Tuesday, November 17, 2009

မျက်နှာပေါ်ကျားကွက်ပုံဖော်တဲ့ တက်တူးထိုးသမား

မျက်နှာပေါ်ကျားကွက်ပုံဖော်တဲ့ တက်တူးထိုးသမား










ဒီတက်တူးထိုးသမားဟာ သူ့ရဲ့ မျက်နှာပေါ်မှာ ကျားထိုးလို့ရတဲ့ အကွက်လေးတွေ ဖော်ထားပါတယ် ။ အလွန်ကို စတန့်ထွင်ချင်တဲ့ သူ့ရဲ့ တီထွင်မှုကလည်း သြချရလောက်ပါတယ် ။ တစ်ကိုယ်လုံးမှာလည်း အရုပ်ပေါင်းများစွာ ထိုးနှက်ထားပြီး ယခုနောက်ဆုံး အကြိမ်အဖြစ် မျက်နှာနဲ့ ဦးခေါင်းပေါ်မှာ ထိုးခြင်း ဖြစ်ပါတယ် ။ နောက်ဆုံး အကြိမ်လို့ ဆိုရခြင်းက ထိုးစရာနေရာ မရှိတော့လို့လည်း ဖြစ်နိုင်ပါတယ် ။ ဒါပေမယ့် မျက်နှာပေါ် အကွက်တွေနဲ့ ဆိုတော့ ညဖက်ကြီးသာ အမှတ်တမဲ့ အိပ်ချင်မူးတူးနဲ့ တွေ့လိုက်ရရင်တော့.....။

စာရေးသူ.....သက်တန့်ချို (၁၁း၀၅ ည ၁၆.၁၁.၀၉)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

5 comments:

  1. သူ့ မျက်နှာခဏငှားပေးပါလားဟင်။ ကျားကွက်ထိုးချင်လို့ ။

    ပုံတွေကို သေချာကြည့်ထားတယ်။ ညာဘက်နားရွက်နဲ့  ခြေမတွေကျန်သေးတယ်။ အားမငယ်နဲ့ ဆက်ထိုးဦးလို့ ။

    ပြောမယ့်သားပြောရတယ်။ ကြောက်တယ်။
း)

    ReplyDelete
  2. လွတ်နေတဲ့ အဖြူကွက်လေးတွေနေရာမှာရော ဘာများ ထပ်ဖြည့်ချင်ဦးမလဲ မသိဘူးနော် .. :D

    ReplyDelete
  3. အမလေး...ကျောချမ်းလိုက်တာနော်။။

    ReplyDelete
  4. အဲ့လို လုပ်ခြင်းအားဖြင့် သူသာ ရာဇ၀တ်မှုတခုကိုကျူးလွန်ခဲ့ရင် သူဘယ်သူမှန်းမသိ ဖြစ်နေမှာပေါ့ သေချာကြည့်ရင်တောင် ဘာရုပ်မှန်း မသိနိုင်တာကို။

    ReplyDelete