Friday, November 27, 2009

ထိတ်လန့်အံ့သြဖွယ်ရာစားသောက်ဆိုင်

ထိတ်လန့်အံ့သြဖွယ်ရာစားသောက်ဆိုင်



ပထမဦးဆုံး ခရီးဆုံးထိရောက်ဖို့ကိုတော့ သင်အားမွေးထားရမယ်နော်... ။


ပထမဆုံး တောင်ကုန်းပေါ်ကို ဒီလို ကောင်းကင်ရထားတွေနဲ့ အရင်သွားကြရမယ် ။ အောက်ကိုတော့ ငုံမကြည့်မိစေနဲ့ နက်ရှိုင်းတဲ့ အသူရာ ချောက်တွေရှိတယ် ။


ဒီလမ်းကြောင်းလေးကနေသွားကြရမှာနော်... ။


သင့်ရှေ့တည့်တည့်ကလူကိုပဲ တစိုက်မတ်မတ်ကြည့်ပါ ။ ဘေးဖက်ကိုယောင်လို့တောင်မကြည့်မိစေနဲ့ ။ မူးဝေပြီး ပြုတ်ကျသွားနိုင်ပါတယ် ။ စွန့်စားလိုသူတို့ အကြိုက်ပေါ့နော် ။

အကယ်၍ သင့်အရှေ့ကလူက ကိုယ့်ဆီကိုပြောင်းပြန်ပြန်လာနေရင် သတိထားပါ ။လမ်းကကျဉ်းလွန်းတဲ့အတွက် အခက်အခဲတွေ့နိုင်ပါတယ် ။


ဆက်ပြီးကြိုးစားထားကြ သူငယ်ချင်းတို့ နောက် အဆင့်အနည်းငယ်ဆို စားသောက်ဆိုင်ကို ရောက်ပါတော့မယ် ။


ဒီနေရာကတော့ အသဲငယ်သူတို့ လှည့်ပြန်ရမယ့်နေရာပါပဲ ။ အပေါက်လေးတွေထဲကို ခြေချောင်း တွေထည့်ပြီးသွားရမှာ ဖြစ်ပါတယ် ။ အောက်ဖက် ကကျောက်ကမ်းပါးကတော့ အလွန်ကို နက်ရှိုင်းပါတယ် ။


ကဲ...အပေါ်ကိုရောက်တော့မယ်ဟေ့ ကြိုးစားထား...!!!!!


နောက်ဆုံးမှာတော့ တွေ့ရတဲ့မြင်ကွင်းအတိုင်းပါပဲ ။ ထိတ်လန့်တုန်လှုပ်ဖွယ် လမ်းကိုဖြတ်သန်းပြီးမှ ဒီစား သောက်ဆိုင်လေးကိုရောက်မှာ ဖြစ်ပါတယ် ။ အကယ်၍သင်ရောက်အောင်သွား နိုင်ခဲ့လျှင် အစားအ သောက် အား လုံးက Free (ဖရီး) ဖြစ်ပါတယ် ။

ကဲသူငယ်ချင်းတို့ ဘယ်သူတွေလိုက်ကြမလဲ ဒီကအစားအသောက်တွေဘယ်လိုအရသာရှိလည်းဆိုတာ သွားပြီး မြည်းကြည့်ရအောင် ...သွားကြမယ်ဟေ့ !!!!!

စာရေးသူ.....သက်တန့်ချို (၁၀း၀၀ ည ၂၇.၁၁.၀၉)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

20 comments:

  1. စိတ်တော့ ၀င်စားပါရဲ့ ..
    စားချင်လို့တော့ ဟုတ်ပါဘူးးး ..
    သွားကြည့်ချင်တာ ..
    ဒါပေမယ့်
    ကြောက် .. ကြောက် ...
    လမ်းမှာ တင်
    တစ်ခုခု ဖြစ်သွားရင် ဘယ်လို လုပ်မလဲ ဟင် ...

