Wednesday, March 14, 2012

ရာသီသွေးမပေါ်ခြင်း - အပိုင်း ၂

ရာသီသွေးမပေါ်ခြင်း - အပိုင်း ၂



ရာသီသွေးမပေါ်ခြင်းအကြောင်းနဲ့ ဘာကြောင့်ဖြစ်ရသလဲဆိုတဲ့အကြောင်းတွေ ဖော်ပြပေးပြီးသွားတဲ့နောက် ယခုအ ခါ ရာသီသွေးမပေါ်ခြင်းအပိုင်း ၂ ကို ဆက်လက်တင်ပြလိုက်ရပါတယ် ။

စုံစမ်းစစ်ဆေးမှုများအကြောင်း

ရာသီသွေးမပေါ်ခြင်းအကြောင်းကို ဘာကြောင့်မပေါ်ရသလဲ စုံစမ်းဖို့အတွက် လူနာရဲ့ ရောဂါ ရာဇ၀င် (Proper history taking ) ၊ တစ်ကိုယ်လုံးစမ်းသပ်ခြင်း ( Physical Examination ) နဲ့ အတွင်းပိုင်း စမ်းသပ်ခြင်း ( Vaginal Examination ) တို့လုပ်ရပါမယ် ။အဲဒီလိုလုပ်လို့ ကိုယ်ဝန်လည်းမရှိဘူး ဆိုရင်တော့ လူနာအ တွက် လောလော ဆယ် စိတ်အေးရပါပြီ ။ ဒါပေမယ့် အကြောင်းအရင်းမှန်ကိုစုံစမ်းဖို့အတွက် ဒီထက်ပိုတဲ့ စမ်းသပ် မှုတွေလုပ်ဖို့ လိုပါဦးမယ်

သွေးစစ်ဖောက်ခြင်း ( Blood for CP ) ကို လုပ်ဖို့လည်းလိုပါတယ် ။ အကယ်၍ လည်ပင်း အကျိတ် လက္ခဏာ များရှိခြင်း (သို့မဟုတ် ) Hyperthyroidism လို့ များ သံသယရှိမယ်ဆိုရင်တော့ သိုင်းရွိုက်ဂလင်းန် ရဲ့ အလုပ်လုပ်ဆောင်မှုအခြေအနေကို သိရဖို့အတွက် Thyroid function test လုပ်ပေးဖို့လိုပါတယ် ။ ဒါ့အပြင် Adrenal gland ရဲ့ အလုပ်လုပ်ဆောင်မှုအခြေအနေကို သိရဖို့အတွက်လည်း Adrenal function test လုပ်ဆောင်ပေးဖို့လိုပါတယ် ။ တခြားအဖြစ်များတဲ့ရောဂါတွေဖြစ်တဲ့ တီဘီအတွက် လည်း သလိပ်စစ်ခြင်း ဓါတ်မှန် ရိုက်ခြင်း စတာတွေလုပ်ဖို့လိုအပ်ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးကို ခြုံကြည့်ပြီး အားနည်းနေသလား ပိန်ချုံးနေ သလား စတာတွေကို ဆန်းစစ်ဖို့လည်းလိုပါတယ် ။



Vaginal Examination လုပ်ခြင်းဖြင့်သိနိုင်တာတွေကတော့ တခါတရံ အမျိုးသားဟော် မုန်းတွေသိပ် များနေ လို့ သွေးမဆုံးသော်လည်း သားအိမ်ရဲ့အရွယ်ဟာ ရှိသင့်ရှိထိုက်တဲ့ အရွယ်မဟုတ်ပဲ သေးသွားခြင်း (Atropic changes ) ကိုတွေ့ရတတ်ပါတယ် ။ History taking မှာလည်းပဲ အလွန်ပဲ အသုံးတည့်တာတွေရှိတတ်ပါတယ် ။ ဥပမာ ကလေးမွေးပြီးသွေးသွန်ခြင်းကို Post partum haemorrhage လို့ခေါ်ပါတယ် ။ အဲဒီလို ဖြစ်တဲ့အခါ အချိန်အတော်ကြာကြာ shock ဖြစ်သွားလို့ရှိရင် ဦးနှောက်ကို သွေးထောက်ပံ့မှုက ပြတ်သွားတတ်ပါတယ် ။ အဲဒီအချိန်မှာဆိုရင် ဦးနှောက်မှာရှိတဲ့ Pituitary gland ကို သွေးပြတ်ပြီး အလုပ်အလုပ်တော့ပါဘူး ။ အဲဒီလိုအခြေအနေမျိုးကိုတော့ pituitary necrosis လု့ခေါ်ပါတယ် ။ အဲဒီလိုအခြေ အနေမျိုးကြုံတွေ့ပြီး ရင် နောက်ပိုင်း သွေးတောက်လျှောက်ထိမ်သွားတတ်ပါတယ် ။ ရင်သားတွေသေး သွားပြီး အမွှေးအမျှင်တွေ ထူလာတယ်။ အမျိုးသမီးနဲံတူတဲ့လက္ခဏာတွေဘာမှမရှိတော့ဘူး ။ ဒါကြောင့် ကလေးမွေးပြီး သွေး သွန်သွေးလန့် တာဖြစ်လို့ သွေးထိမ်သွားတာဆိုရင်တော့ အဲဒါဟာ Post Partum Pituitary Necrosis ဖြစ်တာကြောင့် ဆိုတာ ကို ထည့်သွင်းစဉ်းစားဖို့လိုပါတယ် ။

