Friday, November 13, 2009

ပင်လယ်ပြင်မှ ရေသရဲများ

ပင်လယ်ပြင်မှ ရေသရဲများ

ရေသရဲလို့ ဆိုလိုက်တာက သူတို့ပုံစံက အလွန်ကို ကြောက်မက်ဖွယ်ကောင်းတဲ့ အတွက်ကြောင့်ပါ ။ တကယ့်ကို ပင်လယ်ပြင်ကနေရရှိတဲ့ ငါးတွေဖြစ်ပါတယ် ။ ငါးအမျိုးအစားကို တော့ စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ် ။ ကြောက်မက်ဖွယ်အဆင်းသဏ္ဍာန်ကြောင့် ဒေသခံလူမျိုးတွေတောင် စားသုံးခြင်းမပြုဘူးလို့ ဆိုပါတယ် ။



ခေါက်ချင်တာ ဒီမှာရေး ။
လူ့မျက်နှာနဲ့ ဆင်တူလှတဲ့ ငါး - အမှန်တော့ ကျွဲခေါင်းလိုလို အရိုးစုခေါင်းလိုလိုနဲ့ ဆင်တူလှပေမယ့် ဒေသခံတွေကတော့ ဒါဟာ နတ်ဆိုးငါးကိုဖမ်းမိတုန်းက အခြောက်လှမ်းထားတာ ဖြစ်တယ်လို့ ဆိုပါတယ် ။ ဘေးဖက်မှာလည်း ဦးဂျို ၂ ခုက ထွက်နေပါသေးတယ် ။


ငါးဘီလူး - ရုပ်ဆိုး အကျည်းတန်တဲ့အတွက် လူတွေက သူ့ကို ငါးဘီလူးလို့နာမည်ပေးထားပါတယ် ။ သူက အသားကိုသာ စားသောက်လေ့ရှိပြီး ငါးဖမ်းမုဆိုးတွေအတွက် အန္တရာယ် တစ်ခုဖြစ်တယ်လို့ သိရပါတယ် ။



လူ့ဦးခေါင်းနဲ့ငါး - ဦးခေါင်ကတော့လူနဲ့ဆင်တူလှပါတယ် ။ ရှေ့မှာလည်း လက်၂ဖက်နဲ့ ကြက်သီးထဖွယ်ရာပါပဲ ။


ရေသူမ - ဒဏ္ဍာရီထဲက ရေသူမပေါ့ ။ သူမမှာ ကာတွန်းကားတွေထဲကလိုတော့ ချောမွတ်တဲ့ အသားအရည် မရှိပါဘူး ။ အသားကတော့ ဆွတ်ဆွတ်ဖြူလှပြီး ဦးခေါင်းပိုင်းက ဂြိုလ်သားပုံစံနဲ့ ဆင်တူလှပါတယ် ။


ရေသရဲငါးနီ - ကျနော့ဘာသာနာမည်ပေးထားတာပါ ။ ငါးပုံစံကတော့ အသေကိုက်မယ့်ပုံစံပါပဲ ။ လိုအပ်တဲ့ သူငယ်ချင်းများရှိရင်လည်း ပြောပါ ။ ပါကင်ထုပ်ပြီး ပို့ပေးပါ့မယ် ဟီး ။

စာရေးသူ.....သက်တန့်ချို( ၂း၀၀ နေ့လည် ၁၃.၁၁.၀၉)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

20 comments:

  1. တော်ပြီ .... ပြန်အမ်းမယ်....

    ReplyDelete
  2. ငါးကြိုက်တာတောင် ဘယ်ရောက်သွားပလဲ မသိဘူး။ မဝယ်ဘူးကွယ်။ ကောင်လေး။ ငါးပုံတွေက အခြောက်တွေ မဟုတ်လား။ ကျောက်ဖြစ်ရုပ်ကြွှင်း ဖြစ်လုဆဲဆဲတွေနော်။ မလှလိုက်တာ တရားကျဖို့ကောင်းတယ်။ ကိုယ်တိုင်လည်း သေရင် ပိုရုပ်ဆိုးမှာ သိနေလို့ ဟီးးးးး

    ReplyDelete
  3. အမလေး ကြောက်စရာအကောင်တွေကို ပါကင်ထုပ်ပြီးတော့ မပို့လိုက်ပါနဲ့ ဒီလောက်ရုပ်ဆိုးတဲ့ ငါးတွေကို အခုမှ တွေ့ဖူးတော့တယ် ငါးတွေတောင် မစားရဲတော့ဘူး ဟီးးးးးးးးးးးးး

    ReplyDelete
  4. ငါးပုံစံတွေကလဲ ကြောက်စရာ..
    ဒါပေမယ့် တစ်ကယ်ထူးဆန်းတယ်နော်...

