Friday, June 10, 2011

ချစ်သူရှိသောသူများတွင် မရှိအပ်သည့် ဆယ့်တစ်ချက်

ချစ်သူရှိသောသူများတွင် မရှိအပ်သည့် ဆယ့်တစ်ချက်



ချစ်သူရှိသော အမျိုးသားနဲ့အမျိုးသမီးတွေမှာ မရှိအပ်တဲ့ အချက်တွေကို ဖော်ပြပြီး ဖြစ်တဲ့အတွက် ဒီတစ်ခါတော့ ချစ်သူရှိသောသူများမှာ မရှိသင့်တဲ့ အချက်ကလေးတွေကို စိတ်ကူးရှိသမျှ ချရေးပေးလိုက်ပါတယ် ။ ကိုယ်နဲ့ တိုက်ဆိုင်တာရှိရင် ရှောင်ရှားသင့်ပြီး မတိုက်ဆိုင်ရင်လည်း ဖတ်သွားစေလိုပါတယ် ။ ကျားရော မရော မခွဲခြား ပဲ ယေဘူယျရေးထားတဲ့အတွက် မေတ္တာပို့သံတွေ ဝေဆာမနေလောက်ဘူးလို့ ထင်ပါတယ် :P

၁ ။ မိမိချစ်သူ၏ ကိစ္စများကို အရေးကြီးသည်ဟုမထင်ပဲ ငါ့ကိစ္စသာလျှင်အရေးကြီးတယ် သူ့ကိစ္စက ရွေ့လို့ ရပါ တယ် ကွာ စသဖြင့် အရေးမကြီးသလို လစ်လျှူ ရှု တတ်ခြင်း ။

၂ ။ မိမိချစ်သူနှင့် အတူရှိနေစဉ်အတွင်းတွင် အလိုက်ကမ်းဆိုးမသိပဲ သူငယ်ချင်းကိစ္စများအကြောင်း ၊ အလုပ် ကိစ္စ များအကြောင်း ၊ ဘလော့များအကြောင်း ရေပက်မ၀င်အောင်ပြောဆိုတတ်ခြင်း ။

၃ ။ အကြောင်းတစ်စုံတစ်ခုကြောင့် ဘာမဟုတ်တာလေးနှင့် တင်းမာကြပြီဆိုလျှင် သူက ယောင်္ကျားလေးပဲ စချော့ပေါ့ ၊ သူက မိန်းကလေးပဲ ချစ်သူကိုနွေးထွေးရကောင်းမှန်းမသိဘူးလား အလကားနေ အတိုက်အခံ လုပ်နေ တယ်စသဖြင့် အလျော့မပေးတတ်ခြင်း ။

၎ ။ မိမိချစ်သူနှင့် ချိန်းတွေ့စဉ်အတွင်း မိဘမောင်နှမအကြောင်းကို စိတ်အားထက်သန်စွာ ပြောဆိုခြင်း ( သူ့အိမ်က အမျိုးတွေကို ငါ့ထက်ပိုချစ် ပိုခင်တွယ် တယ် စသဖြင့် အထင်လွဲခံရနိုင်ပါတယ် ။ )

၅ ။ မိမိချစ်သူက တစ်ခုခုကို အထင်လွဲနေသည့်အခါ နားလည်အောင်ရှင်းပြဖို့မကြိုးစားပဲ သူငါ့ကိုတ ကယ်ချစ် တယ်ဆိုရင် ငါ့ကို အထင်လွဲစရာမလိုပါဘူး နားလည်ပေးရမှာပေါ့ ဒါငါ့ကို တကယ်မချစ်လို့ အထင်လွဲတာပဲ စသဖြင့် အပြိုင်တင်းမာတတ်ခြင်း ။

၆ ။ မိမိချစ်သူနှင့် ဆုံတွေ့စဉ် နွေးထွေးကြင်နာသော စကားများမပြောဆိုပဲ အေးတိအေးစက်နေထိုင်တတ်ခြင်း ။

၇ ။ ဘာမဟုတ်သည့် အသေးအဖွဲကိစ္စလေးကို ဂရုမပြုမိသည့်အတွက် တစ်ဖက်သားအတွက် ကြီးစွာသော စိတ် ဒါဏ် ရာကို ရစေတတ်ခြင်း ။

၈ ။ မိမိချစ်သူနှင့် ရှေ့ရေးအနာဂါတ်အကြောင်းအရာများကို မတိုင်ပင်ပဲ ချစ်သူဘ၀ တွင်သာနေ လိုပြီး ရှောင် ပတ်ဝေ့နေတတ်ခြင်း ။

၉ ။ တစ်ဖက်သား၏ စိတ်အလိုဆန္ဒ ၊ တောင့်တမှု ၊ မျှော်လင့်ချက် ၊ စသည်တို့ကို သိရှိအောင် မလုပ်ပဲ ကိုယ့်အတ္တကိုယ်သာ ရှေ့တန်းတင်တတ်ခြင်း ။

၁၀ ။ မိမိချစ်သူအား ဒါတွေလုပ်ရမယ် ၊ ဒါတွေမလုပ်ရဘူး ၊ ဒီလူတွေနဲ့မခေါ်ရဘူး ၊ ဒီကိုမသွားရဘူး ၊ ဒီwebsite က ထွက် ရမယ် ၊ ဒီ account မသုံးရဘူး စသဖြင့် အမိန့်ပေါင်းများစွာ ပေးတတ်ခြင်း ( သူဟာ ငါ့ကိုချစ်တော့ ချစ် တာပေါ့ ဒီလောက်တောင်ချုပ်ချယ်တာတော့မကောင်းပါဘူး ငါ့မှာလွတ်လပ်မှုမရှိတော့ဘူး စသဖြင့် ချစ်သူရဲ့ အထင်လွဲမှုကို ခံရနိုင်ပါတယ် ။ )

