Thursday, March 15, 2012

အောင်မြင်ခြင်းရဲ့နောက်ကွယ်မှာ စေ့စပ်သေချာမှုတွေရှိတယ်

အောင်မြင်ခြင်းရဲ့နောက်ကွယ်မှာ စေ့စပ်သေချာမှုတွေရှိတယ်



ဘွဲ့ရပြီးနောက် Chuan နဲ့ Jing ဟာ ကုမ္မဏီတစ်ခုမှာ အတူတူအလုပ်ဝင်ခဲ့ကြတယ် ။ နှစ်ယောက်စလုံးဟာ အလုပ် ကို အလွန်ပဲကြိုးစားခဲ့ကြတယ် ။

နှစ်များစွာ ကြာပြီးတဲ့အခါမှာ ကုမ္မဏီသူဌေးက Jing ကို ရာထူးပေးခဲ့ပြီး Chuan ကိုတော့ သာမန် အရောင်း ၀န်ထမ်းဘ၀နဲ့နေစေခဲ့တယ် ။ တစ်နေ့မှာတော့ Chuan ဟာ ဘယ်လိုမှသည်းမခံနိုင်တဲ့အဆုံး သူဌေးဆီ သွားပြီး အလုပ်တင်စာ သွားတင်ပြီး စောဒကသွားတက်ခဲ့တယ် ။ သူဌေးဟာ အလုပ်ကိုကြိုးစားလုပ်တဲ့သူကို တန်ဖိုး မထားကြောင်း နဲ့ ကပ်ဖားယက်ဖား မျက်နှာချိုသွေးတဲ့ ၀န်ထမ်းကို သာရာထူး တိုးပေးကြောင်း ပြော ခဲ့တယ် ။

သူဌေးဟာ Chuan နှစ်ပေါင်းများစွာကတည်းက အလုပ်ကြိုးစားကြောင်းသိခဲ့ပြီးသားပါ ဒါပေမယ့် သူနဲ့ Jing တို့ကြား က မတူညီမှုတွေကို Chuan နားလည်စေဖို့အတွက် အောက်ပါအတိုင်းခိုင်းစေခဲ့တယ် ။

ဈေးကွက်ထဲမှာရှိတဲ့ ဖရဲသီးရောင်းတဲ့ လူရှိမရှိကို သွားရှာစေခဲ့တယ် ။ Chuan ဟာ သွားပြီး တွေ့ ကြောင်း ပြောခဲ့တယ် ။ သူဌေးက ဈေးဘယ်လောက်ရှိလဲမေးတယ် ။ Chuan က ဈေးကို တစ်ခေါက်ပြန် သွားပြီးမေးတယ် ။ ပြီးတော့ ပြန်လာပြီး တစ်ကီလိုဂရမ်ကို ဒေါ်လာ ၁၂ ကျပ်ရှိကြောင်း ပြန်ပြောခဲ့တယ် ။

သူဌေးက ပြောတယ် ။ မင်းကိုမေးတဲ့အတိုင်း Jing ကို ငါမေးပြမယ် ။ Jing ဟာ ဈေးကိုသွားတယ် ပြီးတော့ပြန် လာပြီးဖြေခဲ့တယ် ။ “ ဈေးထဲမှာ ဖရဲသီးရောင်းတဲ့ သူတစ်ယောက်ရှိပါတယ် ။ တစ်ကီလိုဂရမ်ကို ဒေါ်လာ ၁၂ ကျပ်ရောင်းပြီး ၁၀ ကီလိုဂရမ်ကို ဒေါ်လာ ၁၀၀ ရောင်းပါတယ် သူ့မှာ ရောင်းဖို့ ဖရဲဦး အလုံး ၃၄၀ ရှိပါတယ် ။ စားပွဲပေါ် မှာ ၅၈ လုံးတင်ထားပြီး တစ်လုံးစီက ၁၅ ကီလိုဂရမ်လောက်လေးပါတယ် ။ တောင်ပိုင်းကနေ လွန်ခဲ့တဲ့ ၂ ရက်လောက် ယူရောင်းတာပါ ။ လတ်ဆတ်နီရဲပြီး အရာသာ အလွန်ကောင်းပါတယ် ။

Chuan ဟာ အလွန်ကို အံ့အားသင့်သွားပြီး သူနဲ့ Jing တို့ကြားက မတူညီမှုကို နားလည်သွားခဲ့တယ် ။ သူ အလုပ် ထွက်စာမတင်တော့ပဲ Jing ဆီကနေ အရာရာကို သင်ယူဖို့ ဆုံးဖြတ်လိုက်တယ် ။

###########################

ဘ၀မှာ အအောင်မြင်ဆုံးလူတွေဟာ စေ့စေ့စပ်စပ် သေသေချာချာလုပ်တယ် ။ သူများတွေထက်ပိုတွေးတယ် ။ အနက်ရှိုင်းဆုံးကိုနားလည်တယ် ။ သင် မနက်ဖြန်လောက် သာမြင်နိုင်တဲ့အရာတွေကို အအောင်မြင် ဆုံးလူတွေ က နှစ်ပေါင်းများစွာ ကြိုတွေးပြီး မြင်တတ်ကြတယ် ။ နေ့တစ်နေ့နဲ့ နှစ်တစ်နှစ်ရဲ့ကွာခြားချက်က ၃၆၅ ကြိမ်ရှိပါတယ် ။ ကဲ အခု သင်ဘာလုပ်မလဲ ??

မူရင်း - Chuan and Jing joined a wholesale company together just after graduation. Both worked very hard.

After several years, the boss promoted Jing to sales executive but Chuan remained a sales rep. One day Chuan could not take it anymore, tender resignation to the boss and complained the boss did not value hard working staff, but only promoted those who flattered him.

The boss knew that Chuan worked very hard for the years, but in order to help Chuan realize the difference between him and Jing, the boss asked Chuan to do the following. Go and find out anyone selling water melon in the market? Chuan returned and said yes. The boss asked how much per kg? Chuan went back to the market to ask and returned to inform boss the $12 per kg.

Boss told Chuan, I will ask Jing the same question? Jing went, returned and said, boss, only one person selling water melon. $12 per kg, $100 for 10 kg, he has inventory of 340 melons. On the table 58 melons, every melon weighs about 15 kg, bought from the South two days ago, they are fresh and red, good quality.

Chuan was very impressed and realized the difference between himself and Jing. He decided not to resign but to learn from Jing.

