Monday, November 9, 2009

ကြွက်နို့ဟု ခေါ်သော Wart ရောဂါ

ကြွက်နို့ဟု ခေါ်သော Wart ရောဂါ

Wart ဆိုတာဘာလဲ ?



ဝါ့တ်ဆိုတာဟာ မြန်မာလို အခေါ်တော့ ကြွက်နို့လို့ ခေါ်ပါတယ် ။ သူက သေးငယ်ပြီး မာကျောတဲ့ အစိ အလုံးလေးတွေ အထူးသဖြင့် လက်တွေ ခြေထောက်တွေမှာ အဖြစ်များလေ့ရှိပြီး တခါတရံမှာတော့ အခြားနေရာတွေမှာ ပါ ဖြစ်လေ့ရှိပါတယ် ။ ကြွက်နို့ဟာ အဖြစ်များလေ့ရှိပြီး အရည်ကြည်ဖုပုံစံ ဒါပေမယ့် အခဲစိလေးတွေ ဖြစ်ပါတယ် ။ အဓိကကတော့ ဗိုင်းရပ်စ် ပိုးဝင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ် ။ ဗိုင်း ရပ်နာမည်ကိုတော့ Human papillomavirus (HPV ) လို့ခေါ်ပါတယ် ။ ရောဂါ ရှိနေသူရဲ့ အရေပြားနဲ့ နီးနီးကပ်ကပ်နေမိရင်ထိမိရင် ကူးစက်တတ်တဲ့ ရောဂါ ဖြစ်ပါတယ် ။ ဒါ့အပြင် ကြွက်နို့ ဖြစ်နေသူရဲ့ လက်သုတ်ပုဝါတွေ အခြား ပစ္စည်းတွေကို သုံး မိရင်လည်း ဖြစ်နိုင်ပါတယ် ။ သူတို့ဟာ လအနည်းငယ်မှာ ပြန်ပျောက်တတ်ပေမယ့် နှစ်ပေါင်း များစွာတိုင်အောင်လည်း ဆက်လက် ဖြစ်နိုင်ပါသေးတယ် ။

ကြွက်နို့ဘာကြောင့် ဖြစ်စေသလဲ ?

ဝါ့တ်ဟာ Human papilloma virus - HPV လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုး ကြောင့် ဖြစ်တာဖြစ်ပါတယ် ။ အဲဒီ HPV အမျိုး အစားပေါင်းကလည်း ၁၃၀ လောက် ရှိနေပါသေးတယ် ။ အဖြစ်အများဆုံးကတော့ type 1 , type 2 နဲ့ type 3 တို့ ပဲဖြစ်ပါတယ် ။

Type 1 ကတော့ ခြေဖ၀ါးတွေ လက်ဖ၀ါးတွေမှာ ဖြစ်လေ့ရှိတဲ့ ကြွက်နို့ပဲ ဖြစ်ပါတယ် ။
Type 2 ကတော့ ကြွက်နို့အမျိုးမျိုး အထူးသဖြင့် မျက်ခွံတွေပေါ်မှာ အသားပိုဖုလေးတွေအနေနဲ့ ထွက်ပေါ်လာ တတ်တဲ့ Filiform warts , နဲ့ mosaic plantar warts တွေပဲဖြစ်ပါတယ် ။
Type 3 ကတော့ ပြင်ညီကြွက်နို့plane warts တွေဖြစ်ပြီးသူတို့ကို ကြွက်နို့ပြား flat warts လို့ အသိများပါတယ် ။

စအိုဝနဲ့ မျိုးပွားလမ်းကြောင်းမှာ ဖြစ်လေ့ရှိတဲ့ ကြွက်နို့တွေကတော့ type 6, 11, 16, 30, 34 , 35 , 39 , 40 စတဲ့ ဗိုင်းရပ်စ် အမျိုးအစားတွေကြောင့် ဖြစ်ပါတယ် ။
Type 6 နဲ့ 11 ကတော့ မျိုးပွားလမ်းကြောင်း ကြွက်နို့ကို ၉၀% ထိ အဖြစ်များစေပါတယ် ။
Type 16 နဲ့ 18 ကတော့ လတ်တလော မှာတော့ သားအိမ်ခေါင်းကင်ဆာ ကို ၇၀% ထိ ဖြစ်ပွားစေပြီး မိန်းမကိုယ် အပြင်အတွင်း ယောက်ျားအင်္ဂါ နဲ့ စအိုကင်ဆာတွေ ကို ဖြစ်ပွားစေပါတယ် ။

ကြွက်နို့ အမျိုးအစားတွေက ဘာတွေလဲ ?