သွေးဖောက်စစ်တာတွေအားလုံးစုံသွားပြီဆိုရင်တော့ Ultrasound စစ်ဖို့လိုပါတယ် ။ ဒါကြောင့် နားလည်တတ် ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသခြင်းအားဖြင့် ဘာကြောင့်သွေး ထိမ်ရသလဲဆိုတဲ့အကြောင်းအ ရင်းအမှန် ကိုသိရ မှာဖြစ် ပါတယ် ။

သွေးထိမ်ခြင်းအတွက် ကုသမှုပိုင်းဆိုင်ရာများ

ပထမဆုံးအနေနဲ့ လူနာနဲ့ လူနာရဲ့ အဒေါ် သို့မဟုတ် မိခင် ဆွေမျိုးတွေကို Counselling( နှစ်သိမ့်ပေးခြင်း ) လုပ်ဖို့လိုပါတယ် ။ စိတ်ဓါတ်မကျဖို့နဲ့ အားမငယ်ဖို့ အကယ်၍များ ဆရာဝန်အနေ နဲ့ဘာတွေလုပ်ပေးနိုင်ကြောင်း တခါတည်းပြောရသလို ပြုပြင်ဖန်တီးပေးဖို့မရတဲ့ ရှားရှားပါးပါးကိစ္စဆိုလည်း တခါတည်းရှင်းပြလိုက်ရပါတယ် ။ အကယ်၍ ရာသီထိမ်သွားတယ် ငုပ်သွားတယ်ဆိုရင်လည်း ကိုယ်ဝန်ရှိမရှိ ကို Urine for UCG ဆီးစစ်ခြင်းနဲ့ Ultrasound ရိုက်ပြီး ကိုယ်ဝန်ရှိမရှိ စစ်ခြင်းတို့ကို လုပ်ပေးဖို့လိုပါတယ် ။ ကိုယ်ဝန်လည်းမရှိပဲ ထိမ်နေတယ် ဆိုရင်တော့ စုံစမ်းစစ်ဆေးမှုတွေဆက်လုပ်ပေးရပါမယ် ။ ဥပမာ အသားဓါတ်ချို့ တဲ့လို့ သွေးအား သိပ်နည်း လို့ သွေးမပေါ်ဘူးဆိုရင်တော့ အသားဓါတ်တွေ များလာအောင် သံဓါတ်များလာအောင် ကုသပေးမယ် ဆိုရင်တော့ သွေး က အလိုလို ပြန်ပေါ်လာတတ်ပါတယ် ။

