားအတွက် ကြီးစွာသော စိတ် ဒါဏ် ရာကို ရစေတတ်ခြင်း ။

၈ ။ မိမိချစ်သူနှင့် ရှေ့ရေးအနာဂါတ်အကြောင်းအရာများကို မတိုင်ပင်ပဲ ချစ်သူဘ၀ တွင်သာနေ လိုပြီး ရှောင် ပတ်ဝေ့နေတတ်ခြင်း ။

၉ ။ တစ်ဖက်သား၏ စိတ်အလိုဆန္ဒ ၊ တောင့်တမှု ၊ မျှော်လင့်ချက် ၊ စသည်တို့ကို သိရှိအောင် မလုပ်ပဲ ကိုယ့်အတ္တကိုယ်သာ ရှေ့တန်းတင်တတ်ခြင်း ။

၁၀ ။ မိမိချစ်သူအား ဒါတွေလုပ်ရမယ် ၊ ဒါတွေမလုပ်ရဘူး ၊ ဒီလူတွေနဲ့မခေါ်ရဘူး ၊ ဒီကိုမသွားရဘူး ၊ ဒီwebsite က ထွက် ရမယ် ၊ ဒီ account မသုံးရဘူး စသဖြင့် အမိန့်ပေါင်းများစွာ ပေးတတ်ခြင်း ( သူဟာ ငါ့ကိုချစ်တော့ ချစ် တာပေါ့ ဒီလောက်တောင်ချုပ်ချယ်တာတော့မကောင်းပါဘူး ငါ့မှာလွတ်လပ်မှုမရှိတော့ဘူး စသဖြင့် ချစ်သူရဲ့ အထင်လွဲမှုကို ခံရနိုင်ပါတယ် ။ )

၁၁ ။ မိမိချစ်သူ gtalk account ချက်မေလ်း ၊ block list စသည်တို့အား မွှေနှောက်ရှာဖွေပြီး (ဘယ်သူတွေ နဲ့ချက်ထားလဲ သူချက်တာ ငါတွေ့မှာစိုးလို့ ဘယ်သူတွေကို များ ပြန် block ထားပြီး ဘယ် ချက်မေလ်းတွေကိုများ ဖျက်ထားပါလိမ့် စသဖြင့် သံသယများစွာ ထားရှိခြင်း ။ ( ကိုယ်ချစ်သော သူအပေါ် သံသယ ထားရှိခြင်းဟာ ကိုယ့်ရဲ့အကြီးမားဆုံး သော ဆုံးရှုံးမှုသာလျှင်ဖြစ်ပြီး အလွန်မိုက်မဲသော အပြုအမူ တစ်ခုဖြစ်တယ် )

အချစ်ဆိုတာ အလွန်နူးညံ့တဲ့ စိတ်ဝိဥာဉ်တစ်ခုဖြစ်တယ် ။ ယနေ့အချစ်ကြီးချစ်ကြပေမယ့် နက်ဖြန်မှာ အမုန်းကြီး မုန်းသွားနိုင်တယ် ။ ရယူလိုမှု ၊ ပိုင်ဆိုင်လိုမှု ၊ စိတ်တိုင်းမကျမှု ၊ သံသယ နဲ့ ဒေါသတွေ က အေးမြဖြူ စင်တဲ့အချစ်ကို ပူလောင်တဲ့ စိတ်ညစ်စရာအချစ် ဖြစ်သွားစေနိုင်တယ် ။ ရိုးရိုးလေးပဲတွေးပါ ။ ဖြူဖြူစင်စင်ပဲချစ်ပါ ။ အတ္တ နဲ့ မကောင်းမြင်စိတ်တွေ မပါပါစေနဲ့ ။ အတူရှိနေစဉ်မှာ တစ်ဦးကိုတစ်ဦး တန်ဖိုးထားဖို့လိုတယ် ။ အရာရာ မှာ မရေရာ သေချာမှုမရှိတဲ့ လောက ၊ နေ့မြင်ညပျောက် ဘ၀ကြီးမှာ အချစ်အတွက်နဲ့ အနစ်မွမ်းခံပြီး ကိုယ့်စိတ် ကိုယ်မနှိပ်စက်ပါနဲ့ ။ လွတ်လပ်ခွင့်ပေးထားပါ ။ အချစ်ဆိုတာ ချုပ်ချယ်ဖို့မဟုတ်သလို အတူနေမှ ပြီးပြည့်စုံတာ လည်းမဟုတ်ဘူး ။ ကိုယ်လည်းသူ့ကို ချစ်နေမယ် ၊ သူလည်းကိုယ့်ကိုချစ်နေမယ် ။ ကျန်တာဘာမှမလိုပါဘူး ။ ဒီစိတ်ဝိဥာဉ်ပေါင်းစပ်မှုကိုတော့ ဘယ်အတားအဆီးမှ မဖျက်ဆီးနိုင်ဘူး ။