    ReplyDelete
  2. ကြံကြံဖန်ဖန်နော် စိတ်ကူးကလည်း ကောင်းလိုက်တာ။ သွားတော့ မသွားရဲဘူး ကြည့်ရတာ အသည်းယားတယ်။ မတော်ပြုတ်ကျမှဖြင့် မစားရလည်း နေပါစေတော့ မောင်လေးရယ်..။း)

    ခင်မင်လေးစားလျှက်

    ReplyDelete
  3. မင်္ဂလာပါ ကိုသက်တန့်ရေ..

    အင်း... လမ်းခုလတ်ရောက်မှ အိမ်သာတက်ချင်နေရင် ဒုက္ခ။ သွားတော့ သွားချင်သားဗျ။ ဘယ်မှာရှိတာလဲ မသိဘူးနော်... အကိုသွားမယ်ဆိုရင် လက်တို့လိုက်အုံး..ကျနော်လဲ လိုက်မယ်... :)


    ခင်မင်စွာဖြင့်
    ကိုမျိုး

    ReplyDelete
  4. Ohh..interesting places...Let's go together....!!

    ReplyDelete
  5. ကိုသက်တန့်ရေ...
    စားသောက်ဆိုင်မှာတော့ ဘာတွေအလကားကျွေးသလဲမသိဘူးနော်...။ စိတ်တော့ဝင်စားစရာပဲဗျ...။ ဒါပေမယ့် သွားရမှာတော့ ကျောချမ်းစရာဂျီး...ဟီးးးးးးးးးးး

    ခင်မင်တဲ့

    ဏီလင်းညို

    ReplyDelete
  6. ကိုချိုရေ..
    အစ်မတော့ အမြင့်ကြောက်ရောဂါရှိတယ်။ ဓါတ်ပုံကြည့်ရုံတင် လန့်နေတာ။
    စွန့်စားတတ်သူအတွက်တော့ တော်တော်လေး စိတ်ဝင်စားစရာကောင်းမယ်နော်။

    ReplyDelete
  7. ဖရီးကစ်ဆိုတော့ စိတ်ဝင်စားတယ်
    ဘယ်နေရာမှာ ရှိပါသလဲ ... ??

    ReplyDelete
  8. အဲ့ဒီဆိုင်မှာတခုခုစားမှ အသက်ရှင်တော့မယ်ဆိုရင်တော့လည်း သွားရမှာပေါ့ ဝေ့ စားသောက်ဆိုင်ကလည်း ဖရီးဆိုတော့ ကိုချစ်ဖေ ပြန်မဆင်းတော့ဘူး.တောင်ထိပ်မှာပဲနေတော့မယ်
    ဓါတ်ပုံထဲတောင် လန့်နေတာ အဲ့ဒီစားသောက်ဆိုင်အခင်းအကျင်း နဲ့ အပြန်လမ်းကကော ဒီတလမ်းပဲလား.သိလိုလှသဗျာ
    ဖြစ်နိုင်ရင် ရေးပါဦး သွားကြတဲ့သူတွေလည်းများမယ်ထင်ပါရဲ့..

    ReplyDelete
  9. ဆိုင်ကလူတွေ ဆန်ဆီတွေကို ဘလိုသယ်လဲ မသိဘူးနော်.... အသားငါးတွေ လတ်ကောလတ်ဆတ်ရဲ့လား မသိ... ဟားဟား... လျှောက်တွေးတာပါ... စိတ်မဆိုးပါနဲ့ခည....