သက်တန့်ချို ဆီလျော်သလို ဘာသာပြန်သည် ။


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, March 14, 2012

ရာသီသွေးမပေါ်ခြင်း - အပိုင်း ၂

ရာသီသွေးမပေါ်ခြင်း - အပိုင်း ၂



ရာသီသွေးမပေါ်ခြင်းအကြောင်းနဲ့ ဘာကြောင့်ဖြစ်ရသလဲဆိုတဲ့အကြောင်းတွေ ဖော်ပြပေးပြီးသွားတဲ့နောက် ယခုအ ခါ ရာသီသွေးမပေါ်ခြင်းအပိုင်း ၂ ကို ဆက်လက်တင်ပြလိုက်ရပါတယ် ။

စုံစမ်းစစ်ဆေးမှုများအကြောင်း

ရာသီသွေးမပေါ်ခြင်းအကြောင်းကို ဘာကြောင့်မပေါ်ရသလဲ စုံစမ်းဖို့အတွက် လူနာရဲ့ ရောဂါ ရာဇ၀င် (Proper history taking ) ၊ တစ်ကိုယ်လုံးစမ်းသပ်ခြင်း ( Physical Examination ) နဲ့ အတွင်းပိုင်း စမ်းသပ်ခြင်း ( Vaginal Examination ) တို့လုပ်ရပါမယ် ။အဲဒီလိုလုပ်လို့ ကိုယ်ဝန်လည်းမရှိဘူး ဆိုရင်တော့ လူနာအ တွက် လောလော ဆယ် စိတ်အေးရပါပြီ ။ ဒါပေမယ့် အကြောင်းအရင်းမှန်ကိုစုံစမ်းဖို့အတွက် ဒီထက်ပိုတဲ့ စမ်းသပ် မှုတွေလုပ်ဖို့ လိုပါဦးမယ်

သွေးစစ်ဖောက်ခြင်း ( Blood for CP ) ကို လုပ်ဖို့လည်းလိုပါတယ် ။ အကယ်၍ လည်ပင်း အကျိတ် လက္ခဏာ များရှိခြင်း (သို့မဟုတ် ) Hyperthyroidism လို့ များ သံသယရှိမယ်ဆိုရင်တော့ သိုင်းရွိုက်ဂလင်းန် ရဲ့ အလုပ်လုပ်ဆောင်မှုအခြေအနေကို သိရဖို့အတွက် Thyroid function test လုပ်ပေးဖို့လိုပါတယ် ။ ဒါ့အပြင် Adrenal gland ရဲ့ အလုပ်လုပ်ဆောင်မှုအခြေအနေကို သိရဖို့အတွက်လည်း Adrenal function test လုပ်ဆောင်ပေးဖို့လိုပါတယ် ။ တခြားအဖြစ်များတဲ့ရောဂါတွေဖြစ်တဲ့ တီဘီအတွက် လည်း သလိပ်စစ်ခြင်း ဓါတ်မှန် ရိုက်ခြင်း စတာတွေလုပ်ဖို့လိုအပ်ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးကို ခြုံကြည့်ပြီး အားနည်းနေသလား ပိန်ချုံးနေ သလား စတာတွေကို ဆန်းစစ်ဖို့လည်းလိုပါတယ် ။



Vaginal Examination လုပ်ခြင်းဖြင့်သိနိုင်တာတွေကတော့ တခါတရံ အမျိုးသားဟော် မုန်းတွေသိပ် များနေ လို့ သွေးမဆုံးသော်လည်း သားအိမ်ရဲ့အရွယ်ဟာ ရှိသင့်ရှိထိုက်တဲ့ အရွယ်မဟုတ်ပဲ သေးသွားခြင်း (Atropic changes ) ကိုတွေ့ရတတ်ပါတယ် ။ History taking မှာလည်းပဲ အလွန်ပဲ အသုံးတည့်တာတွေရှိတတ်ပါတယ် ။ ဥပမာ ကလေးမွေးပြီးသွေးသွန်ခြင်းကို Post partum haemorrhage လို့ခေါ်ပါတယ် ။ အဲဒီလို ဖြစ်တဲ့အခါ အချိန်အတော်ကြာကြာ shock ဖြစ်သွားလို့ရှိရင် ဦးနှောက်ကို သွေးထောက်ပံ့မှုက ပြတ်သွားတတ်ပါတယ် ။ အဲဒီအချိန်မှာဆိုရင် ဦးနှောက်မှာရှိတဲ့ Pituitary gland ကို သွေးပြတ်ပြီး အလုပ်အလုပ်တော့ပါဘူး ။ အဲဒီလိုအခြေအနေမျိုးကိုတော့ pituitary necrosis လု့ခေါ်ပါတယ် ။ အဲဒီလိုအခြေ အနေမျိုးကြုံတွေ့ပြီး ရင် နောက်ပိုင်း သွေးတောက်လျှောက်ထိမ်သွားတတ်ပါတယ် ။ ရင်သားတွေသေး သွားပြီး အမွှေးအမျှင်တွေ ထူလာတယ်။ အမျိုးသမီးနဲံတူတဲ့လက္ခဏာတွေဘာမှမရှိတော့ဘူး ။ ဒါကြောင့် ကလေးမွေးပြီး သွေး သွန်သွေးလန့် တာဖြစ်လို့ သွေးထိမ်သွားတာဆိုရင်တော့ အဲဒါဟာ Post Partum Pituitary Necrosis ဖြစ်တာကြောင့် ဆိုတာ ကို ထည့်သွင်းစဉ်းစားဖို့လိုပါတယ် ။

သွေးဖောက်စစ်တာတွေအားလုံးစုံသွားပြီဆိုရင်တော့ Ultrasound စစ်ဖို့လိုပါတယ် ။ ဒါကြောင့် နားလည်တတ် ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသခြင်းအားဖြင့် ဘာကြောင့်သွေး ထိမ်ရသလဲဆိုတဲ့အကြောင်းအ ရင်းအမှန် ကိုသိရ မှာဖြစ် ပါတယ် ။

သွေးထိမ်ခြင်းအတွက် ကုသမှုပိုင်းဆိုင်ရာများ

ပထမဆုံးအနေနဲ့ လူနာနဲ့ လူနာရဲ့ အဒေါ် သို့မဟုတ် မိခင် ဆွေမျိုးတွေကို Counselling( နှစ်သိမ့်ပေးခြင်း ) လုပ်ဖို့လိုပါတယ် ။ စိတ်ဓါတ်မကျဖို့နဲ့ အားမငယ်ဖို့ အကယ်၍များ ဆရာဝန်အနေ နဲ့ဘာတွေလုပ်ပေးနိုင်ကြောင်း တခါတည်းပြောရသလို ပြုပြင်ဖန်တီးပေးဖို့မရတဲ့ ရှားရှားပါးပါးကိစ္စဆိုလည်း တခါတည်းရှင်းပြလိုက်ရပါတယ် ။ အကယ်၍ ရာသီထိမ်သွားတယ် ငုပ်သွားတယ်ဆိုရင်လည်း ကိုယ်ဝန်ရှိမရှိ ကို Urine for UCG ဆီးစစ်ခြင်းနဲ့ Ultrasound ရိုက်ပြီး ကိုယ်ဝန်ရှိမရှိ စစ်ခြင်းတို့ကို လုပ်ပေးဖို့လိုပါတယ် ။ ကိုယ်ဝန်လည်းမရှိပဲ ထိမ်နေတယ် ဆိုရင်တော့ စုံစမ်းစစ်ဆေးမှုတွေဆက်လုပ်ပေးရပါမယ် ။ ဥပမာ အသားဓါတ်ချို့ တဲ့လို့ သွေးအား သိပ်နည်း လို့ သွေးမပေါ်ဘူးဆိုရင်တော့ အသားဓါတ်တွေ များလာအောင် သံဓါတ်များလာအောင် ကုသပေးမယ် ဆိုရင်တော့ သွေး က အလိုလို ပြန်ပေါ်လာတတ်ပါတယ် ။

