Monday, November 16, 2009

ထူးဆန်းအံ့သြဖွယ် နီပွန်လေကြောင်းလေယာဉ်ကို မိုးကြိုးပစ်ချခြင်း

ထူးဆန်းအံ့သြဖွယ် နီပွန်လေကြောင်းလေယာဉ်ကို မိုးကြိုးပစ်ချခြင်း




ဝိုးးးးးးးးးးးးးးး အသက်ရှုမှားလောက် ဖွယ်ရာပါပဲ ။ ဓါတ်ပုံဆရာကလည်း အတိကအကျကို မှတ်တမ်းတင်လိုက်နိုင်ပါတယ် ။ ဒါဟာ ဘာကြောင့်ပါလဲ ။ လေယာဉ်က voltage ကြောင့်ဖြစ်ပါသလား ။ ဒီအလင်းရောင်တန်းကြီးက လေယာဉ်ကို ဖြည်းညှင်းစွား ဖြတ်သန်းစဉ်မှာ လေယာဉ်က လျှပ်ကူးပစ္စည်းအဖြစ် အသုံးချခံလိုက်ရခြင်း ဖြစ်ပါတယ် ။ အကယ်၍ ဒီလေယာဉ်ကသာ သိပ်ခံနိုင်ရည်မရှိခဲ့ရင် လေယာဉ်ကြီးတစ်ခုလုံး အရည်ပျော်ကျသွားမှာ ဖြစ်ပါတယ် ။ ဖြစ်ပွားတဲ့နေရာကတော့ အိုဆာကာ မှာ ဖြစ်ပါတယ် ။ ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ လေယာဉ်ကြီးေ၇ာ အတွင်းက လူတွေရော အသက်ရှင် လွတ်မြောက်ခဲ့ပါတယ် ။ ဒီလိုပုံမျိုးကို အလွယ်တကူ တွေ့ရှိရဖို့ ဆိုတာ မလွယ်ကူလှပါဘူး ။


ခေါက်ချင်တာ ဒီမှာရေး ။


ဒါကတော့ ပုံမှန်အချိန်မှာ ဖြစ်ပါတယ် ။



ဒါကတော့ အနှေးကွက်နဲ့ ပြတာ ဖြစ်ပါတယ် ။ ဗို့အား စစချင်း အနှေးရိုက်ထားတာဖြစ်ပါတယ် ။ မြေကြီးနဲ့ ကောင်းကင်က တစ်ချိန်တည်းမှာ ဗို့အားကို ထုတ်လွှတ်ခဲ့တာ ဖြစ်ပါတယ် ။ ပုံလေးတွေကို save လုပ်ပြီး ကြည့်မယ်ဆိုရင် animation တွေကိုပါတွေ့ရမှာ ဖြစ်ပါတယ် ။

စာရေးသူ....သက်တန့်ချို (၁၅.၁၁.၀၉ ည ၁၀း၀၀ )

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

8 comments:

  1. တခါတလေ ဒီလို ဓါတ်ပုံလေးတွေက မှတ်တမ်းဝင်သွားခဲ့တာနော်။

    ခင်မင်လေးစားလျှက်

    ReplyDelete
  2. ခေါင်းစဉ်ကို ဖတ်မိလိုက်ကတည်းကိုက တုန်လှုပ်နေပြီးဗျာ
    တစ်ခါမှကို မကြားဖူးဘူးဗျ..

    ထူးဆန်းတယ် ကိုသက်တန့်ချိုရေ..
    မြင်ကွင်းကလည်း ကွပ်တိကို သွားကျတာ..

    အခုလိုမျှဝေပေးတာတွေအားလုံးအတွက် ကျေးဇူးတင်ပါတယ်ဗျာ

    ခင်မင်လေးစားစွာဖြင့်
    စည်သူ။

    ReplyDelete
  3. ကြောက်စရာကြီးနော်....

    ReplyDelete
  4. ကြောက်စရာကြီးနော်။ တော်ပါသေးရဲ့  ကံကောင်းလိုက်တာ။ လူတွေဘာမှမထိမိဘူး။

    ဒါဘုရားကယ်တာဘဲ။
း)

    ခုလို မျှဝေပေးတာ ကျေးဇူးးးးးးးးးးးးးးးးးးး

    ReplyDelete
  5. ကံကြီးပေလို့  ပဲ လို့ ပြောရမလား .
    ဗီဒီယို မှတ်တမ်းလေးများ တင်ထားတာ ရှိနိုင် မလားဟင်...

    ReplyDelete
  6. ကိုသက်တန့်ရေ မျှဝေပေးတာကျေးဇူးနော်...

    နှင်း

    ReplyDelete
  7. ဟူးးးးကံကောင်းလို့
    အကုန်မလကီးယားတော့မယ့်ကိန်းကြီး

    ReplyDelete
  8. ကြောက်စရာကြီးပါလား .. ကံကောင်းလို့ ...

    ReplyDelete