သူ့ရဲ့ ပုံသဏ္ဍာန်နဲ့ နေရာပေါ်မူတည်ပြီး အမျိုးအစားပေါင်းမြောက်များစွာ ရှိပါတယ် ။ ဖြစ်ပွားစေတဲ့ ဗိုင်းရပ် အမျိုးအစားပေါ်မူတည်ပြီး တော့လည်း ကွဲပြားပါသေးတယ် ။ အဲဒီထဲကမှ

၁ ။ အဖြစ်များဆုံး ကြွက်နို့(Veruca vulgaris ) - ကြမ်းတမ်းတဲ့မျက်နှာ ပြင်ရှိပြီး အသားပြင်ညီမှ အပေါ်ကို မြင့်တတ်နေလေ့ ရှိပြီး အထူးသဖြင့် လက်နဲ့ ဒူးခေါင်းမှာ အဖြစ်များပါတယ် ။
၂ ။ ကြွက်နို့ပြား (Verruca plana) - သေးငယ်ပြီး ချောမွတ်ပြီး ပြားတဲ့ မျက်နှာပြင် ရှိပါတယ် ။ လူ့အရေပြားအရောင်ပဲ ဖြစ်ပြီး အရေအတွက် အများကြီးပေါက်တတ်ပါတယ် ။ အထူးသဖြင့် မျက်နှာတွေ လည်ပင်းတွေ လက်ကောက်ဝတ်တွေ နဲ့ ဒူးခေါင်းတွေမှာ အဖြစ်များပါတယ် ။
၃ ။ မျက်ခမ်းစပ်ကြွက်နို့(Filiform or Digitate wart ) - သူကတော့ လက်ချောင်းပုံစံ အပ်ချည်ပုံစံရှိပြီး မျက်နှာမှာ အထူးသဖြင့် မျက်ခွံအနီး နှုတ်ခမ်းအနီးမှာ ပေါက်လေ့ရှိပါတယ် ။
၎ ။ Plantar wart (verruca , Verruca pedis) - မာကျောပြီး တခါတရံ နာကျင်တဲ့ အလုံး ပုံစံရှိပါတယ် ။ တခါတရံ များပြားတဲ့ အမဲစက်လေးတွေက ကြွက်နို့ အလယ်မှာ ရှိနေတတ် ပါတယ် ။ သူ့ကိုတော့ အဖိခံရတဲ့နေရာ အထူးသဖြင့် ခြေဖနောင့်မှာ သာလျှင် တွေ့ရပါတယ် ။
၅ ။ Mosaic wart - planter wart တွေချည်း စုစည်ထားတဲ့ အစုတစ်ခုဖြစ်ပြီး လက်နဲ့ ခြေဖ၀ါးမှာ အဖြစ် များပါတယ် ။
၆ ။ မျိုးပွားအင်္ဂါ ကြွက်နို့ (venereal wart , Condyloma acuminatum , Berruca acuminata ) - သူကတော့ မျိုးပွားအင်္ဂါမှာသာ တွေ့ရလေ့ ရှိပါတယ် ။

ကြွက်နို့ကို ဘယ်လိုကုမလဲ ?

ကြွက်နို့ဖယ်ရှားတဲ့ ကုသမှုတွေ အများကြီးရှိပါတယ် ။ စမ်းသပ်စစ်ဆေးထားတဲ့ လေ့လာတွေ့ရှိချက်တွေအရ နိုင်ငံပေါင်း ၅၂ နိုင်ငံမှ စမ်းသပ်မှုတွေမှာ အပေါ်ယံလိမ်းပေးရတဲ့salicylic(ဆယ်လီဆလစ်) acid ပါဝင်တဲ့ ဆေးတွေက အကောင်းဆုံး ဖြစ်ပါတယ် ။ သူက အခြားဆေးတွေနဲ့စာရင် ၇၅% လောက်ကို ပိုကုသမှုနှုန်းကောင်းပါတယ် ။ ဒါ့အပြင် salicylic acid ပေါ်မှာ cryotherapy ပေးခြင်းသို့မဟုတ် ပလာစတာတိပ် (duct tape ) ကပ်ခြင်းကလည်း ပျောက်ကင်းစေနိုင်ပါတယ် ။