အချစ်ဆိုတာကို နားလည်သဘောပေါက်ပြီး အချစ်အတွက်ပူလောင်မှုတွေကင်းဝေးပြီး အေးချမ်းမှုတွေ ရရှိနိုင်ကြ ပါစေ ။

www.thettantvillage.com
သက်တန့်ချို


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, June 8, 2011

Peekaboo ပို့စ်ခေါက်နည်းအသေးစိတ်

Peekaboo ပို့စ်ခေါက်နည်းအသေးစိတ်

Peekaboo ဆိုတာ Read more.. Collapse ... စတဲ့ Javascript လေးကို ဘလော့ဂါမှာ ထည့်သွင်း ခြင်းဖြစ်ပါတယ် ။ ကျွန်တော် စစလိုက်ရှာခြင်းတုန်းက javascript တွေ သေနေတာနဲ့ နောက်ပြီး code တွေအ လုပ်မလုပ်တာနဲ့အတော်လေး ဒုက္ခများခဲ့ရပါတယ် ။ အခုတော့ ဒီ ဆက်လက်ဖတ်ရှုရန်ဆိုတဲ့ ဟာလေး လုပ်နည်းကိုအ သေးစိတ်ရေးတင်ပေးလိုက်ပါတယ် ။ ကိုယ့်ရဲ့ စာမျက်နှာမှာ ပို့စ်တွေအများ ကြီးတင် ထားတဲ့အခါ အရှည်ကြီးတွေဖြစ်နေရင် အဆင်မပြေပါဘူး ။ Read more လေး ထည့်ထားတဲ့အခါ expandable ဖြစ်တဲ့အ တွက် ပို့စ်ခေါက်ရတာ အရမ်းလွယ်ကူပြီး ကြည့်ရတာ ရှင်းလင်းသပ်ရပ်စေပါတယ် ။ ၀ထ္ထုရှည်တွေရေးတဲ့အခါ ဒါလေးထည့်ထားရင်အ ရမ်းကို အဆင်ပြေမယ်လို့ထင်ပါတယ် ။ ကျွန်တော့်ဘလော့မှာ နမူနာ ထည့်ထား သလိုပေါ့ ။ ကဲ လုပ်နည်းလေးကို အသေးစိတ် ကြည့်ကြရအောင် ။

အရင်ဆုံး ဘာမှစမလုပ်ခင် ကိုယ့်ရဲ့ Template လေးကို backup လုပ်ထားပါဦး ။ Backup လုပ်နည်းတော့ သိကြမယ် ထင်တဲ့အတွက် မပြောတော့ပါဘူး ။

၁ ။ Blogger ကို sign in လုပ်ပြီး Edit Html ထိရောက်အောင်သွားပါ ။ ပြီးရင် Expand Widget Templates ဆိုတာလေးကို အမှန်ခြစ်ပေးဖို့ မမေ့ပါနဲ့ဦး ။

၂ ။ </head> ဆိုတာကိုရှာပါ ။ ရှာတွေ့ရင် သူ့ရဲ့အပေါ်မှာ အောက်မှာပေးထားတဲ့လင့်လေးကိုဖွင့်ပြီး code တွေအကုန်ကူးလိုက်ပြီး paste လုပ်လိုက်ပါ ။ ( အသင့်တင်ပြီးသားဖြစ်တဲ့ javascript code တွေ ဖြစ်ပါတယ် )