စိတ်သောကများပြီး စိတ်တွေထွေပြားနေလို့ သွေးမပေါ်ဘူးဆိုရင်လည်း စိတ်ငြိမ်ဆေးပေးပြီး သူ့စိတ်ဓါတ် ကိုမြှင့် တင်ပေးခြင်း ဘာရောဂါမှ မရှိဘူးဆိုတာကို ရှင်းပြပေးခြင်းအားဖြင့် ကုသပေးနိုင်ပါတယ် ။ အစွန်းရောက်နေ တဲ့စိတ်ခံစားမှုအခြေအနေတွေ ပုံမှန်ပြန်ဖြစ်သွားတာနဲ့ သွေးအလိုလို ပြန်ပေါ်လာတာမျိုး လည်းရှိပါ တယ် ။ အချိန်တိုတိုလေးနဲ့ သိပ်ဝလာတဲ့လူတွေမှာလည်း ဒီအတိုင်းပါပဲ ။ weight လျော့ခိုင်းလိုက်လို့ ပုံမှန်အတိုင်းပြန် ဖြစ်လာတယ်ဆိုရင် ဘာဆေးမှတောင်ပေးစရာမလိုပါဘူး ။ အဲဒီလိုပဲ ၀နေရာက သိပ်ပိန်သွားတဲ့ လူဆိုရင်လည်း နဂိုအတိုင်းဖြစ်အောင် ပြန်လုပ်ပေးခြင်းအားဖြင့် ရာသီသွေးပြန်မှန်သွားလေ့ရှိပါတယ် ။ အဆုတ်တီဘီ အကျိတ်တီ ဘီတွေရှိရင်လည်း တီဘီရောဂါကို ကုလိုက်ရင် အလိုလိုပြန်ပေါ်လာတတ်ပါတယ် ။ ဒါကြောင့် ဖြစ်တဲ့ အကြောင်းအရင်းကို သေသေချာချာရှာဖွေပြီးကုဖို့လိုပါတယ် ။ အဲဒီလိုမဟုတ်ပဲ ဘာကြောင့်ပဲ ထိမ်ထိမ် ထိမ်ပြီဆိုတာနဲ့ များသောအားဖြင့် ဆေးမီးတိုတွေသုံးပြီးကုလေ့ရှိကြတယ် ။ ဆရာဝန်တွေအနေ နဲ့လည်း သွေး ထိမ်ပြီ ဆိုတာနဲ့ Duogynon တို့လို Menstrogen တို့လို သွေးပေါ်တဲ့ထိုးဆေးတွေ ထိုးတာတွေ နှစ် ရက်ဆက်တိုက်ထိုးတာတွေရှိပါတယ် ။ အဲဒီလိုထိုးလိုက်ခြင်းအားဖြင့် ခဏတုံ့ပြန်ပြီး သွေး နည်းနည်းပြန် ဆင်း တယ် ။ စားဆေးလည်းအဲဒီအတိုင်းပါပဲ ။ ပြန်ပေါ်လာတယ် ။

အဓိကပြဿနာက သားအိမ်တို့ ၊ ခန္ဓာကိုယ်တည်ဆောက်မှု ၊ ထိမ်းချုပ်မှုတွေကစားဆေးထိုးဆေးတွေကို ကျင့်သာ့းရသွားပြီးတော့နောက်ဆိုရင် ဆေးမထိုးဆေးမသောက်ရင်မပေါ်တော့ဘူး ။ ဒီတော့ သွေးမဆုံးခင်အထိ ဒီဆေးတွေဆောင် ထားရမလိုဖြစ်နေတဲ့အတွက် အဆင်မပြေလှပါဘူး ။ ဒါကြောင့် ဘာကြောင့် သွေးထိမ် ရသလဲ ဆိုတဲ့ Cause ကို ရှာပြီး မှသာ အဲဒါလေးကို ပြန်ပြင်လိုက်ယုံနဲ့ ကိုယ်ဝန်မရှိပဲ ထိမ်နေရင်အ ချိန်မှန်ပြန်လာပါတယ် ။ တခါတရံ ဆယ်ကျော်သက်ကလေးတွေမှာ အပျိုမြှေး (Hymen ) ထူနေတဲ့အတွက် ပိတ်နေ လို့ သွေးမ ဆင်းတာဆိုရင်တော့အဲဒီ အပျိုမြှေးကို ဖောက်ပေးလိုက်ရင် သွေးပြန်ဆင်းနိုင်ပါပြီ ။ ကိုယ်ဝန်ကြောင့် မဟုတ်ဘူး ဆိုရင် ဦးနှောက်မှာရှိတဲ့ Pituitary အကျိတ်ကြီးတဲ့ အကြောင်းကို ထည့်သွင်းစဉ်းစားဖို့လိုပါတယ် ။ ဒါပေမယ့် အဲဒီအကျိတ်ကြီးမကြီးဆိုတာကတော့ ဓါတ်မှန်ရိုက်ယုံလောက်နဲ့မရပါဘူး ။ CT scan ရိုက်ဖို့လိုတယ် MRI ရိုက်ဖို့လိုပါတယ်။ အကျိတ်က သိပ်မကြီးလှပဲ သေးသေးလေးပဲတွေ့တယ်ဆိုရင်တော့ Broomocriptine ဆိုတဲ့ဆေး ကို ရေရှည်စားပေးရပါတယ် ။ တစ်နှစ်၊ နှစ်နှစ် သုံးနှစ်အစရှိသဖြင့်ပေါ့ ။ အကျိတ်က ခွဲစရာမ လိုပဲကျုံ့သွားတတ်ပါတယ် ။ ဆေးစားယုံအဆင့်နဲ့မရဘူးဆိုရင်တော့ ဦးနှောက်ကို ခွဲစိတ်မှုလုပ်ဖို့ လိုပါတယ် ။ ခွဲစိတ်ဖို့မလိုဘူးဆိရင်လည်း အဲဒီအကျိတ်ကို သေချာချိတ်ပြီး ဂါန်မာရောင်ခြည်နဲ့ပစ်ရပါတယ် ။ လေဆာ ပစ်သလိုမျိုးပါပဲ ။ အဲဒါလုပ်ရင်တော့ ခေါင်းကိုဖွင့်ပြီးခွဲစရာမလိုပါဘူး ။