    ReplyDelete
  5. ပါကင်ထုပ်ပြီးပို့လိုက်ပါ
    အရက်ပြင်းပြင်းနဲ့မြည်းရအောင် ဟီးး

    ReplyDelete
  6. ပထမဆုံးငါးကတော့ကြောက်စရာအကောင်း
    ဆုံးပဲဗျာ

    ReplyDelete
  7. ကြောက်စရာကြီး ၊ မီးမီးကြောက်ကြောက်၊ ပူးတေကြောက်ကြောက်
    :,(

    ReplyDelete
  8. အစ်ကိုတော်နော်
    သာမီးက ငါးမကြိုက်ဘူးနော်
    အရိုးဆူးမှာစိုးလို့  ငယ်ငယ်ကတည်းက
    မစားတာ .. ဒါကြောင့် မလိုအပ်ဘူးနော် :P

    ခင်မင်စွာနဲ့ 


    ပန်းခင်းလေး

    ReplyDelete
  9. ကြောက်စရာကြီး။
း(

    ပထမပုံ အကြောက်ဆုံးဘဲ။
    အတော်ဘဲ ငါးမကြိုက်တာ။

    ReplyDelete
  10. စီပုံးလိုက်ရှာတာ မောသွားပြီ။

    လင့်ထားမယ်အကို
    ရတယ်မလား
    ဒါမှ တိုက်ရိုက်လာလို့ ရမှာ။ မဟုတ်ရင် သူများဆီကနေ လိုက်နေရတယ်။
း)

    ReplyDelete
  11. ကြည့်ရတာနဲ့တင် ကြက်သီးထ သွားတယ်...။ စားဖို့မပြောနဲ့ ကြောက်စရာတော့ ကောင်းသား ....။

    ခင်မင်လေးစားလျှက်

    ReplyDelete
  12. ကိုသက်တန့်ချိုရေ..

    ကမ္ဘာပေါ်မှာ ထူးဆန်းတာတွေက များပါ့ဗျာ
    အရင်က ဒါမျိုးတွေ တစ်ခါမှ မတွေ့ဖူးဘူး

    ကြောက်ဖို့ကောင်းတယ်ဗျာ..

    ပါကင်ထုပ်ပြီးတော့ မပို့လိုက်ပါနဲ့ဗျာ..း)

    လေးစားစွာဖြင့်
    စည်သူ။

    ReplyDelete
  13. အွန်မြတ်လေး ဒါကတကယ်လန့်စရာကြီးးး ပြေးပြီးဝ

    ReplyDelete
  14. ရေသူမ ကိုစိတ်ကုန်သွားပြီ ...တိန်

    ReplyDelete
  15. ကိုသက်တန့်ရေ အောက်ဆုံးက ငါးနီလေးကပြုံးပြုံးလေးနော် အဲဒါ ကိုကိုးအိမ်ဆီ ပါဆယ်လေးပို့ပေးပါဦး ကျွန့်တော့်လိပ်စာကိုတော့ ကိုသက်တန့်သိပါတယ်... အဟဲ

    ReplyDelete
  16. ကိုသက်တန့်ရေ အောက်ဆုံးက ငါးနီလေးကပြုံးပြုံးလေးနော် အဲဒါ ကိုကိုးအိမ်ဆီ ပါဆယ်လေးပို့ပေးပါဦး ကျွန့်တော့်လိပ်စာကိုတော့ ကိုသက်တန့်သိပါတယ်... အဟဲ

    ReplyDelete
  17. ငါးတစ်ပိုင်း ဖားတစ်ပိုင်းတော့ ကြားဖူးတယ် ငါးတစ်ပိုင်း လူတစ်ပိုင်းတော့ ခုမှပဲ မြင်ဖူးတော့တယ် ကြောက်စရာကြီးနော်...

    ReplyDelete
  18. HI, I just joined this community. I m from india. I like this forum.......hope to learn lot of things here ;-)





    ------------------------------------------------------------------------
    My Poker Blog: Online Poker Sites For Poker details

    ReplyDelete
  19. တော်ပီဗျာ ငါးကလည်း အပေါ်ဆုံးငါးက လန့်
    စရာအကောင်းဆုံးပဲ တော်တော်ကြောက်သွားပီ..

    ReplyDelete
  20. I just noticed www.thettantcho.com by searching online, and found it is so sweet. Keep up the great work!

    I have similar idea to this site.I hope we can work together
    You can also get a tutor to help you. My friend told me he was helped a lot by outstanding [URL=http://www.slideshare.net/kuaihuolin/chinese-tuition-in-singapore-with-good-tution-experience ]german tutor [/URL]. Can you also share me with your comments available here?

    ReplyDelete