Javascript code များကော်ပီလုပ်ရန် ဒီနေရာကိုနှိပ်ပါ ။

၃ ။ ပြီးရင် <b:includable id='post' var='post'> ဆိုတာလေးကိုတွေ့အောင်ရှာပါ ။ အဲဒီစာကြောင်းလေးအောက်ကို ဆက်ကြည့်သွားပြီး <div style='clear: both;'/> <!-- clear for photos floats --> ဆိုတာ ကိုတွေ့တဲ့အထိ ရှာပါ ။ ပြီးရင် ခုနက <b:includable id='post' var='post'> နဲ့ <div style='clear: both;'/> <!-- clear for photos floats --> ရဲ့ကြားမှာ ရှိသ မျှ code တွေအကုန်လုံးဖျက်လိုက်ပြီး အောက်မှာ အသစ်ပေးထားတဲ့ code တွေ ကို ကော်ပီ ကူးပြီး ထည့် လိုက်ပါ ။



ဒီအဆင့်မှာ အခု ကော်ပီကူးလိုက်တဲ့ code တွေမှာ Read More .... ဆိုတဲ့နေရာလေးမှာ ဆက်လက်ဖတ်ရှူရန် စသဖြင့်ရေးနိုင်ပြီး Summary only... ဆိုတဲ့နေရာမှာ ပြန်ခေါက်ပေးရန် ၊ ပြီးပါပြီ စသဖြင့်ရေးနိုင်ပါတယ် ။ ပြီးရင် save လုပ်ပါ ။

၎ ။ နောက်တစ်ဆင့်အနေနဲ့ Setting ထဲက Formatting ကိုသွားပါ ။ Post template ဆိုတဲ့ text box နေရာလေးမှာ အောက်က code လေးတွေကို ထည့်လိုက်ပါ ။

Type your summary here
<span id="fullpost">
Type rest of the post here
</span>

ပြီးရင်ဆေ့လုပ်လိုက်ပါ ။

ပို့စ်တင်တဲ့အခါ Type your summary here ဆိုတဲ့နေရာမှာ ကိုယ်Home page မှာ ပို့စ်တစ်ပုဒ် လုံးမှာ ပေါ်စေချင်တဲ့စာသားလေးကိုရေးပါ ။ အပေါ်ဆုံးတစ်ပုဒ်ပဲဖြစ်ဖြစ်ပေါ့ ။ ပြီးရင်ကိုယ်ခေါက် ချင်တဲ့နေ ရာလေးကို <span id="fullpost"> နဲ့ </span> ရဲ့ကြားထဲမှာရေးပါ ။ ဒါဆိုအိုကေ သွားပါလိမ့်မယ် ။

မရှင်းတာရှိရင် မေးသွားနိုင်ပါတယ် ။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

အသဲကွဲဖက်ရှင်

အသဲကွဲဖက်ရှင်

ခေတ်ပေါ်ရေစီးကြောင်းမှာ
လူတကာနှုတ်ခမ်းဖျား...
အသဲကွဲ ဖက်ရှင်ကို ၀တ်ဆင်လို့...
ခပ်တည်တည်ပဲ...
“ ကျွန်တော်လည်း အသဲကွဲနေပါသည် ”
ငြူစူတတ်သူများမလာရ...
အသဲကွဲသူတစ်ယောက်ရဲ့ ဈာပနမှာ
ခပ်ညံ့ညံ့ကဗျာတစ်ပုဒ်တော့ ရေးခွင့်ရှိတယ်...
စံပယ်တစ်ပွင့်နဲ့ အင်းလျားရေပြင်ဟာ
ငြိမ်သက်တိတ်ဆိတ်နေဆဲ...
လေညှင်းတွေတိုက်ခတ်
အတွဲကိုယ်စီဟာလည်း
ကိုယ့်သမိုင်းကိုယ်တူးဖော်လို့ ...
ခပ်တိုးတိုးပဲ နေကြတယ်
ကျွန်တော်တစ်ယောက်တည်း...
အဲဒီနေ့ကတည်းက ...အသဲကွဲ ဖက်ရှင်ဝတ်ဆင်လို့
ကောင်းကင်ကို...အဓိပ္ပါယ်မဲ့..အော်ဆဲခဲ့တယ် ..
“ xxxxxxxxxxxxxxxxx ”

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ကျွန်တော်ချုပ်ခဲ့တဲ့ နိဂုံးခပ်စုတ်စုတ်တွေ...

ကျွန်တော်ချုပ်ခဲ့တဲ့ နိဂုံးခပ်စုတ်စုတ်တွေ...