အဆုံးသတ်အနေနဲ့ပြောရရင်တော့ သွေးမပေါ်ခြင်းဟာ သာမန်အဆင့်လောက်ကနေ လူမှုရေးတွေနွယ် လာတဲ့အ ထိဖြစ် တတ်ပါတယ် ။ ဥပမာ မိဘတွေမသိပဲ ကိုယ်ဝန်ရှိလာမှာကိုစိုးရိမ်တာမျိုး အိမ်ထောင်ရှိ ရက်နဲ့မလို ချင်ပဲ ကိုယ်ဝန်ရလာမှာမျိုး တို့ပေါ့ ။ ဆယ်ကျော်သက်နေ အိမ်ထောင်သားမွေး တဲ့အရွယ်အ ထိအမျိုးသမီးတိုင်းက သွေးမဆုံးသေးတဲ့အချိန်မှာ လစဉ်သွေးပေါ်နေကျ မပေါ်တာရှိတယ် နှစ်လ သုံးလ မပေါ်ရင်သာမန်အားဖြင့် သိပ်ပြဿနာမဟုတ်ပါဘူး ။ တကယ်လို့ သွေးမပေါ်တာက မီးယပ်သွေးသားအိမ်ထဲမှာ မဖြစ်လို့ မပေါ်တာလည်းရှိပါတယ် ။ ဇြစ်ရဲ့သားနဲ့အောင်းနေတာမျိုးလည်းရှိပါတယ် ။ အမျိုးသမီးတော်များများက ဗိုက်ကြီးတွေကယ်နေပြီး တဗုံဗုံနဲ့ဖြစ်နေတယ် ကိုယ်တွေယားယံတယ် စိတ်ဓါတ်ကျတယ် အိမ်မပျော်ဘူး ကိုယန်ဝန်မရှိဘူးပြောတဲ့တိုင်အောင် ဒီလိုပြဿနာတွေကြုံနေရတဲ့အတွက် ဆရာဝန်တွေမအနေနဲ့ စိတ်ရှည်ဖို့ လည်းလိုပါတယ် ။ သေသေချာချာအချိန်ယူဖို့လည်းလိုပါတယ် ။ ဒါကြောင့်သွေး ထိမ်ခြင်း ဟာ သွေးအား အလွန်နည်းခြင်း အစရှိတဲ့သာမန်အကြောင်းကြောင့်ဖြစ်နိုင်သလို အသက်အန္တရာယ် ကြီးမား တဲ့ ဦးနှောက်အ ကျိတ်တည်တာအထိတိုင်တောင်ဖြစ်တတ်တဲ့အတွက် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ပြသဖို့လိုအပ်ပါကြောင်း တင်ပြပေးလိုက်ရပါတယ် ။

သက်တန့်ချို

Ref : Wikipedia / Gyanecology / Amenorrhea
Reproductive Health by Prof.Myint Mg Mg

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, March 13, 2012

ရာသီသွေးမပေါ်ခြင်းအကြောင်း (အပိုင်း ၁)

ရာသီသွေးမပေါ်ခြင်းအကြောင်း (အပိုင်း ၁)



ဒီတစ်ခါဖော်ပြပေးမယ့်အကြောင်းအရာကတော့ ရာသီသွေးထိမ်ခြင်း ရာသီသွေးမပေါ်ခြင်း အကြောင်းဖြစ် ပါတယ် ။ ပျိုဖော်ဝင်စအချိန်ကစပြီး သွေးဆုံးပြီးတဲ့အချိန်အထိ သိထားသင့်တဲ့ သိထားရမယ့် အကြောင်းအရာ တစ်ခု လည်းဖြစ် ပါသည် ။ အိမ်ထောင်သားမွေး ကိုယ်ဝန်ရှိတဲ့အရွယ်ရော ဆယ်ကျော်သက်အရွယ်တွေရော သိသင့်တဲ့ အကြောင်းအရာမို့ ရေးသားဖော်ပြပေးလိုက်ရပါတယ် ။



ရာသီသွေးမပေါ်ခြင်းကို မီးယပ်ထိမ်ခြင်း ၊ မီးယပ်သွေးမပေါ်ခြင်း ၊ မီးယပ်သွေးငုပ်ခြင်း ( Amenorrhea ) စသဖြင့်အမျိုးမျိုးခေါ်ကြပါတယ် ။ တချို့ ဒီလို မီးယပ်သွေးမပေါ်တဲ့ ပြဿနာကို အိမ်ထောင် မရှိတဲ့ အပျိုတွေပဲကြုံရတာလား ကလေးမလိုချင်တဲ့သူတွေကြုံရတာလား စသဖြင့်တွေးထင်တတ်ကြတယ် ။ ဒါပေမယ့် အိမ်ထောင်သည်တွေကိုယ်တိုင်လည်း ဒီပြဿနာဟာ ကြုံရလေ့ရှိပါတယ် ။ ဒီနေရာမှာ ပြဿနာလေးတစ်ခုကို နည်းနည်းတင်ပြချင်ပါတယ် ။ မြန်မာအမျိုးသမီး အများစုတွေးတတ်ကြတာကတော့ အသက် ၄၀ လောက်ဆို ငါတို့သွေးဆုံးပါပြီ ဆိုပြီး လွတ်လွတ်လပ်လပ် ဘာအကွယ်အကယ်မှမယူပဲ နေတတ်ကြပါတယ် ။ တကယ်သွေး ဆုံးတဲ့အချိန်က ၄၈ ၊ ၄၉ ၊ ၅၀ လောက်မှကြုံရတတ်တယ် ။ အဲဒီအခါ အသက်ကြီးမှ ကိုယ်ဝန်တွေ ရပြီး အခက်တွေကြုံရလေ့ရှိတယ် ။ အဲဒီအခါ မှ ကိုယ်မွေးလိုက်တဲ့ကလေးက ကိုယ့်မြေးအရွယ်လောက်ရှိနဲ့ ဒုက္ခတွေ ရှက်စရာတွေ နဲ့ကြုံရတာပါပဲ ။ ဒီလို အချိန်မှာ ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ပေး ရမယ့်ဒုက္ခ နဲ့ ရေရှည်ကို မျှော်ကြည့်လိုက်ရင် ဒီအသက်အရွယ်မှ ကိုယ်ဝန်ကို ဘယ်သူမှ လိုလားကြမှာတော့ မဟုတ်ပါဘူး ။ ဒီတော့ပြဿ နာက သွေးမဆင်းတော့ဘူး ရာသီမပေါ်တော့ဘူးဆိုရင် အပျိုလေးတွေ သာမက အိမ်ထောင် ကျပြီးသား သားသည်မိခင်တွေတောင်မှပဲ ထိတ်လန့်ကြရတာပါပဲ ။

