Wednesday, June 8, 2011

Peekaboo ပို့စ်ခေါက်နည်းအသေးစိတ်

Peekaboo ပို့စ်ခေါက်နည်းအသေးစိတ်

Peekaboo ဆိုတာ Read more.. Collapse ... စတဲ့ Javascript လေးကို ဘလော့ဂါမှာ ထည့်သွင်း ခြင်းဖြစ်ပါတယ် ။ ကျွန်တော် စစလိုက်ရှာခြင်းတုန်းက javascript တွေ သေနေတာနဲ့ နောက်ပြီး code တွေအ လုပ်မလုပ်တာနဲ့အတော်လေး ဒုက္ခများခဲ့ရပါတယ် ။ အခုတော့ ဒီ ဆက်လက်ဖတ်ရှုရန်ဆိုတဲ့ ဟာလေး လုပ်နည်းကိုအ သေးစိတ်ရေးတင်ပေးလိုက်ပါတယ် ။ ကိုယ့်ရဲ့ စာမျက်နှာမှာ ပို့စ်တွေအများ ကြီးတင် ထားတဲ့အခါ အရှည်ကြီးတွေဖြစ်နေရင် အဆင်မပြေပါဘူး ။ Read more လေး ထည့်ထားတဲ့အခါ expandable ဖြစ်တဲ့အ တွက် ပို့စ်ခေါက်ရတာ အရမ်းလွယ်ကူပြီး ကြည့်ရတာ ရှင်းလင်းသပ်ရပ်စေပါတယ် ။ ၀ထ္ထုရှည်တွေရေးတဲ့အခါ ဒါလေးထည့်ထားရင်အ ရမ်းကို အဆင်ပြေမယ်လို့ထင်ပါတယ် ။ ကျွန်တော့်ဘလော့မှာ နမူနာ ထည့်ထား သလိုပေါ့ ။ ကဲ လုပ်နည်းလေးကို အသေးစိတ် ကြည့်ကြရအောင် ။

အရင်ဆုံး ဘာမှစမလုပ်ခင် ကိုယ့်ရဲ့ Template လေးကို backup လုပ်ထားပါဦး ။ Backup လုပ်နည်းတော့ သိကြမယ် ထင်တဲ့အတွက် မပြောတော့ပါဘူး ။

၁ ။ Blogger ကို sign in လုပ်ပြီး Edit Html ထိရောက်အောင်သွားပါ ။ ပြီးရင် Expand Widget Templates ဆိုတာလေးကို အမှန်ခြစ်ပေးဖို့ မမေ့ပါနဲ့ဦး ။

၂ ။ </head> ဆိုတာကိုရှာပါ ။ ရှာတွေ့ရင် သူ့ရဲ့အပေါ်မှာ အောက်မှာပေးထားတဲ့လင့်လေးကိုဖွင့်ပြီး code တွေအကုန်ကူးလိုက်ပြီး paste လုပ်လိုက်ပါ ။ ( အသင့်တင်ပြီးသားဖြစ်တဲ့ javascript code တွေ ဖြစ်ပါတယ် )

Javascript code များကော်ပီလုပ်ရန် ဒီနေရာကိုနှိပ်ပါ ။

၃ ။ ပြီးရင် <b:includable id='post' var='post'> ဆိုတာလေးကိုတွေ့အောင်ရှာပါ ။ အဲဒီစာကြောင်းလေးအောက်ကို ဆက်ကြည့်သွားပြီး <div style='clear: both;'/> <!-- clear for photos floats --> ဆိုတာ ကိုတွေ့တဲ့အထိ ရှာပါ ။ ပြီးရင် ခုနက <b:includable id='post' var='post'> နဲ့ <div style='clear: both;'/> <!-- clear for photos floats --> ရဲ့ကြားမှာ ရှိသ မျှ code တွေအကုန်လုံးဖျက်လိုက်ပြီး အောက်မှာ အသစ်ပေးထားတဲ့ code တွေ ကို ကော်ပီ ကူးပြီး ထည့် လိုက်ပါ ။



ဒီအဆင့်မှာ အခု ကော်ပီကူးလိုက်တဲ့ code တွေမှာ Read More .... ဆိုတဲ့နေရာလေးမှာ ဆက်လက်ဖတ်ရှူရန် စသဖြင့်ရေးနိုင်ပြီး Summary only... ဆိုတဲ့နေရာမှာ ပြန်ခေါက်ပေးရန် ၊ ပြီးပါပြီ စသဖြင့်ရေးနိုင်ပါတယ် ။ ပြီးရင် save လုပ်ပါ ။

၎ ။ နောက်တစ်ဆင့်အနေနဲ့ Setting ထဲက Formatting ကိုသွားပါ ။ Post template ဆိုတဲ့ text box နေရာလေးမှာ အောက်က code လေးတွေကို ထည့်လိုက်ပါ ။