အသဲကွဲ အထုပ္ပတ္တိတွေ...
နင်ချပြခဲ့တဲ့ ရွှေအိုရောင်တစ်ညနေခင်းမှာ
နိဂုံးခပ်စုတ်စုတ်တွေ..
အရောင်တွေပြယ်လွင့်
ငါ.....ဆေးသားမှေးမှိန်ခဲ့
အသဲကွဲတယ်ဆိုတာ
အနုပညာဈာဉ်ကို ပိုဝင်စေသတဲ့
နင်ရေးစပ်ခဲ့တဲ့ ကဗျာတစ်ချို့ဟာ
ငါ...တခုတ်တရ
တူးဖော်ရခက်တဲ့
အတွေးနက်နက်အချို့ရဲ့
တိုးရှိုက် ငိုညည်းသံတွေ...
ဂစ်တာတစ်လက်နဲ့
လကွယ်ညရောက်တိုင်း...
ငါသီဆိုတယ်
ငါဟာ..ဒီလို မိုက်မဲသူတစ်ယောက်ဖြစ်ခဲ့
အနှစ်မဲ့ခဲ့တဲ့စကားလုံးတိုင်းမှာ
နင်မသိခဲ့တဲ့ တစုံတရာဟာ
ခေတ်ပေါ် အချစ်ဖက်ရှင်တွေနဲ့တော့
ကွဲပြားလေရဲ့...
ဒီလိုနဲ့...ကမ္ဘာမြေပေါ်က
ခပ်ညံ့ညံ့ပြဇတ်တစ်ပုဒ်ဟာလည်း
နိဂုံးခပ်စုတ်စုတ်တွေနဲ့...
အ ဆုံး သတ် က ပြ ခဲ့ . . . . .

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, June 7, 2011

ပျားရည်၏ ကောင်းကျိုးများ

ပျားရည်၏ ကောင်းကျိုးများ




ပျားရည်မှာကျန်းမာရေးဆိုင်ရာ ကောင်းကျိုးအချက်အလက်တွေ မြောက်များစွာ ရှိနေတယ်ဆိုတာကို ကျွန်တော် တို့ လေ့လာကြည့်ရအောင် ။ သူ့ရဲ့ကောင်းကျိုးတွေနဲ့ သင့်ရဲ့ လူနေမှု ဘ၀ကျန်းမာရေး မှာ လွန်စွာ အသုံးဝင် ပါတယ်တဲ့ ။ ပျားရည်ရဲ့ ချိုမြတဲ့ အရသာဟာ သင့်ရဲ့ အရသာ အာရုံခံ အဖုလေးတွေကို လှုံ့ဆော်ပေး ယုံသာ မကပဲ အစာစားချင်စိတ်ကိုလည်း ဖြစ်ပေါ်စေပါတယ် ။ ဒါ့အပြင် အစားအစာများ ချက်ပြုတ်ရာမှာလည်း မွှေးပျံ့ သင်း ကြိုင်နေအောင် အသုံးပြုနိုင်ပြီး ပျားရည်နဲ့ မုန့်အမျိုးမျိုး ကို ပြုလုပ်စားသုံးနိုင်ပါသေးတယ် ။ ကယ်လို ရီ မြောက်များ စွာပါဝင်ပြီး လည်ချောင်းယားယံပြီး မသက်မသာ ဖြစ်တာတွေကိုလည်း ဖုံးအုပ်ကာ ကွယ်ပေး ထားနိုင်ပါတယ် ။ ယခုဆိုရင်စမ်းသပ်လေ့လာသူတွေဟာ ပျားရည်ရဲ့ ဆေးပညာဆိုင်ရာ ကောင်းကျိုး (medical benefits ) တွေကို ရှုထောင့်ပေါင်းစုံကနေ နည်းလမ်းပေါင်းများစွာနဲ့ စမ်းသပ်အဖြေထုတ်နေကြပြီဖြစ်ပါတယ် ။