ဒီပြဿနာ ဟာ တချို့လူတွေအတွက်တော့ နေလို့ထိုင်လို့မကောင်းဘူး စိုးရမ်တယ် ဆိုတာလောက် နဲ့ပြီးသွားပေ မယ့် တချို့လူတွေအတွက်တော့ တကယ့်ကို အန္တရာယ်ရှိတဲ့ အနေအထားကိုရောက် သွားတာတောင်တွေ့ ရတတ်ပါတယ် ။ ဆယ်ကျော်သက်အရွယ်မှာ သွေးမပေါ်တဲ့အခြေအနေဟာ အိမ်ထောင်သားမွေးပြုလုပ်တဲ့ လူလတ်ပိုင်း အရွယ်မှာ ရာသီသွေးပုံမှန်ပေါ်နေရာကနေ ပျောက်သွားတဲ့ ကိစ္စဟာ အသက်အန္တရာယ်ကိုပါ ဒုက္ခပေးနိုင် တာမျိုးတွေရှိပါတယ် ။ ဒါကြောင့် မီးယပ်သွေးငုပ်သွားပြီဆိုရင် ဘာကြောင့်ငုပ်ရတယ် ဘယ်လို စုံစမ်းမလဲ ဆိုတာတွေ လုပ်ဆောင်ရမှာပါ ။ အကျိုးအကြောင်းသိသွားရင်လည်း လူနာတွေ အတွက် မဖြစ်သင့် တာတွေ မဖြစ်သွားဘူး ဒီတော့ အရမ်းကို အကျိုးရှိပါတယ် ။

ရာသီသွေးမပေါ်တာနဲ့ပတ်သတ်ပြီး မှတ်ထားသင့်တဲ့အချက်လည်းရှိပါတယ် ။ အိမ်ထောင်ရှိ အမျိုးသမီး တစ်ယောက် ဟာ သွေးမပေါ်တော့ဘူးဆိုပါတော့ ။ အိမ်ထောင်မရှိပေမယ့်လည်း လိင်ဆက်ဆံမှုရှိ ခဲ့တဲ့အမျိုး သမီး တစ်ယောက်ဟာ သွေးမပေါ်တော့ဘူးဆိုပါတော့ ။ အဲဒီလိုအမျိုးသမီးတွေ မှာ နောက် တစ်ကြိမ်သွေး ပြန်ပေါ်တော့မှပဲ ကိုယ်ဝန်မရှိပါဘူးလို့ ကျိန်းသေပြောနိုင်ပါတယ် ။ သွေးမပေါ်မ ချင်းတော့ ကိုယ်ဝန်မရှိဘူးလို့ ဘယ်လို အာမခံချက်မျိုးမှမပေးနိုင်ပါဘူး ။

ရာသီသွေးမပေါ်ခြင်း ဘယ်နှစ်မျိုးရှိသလဲ ?

အဓိကအားဖြင့်တော့ နှစ်မျိုးခွဲထားနိုင်ပါတယ် ။ ပထမတစ်မျိုးကိုတော့ Primary Amenorrhea လို့ခေါ်ပါတယ် ။ သူ ကတော့ မွေးရာပါ ဖြစ်ပြီး တောက်လျှောက်အသက်ကြီးလာတဲ့အထိ ရာသီသွေးမပေါ် တဲ့အမျိုးသမီးတွေ ကို ခေါ် တာပါ ။ ဒီလို Primary Amenorrhea ကိုတော့ မိဘတွေကိုယ်တိုင်က ကိုယ့်သမီးကိုခေါ်လာပြီး ဆရာကို လာပြ ကိုပြသင့်တဲ့အမျိုးအစားဖြစ်ပါတယ် ။ လိုအပ်တဲ့စမ်းသပ်စစ်ဆေးမှုတွေနဲ့ ဆေးကုသမှုခံယူရမှာဖြစ်ပါတယ် ။

ဒုတိယတစ်မျိုးကိုတော့ Secondary Amenorrhea လို့ခေါ်ပါတယ် ။ ဒီအမျိုးအစားကတော့ သူတို့မှာ အိမ်ထောင်ရှင်တွေ ဖြစ်ကြတာများတယ် ကိုယ်ဝန်လည်းဆောင်နိုင်တဲ့အနေအထားရှိတယ် ဒါပေမယ့် မိသား စုရှေ့ရေး၊ Family plan ၊ မိဘအသက်ကြီးနေလို့ ကလေးယူရင်အဆင်မပြေနိုင်ဘူး စသဖြင့်ပေါ့ ။ ဒါပေမယ့် လည်း အိမ်ထောင်ရှိပြီးသားလူတွေမှာ သွေးထိမ်ပြီဆိုတာနဲ့ ကိုယ်ဝန်ရှိမရှိသိချင်ကြတာဟာ သူသူကိုယ်ကိုယ်ပါပဲ ။ ဒါကြောင့်သူတို့ ဆေးခန်းလာကြတယ် ပြီးတော့ ကိုယ်ဝန်ရှိမရှိ စမ်းပေးပါဦးလို့ ဆရာဝန်ကိုတိုင်ပင်ကြပါတယ် ။ အဲဒီအခါ ဆရာဝန်က ဆီးစစ်ခိုင်းတယ် ultrasound ရိုက်တယ်ပြီးတော့ စမ်းသပ်ကြည့်တဲ့အခါ ကိုယ်ဝန်မရှိဘူးလို့ အဖြေထွက်ခဲ့ရင်တော့ သူတို့တအားပျော်သွားတတ်ကြပါတယ် ။ ဒါပေမယ့် ဒီနေရာမှာ တစ်ခုသိထားရမှာပါ ။ သူ့ရဲ့ seconday amenorrhea ဟာ ဦးနှောက်ထဲက Pituitary gland မှာ အကျိတ်တည်တာတို့ဘာတို့ ဖြစ်နေခဲ့ရင် အဲဒီအမျိုးသမီးဟာ အသက်အန္တရယ်ရှိပြီး သေဆုံးသွားနိုင်ပါတယ် ။ ဆရာဝန်တွေအနေနဲ့လည်း ကိုယ်ဝန်မရှိပဲနဲ့ သွေးမဆင်းတော့ဘူး သွေးထိမ်နေပြီဆိုရင် ဒီအတိုင်းလစ်လျှူရှူမထားသင့်ပါဘူး ။အ ကြောင်း အရင်းမှန် Cause ကို ရအောင်စုံစမ်းဖော်ထုတ်ရမှာဖြစ်ပါတယ် ။ ဒါကြောင့်သိထားရမှာက Primary Amenorrhea က အရေးကြီးသလို Secondary Amenorrhea ကလည်းအရေးကြီးတယ်ဆိုတာပါပဲ ။

Amenorrhea လို့ခေါ်တဲ့ ရာသီသွေးထိမ်ပြီဆိုရင်တော့ ကိုယ်ဝန်ရဲ့လက္ခတွေကို သိထားဖို့လိုပါတယ် ။ ဥပမာ သွေးထိမ်ပြီးတော့ ပျို့ချင်အန်ချင်တာရှိသလား ရင်သားတွေတင်းလာသလား နေရတာ မအီမသာဖြစ် လာသ လား ဆီးခဏခဏသွားသလား စတဲ့ လက္ခဏာတွေဖြစ်ပါတယ် ။ ဒုတိယအမျိုးအစား Secondary Amenorrhea ကတော့ ကိုယ်ဝန်နဲ့သာမကတော့ပဲ လူနာရဲ့ စိတ်လှုပ်ရှားမှု စိတ်ခံစားမှု အခြေ အနေတွေပေါ်လည်းမူတည်ပါတယ် ။ ဥပမာ အလွန်အမင်း ၀မ်းသာစရာနဲ့ကြုံလိုက်ရတဲ့ကိစ္စမျိုးမှာဆိုရင် ရုတ်တ ရက် သွေးပေါ်ရမယ့်ရက်မှာ မပေါ်တော့တာလည်းဖြစ်တတ်ပါတယ် ။

Pituitary gland မှာ အကျိတ်ဖြစ်တဲ့လက္ခဏာတွေက ဘာတွေလဲ ?