စိတ်သောကများပြီး စိတ်တွေထွေပြားနေလို့ သွေးမပေါ်ဘူးဆိုရင်လည်း စိတ်ငြိမ်ဆေးပေးပြီး သူ့စိတ်ဓါတ် ကိုမြှင့် တင်ပေးခြင်း ဘာရောဂါမှ မရှိဘူးဆိုတာကို ရှင်းပြပေးခြင်းအားဖြင့် ကုသပေးနိုင်ပါတယ် ။ အစွန်းရောက်နေ တဲ့စိတ်ခံစားမှုအခြေအနေတွေ ပုံမှန်ပြန်ဖြစ်သွားတာနဲ့ သွေးအလိုလို ပြန်ပေါ်လာတာမျိုး လည်းရှိပါ တယ် ။ အချိန်တိုတိုလေးနဲ့ သိပ်ဝလာတဲ့လူတွေမှာလည်း ဒီအတိုင်းပါပဲ ။ weight လျော့ခိုင်းလိုက်လို့ ပုံမှန်အတိုင်းပြန် ဖြစ်လာတယ်ဆိုရင် ဘာဆေးမှတောင်ပေးစရာမလိုပါဘူး ။ အဲဒီလိုပဲ ၀နေရာက သိပ်ပိန်သွားတဲ့ လူဆိုရင်လည်း နဂိုအတိုင်းဖြစ်အောင် ပြန်လုပ်ပေးခြင်းအားဖြင့် ရာသီသွေးပြန်မှန်သွားလေ့ရှိပါတယ် ။ အဆုတ်တီဘီ အကျိတ်တီ ဘီတွေရှိရင်လည်း တီဘီရောဂါကို ကုလိုက်ရင် အလိုလိုပြန်ပေါ်လာတတ်ပါတယ် ။ ဒါကြောင့် ဖြစ်တဲ့ အကြောင်းအရင်းကို သေသေချာချာရှာဖွေပြီးကုဖို့လိုပါတယ် ။ အဲဒီလိုမဟုတ်ပဲ ဘာကြောင့်ပဲ ထိမ်ထိမ် ထိမ်ပြီဆိုတာနဲ့ များသောအားဖြင့် ဆေးမီးတိုတွေသုံးပြီးကုလေ့ရှိကြတယ် ။ ဆရာဝန်တွေအနေ နဲ့လည်း သွေး ထိမ်ပြီ ဆိုတာနဲ့ Duogynon တို့လို Menstrogen တို့လို သွေးပေါ်တဲ့ထိုးဆေးတွေ ထိုးတာတွေ နှစ် ရက်ဆက်တိုက်ထိုးတာတွေရှိပါတယ် ။ အဲဒီလိုထိုးလိုက်ခြင်းအားဖြင့် ခဏတုံ့ပြန်ပြီး သွေး နည်းနည်းပြန် ဆင်း တယ် ။ စားဆေးလည်းအဲဒီအတိုင်းပါပဲ ။ ပြန်ပေါ်လာတယ် ။

အဓိကပြဿနာက သားအိမ်တို့ ၊ ခန္ဓာကိုယ်တည်ဆောက်မှု ၊ ထိမ်းချုပ်မှုတွေကစားဆေးထိုးဆေးတွေကို ကျင့်သာ့းရသွားပြီးတော့နောက်ဆိုရင် ဆေးမထိုးဆေးမသောက်ရင်မပေါ်တော့ဘူး ။ ဒီတော့ သွေးမဆုံးခင်အထိ ဒီဆေးတွေဆောင် ထားရမလိုဖြစ်နေတဲ့အတွက် အဆင်မပြေလှပါဘူး ။ ဒါကြောင့် ဘာကြောင့် သွေးထိမ် ရသလဲ ဆိုတဲ့ Cause ကို ရှာပြီး မှသာ အဲဒါလေးကို ပြန်ပြင်လိုက်ယုံနဲ့ ကိုယ်ဝန်မရှိပဲ ထိမ်နေရင်အ ချိန်မှန်ပြန်လာပါတယ် ။ တခါတရံ ဆယ်ကျော်သက်ကလေးတွေမှာ အပျိုမြှေး (Hymen ) ထူနေတဲ့အတွက် ပိတ်နေ လို့ သွေးမ ဆင်းတာဆိုရင်တော့အဲဒီ အပျိုမြှေးကို ဖောက်ပေးလိုက်ရင် သွေးပြန်ဆင်းနိုင်ပါပြီ ။ ကိုယ်ဝန်ကြောင့် မဟုတ်ဘူး ဆိုရင် ဦးနှောက်မှာရှိတဲ့ Pituitary အကျိတ်ကြီးတဲ့ အကြောင်းကို ထည့်သွင်းစဉ်းစားဖို့လိုပါတယ် ။ ဒါပေမယ့် အဲဒီအကျိတ်ကြီးမကြီးဆိုတာကတော့ ဓါတ်မှန်ရိုက်ယုံလောက်နဲ့မရပါဘူး ။ CT scan ရိုက်ဖို့လိုတယ် MRI ရိုက်ဖို့လိုပါတယ်။ အကျိတ်က သိပ်မကြီးလှပဲ သေးသေးလေးပဲတွေ့တယ်ဆိုရင်တော့ Broomocriptine ဆိုတဲ့ဆေး ကို ရေရှည်စားပေးရပါတယ် ။ တစ်နှစ်၊ နှစ်နှစ် သုံးနှစ်အစရှိသဖြင့်ပေါ့ ။ အကျိတ်က ခွဲစရာမ လိုပဲကျုံ့သွားတတ်ပါတယ် ။ ဆေးစားယုံအဆင့်နဲ့မရဘူးဆိုရင်တော့ ဦးနှောက်ကို ခွဲစိတ်မှုလုပ်ဖို့ လိုပါတယ် ။ ခွဲစိတ်ဖို့မလိုဘူးဆိရင်လည်း အဲဒီအကျိတ်ကို သေချာချိတ်ပြီး ဂါန်မာရောင်ခြည်နဲ့ပစ်ရပါတယ် ။ လေဆာ ပစ်သလိုမျိုးပါပဲ ။ အဲဒါလုပ်ရင်တော့ ခေါင်းကိုဖွင့်ပြီးခွဲစရာမလိုပါဘူး ။