ပျားရည်ဟာ သင့်ရဲ့ အာခံတွင်းထဲမှာ စိတ်ကျေနပ်မှု ဖြစ်စေယုံသာမကပဲ ပိုးသန့်စင်စေခြင်း ( Antiseptic) ၊ ဓါတ်တိုး ဆန့်ကျင်ပစ္စည်း (Antioxidant) ၊ ခန္ဓာကိုယ်သန့်ရှင်းစင်ကြယ်စေခြင်းစတာတွေကို လုပ်ဆောင်ပေး ပါတယ် ။ အမျိုးသမီးတွေမှာဆိုရင်လည်း အရေပြားနဲ့ အသားအရည်ကို ၀င်းပစိုပြည်စေပြီး ခြုံငုံပြီးကြည့် မယ်ဆို ရင် အနာကျက်မြန်ခြင်း ။မျက်ခမ်းစပ်ရောဂါကို ကာကွယ်ပေးနိုင်ခြင်းစတဲ့ ဦးခေါင်း ကနေ ခြေထောက် အထိ ကျောင်းကျိုးများစွာကို ပေးစေပါတယ် ။ ပျားရည်ရဲ့ အနာကျက်မြန် တဲ့ ကောင်းကျိုး ကို ရှေးနှစ်ပေါင်း များစွာကတည်းက အသုံးပြုခဲ့ကြပြီး အထူးသဖြင့် ပြတ်ရှနာများမှားပိုအသုံးဝင်ပါတယ် ။ သာမန်ဖျား နာမှုနဲ့ ရောဂါတွေမှာလည်း ကုသမှု အဖြစ်အသုံးပြုနိုင်ပြီး မျိုးဆက်တစ်ခုမှနေ၍ နောက်တစ်ခုကို ကျန်း မာရေးကောင်း ကျိုးတွေကို ဆင့်ကဲပေးစေပါတယ် ။ UMF Manuka Honey လို့ခေါ်တဲ့ပျားရည်ဟာဆိုရင် ယနေ့ပျား ရည်ရဲ့ကျန်းမာေ၇းဆိုင်ရာ ဆွေးနွေးမှုတွေမှာ အရသာအရှိဆုံး ပျားရည်ဆေးအဖြစ် ထည့်သွင်းပြော ဆိုနေကြပြီဖြစ်ပါတယ် ။ ဒီပျားရည်ဟာ ရောဂါပိုးမွှားတွေကို တိုက်ထုတ်ယုံတင်မကပဲ တစ်ရှူးများ အနာ ကျက်မြန်ခြင်းကို ကာကွယ်ပေးခြင်း ၊ အမာရွတ်ဖြစ်ခြင်းနှင့် ရောင်ရမ်းခြင်းများကို လျော့နည်းစေခြင်း စတဲ့အချက်တွေ ရရှိပါတယ် ။ ဒါ့အပြင် အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်တဲ့ ၀မ်းသွားခြင်း ၊ အစာမကြေခြင်း ၊ အစာအိမ်အနာများနဲ့ ၀မ်းပျက်ဝမ်းလျှောခြင်း ( GE) ကိုပါ ကုသဖို့အတွက် အသုံးပြုနိုင်ပါတယ် ။

ပျားရည်ကို အစားအစာတွေမှာ အသုံးပြုခြင်းနဲ့ ကောင်းကျိုးတွေကတော့ ပျားရည်ကို ရရှိတဲပင် ရင်း နဲ့ နေရာဒေသအပေါ် မူတည်ပါတယ် ။ ပျားတွေကနေရရှိတဲ့ပျားရည်ကို အသုံးပြုပြီးတော့ propolis , royal jelly , beewax ( ပျားဖယောင်း ) စတဲ့ ထုတ်ကုန်တွေ ထုတ်လုပ်ပြီး အသက်ရှုမ၀ခြင်း ၊ ဆံပင်ကျွတ်ခြင်း ၊ အိပ်မပျော်ခြင်း ၊ အဆင်အမြစ်နာခြင်း ၊ ၀က်ခြံနဲ့ မှိုပိုးဝင်ခြင်းစတာတွေမှာပါ အသုံးပြုတာကြောင့် ပျားရည်ကို ရိုးရာဆေး ( Traditional medicine) အဖြစ်နေရာအတော်များများမှာ အသုံးပြုနေကြပါပြီ ။ ဆက်လက်ပြီး ကျန်း မာရေး ဆိုင်ရာကောင်းကျိုးတွေကို အသေးစိတ်လေ့လာကြည့်ရအောင် ။