အကျိတ်ပေါ်တဲ့လက္ခဏာတွေကတော့ မိန်းမအသံကနေ ယောင်္ကျားအသံပြောင်းသွားခြင်း ၊ ပုံမှန်အားဖြင့် မိန်းကလေးတွေမှာ အမွှေးအမှင်ပေါက်တဲ့နေရာမဟုတ်ပဲ တခြားနေရာတွေမှာ အမွှေးအ မှင်တွေ ပေါက်လေ့ ရှိခြင်း ၊ ရင်သားများသေးသွားခြင်း ၊ အိမ်ထောင်ရေးအပေါ် Sex အားငြီးငွေ့စိတ်ပျက်၍ ငြင်း ပယ်နေခြင်း စတဲ့ လက္ခဏာတွေဖြစ်ပါတယ် ။ ဘာကြောင့်လည်းဆိုတော့ ဒီအကျိတ်ရှိပြီဆိုရင် မိန်းကလေး သွင်ပြင်တွေလျော့ နည်းသွားပြီး ယောင်္ကျားလေး ဟော်မုန်းတွေ steroid ဟော်မုန်းတွေများလာပြီး ဒီလို လက္ခဏာတွေဖြစ်လေ့ရှိပါတယ် ။ ဒါကတော့ ပုံမှန်ရာသီပေါ်လာပြီးမှ ပြန်ပျောက်သွားတဲ့သူတွေမှာ သတိထား ရမယ့်အပိုင်းတွေပါ ။ သွေးသားအပြောင်းအလဲမှာ ကိုယ်အလေးချိန် တအားတိုးခြင်း တအားပိန် သွားခြင်းစတာတွေလည်းကြုံရလေ့ရှိပါတယ် ။ ဒါ့အပြင် လည်ပင်းက Thyroid ဆိုတဲ့အကျိတ်တစ် မျိုးအရမ်းအလုပ်လုပ်ရတဲ့အခါ Hyperthyroidism ဖြစ်ပြီး သွေးမပေါ်တော့တာလည်းရှိတတ်ပါတယ် ။ ဒါပေမယ့် သူ့ပြောင်းပြန် သိုင်းရွိုက် ဂလန်းက အလုပ်လုပ်တာနည်းလို့ Hypothyroidism ဖြစ်ပြီဆိုရင်တော့ သွေးဆင်းတာ များလာတတ်ပါတယ် ။ Hyperthyroidism ရဲ့ လက္ခဏာတွေကတော့

- အပူဒါဏ်မခံနိုင်ခြင်း
- ရင်တုန်ပြီး ညဖက်အိပ်မပျော်ခြင်း
- အပူမခံနိုင်ပဲ အအေးခံပြီး အစားပိုစားလာခြင်း
- မျက်လုံးအပြင်ဖက် ပြူးထွက်လာခြင်း
- နှုတ်ခမ်းမွှေးရေးရေးပေါ်လာခြင်း
- လည်ဇလုပ် ထွက်လာခြင်း
- ရင်သားများသေးလာခြင်း
- ဆီးခုံမွှေးအထက်တက်လာပြီး ပိုများလာခြင်း
- အသံသြလာခြင်း

စတာတွေဖြစ်ပါတယ် ။ ကဲ ဒီလိုဆိုရင် Primary Amenorrhea အကြောင်း ဆက်ပြီးလေ့လာကြည့်ကြရအောင် ။ သူ့ကိုဖြစ်စေတဲ့အကြောင်းတွေကတော့ မွေးစဉ်ကတည်းက သားအိမ် ၊ သားအိမ်လည် တံ ယောနိမိန်း မကိုယ်ပါ လာခြင်း ကြောင့်ဖြစ်တတ်ပါတယ် ။ မွေးကတည်းက မပါလာတဲ့ချို့ယွင်း ချက်ကြောင့် သွေး ဆင်းဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး ။ တချို့ အမျိုးသမီးတွေရဲ့ မိန်းမကိုယ်ဟာ အပြည့်မပါလာ တာတွေရှိ တတ်ပါတယ် ။ အချိုင့်ကလေး ငါးပုံတစ်ပုံ ခြောက်ပုံတစ်ပုံလောက်ပဲပါလာတယ် ။ ဆိုလိုတာက မိန်းမကိုယ် အပေါ်ပိုင်း သုံးပုံ နှစ်ပုံလောက်က မဖွံ့ဖြိုးပဲ သားအိမ်လည်းဖြစ်ပေါ်မလာဘူး ။ သားဥလောက်ပဲရှိတဲ့ အမျိုးသမီးတွေမှာ မီးယပ်သွေးလုံးဝမပေါ်ပါဘူး ။ နောက်တစ်ခုကတော့ သားဥရော သားအိမ်ရော မိန်းမကိုယ်ရော အစုံပါလာတယ် ။ ဒါပေမယ့် Imperforate hymen လို့ခေါ်တဲ့ အမြှေးပါးက ဖုံးနေတဲ့အ တွက် သွေးမ ဆင်းနိုင်ပဲ သွေးတွေ စုနေတာမျိုးဖြစ်တတ်ပါတယ် ။ အသက် ၁၇ ၊ ၁၈ ရောက်တော့မှ ဗိုက်ထဲအလုံးကြီး ကြီးလာလေ့ ရှိပါတယ် ။ နောက်တစ်ချက်ကတော့ အမျိုးသမီး တစ်ယောက်မှာ သွေးအား အရမ်းနည်းလို့ရှိ ရင်လည်း သွေးမ ဆင်းတတ်ပါဘူး ။ ဥပမာ သံဓါတ်ချို့တို့ လို့ သွေးအားနည်းရောဂါဖြစ်တာတို့ Haemoglobin < 6 mg % ဆိုရင် သွေးထိမ် တတ်ပါတယ် ။ ဒါ့အပြင် တစ်ကိုယ်လုံးပိန်ခြုံးချို့တဲ့တဲ့အခြေအနေတစ်မျိုးဖြစ်တဲ့ General Disabiliy မှာလည်း အားပြတ်သွားတဲ့အခါ သွေးမဆင်းတော့တာတွေဖြစ်တတ်ပါတယ် ။


