Friday, November 20, 2009

ကော်ဖီခွက်တွေနဲ့ ပုံဖော်ထားတဲ့ မိုနာလီဇာပန်းချီကား


ကော်ဖီခွက်တွေနဲ့ ပုံဖော်ထားတဲ့ မိုနာလီဇာပန်းချီကား








Australia ရှိ Sydney မှာ အလွန်ကြီးမားတဲ့ မိုနာလီဇာပုံပန်းချီကားချပ်ကို ကော်ဖီခွက်ပေါင်း ၃၆၀၄ ခွက်ကို အသုံးပြုပြီး ပုံဖော်ထားပါတယ်။ အဲဒီခွက်ပေါင်း ၃၆၀၄ ခွက်စလုံးမှာ မတူညီတဲ့ နို့ပမာဏတွေ ရောစပ်ပြီး မတူညီတဲ့ အရိပ် တွေ ပုံစံတွေ ရရှိအောင် ဖန်တီးပြုလုပ်ခဲ့ပါတယ် ။ အလွန်ကို စိတ်လှုပ်ရှား အံ့သြစရာပါပဲ ။ အနုပညာဆိုတာ ဒီလိုနည်းလမ်းနဲ့ လည်းဖန်တီးလို့ ရတယ်ဆိုတာ ..............................။

စာရေးသူ.....သက်တန့်ချို (၁၁း၀၀ ည ၁၉.၁၁.၀၉)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

15 comments:

  1. ကော်ဖီခွက်တွေ တော်တော်ကုန်မယ်နော်။

    တော်ပါတယ်။ ထွင်တဲ့သူကို။

    ReplyDelete
  2. ထူးဆန်းတယ်
    ကျေးဇူးဗျ
    လုပ်တတ်တယ်နော်

    ReplyDelete
  3. မတူတဲ့ အရိပ်ပုံတွေ ရအောင် လုပ်ရတာ အတော် လက်ဝင်မဲ့ အလုပ်ပဲနော်။

    ReplyDelete
  4. တော်လိုက်တာနော်။ ဒီလိုပန်းချီကားမျိုး ထွက်လာအောင် လုပ်တတ်တာ။ ချီးကျူးစရာပါပဲ။

    ခင်မင်လေးစားလျှက်

    ReplyDelete
  5. မိုနာလီဇာ ကော်ဖီသောက်ဆင်းပေါ့ ဟဲဟဲ ကိုသက်တန့် နေကောင်းလားဗျ မတွေ့ တာကြာပေါ့ ကျနော်လည်း ရွာထဲ ပြန်လာဖို့ ကြိုးစားနေတယ် .....
    ခင်တဲ့
    ရန်ကုန်သား :)

    ReplyDelete
  6. မင်္ဂလာပါ ကိုသက်တန့် ရေ..
    အခုလို အံ့သြဘွယ်ရာ အနုပညာလက်ရာလေးတွေကို ဖော်ပြပေးတာ ကျေးဇူးပါ။

    ခင်မင်စွာဖြင့်
    ကိုမျိုး

    ReplyDelete
  7. သက်တန့်ချိုရေ
    အစ်မတို့ ဆစ်ဒနီရောက်တာ ရှစ်နှစ်ရှိပြီး အဲဒါရှိတယ်ဆိုတာ အခုမှ သိရတာ ကျေးဇူးပဲ။
    Art Gallery ထဲမှာ ထင်တယ်။ ဘယ်နားမှာ ဆိုတာသိရင် ပြောပြပေးလို့ရမလား။ သွားကြည့်ပြီး ဓါတ်ပုံရိုက်ချင်လို့။

    ReplyDelete
  8. စိတ်ကူးလေးကောင်းလိုက်တာ...တော်တော် အနုပညာ မြောက်ပါတယ်..

    ReplyDelete
  9. ထူးပေဆန်းပေသည်...

းဝ)

    ReplyDelete
  10. ဒီဘလော့ လေးက အမြဲဗဟုသုတတွေ
    ပေးနေတဲ့ ဘလော့လေးတခုပါဘဲ..။
    အသစ်တင်တိုင်း လာအားပေးနေကြပါရှင်..။
    လေးစားလျှက်.။

    ReplyDelete
  11. ကော်ဖီခွက်တွေ နဲ့ အလှဆင်ထားတာလှတယ်နော်..

    ReplyDelete
  12. မလွယ်ဘူး ဒီလိုတွေလုပ်ရတာ။ ကြည့်တဲ့သူကတော့ ခဏပဲ၊ ဖန်တီးရတာအတော်လက်ဝင်မယ်။ အနုပညာ တစ်ရပ်ပဲပေါ့။ ပိုစ့်အဖြစ်တင်ပေးတာကျေးဇူးပါ။

    ReplyDelete
  13. ထူးဆန်းပါပေ့  . . .
    ဒါမျိုးကိုဖန်တီးဖို့ အချိန်တော်တော်ယူခဲ့ ရမှာ
    ကော်ဖီခွက်တွေကိုမြင်တော့  ကော်ဖီတောင်
    သောက်ချင်သွားတယ် . . . :P
    (ငတ်ကြီးကျသွားတာ )

    ReplyDelete
  14. အလည်ရောက်ရင်း
    ထူးထူးဆန်းဆန်းလေးမြင်ခွင့်၇လို့ ကျေးဇူးပါ။


    သာယာချမ်းမြေ့ပါစေရှင်း
    မိုး

    ReplyDelete
  15. အနုပညာ ရဲ့ ဖန်တီးမှု က တစ်ကယ်ကို အံ့မခန်းပဲနော်..။

    ReplyDelete