Monday, November 2, 2009

ကမ္ဘာကြီးပျက်တော့မယ်ဆိုရင်.....

ကမ္ဘာကြီးပျက်တော့မယ်ဆိုရင်.....

နှင်းနဲ့မာယာ ဘလော့က အစ်မနှင်း က တဂ်ထားခြင်းဖြစ်ပါတယ် ။ သိပ်ကိုကောင်းတဲ့ တဂ်လေးပါ ။ ဘာလို့လည်းဆိုတော့ အဲဒီရှုထောင့်ကနေ တစ်ခါမှ မစဉ်းစားဖူးလို့ဖြစ်ပါတယ် ။ လူ့သက်တမ်းက အခုဆိုရင် တဖြည်းဖြည်း ဆုတ်ယုတ်လာလိုက်တာ ပျမ်းမျှဆို အလွန်ဆုံးရှိလှ နှစ် ခြောက်ဆယ်ပေါ့ ။ ကမ္ဘာပျက်တာကို ကျနော်တို့ တကယ်ပဲ ကြုံတွေ့ရမှာလား။နှစ်က ၂၀၁၂ တဲ့ ။ အတော့ကို နီးကပ်နေပြီ ။ ကောလဟာလပဲ ဖြစ်ဖြစ် တကယ်ပဲ ဖြစ်ဖြစ် စိတ်ဝင်စားစရာတော့ ကောင်းပါတယ် ။ ငါဘာတွေလုပ်မလည်းဆိုတဲ့ အသိလေးတစ်ခု.........
..... ..........။ ဘယ်ရှုထောင့်ကနေကြည့်ကြည့် မဖြစ်နိုင်တာကို လုံးဝလက်ခံထားပေမယ့် ..အကယ်၍သာ ပေါ့နော်.. ......... .............။ ကမ္ဘာပျက်မယ့်နေ့မှာ.................................................................

၁ ။ ဘယ်သူတွေနဲ့ ရှိနေချင်ပါလိမ့် ။

ကိုယ့် ချစ်သူ၊ မိသားစုနဲ့ ဘလော့သူငယ်ချင်းတွေ ။ လောဘတော့သိပ်မကြီးပါဘူး ဟီး ...။ ကိုယ့်ရဲ့ အနီးစပ်ဆုံးပတ်ဝန်းကျင်က အဲဒီသုံးခုပဲ လေ အမှန်ပြောရရင် အိမ်နီးနားချင်း တွေကိုတောင် ဘလော့သူငယ် ချင်းတွေလောက် မရင်းနှီးဖူးဘူး ။

၂။ ဘာတွေခံစားနေရမလဲ။

သိပ်တော့ ထွေထွေထူးထူး မရှိပါဘူး ။ ကိုယ်တစ်ယောက်ထဲတောင်သေရဦးမှာပဲ တကမ္ဘာလုံးဆိုတော့ သိပ်ပြီးထူးထူးခြားခြား ခံစားရမှာမဟုတ်ပါဘူး ။ ပုံမှန်ပဲ စားလိုက် အိပ်လိုက် ရုံးသွားလိုက် ဆေးကုလိုက် ချစ်ခြင်းကဗျာတွေ ချစ်သူနဲ့ သီကုံးလိုက်ပေါ့ ။ ဟဟ ။

၃ ။ ပြင်ဆင်ထားတာလေးတွေ ။

ကိုယ်သွားရင် ဘာတွေပါလာမှာပါလိမ့် ။ မိသားစုလား သူငယ်ချင်းတွေလား ချစ်သူလား ... ။ ဘာမှမပါ လာနိုင်ဘူးလေ ။ တကယ်ပါလာမှာကတော့ ဒါနနဲ့ သီလ ကုသိုလ်ပဲပေါ့ ။ ဒါကြောင့် လမ်းဘေးမှာ အသက်ကြီးကြီးတွေ တောင်းစားတာတွေ့ရင် မမြင်ချင်ယောင်ဆောင်နေလေ့မရှိဘူး ။ ကျနော့မှာ ၁၀၀ ပါလာရင် ၅၀ ပေးခဲ့တယ် ။ ကျန်တဲ့ ၅၀ ကတော့အပြန်လမ်းစရိတ်ကိုး ဟီး.... ။