စမ်းသပ်စစ်ဆေးမှုတွေနဲ့ ကုသမှုအပိုင်းတွေကို ဆက်လက်ရေးသားပါဦးမယ် ။

Ref : Internet / Wikipedia / Gynaecology

သက်တန့်ချို

Health For All Magazine : March-2012 Issue

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, March 12, 2012

ပြောချင်ပါသေးတယ် -- အမေ



ပြောချင်ပါသေးတယ် -- အမေ

အမေ
ကြယ်တွေလင်းလက်လာကြပြီလို့တော့ လူတိုင်းပြောနေကြတယ်
ကျွန်တော်တို့ အခြေခံလူတန်းစားတွေမှာတော့ ကောင်းကင်တောင်ပျောက်နေတာကြာခဲ့ပေါ့
ကြယ်ဆိုတာကရော တကယ်ပဲရှိပါ့မလား အမေ
တခါတခါ အနာဂါတ်ဆိုတာ ရှိပါ့မလားလို့ ကျွန်တော်တွေးနေမိတယ်
လူတွေဘာကြောင့် အချင်းချင်း သတ်ဖြတ်ကြသလဲ
လူတွေဘာကြောင့် စစ်ပွဲတွေကြားမှာ သွေးတွေမြေခစေရသလဲ
လူတွေဘာကြောင့် ငွေစက္ကူတွေကြောင့် အချင်းချင်းမုန်းတီးနေကြသလဲ
ကျွန်တော် တကယ့်ကို နားမလည်တာပါအမေ

အမေ
သဘာဝတရားက အေးချမ်းလွန်းလှတယ်အမေ
စမ်းချောင်းလေးတွေ ကျေးငှက်လေးတွေ တောအုပ်ကလေးတွေနဲ့
အရာရာဟာ တေးသံသသာတွေနဲ့ပေါ့အမေ
အားနာတတ်ခြင်းဟာ ပျော့ညံ့ခြင်းတစ်ခုလား - -
မြန်မာတွေ အားနာတတ်တာလား ပျော့ညံ့နေတာလား အမေ ဖြေပါဦး
ကြာလာရင် အမိမြန်မာပြည်မြေပုံပါ ပျောက်ဆုံးရမဲ့ အရေး
ကျွန်တော်တွေးရင်းရင်လေးနေမိတော့တယ်

အမေ
အခွင့်ထူးခံလူတန်းစားဆိုတာ တကယ်ရှိသလားဟင်
စတေကာကပ်တဲ့ကားတွေမစီးရဆိုပြီး--
ရန်ကုန်မြို့ကြီးမှာ စတေကာကပ်တဲ့ကားတွေ အများကြီးပါလားအမေ
အထဲမှာ အဲကွန်းတပ်စက်ကြီးတွေနဲ့ ဒီအငြိမ့်စားကားကြီးတွေပေါ်မှာရှိနေတာ
ကျွန်တော်တို့လို လူသားတွေပဲလားအမေ
တခါတခါ တော့လည်း ကျွန်တော်ငေးကြည့်နေမိတယ်
အနိမ့်အမြင့် အတက်အကျ လောကဓံတွေအကြောင်းပေါ့ အမေရယ်

အမေ
အခု ဆယ်တန်းတွေ စာမေးပွဲဖြေနေကြပြီအမေ
တီဗွီတွေတိုးတိုးဖွင့်ကြဖို့ သီချင်းတိုးတိုးဖွင့်ကြဖို့
သူတို့ လော်စပီကာအကျယ်ကြီးတွေနဲ့ လိုက်အော်နေကြတယ် အမေ
အရေးကြီးတဲ့အချိန်တွေပေါ့အမေရယ်
မကြာခင်မှာလည်း ကြားဖြတ်ရွေးကောက်ပွဲကြီးစတော့မယ်အမေရဲ့
ဒါ့အပြင် စေတနာများစွာဖြင့်---
၁၅ သိန်းဖုန်းတွေကို ၁၃ သိန်းအရှုံးခံလို့ ၂ သိန်းနဲ့ရောင်းဦးတော့မယ်အမေရေ
ကျွန်တော်ဖြင့် မ၀ယ်နိုင်သေးပါဘူးအမေ - - သိန်းဂဏန်းဆိုတာ
ကျွန်တော်တို့လို လူတွေအတွက်တော့ အိပ်မက်တစ်ခုဖြစ်နေတုန်းပါအမေ
ကျွန်တော်တို့လည်း ဖုန်းကိုင်ချင်ပါတယ်
ကျွန်တော်တို့လည်း စတေကာကပ်ကားကြီးတွေစီးချင်ပါတယ်
ကျွန်တော်တို့လည်း လူပေါ်လူကျော်တွေလုပ်ချင်ပါသေးတယ်
ဒါပေမယ့် အမေရယ် - - -

အမေ
ဘာလိုလိုနဲ့ အတာသင်္ကြန်တောင်ရောက်တော့မယ်အမေ
အမေရော နေကောင်းပါရဲ့လား
အမေဟာ ကျွန်တော်တို့အတွက် ကြယ်တစ်ပွင့်ပါ
ဟိုး စကြ၀ဌာအထိလင်းတယ်
ဟိုး ကမ္ဘာ့အပြင်ဖက်အထိလင်းတယ်
ကျွန်တော်တို့ အနာဂါတ်တွေမှာ
ကိုယ်စီမျှော်လင့်ခြင်းတွေနဲ့
အိပ်မက်တွေ ခင်းကျင်းချင်သေးတယ် အမေရယ် ----။

သက်တန့်ချို
Mar-12-2012

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, March 9, 2012

ဘ၀မှာ ဘာအရေးအကြီးဆုံးလဲ ?

ဘ၀မှာ ဘာအရေးအကြီးဆုံးလဲ ?



တစ်ခါတုန်းက အတွေးအခေါ်ပညာရှင်တစ်ဦးဟာ စာသင်ခန်းထဲမှာ အတွေးအခေါ်ပညာ ရပ်တွေ ဟောပြော ဖို့ရောက်ရှိနေတယ် ။ သူ့ရှေ့ကစားပွဲပေါ်မှာ ပစ္စည်းအချို့တင်ထားပြီး သူ မတ်တပ်ရပ်လိုက်တယ် ။ စကား တစ်ခွန်း မှ မပြောပဲ ပထမဆုံးသူ အလွန်ကြီးတဲ့ ဖန်ခွက်တစ်ခွက်ကို ယူလိုက်ပြီး အထဲကို ကျောက် တုံးခပ် ကြီးကြီးတွေ ဖြည့်လိုက်တယ် ။

ပြီးတော့ သူ့တပည့်တွေကို ဖန်ခွက်ပြည့်ပြီလားလို့မေးလိုက်တယ် ။ အကုန်လုံးက ပြည့်ပါပြီ လို့ပြန်ဖြေတယ် ။

ပြီးတော့ အတွေးအခေါ်ပညာရှင်ဟာ ကျောက်စရပ်ခဲထည့်ထားတဲ့ခွက်ကလေးကိုယူပြီး ဖန်ခွက်ထဲ လောင်း ထည့်လိုက် ပြန်တယ် ။ ပြီးတော့ သူဟာ ဖန်ခွက်ကို ဖြေးဖြေးချင်းလှုပ်လိုက်တယ် ။ ကျောက်စရစ် ခဲလေးတွေ ဟာ နေရာ တစ်ခုနဲ့တစ်ခုကြားက နေရာလွတ်လေးတွေဆီ လိမ့်ဝင်သွားခဲ့တယ် ။

