Tuesday, November 3, 2009

မွေးနေ့မှာ ပျော်ရွှင်ပါစေ....၀ိုင်းရေ

မွေးနေ့မှာ ပျော်ရွှင်ပါစေ....၀ိုင်းရေ




ဒီနေ့မနက် ထုံးစံအတိုင်း ကိုယ်က ဂျီတော့ သာဖွင့်ထားတာ မကြည့်မိဘူး ။ နောက်တော့ ၀ိုင်းကိုတွေ့တော့ နှုတ်
ဆက်လိုက်တော့မှ သူ့မွေးနေ့မှန်း သိရတယ် ။ ဒါတောင် သူ့မက်ဆေ့ မှာ ရေးထားတာ မဖတ်မိသေးဘူး ။ ခွင့်
လွှတ်ပါ ၀ိုင်းရေ...... ၀ိုင်းရဲ့ မွေးနေ့လေးမှာ ပျော်ရွှင်ပါစေနော်.... ချစ်သော သူငယ်ချင်းတွေနဲ့ အသက်ထက်ဆုံး
နေထိုင် နိုင်ပါစေ... ။ နောင် နှစ်ပေါင်း ၁၂၀ ထိတိုင်အောင် ခလုတ်မထိ ဆူးမညိ ပါစေနဲ့ သူငယ်ချင်းရေ..... ။
လိုတိုင်းတ ရနိုင်တဲ့ ဘ၀မျိုး ပိုင်ဆိုင်နိုင်ပါစေဗျာ... ။ ( အော်.. မေ့လို့ သူက သူ့ကိုယ်သူ ကဗျာမရေးတတ်သော
ဝိုင်းလို့ နာမည်ပေးထားသေးတယ်) ဖတ်ကြည့်လိုက်တော့ သူ့ကဗျာလေးတွေက အတော်ကောင်းသားဗျာ .. ။
သူ့အိမ်လေးကလည်း လှမှလှ... ။ ၀ိုင်းရေ... ဘ၀ဆိုတာ ဒီလိုပါပဲ တစ်နှစ်ထက်တစ်နှစ် တစ်ရက်ပြီး တစ်ရက်
အသက်တွေ ကြီးလာကြပြီလေ... မိဘကျေးဇူး ဆပ်နိုင်တဲ့ သူငယ်ချင်းလေး ဖြစ်ပါစေနော်...။




သက်တန့်ချို

6 comments:

  1. မွေးနေ့ရှင်အတွက်ကျနော်လည်း
    ဆုတောင်းပေးခဲ့ပါတယ် ကိုသက်တန့်ချိုရေ
    happy birthdayပါဝိုင်း..။

    ReplyDelete
  2. ကျွန်တော်လဲဝိုင်းအတွက် ဆုမွန်တောင်းပေးခဲ့ပါတယ်
    အစ်ကို
    “ပျော်ရွင်သောမွေးနေ့လေးပါ ဝိုင်းရေ”

    ReplyDelete
  3. ၀ိုင်းဘလော့ဂ်မှာ သွားဆုတောင်းပေးပြီးပါပြီ။ သက်တန့်ချိုက နှစ်ပေါင်း ၁၂၀ တောင် ဆုတောင်းပေးတာ အဲဒီလောက် အသက်ရှည်ပြီး သွားလာလှုပ်ရှားလို့ မနိုင်ရင် ဘယ်လိုလုပ်မလဲ။ ၁၀၀ ကျော်ဆို တော်ပြီပေါ့။

    ReplyDelete
  4. Happy Birthday..ပါ“ဝိုင်း”ရေ.....
    မွေးနေ့မှကည် နောင်နှစ်ပေါင်းကြာတိုင် ကိုယ်ချစ်သောသူတွေနဲ့မခွဲမခွာအတူနေနိုင်ပါစေကွယ်...

    ReplyDelete
  5. ဟေ့...... တို့လဲ ဆုတောင်းပေးခဲ့တယ်နော် ၀ိုင်းးးးးးးး
    ဟက်ပီဘတ်ဒေးးးးးးးးးးး တူးးးယူ
    ဟက်ပီဘတ်ဒေးးးးးးးးးးး တူးးးးယူ
    ဟက်ပီဘတ်ဒေးးးး ဟက်ပီဘတ်ဒေးးးးး
    ဟက်ပီဘတ်ဒေးးးးးးးးးးး ၀ိုင်းးးးရေ...
    ဟက်ပီဘတ်ဒေးးးးးးးးးးးးးး
    အာဘွားးးးးးးးးးးးးးးး
    သီချင်းလေးတောင် ဆိုခဲ့တယ်။
    ဒီမွေးနေ့မှ ပျော်ရွှင်တဲ့ဘ၀ ကို ပိုင်ဆိုင်နိုင်ပါစေ။

    ReplyDelete
  6. ဆုတောင်းပေးပါတယ်။ ပျော်ရွှင်သော မွေးနေ့လေးဖြစ်ပါစေ "ဝိုင်း"
    ကဗျာမရေးတတ်လို့သာပဲနော်။ ကဗျာသာရေးတတ်လို့ကတော့ ကဗျာဆရာတွေ ထိုင်ငိုရလိမ့်မယ်ထင်တယ်နော်။

    ReplyDelete