၎ ။ ၀မ်းနည်းမိမှာလား ။

လုံးဝ လုံးဝ မဖြစ်နိုင်ပါဘူး ။ ကိုယ်တို့အားလုံးရဲ့နောက်ဆုံး ပန်းတိုင်က သေခြင်းတရားလေ ။ သူက စောစောရောက်လာတော့လည်း ပန်းတိုင်ကို စောစောရောက်တာပေါ့ ။ ချောသည် ရုပ်ဆိုးသည် ပျိုသည် အိုသည် ချမ်းသာသည် ဆင်းရဲသည် အယုတ်အလတ်မရွှေး နောက်ဆုံးကတော့ .....သင်္ချီုင်းပါပဲ ။

၅ ။ ကြောက်လန့်မိမှလား ။

ဟဟဟဟ ကြောက်ရအောင် သူက ဘာမိုလို့တုန်း ။ သေခြင်းလေ ကျနော်တို့ရဲ့ မိတ်ဆွေကြီးပေါ့ ။ မေ၇ာက်ဖူးတဲ့ နယ်ပယ်ဒေသတွေဆီ သူက ရောက်အောင်ခေါ်သွားမှာမို့ သူ့ကိုတောင် အထူးကျေးဇူးတင်ရအုန်းမှာ ။ တိုင်းကျူး သေမင်းရေ...ခင်ဗျားရှိနေလို့သာ လူတွေ လောဘဒေါသ မောဟတွေ ဆက်လက်မလောင်ကျွမ်းနိုင်တာ .... ။

၆ ။ ကိုယ်နဲ့အတူဆောင်ထားချင်တာ..ရှိနေချင်တာ ။

အဆောင်လက်ဖွဲ့တွေလား ။ ကျနော့်အတွက်တော့ အလိုအပ်ပါဘူး ။ ဘာမှလည်း ရှိမနေချင်ဘူး ... ။ ပေါ့ပေါ့ပါးပါးလေးပဲ လေတိုက်တိုင်းလွင့်သွားတဲ့ သစ်ရွက်လေးတွေလို...ဘယ်ဆီကိုရောက်ရောက်.................။ ဒါပေမယ့် တစ်ခုလေးတော့ ရင်ထဲသိမ်းထားချင်တယ်...အဲဒါကတော့ လောက သစ္စာတရား............။

၇ ။ ဘာတွေရေးမိမလဲ ။

ထုံးစံအတိုင်း ထူးထူးဆန်းဆန်းလေးတွေ..... ။ ကဗျာလေးတွေ.....ဒါပါပဲ ဒီထက်တော့ပိုမယ်မထင်ဘူး ။

၈ ။ ဘာတွေများတွေးနေမိမလဲ ။

ချစ်သူ အဆင်ပြေရဲ့လား ။ ချစ်ခြင်းရဲ့ ကဗျာတွေ ...ငါကုသခဲ့တဲ့လူနာတွေကျန်းမာရဲ့လား ဘာတွေဆေးတွေ မှားပေးမိသလည်း သက်သာပါရဲ့လား ကွန်နက်ရှင်ကောင်းပါ့မလား ။ လူတွေလူတွေ ကမ္ဘာပေါ်မှာ ဘယ်လောက်များသွေး ပျက်နေကြမှာပါလိမ့် ။

၉ ။ ဒီလိုအချိန်မှာ ဂုဏ်ယူရမှာ ။

ဟုတ်တာပေါ့ တစ်သက်လုံးမှာ ကျနော်လုပ်ချင်တဲ့ အရာက သူငယ်ချင်းတွေစုပြီး ပျိုးခဲ့တဲ့ ပန်းဥယျာဉ်လေးပဲ ။ နာမည်က ပန်းပျိုးသူတို့ အလင်္ကာတဲ့ ။ အဲဒီအတွက် ကမ္ဘာပျက်သွားလည်း လေလှိုင်းပေါ်မှာ ကဗျာစာအုပ်လေး ရှိနေတုန်းပဲ ။ ကျနော်အမြဲတမ်း ဂုဏ်ယူနေတယ် ။

၁၀ ။ ရှာကြံပြီးဖြေသိမ့်လိုက်ပါ့မယ် ။

အင်း....ငါတတ်နိုင်သလောက် တော့ လူသားဆန်ခဲ့တာပဲလေ ။ ဘာလို့ဆို လောကကြီးမှာ လူသားမဆန်ပဲ အရိုင်းဆန်တဲ့ လူတွေ အများကြီးကို လူမှန်ရင် ခံစားတတ်ရမယ် ကြင်နာသနားတတ်ရမယ် ဖေးမရမယ် ကူညီရမယ် ။ ကိုယ်အသက်ရှုလိုက်တိုင်း သူများရဲ့ ရှင်သန်မှုပဲ ဖြစ်သင့်တယ် ။ တချို့ကတော့ တကယ့်ကို စက်ရုပ်ဆန်လွန်းတယ် ။

