Wednesday, November 25, 2009

ဗီတာမင် B1 ချို့တဲ့မှုကြောင့်ဖြစ်သော သူငယ်နာရောဂါ (Beri Beri)

ဗီတာမင် B1 ချို့တဲ့မှုကြောင့်ဖြစ်သော သူငယ်နာရောဂါ (Beri Beri)



ဗီတာမင် ဘီဝမ်း ဆိုတာဘာလဲ ?

ဗီတာမင် ဘီဝမ်းကို သိုင်ယာမင်း (Thiamine ) လို့ခေါ်ပါတယ် ။ သူက ကစီဓါတ်တွေကို ဖြိုခွဲဖျက်ဆီး တဲ့ဖြစ်စဉ်မှာ အကူပစ္စည်း Co-Enzyme အဖြစ်ဆောင်ရွက်ပေးပါတယ် ။ Acetylcholine တွေဖြစ်ပေါ် လာဖို့အတွက်လည်း ဘီဝမ်းဟာ မရှိမဖြစ်လိုအပ်ပါတယ် ။ Acetylcholine ဆိုတာကတော့ Peripheral nervous system နဲ့ Central nervous system မှာ neurone တစ်ခုနဲ့ တစ်ခုကြားမှာ သတင်းအချက်အလက်တွေ သယ်ယူပို့ဆောင်ပေးတဲ့ neurotransmitter အဖြစ်ဆောင်ရွက်ပေးတဲ့ အရာဖြစ်ပါတယ် ။

Beri Beri သူငယ်နာရောဂါဆိုတာဘာလဲ ?

ဘယ်ရီဘယ်ရီဟာ ကလေးငယ် အသက် ၂ လမှ ၃ လအတွင်း တွေ့ရလေ့ရှိပါတယ် ။ အထူးသဖြင့် နို့တိုက်မိခင်တွေမှာ အမေက ဘီဝမ်းဓါတ်ချို့တဲ့နေခဲ့ရင်နို့စို့ကလေးငယ်တွေမှာ သူငယ်နာရောဂါ Beri Beri ဖြစ်ပွားနိုင်ပါတယ် ။

Beri Beri ဘယ်နှစ်မျိုးရှိသလဲ ?

၁ ။ နှလုံးနှင့်ဆက်နွယ်သော Cardiac form
ကလေးငယ်ဟာ အကောင်းကြီးကနေ ရုတ်တရက်ပြာနှမ်းလာတတ်ပါတယ် ။ ကလေးဟာ မောပန်းနေပြီး နှလုံးခုန်းနှုန်းတွေဟာလည်း မြန်နေပါမယ် ။ အနည်းဆုံး တစ်မိနစ်မှာ နှလုံးခုန်နှုန်း ၁၀၀ အထက်မှာ ရှိနေပါမယ် ။ ကလေးဟာ အသက်ရှုတဲ့နေရာမှာ ရှိုက်ရှိုက်ပြီးရှုနေရခြင်း ၊ မျက်နှာဖောင်းလာခြင်း ၊ ရောင်ရမ်းလာခြင်း ၊ အသဲကြီးလာခြင်း ၊ ဆီးသွားနဲ လာခြင်းတို့နဲ့ တွဲတွေ့ရပါတယ် ။

၂ ။ အသံနှင့်ဆက်နွယ်သော Aphonic form
၂၄ နာရီကနေ ၄၈ နာရီအတွင်းမှာ ကလေးဟာ ဆက်တိုက် ငိုလာနေရင်းကနေ တဖြည်းဖြည်းအသံတိမ်ဝင်လာပြီးနောက်ဆုံး အသံလုံးဝပျောက်သွားပါမယ် ။

၃ ။ ဦးနှောက်နှင့်ဆက်နွယ်နေသော Pseudomeningitic form
ဂဏာမငြိမ်ဖြစ်ခြင်း ၊ တက်ခြင်း ၊ သတိလစ်ခြင်း ၊ မေ့မျောနေခြင်းတို့နဲ့ တွဲတွေ့ရပါတယ် ။

Beri Beri မှန်းဘယ်လိုသိနိုင်မလဲ ?

၁ ။ ဘီဝမ်းတိုက်ကျွေးကြည့်ခြင်း (ယျေဘူယျအခြေအနေပြန်ကောင်းလာမယ် ၊ နှလုံးခုန်နှုန်းပုံ မှန်ပြန် ဖြစ်သွား မယ် ၊ အသဲအရွယ်အစားပြန်သေးသွားမယ် ၊ ၂ နာရီအတွင်းဆီးပြန်သွားမယ် ) ဒါဆိုရင်တော့ ကလေးဟာ ဘီဝမ်းချို့တဲ့လို့ ဘယ်ရီဘယ်ရီဖြစ်နေတယ်ပေါ့ ။
၂ ။ သွေးစစ်ကြည့်တဲ့အခါမှာ Lactic acid နဲ့ Pyruvic acid level တွေမြင့်တက်နေခြင်း
၃ ။ သွေးနီဥဆဲလ် Transketolase လျော့နည်းနေခြင်း

Beri Beri ကိုဘယ်လိုကုသမလဲ ?

အမေရော ကလေးရော တပြိုင်တည်းကုသရပါမယ် ။ ကလေးကို Vitamin B1 50mg ကို အသားဆေးတစ်ကြိမ်ထိုးပေးပြီး နောက်ပိုင်း ပါးစပ်ကနေ ဘီဝမ်းဆက်လက် တိုက်ကျွေးပါတယ် ။ အမေကို Vitamin B1 50mg ပါဝင်တဲ့ဆေးပြား သို့မဟုတ် B complex ပါဝင်တဲ့ဆေးပြား တစ်နေ့တစ်ပြားနေ့စဉ် ပုံမှန်တိုက်ကျွေးပါတယ် ။

Beri Beri ကို ဘယ်လိုကာကွယ်မလဲ ?

အမေက အထူးသဖြင့် ဗီတာမင်ဘီဝမ်းပါဝင်တဲ့ အစားအစာတွေကို လုံလောက်မျှတစွာ စားသုံးပေးရပါမယ် ။ (ဥပမာ ၀က်သား ၊ မြေပဲ ၊ ပဲအမျိုးအမျိုး )


ဘီဝမ်းဓါတ်ကို ဆုတ်ယုတ်စေတဲ့ ချေဖျက်ပေးတဲ့ Thiaminase ပါရှိတဲ့ ငါးတွေကိုတော့ ရှောင်ရှားရပါမယ် ။

စားရေးသူ.....သက်တန့်ချို (၁၀း၀၀ ည ၂၃.၁၁.၀၉)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

2 comments:

  1. Vitamin B1 50mg ကို တစ်နေ. တစ်လုံးနဲ. ဘယ်လောက်ကြာကြာသောက်နိုင်ပါသလဲ။ ဆက်သောက်ဖို.လိုမလို ဆရာဝန်နဲ.ပြန်ပြပါမှ သိနိုင်မှာလား။

    ReplyDelete
  2. ကျွန်တော် လက်တွေထုံကျင်နေလို့ ဆေးခန်းပြပါတယ်b1ချို့တဲ့တာလို့ပြောပါတယ် b1 အာဆေးပေးပါတယ် ကြာကြာစွဲသောက်ရင်ပြောသွားမှာပါလားခင်ဗျာ

    ReplyDelete