သူ့တပည့်တွေကို နောက်ထပ်ဖန်ခွက်ပြည့်ပြီလားလို့ မေးပြန်တယ် ။ အကုန်လုံးက ပြည့်ပါပြီလို့ပြန်ဖြေတယ် ။

အတွေးအခေါ်ပညာရှင်က သဲတွေထည့်ထားတဲ့ခွက်ကလေးကိုယူပြီးဖန်ခွက်ထဲလောင်းထည့်လိုက်ပြန်တယ် ။ သဲတွေ ဟာ ကျောက်စရစ်ခဲ ကြားလေးတွေကနေ တိုးဝင်သွားပြီးဖန်ခွက်တစ်ခုလုံးပြည့်သွားခဲ့တယ် ။

ပြီးတော့ သူ့တပည့်တွေကို ဖန်ခွက်ပြည့်ပြီလားလို့ မေးပြန်တယ် ။ ကျောင်းသားတွေကလည်း ထုံးစံအ တိုင်းပြည့် ပါပြီလို့ ပြန်ဖြေခဲ့တယ် ။

အတွေးအခေါ်ပညာရှင်ကပြောတယ် ။ ` အခု ကျွန်တော် ခင်ဗျားတို့ကို ပြောချင်တာကတော့---

ဒီဖန်ခွက်ကလေးကို ခင်ဗျားတို့ ဘ၀ နဲ့ ကိုယ်စားပြုချင်တာပါပဲ ကျောက်တုံးအကြီးကြီးတွေက ဘ၀ရဲ့ အရေးကြီး အစိတ်အပိုင်းတွေဖြစ်တယ် -- ခင်ဗျားတို့ မိသားစု ခင်ပွန်း ဇနီး ကျန်းမာရေး ခင်ဗျားတို့ကလေးတွေ အစရှိ သဖြင့်ပေါ့ အကယ်၍ အဲဒီထဲက တချို့အရာတွေ ဆုံးရှုံးသွား တာတောင်မှ ခင်ဗျားရဲ့ ဘ၀ဟာ ပြည့် နေတုန်းပဲ

ကျောက်စရစ်ခဲလေးတွေကတော့ ခင်ဗျားရဲ့ အလုပ် ၊ အိမ် ၊ ကား အဲဒါတွေကို ကိုယ်စားပြုတယ်---သဲတွေ ကတော့ အရာအားလုံးပါပဲ သေးငယ်တဲ့အရာအားလုံးကိုရည်ညွှန်းပါတယ် ´

ပြီးတော့ အတွေးအခေါ်ပညာရှင်ကဆက်ပြောတယ် ။

` အကယ်၍ ဖန်ခွက်ထဲကို သဲတွေသာ အရင်ထည့်လိုက်မယ်ဆို ရင် ကျောက်စရစ် ခဲတွေ ကျောက် တုံးတွေအ တွက် နေရာရှိမှာမဟုတ်ပါဘူး -- ဒါဟာ ဘ၀ နဲ့ အတူ တူပါပဲ -- အကယ်၍ ခင်ဗျားတို့ဟာ သေးငယ်တဲ့ အကြောင်း အရာတွေ ကိစ္စတွေအတွက်နဲ့ ခင်ဗျားအချိန်တွေကို ကုန်ဆုံးစေမယ်ဆိုရင် ခင်ဗျား ဘ၀အတွက် အရေးကြီးတဲ့ အရာတွေထည့်ဖို့ ခင်ဗျား ဘ၀မှာ အခန်းလွတ်တွေမရှိတော့ပါဘူး -- ခင်ဗျား ရဲ့ ပျော်ရွှင် မှုအစစ်အ မှန်ကို ပေးစေတဲ့အရာတွေကို အာရုံစိုက်ပါ ခင်ဗျားရဲ့ ကလေးတွေနဲ့ဆော့ကစားပါ ခင်ပွန်း ၊ ဇနီးကို လက်တွဲပြီးလျှောက်လည်ပါ အလုပ်ကိုကြိုးစားပါ အိမ်ကို သန့်ရှင်းအောင်ထားပါ ညစာစားပွဲလေးကျင်းပပါ ´

` ကျောက်တုံးကျောက်ခဲနဲ့တူတဲ့ အရာတွေကို အရင်ဆုံးခင်ဗျားဘ၀ထဲကို လောင်းထည့်ပါ ဒုတိယအနေ နဲ့ ကျောက် စရစ်ခဲနဲ့တူတဲ့အရာတွေကို လောင်းထည့်လိုက်ပါ ဘာကို ဦးစားပေးရမလဲဆိုတဲ့ Priorities ကို စဉ်းစား ပါ ကျန်တာတွေကတော့ သဲပွင့်တွေချည်းပါပဲ ။

#########################

အရမ်းကောင်းတဲ့ ဥပမာပေးလေးပါပဲ ။ ကျောက်တုံးတွေနဲ့တူတဲ့ မိဘ ၊ ခင်ပွန်း ၊ ကျန်းမာရေး ၊ မိသားစု စတဲ့အရေးကြီးတဲ့ အရာတွေကို ကျွန်တော်တို့ အနေနဲ့ ပထမဦးစားပေးသတ်မှတ်ရပါလိမ့်မယ် ။ ကျောက်စရစ် ခဲနဲ့တူတဲ့ အလုပ်၊ အိမ် ၊ ကား စတာတွေကိုတော့ ဒုတိယအဆင့်မှာပဲထားရပါလိမ့်မယ် ။ ကျန်တာတွေ ကတော့ သေးငယ်တဲ့အစိတ်အပိုင်းတွေဖြစ်တဲ့ သဲပွင့်လေးတွေပါပဲ ။ ကျွန်တော်တို့အများစုဟာ ဘာအရေးကြီး ဆုံးလဲဆိုတာ မစဉ်းစားကြပဲ သဲပွင့်တွေ ကျောက်စရစ်ခဲတွေကို ဘ၀ဆိုတဲ့ ဖန်ခွက်ကြီး ထဲ လောင်းထည့်နေ မိကြတယ် ။ အဲဒီအခါ ဖန်ခွက်ကပြည့်သွားပြီဖြစ်တဲ့အတွက် တကယ် အရေးကြီး တဲ့ ကျောက်တုံး နဲ့တူတဲ့အ ရာတွေ ထပ်မ ထည့်နိုင်တော့ပါဘူး ။ အားလုံးပဲ ဘ၀ကို ဖြတ်သန်းတဲ့အခါ အထက်ပါ ဥပမာလေးကို သင်ခန်းစာ ယူကြပါစို့ ။

သက်တန့်ချို
March 9 -2012

The important things in life အား ဘာသာပြန်ခံစားသည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................