၁၁ ။ ကျူးရင့်ချင်တဲ့ ဥဒါန်း ။

အော်...ဘ၀..ဘ၀ ...ဒီလိုပါပဲ သူစေစားရာအထိသွားနေရဦးမှာပဲ သူက သေဆိုသေ ပျက်ဆိုပျက် ... ဟက်ဟက်....။

၁၂ ။ မှာချင်တဲ့မှာတမ်း ။

နေရာတိုင်း နေရာတိုင်းမှာ ငြိမ်းချမ်းရေးတည်ဆောက်ကြပါ ။ စစ်ပွဲတွေကို ရပ်တန့်ကြပါ ။ ကိုယ်က ပေါင်မုန့်တစ်လုံးစားနေတယ်ဆိုရင် ဆာလောင်နေတဲ့ ကလေးငယ်ကို တစ်ခြမ်းဖဲ့ကျွေးလိုက်ပါ ။ ငြိမ်းချမ်းရေး တရားတွေ ကမ္ဘာမြေပေါ်မှာ ပျံ့လွင့်နိုင်ပါစေ ............။

စာရေးသူ.....သက်တန့်ချို......(၁၁း၁၁ ည ၁.၁၁.၀၉)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

5 comments:

  1. ဟုတ်တာပေါ့ တစ်သက်လုံးမှာ ကျနော်လုပ်ချင်တဲ့ အရာက သူငယ်ချင်းတွေစုပြီး ပျိုးခဲ့တဲ့ ပန်းဥယျာဉ်လေးပဲ ။ နာမည်က ပန်းပျိုးသူတို့ အလင်္ကာတဲ့ ။ အဲဒီအတွက် ကမ္ဘာပျက်သွားလည်း လေလှိုင်းပေါ်မှာ ကဗျာစာအုပ်လေး ရှိနေတုန်းပဲ ။ ကျနော်အမြဲတမ်း ဂုဏ်ယူနေတယ် ။

    -------------------------------------
    အဲဒီစာအုပ်လေးထဲမှာပါခွင့်ရလို့...
    ကမ္ဘာပျက်သွားလဲ...
    အမှတ်တရလေးတစ်ခုအဖြစ်နဲ့.........

    ReplyDelete
  2. ပန်းပျိုးသူအလင်္ကာမှာကျွန်တော်လဲပါဝင်ခွင့်ရလို့
    အမြဲအမှတ်ရနေအုံးမှာပါ
း)
    ကမ္ဘာကြီးမပျက်ဖူးအစ်ကို
    ဗုဒ္ဓ ဓမ္မတွေမှာ ဒီအချိန်လို့မပြောထားလို့ပါ

    ReplyDelete
  3. ကိုသက်တန့်ရေ
    ပန်းမပျိုးမိတာ စိတ်မကောင်းဘူး..
    ကျန်းမာရေးအခြေအနေကြောင့်ပါ...
    နောက်ပန်းပင်စိုက်မယ်ဆိုရင်ထပ်ခေါ်နော်...
    ဘလောဂါတွေကိုချစ်တဲ့ ကိုသက်တန့်ကြီး
    ဘလော့ရပ်ဝန်းမှာ ကျန်းမာရေး ကောင်းပါစေရှင့်...
    ဒီပို့စ်လေးကို ရေးပေးတာ ကျေးဇူးနော်...
    ထူးဆန်းထွေလာလေးတွေလဲ များများရေးနိုင်ပါစေ...

    နှင်း

    ReplyDelete
  4. သက်တန့်ရေ.... နောက်တစ်ခါ နာလဲ ပန်းပျိုးမယ်နော်။
    ငါ့လက်က ပန်းတွေပျိုးရင် သေကုန်ရော ဟာ...
    နူးညံ့သိမ်မွေ့ မှု မရှိလို့နေမယ်။ ဒါကြောင့် နင်ပြောတုန်းက ငါကြိုးစားကြည့်သေးတယ်။ မရတဲ့အဆုံးးးးးးးးးးးးး
    ကမ္ဘာကြီး ပျက်စီးသွားလဲ မပြောင်းလှဲမပျက်စီးနေမှာတွေ ရှိသေးတယ်။

    ReplyDelete
  5. ကျေးဇူးထပ်တင်သွားပါတယ်။. ပျိုးခွင့်ရတဲ့ ပန်းလေးတွေနဲ့ ဥယျာဉ်မှုးကြီး မောင်လေးသက်တန့် ကျန်းမာပျော်ရွှင်ပါစေလို့လည်း

    ReplyDelete