    ReplyDelete
  10. မလိုက်ပါရစေနဲ့ တော်...ကျေးဇူးတင်ပါတယ်၊ ပြန်လာရင် ပါဆယ်လေး ဆွဲခဲ့ ဘာတွေ ကျွေးလဲ သိရအောင်..း)

    ReplyDelete
  11. အသဲယားလိုက်တာ

    ReplyDelete
  12. ကြည့်ရတာနဲ့တင် ခြေဖဝါးအေးလိုက်တာနော်။ နှလုံးလည်း ကောင်းဘူး။ လှည့်ပြန်တာပဲကောင်းပါတယ်အေ....။ မောင်လေးပြန်လာရင်သာ အစ်မတွက် ပါဆယ်ထုပ်ခဲ့ချေ။ နေဦး။။။ အဲ့မှာ ပင်လယ်စာ ရပါ့မလား။ မတော် ကုန်းကုတင်သားချည်းပဲ ချက်ကျွေးနေမှဖြင့်။။။။ဟဟ ပေါက်ပေါက်ရှာရှာ ကောင်လေးရေ .... အင်းနော် ဟိုမှာ ရီဝေဝေဖြစ်အောင် စားသောက်ပြီး၇င် ဝ ဘီလို ပြန်ဆင်းရမယ် ဝ နားမီလယ်ဘူးရယ်။ ဟဟား

    ReplyDelete
  13. ကောင်းကင်ကဝဲပြီးဆင်းလာရင်ကော အလကားကြွေးမှာလား

    ReplyDelete
  14. မစားတော့ဘူးနော်။
    လမ်းခုလတ်မှာ ပြုတ်ကျမှဖြင့်

    ဟင်းးးးးးးးးးးးးးးးးးးးးးးးးး

    ReplyDelete
  15. ကြောက် ......................... စရာကြီး .. စားတော့ဘူး ..

    ReplyDelete
  16. အစားတလုပ်အတွက် ဒုက္ခက မသေးပါလား ကိုယ့်လူရယ်...

းဝ)

    ReplyDelete
  17. သွားတဲ့နေရာလေးတွေကို ဓာတ်ပုံလေးတွေ ရိုက်ပြီး ပိုစ့်ရေးကြတဲ့ ဘလော့ဂါများအတွက်တော့ ရှယ်ပဲ။ အေးလေ ရောက်အောင်သွားပြီး ရိုက်ခဲ့တဲ့ပုံလေးတွေပဲ ကြည့်တော့မယ်။

    ReplyDelete
  18. ဘယ်နေရာ ဘယ်နိုင်ငံမှာလဲခင်ဗျာ......... ကျွန်တော်စိတ်ဝင်စားပါတယ်.... ကျွန်တော်သွားပေးမယ်လေ....... အဲ လမ်းစရိတ်တော့ ပါဆယ်ထုပ် ပေးစေချင်တဲ့သူတွေက စပွန်စာပေါ့နော်.......ဟိဟိ

    ReplyDelete
  19. သေချင်လို့ ဖြစ်မှာပေါ့

    ReplyDelete
  20. ခံစားလို့မပြောပြနိုင်တဲ့ ဆွဲတောင်မှုကတော့တော်တော်ကလေးကို ရှိပါတယ် စိတ်ကူးကောင်းကောင်းလေးတွေရှိပါလားနော် စိတ်အပန်းဖြေတဲ့အနေနဲ့ တခေါက်လောက်တော့သွားကြည့်ချင်ပါတယ်ဒါကလည်းလက်တွေ့ဘ၀တခုလို့မြင်မိတယ်လေ မဆုတ်မနစ်ကြိုးစားရင်ပန်တိုင်ဆိုတာ ရှိစမြဲပါလားနော် စားသောက်ဆိုင်လေးကဘ၀ရဲ့ပန်းတိုင်းလေးပါလားနော် ဘာပဲကျွေးကျွေးဘာနဲ့မှမလဲနိုင်တဲ့ခံစားမှုကို ဘယ်အရာနဲ့မှနိုင်ယှဉ်ပြလို့မရနိုင်ဘူးလို့ထင်မိပါတယ် ------
    ရောက်အောင်သွားချင်ပါသေးသည်----ကျေးဇူးတင်စွာဖြင့် ဒီဓါတ်ပုံကလေးများဖြင့် ဘ၀တိုက်ပွဲအနိုင်နွဲ့လိုက်ပါဦးမည်

    ReplyDelete