၁ ။ Natures's Energy Booster

အရသာ ကောင်းလွန်းတယ်ဆိုတဲ့ အပြင်ပျားရည်ရဲ့ကောင်းကျိုးတွေအများကြီး ရှိပါသေးတယ် ။ သဘာဝ ကစီဓါတ် ပင်ရင်း ( Natural source of carbohydrate) ဖြစ်ပြီး လူတွေရဲ့ ခန္ဓာကိုယ် ကို ခွန်အားနဲ့ စွမ်း အင်တွေကို ပေးစေပါတယ် ။ ဒါကြောင့် ပျားရည်ကို စွမ်းဆောင်ရည်မြင့်မားစေဖို့ အကူပစ္စည်း (Booster) အဖြစ်အပြင် ကြွက်သားများညောင်းညာခြင်း ၊ မောပမ်းနွမ်းနယ်ခြင်းတွေကိုလည်း လျော့နည်းစေပါတယ် ။ သဘာဝ သကြားအချိုအရသာဟာ လေ့ကျင့်ခန်းပြုလုပ်ခြင်းောကာင့် ဖြစ်ပေါ်လာတဲ့ မောပန်းခြင်းတွေကို ကာကွယ်ပေးနိုင် ပါတယ် ။ ပျားရည်ထဲမှာပါတဲ့ ဂလူးကို့စ်ကို ခန္ဓာကိုယ်က လျှင်မြန်စွာ စုပ်ယူပြီး စွမ်းအင်ကိုတိုး တက်စေပါတယ် ။ အဲဒီအချိန်မှာ fructose ကိုတော့ ဖြေးညှင်းစွာ စုပ်ယူပြီ့း energy ကို ပုံမှန်ပဲပေးစေ ပါတယ် ။ သွေးတွင်း သကြားဓါတ်ကိုလည်း တခြားသကြားဓါတ် များနှင့်ယှဉ်လျှင်ထိမ်း ညှိပေးနိုင်ပါတယ် ။ ဒါကြောင့် ပျားရည်ရဲ့ကျန်းမာရေးကောင်းကျိုးတွေကိုသိစေဖိုပအတွက်

- သင်အလုပ်သွားခါနီးတိုင်းပျားရည်တစ်ဇွန်းခန့် သောက်သုံးသွားနိုင်ပါတယ် ။
- မနက်ပိုင်းတွေမှာ မကြည်မလင်နိုးထတတ်ပြီး စွမ်းအားမပြည့်သလိုခံစားနေရရင် ပျားရည် ကို သောက် သုံး ကြည့်နိုင်ပါတယ် ။
- သင့်ကလေးငယ်တွေဟာ ပင်ပင်ပန်းပန်းဆော့ကစားပြီး ကျောင်းသွားဖို့ ငြင်းဆန်နေပါသလား ။ ပျားရည်နဲ့ sandwiches ကိုပြင်ဆင်ပေးလိုက်ပါ ။ ဒါဆို တစ်နေ့လုံး စွမ်းအားပြည့်ပြီး လန်းဆန်းတက်ကြွနေပါလိမ့်မယ် ။

၂ ။ Immunity System Builder

ပျားရည်ရဲ့ကောင်းကျိုးအများကြီးထဲကမှ အဖိုးတန်တဲ့အရာတစ်ခုကတော့ immune system booster အဖြစ်ဆောင်ရွက်ပေးခြင်းပါပဲ ။ ပျားရည်ရဲ့ ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိနဲ့ ဘတ်တီးရီးယားပိုးမွှားတွေကို သတ်နိုင် တဲ့ အစွမ်းက အစာအိမ်နဲ့အူလမ်းကြောင်းကို တိုးတက်ကောင်းမွန်စေပြီး သင့်ကို ကျန်းမာပျော် ရွင်စေနိုင် ပါတယ် ။ ပြင်ပပိုးမွှားတွေကို တိုက်ထုတ်နိုင်ပါတယ် ။ ဒါကြောင့် မနက်စာမစားခင်လေးမှာ ပျားရည် တစ်ဇွန်းနဲ့ lemon တစ်ဇွန်းလောက်နဲ့ ရောပြီး ရေနွေးနွေးနဲ့ ဖျော်စပ်သောက်သုံးခြင်းအားဖြင့် ပျားရည် ရဲ့ကောင်းကျိုးတွေကို သိနိုင်ပါတယ် ။

၃ ။ Honey is Anti-Cancer !!