Type your summary here
<span id="fullpost">
Type rest of the post here
</span>

ပြီးရင်ဆေ့လုပ်လိုက်ပါ ။

ပို့စ်တင်တဲ့အခါ Type your summary here ဆိုတဲ့နေရာမှာ ကိုယ်Home page မှာ ပို့စ်တစ်ပုဒ် လုံးမှာ ပေါ်စေချင်တဲ့စာသားလေးကိုရေးပါ ။ အပေါ်ဆုံးတစ်ပုဒ်ပဲဖြစ်ဖြစ်ပေါ့ ။ ပြီးရင်ကိုယ်ခေါက် ချင်တဲ့နေ ရာလေးကို <span id="fullpost"> နဲ့ </span> ရဲ့ကြားထဲမှာရေးပါ ။ ဒါဆိုအိုကေ သွားပါလိမ့်မယ် ။

မရှင်းတာရှိရင် မေးသွားနိုင်ပါတယ် ။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

10 comments:

  1. ကျေးဇူးပါဆရာ။

    ခင်မင်လေးစားလျက်

    ReplyDelete
  2. ဒီကနေ့ ပို့စ်ခေါက်နည်းလေးကို လာယူသွားတယ် ကျေးဇူးပါနော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. ကျေးဇူးပါ အကိုရေ

    ReplyDelete
  4. အကို ကိုယ့်ဘာသာသွားယူထားတဲ့ templete code မှာက အကိုပြောတဲ့ ဆိုတာမပါဘူး အကို
    အဲဒါဘယ်လိုလုပ်ရပါ့မလဲဗျာ အချိန်ရရင် ဖြေပေးပါဦး အကိုအစစအရာရာအဆင်ပြေပါစေ

    ReplyDelete
  5. Naymin ရေ တန်းပလိတ်တစ်ခုမှာ နေမင်းရှာမတွေ့တာ b:includible ဆိုတဲ့ စာကြောင်းလေးလားမသိဘူး အမှန်တော့ တန်းပလိတ်တိုင်းမှာ အဲဒီစာကြောင်းရှိပါတယ် ။ Html ထဲမှာ အဲဒီစာကြောင်းရှာတဲ့အခါ Expand ကိုအမှန်ခြစ်ထားပါ ။ ပြီးရင် Ctrl + F နှိပ်ပြီး ပေါ်လာတဲ့ အောက်ခြေဘားက search box မှာ ကိုယ်ရှာချင်တဲ့စာလုံးရိုက်လိုက်တာနဲ့ပေါ်လာမှာပါ ထပ်ရှာကြည့်ပါဦးခင်ဗျ ကျွန်တော်လုပ်နေတာတော့ ခဏခဏပဲ အဆင်ပြေပါတယ်။ နေမင်းအဆင်မပြေရင် ကျွန်တော်ကူညီပါ့မယ် thettanblog@gmail.com ဆက်သွယ်လိုက်ပါခင်ဗျ ။

    ReplyDelete
  6. ဟုတ် အကို ။ ကျွန်တော် ပေါ့သွားတာပါ ။ ရသွားပါပြီ ။ ကျေးဇူး အကိုရေ ...

    ReplyDelete
  7. အကိုေ၇ ဒီလိုပေါ်နေတယ်ဗျာ ဘယ်လိုလုပ်၇မလဲ
    Your template could not be parsed as it is not well-formed. Please make sure that all XML elements are closed properly.
    XML error message: The element type "br" must be terminated by the matching end-tag "

    ReplyDelete
  8. စပ်မိစပ်ရာအတိုင်းပဲ ပေါ်နေတယ်
    ထပ်ထည့်လည်း ရဘူး...... သိသူများ ကူညီပါဦး.........

    ReplyDelete
  9. Your template could not be parsed as it is not well-formed. Please make sure that all XML elements are closed properly.
    XML error message: The element type "br" must be terminated by the matching end-tag "

    ဒီကုဒ်ပဲပေါ်နေတယ်ဗျ...

    ReplyDelete
  10. ကိုဇင်မျိုးရေ......

    ဒီ Post မှာ (အဲ...ဘယ်လိုခေါ်ရမလဲ..)ကိုသက်တန့်ချိုက code တွေကို textarea tag ထဲမှာထည့်လိုက်တော့ post တင်နေရင်းနဲ့ enter ခေါက်လိုက်တော့ <br> တွေကပါသွားတာပါ...copy လုပ်ပြီး paste လုပ်တဲ့ အချိန်မှာ အဲဒီ <br> တွေကိုဖျက်ပေးရမှာပါ။ ဒီလို code တွေကို textarea tag နဲ့မပြပဲ pre tag နဲ့ ဆိုပိုကောင်းပါတယ်.....

    ReplyDelete