၁၁ ။ မိမိချစ်သူ gtalk account ချက်မေလ်း ၊ block list စသည်တို့အား မွှေနှောက်ရှာဖွေပြီး (ဘယ်သူတွေ နဲ့ချက်ထားလဲ သူချက်တာ ငါတွေ့မှာစိုးလို့ ဘယ်သူတွေကို များ ပြန် block ထားပြီး ဘယ် ချက်မေလ်းတွေကိုများ ဖျက်ထားပါလိမ့် စသဖြင့် သံသယများစွာ ထားရှိခြင်း ။ ( ကိုယ်ချစ်သော သူအပေါ် သံသယ ထားရှိခြင်းဟာ ကိုယ့်ရဲ့အကြီးမားဆုံး သော ဆုံးရှုံးမှုသာလျှင်ဖြစ်ပြီး အလွန်မိုက်မဲသော အပြုအမူ တစ်ခုဖြစ်တယ် )

အချစ်ဆိုတာ အလွန်နူးညံ့တဲ့ စိတ်ဝိဥာဉ်တစ်ခုဖြစ်တယ် ။ ယနေ့အချစ်ကြီးချစ်ကြပေမယ့် နက်ဖြန်မှာ အမုန်းကြီး မုန်းသွားနိုင်တယ် ။ ရယူလိုမှု ၊ ပိုင်ဆိုင်လိုမှု ၊ စိတ်တိုင်းမကျမှု ၊ သံသယ နဲ့ ဒေါသတွေ က အေးမြဖြူ စင်တဲ့အချစ်ကို ပူလောင်တဲ့ စိတ်ညစ်စရာအချစ် ဖြစ်သွားစေနိုင်တယ် ။ ရိုးရိုးလေးပဲတွေးပါ ။ ဖြူဖြူစင်စင်ပဲချစ်ပါ ။ အတ္တ နဲ့ မကောင်းမြင်စိတ်တွေ မပါပါစေနဲ့ ။ အတူရှိနေစဉ်မှာ တစ်ဦးကိုတစ်ဦး တန်ဖိုးထားဖို့လိုတယ် ။ အရာရာ မှာ မရေရာ သေချာမှုမရှိတဲ့ လောက ၊ နေ့မြင်ညပျောက် ဘ၀ကြီးမှာ အချစ်အတွက်နဲ့ အနစ်မွမ်းခံပြီး ကိုယ့်စိတ် ကိုယ်မနှိပ်စက်ပါနဲ့ ။ လွတ်လပ်ခွင့်ပေးထားပါ ။ အချစ်ဆိုတာ ချုပ်ချယ်ဖို့မဟုတ်သလို အတူနေမှ ပြီးပြည့်စုံတာ လည်းမဟုတ်ဘူး ။ ကိုယ်လည်းသူ့ကို ချစ်နေမယ် ၊ သူလည်းကိုယ့်ကိုချစ်နေမယ် ။ ကျန်တာဘာမှမလိုပါဘူး ။ ဒီစိတ်ဝိဥာဉ်ပေါင်းစပ်မှုကိုတော့ ဘယ်အတားအဆီးမှ မဖျက်ဆီးနိုင်ဘူး ။

အချစ်ဆိုတာကို နားလည်သဘောပေါက်ပြီး အချစ်အတွက်ပူလောင်မှုတွေကင်းဝေးပြီး အေးချမ်းမှုတွေ ရရှိနိုင်ကြ ပါစေ ။

www.thettantvillage.com
သက်တန့်ချို


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

8 comments:

  1. အချစ်ဆိုတာ အလွန်နူးညံ့တဲ့ စိတ်ဝိဥာဉ်တစ်ခုဖြစ်တယ်။
    မှန်ကန်ကြောင်း ထောက်ခံပါသည်။
    :)

    ReplyDelete
  2. ဟုတ်တယ်..တော်တော်ပြင်ရဦးမယ် :(

    ReplyDelete
  3. ကျွန်တော်စိတ်နဲ့မရပါဘူးဗျာ..လူပျိုကြီးပဲလုပ်တော့မယ်

    ReplyDelete
  4. ညီမစိတ်နဲ့တော့ မဖြစ်သေးပါဘူး။ အပျိုကြီးပဲ ဖြစ်တော့မယ်ထင်တယ်။

    ReplyDelete
  5. အိက အချစ်ဆိုတာကို နားလည်မှု ၊ ယုံကြည်မှု ၊ သစ္စာရှိမှု တွေနဲ့ပဲတည်ဆောက်ချင်တာ ... အကိုပြောတာတွေကိုလဲ ဘေးမှာဖယ်ထားလို့မရအောင်ကို ချစ်သူရှိတဲ့သူတိုင်းက သတိထားရမယ့် အချက်တွေပါပဲ ပြောပြပေးတဲ့ အကို့ကို ကျေးဇူးတင်ပါတယ် .....:)

    ReplyDelete
  6. အချက်တွေအကုန်လုံးကကိုယ်နဲ့သီသီလေးငြိနေတော့..တော်တော်ပြင်ယူရမယ်..အကိုရေ..မှတ်သားသွားပါတယ်နော်..

    ReplyDelete
  7. အကောင်းဆုံးကတော.ရည်းစားမထားပဲအပျိုကြီးလုပ်တာပဲဖြစ်မယ်ထင်တယ်

    ReplyDelete
  8. အဲဒီလောက်ထိကို ရှောင်ရမယ့် အချက်တွေ များလား နော်..။

    ReplyDelete