ပျားရည်ဟာ ကင်ဆာကို ကာကွယ်ပေးနိုင်သလား ဆိုတာ မသေချာပေမယ့် လူအများစုကတော့ ပျားရည်ရဲ့ ကင်ဆာ ကာကွယ်ခြင်း ( Carcinogen preventing) နဲ့ ကင်ဆာကာကွယ်ခြင်းဂုဏ်သတ္တိ ( Anti-tumour properties) တွေကို စူးစမ်းလေ့လာနေကြဆဲဖြစ်ပါတယ် ။

၎ ။ အိမ်တွင်းအသုံးဝင်မှုများ

- မီးလောင်နာနှင့် ပြတ်ရှနာများ

ရှေးနှစ်ထောင်ပေါင်းများစွာကတည်းက ပျားရည်ကို အိမ်တွင်းသုံးဆေး ၀ါးတစ်လက်အဖြစ် များစွာ သော ရော ဂါတွေနဲ့ yeast ပိုးဝင်ခြင်းတွေမှာ သုံးလာခဲ့ကြပါတယ် ။ အဆစ်အမြစ်နာခြင်း မှာလည်းအသုံး ၀င်ပြီး သူ့ရဲ့ ပိုးသတ်နိုင်တဲ့စွမ်းရည်ကြောင့် အချို့သော ဘတ်တီးရီးယားတွေရဲ့ကြီးထွားနိုင်မှု ကို တားဆီးပေးပြီး အနာသန့် ရှင်းစေခြင်းနဲ့ ပိုးမ၀င်ခြင်းကို ဖြစ်စေပါတယ် ။ အရေးပေါ် သဘာဝ ဆေးစွမ်းတစ်လက်အနေနဲ့လည်း ပြည်တည်နာများ ၊ အပူလောင်ခြင်း ၊ ဓါးရှခြင်း ကို လည်းသက်သာစေပါတယ် ။ပျားရည်ဟာ လေထဲက စွတ်စိုထိုင်း မှိုင်းမှုကို စုပ်ယူနိုင်စွမ်းရှိပြီး အနာကျက်ခြင်းကို အားပေးပါတယ် ။ ရောင်ရမ်း နာကျင်မှုများ ကိုလည်း လျော့နည်းစေပြီး အမာရွတ်တည်ခြင်းကို နည်းစေပါတယ် ။ Anitbacterial property များစွာပါဝင်တဲ့ UMF Manuka ကို wound dressing အတွက် အသုံးများကြပါ့တယ် ။

-အရက်သောက်သူများအတွက်
သင်ဟာ တခါတရံမှာ အများကြီး သောက်မိတယ်ဆိုရင် ပျား၇ည်ကို သုံးစွဲကြည့်ပါ ။ ပျားရည်ဟာ အစာအိမ်ကို သိမ်မွေ့စေပြီး fructose ပါဝင်တဲ့အတွက် အသည်းကနေ အရက်ကို oxidation ဖြစ်စေတဲ့အရှိန်ကို မြင့်တက်စေပါတယ် ။ ဒါကို sobering agent လို့လည်းခေါ်ပါတယ် ။ လိမ္မော်ရည် 80ml မှာ ပျားရည် 15ml နှင့် ဒိန်ချဉ် 70ml ရောစပ် မွှေနှောက်ကာ အရက်နာကျခြင်းကို ဖြေပေးနိုင်ပါတယ် ။

-ချောင်းဆိုး အာသီးရောင်ခြင်း
အာသီးရောင်ချောင်းဆိုးခြင်းကိုလည်း ပျားရည်က နိုင်စေပါတယ် ။ Professional singer တွေဟာ sore throats ကိုကာ ကွယ်ပေးနိုင်ဖို့အတွက် သီချင်းမဆိုခင်မှာ ပျား၇ည်ကို သောက်သုံးလေ့ရှိကြပါတယ် ။ တ ရုတ်တွေ ကတော့ အပူများရင်အာသီးရောင်တယ်လို့ ယုံကြည်ကြပြီး ပျားရည်ကို သောက်သုံးကြပါတယ် ။ ပျားရည်နှစ် ဇွန်းခန့်နဲ့ lemon လေးဇွန်း ကိုရောစပ် ဆားအနည်းငယ်ထည့်ပြီး အာသီးရောင်နေ စဉ်အ တွင်း သောက် သုံးကြည့်ပါ ။

- အိပ်မပျော်ခြင်း
သင်အိပ်မပျော်ဘူးလား ။ နို့နဲ့ပျားရည်ကို သောက်သုံးကြည့်ပါ ။ နို့ပူပူလေး တစ်ခွက်ကို ပျားရည်တစ် ဇွန်းခန့်ရော စပ်ပြီး အအေးခံသောက်သုံးပါက နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ် ။

Ref : Internet ( Benefits of honey )

သက်တန့်ချို
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................