အဆုံးသတ်အနေနဲ့ပြောရရင်တော့ သွေးမပေါ်ခြင်းဟာ သာမန်အဆင့်လောက်ကနေ လူမှုရေးတွေနွယ် လာတဲ့အ ထိဖြစ် တတ်ပါတယ် ။ ဥပမာ မိဘတွေမသိပဲ ကိုယ်ဝန်ရှိလာမှာကိုစိုးရိမ်တာမျိုး အိမ်ထောင်ရှိ ရက်နဲ့မလို ချင်ပဲ ကိုယ်ဝန်ရလာမှာမျိုး တို့ပေါ့ ။ ဆယ်ကျော်သက်နေ အိမ်ထောင်သားမွေး တဲ့အရွယ်အ ထိအမျိုးသမီးတိုင်းက သွေးမဆုံးသေးတဲ့အချိန်မှာ လစဉ်သွေးပေါ်နေကျ မပေါ်တာရှိတယ် နှစ်လ သုံးလ မပေါ်ရင်သာမန်အားဖြင့် သိပ်ပြဿနာမဟုတ်ပါဘူး ။ တကယ်လို့ သွေးမပေါ်တာက မီးယပ်သွေးသားအိမ်ထဲမှာ မဖြစ်လို့ မပေါ်တာလည်းရှိပါတယ် ။ ဇြစ်ရဲ့သားနဲ့အောင်းနေတာမျိုးလည်းရှိပါတယ် ။ အမျိုးသမီးတော်များများက ဗိုက်ကြီးတွေကယ်နေပြီး တဗုံဗုံနဲ့ဖြစ်နေတယ် ကိုယ်တွေယားယံတယ် စိတ်ဓါတ်ကျတယ် အိမ်မပျော်ဘူး ကိုယန်ဝန်မရှိဘူးပြောတဲ့တိုင်အောင် ဒီလိုပြဿနာတွေကြုံနေရတဲ့အတွက် ဆရာဝန်တွေမအနေနဲ့ စိတ်ရှည်ဖို့ လည်းလိုပါတယ် ။ သေသေချာချာအချိန်ယူဖို့လည်းလိုပါတယ် ။ ဒါကြောင့်သွေး ထိမ်ခြင်း ဟာ သွေးအား အလွန်နည်းခြင်း အစရှိတဲ့သာမန်အကြောင်းကြောင့်ဖြစ်နိုင်သလို အသက်အန္တရာယ် ကြီးမား တဲ့ ဦးနှောက်အ ကျိတ်တည်တာအထိတိုင်တောင်ဖြစ်တတ်တဲ့အတွက် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ပြသဖို့လိုအပ်ပါကြောင်း တင်ပြပေးလိုက်ရပါတယ် ။

သက်တန့်ချို

Ref : Wikipedia / Gyanecology / Amenorrhea
Reproductive Health by Prof.Myint Mg Mg

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

3 comments:

  1. ကိုသက်တန့် ရေ

    ဆေးပညာပေး ဆောင်းပါးလေး တွေ အတွက် အထူးဘဲ ကျေးဇူးတင်မိပါတယ် ဖုန်း တဂ် ပိုစ့် လေး လည်း ရေးထားပြီးပါပြီ

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  2. ဗဟုသုတလေးဖတ်သွားပါတယ်ရှင့်

    ReplyDelete
  3. တော်တော်စိတ်ဝင်စားတယ်ဗျိုးးးးး

    ခင်မင်လျှက်

    ဒိုးကန်

    ReplyDelete