အခြားနည်းလမ်းတွေကတော့
၁ ။ podophyllum resin paint လို့ခေါ်တဲ့ လိမ်းဆေးလိမ်းပေးခြင်း
၂ ။ Imiquimod လိမ်းဆေးကတော့ ခန္ဓာ ကိုယ်ရဲ့ ခုခံအားကိုတက်စေပြီး ကြွက်နို့ဖြစ်စေတဲ့ ဗိုင်းရပ်ကို တိုက် ထုတ် ပေးနိုင်ပါတယ် ။ ဒါပေမယ့် US FDA ( အမေရိက ဆေးဝါးနဲ့အစားသောက်ဆိုင်ရာ ခွင့်ပြုချက်)တော့ မရသေးပါဘူး ။ ဈေးလည်းအရမ်းကြီးပါတယ် ။
၃ ။ Cantharidin ဆိုတာကတော့ ပိုးတောင်မာဖြစ်တဲ့ Meloidae အကောင်ကနေ သဘာဝအတိုင်းတွေ့တဲ့ ဓါတုပစ္စည်း ဖြစ်ပါတယ် ။ သူ့ကို podophyllin နဲ့လည်းရောသုံးနိုင်ပြီး သူ့ဘာသာ သီးသန့်လည်း သုံးနိုင်ပါတယ် ။ သူလည်း FDA ထောက်ခံချက်မရသေးပါဘူး ။ ဒါပေမယ့် ကနေဒါနဲ့ အမေရိက အချို့သော ဆေးဝါးဆိုင်တွေမှာ ရနိုင်ပါတယ် ။
၎ ။ Bleomycin ကလည် US FDA မရသေးပါဘူး ။ ထိုးဆေး တစ်ခါ သို့မဟုတ် နှစ်ခါလောက်တော့ ထိုးရပါတယ် ။ ဒါပေမယ့် သူက ခြေချောင်းလက်ချောင်းတွေကို ပုပ်စေပြီး Raynaud ရောဂါကို ဖြစ်စေပါတယ် ။ ဈေးကြီးပြီး USD$ 200-300 လောက်ရှိပါတယ် ။
၅ ။ Salicylic acid ကဲ့သို့ Dinitrochlorobenzene (DNCB) ကလည်း ကြွက်နို့အပေါ်ကို တိုက်ရိုက် လိမ်း ပေးရတာပါ ။ သူကလည်းကောင်းတော့ကောင်းတယ် ဒါပေမယ့် Salicylic acid ထက်ကို သတိထားပြီး သုံးရပါတယ် ။ သူ့ကို Mutagen လို့ခေါ်ပြီး gene တွေကို ပုံပြောင်းသွားစေပါတယ် ။ ခန္ဓာကိုယ်ကို ယားယံရောင်ရမ်း လာစေပြီး ကြွက်နို့ဖြစ်စေတဲ့ဗိုင်းရပ်ကို တိုက်ထုတ်ပစ်တဲ့ နည်းဖြစ်ပါတယ် ။
၆ ။ Fluorouracil ကတော့ ဗိုင်းရပ်ရဲ့ ဒီအန်အေကို ပျက်ဆီးစေပါတယ် ။ သူကတော့စမ်းသပ် တဲ့ကုသမှုတွေမှာ အသုံးများပါတယ် ။ သူ့ကို ကြွက်နို့ပေါ်မှာ တိုက်ရိုက် လိမ်းပေးနိုင်ပါတယ် ။ Planter warts တွေမှာပေါ့ ။ သူက pumic stone နဲ့ တွဲသုံးရပါတယ် ။ ဖြည်းဖြည်းချင်းအလုပ် လုပ်တဲ့အတွက် ပျောက်ကင်းချိန်ကြာပါတယ် ။
၇ ။ Salicylic acid ကတော့ တစ်ကမ္ဘာလုံးမှာ တိုင်းပြည်တိုင်းမှာ အသုံးများနေတဲ့ ကြွက်နို့ကုသတဲ့ဆေး ဖြစ်ပါတယ် ။ သူ့ကို Elorac ဆေးကုမ္ပဏီကနေတင်သွင်းပြီး Durasal ဆိတဲ့ နာမည်နဲ့ ရရှိနိုင်ပါတယ် ။

ပြောပြချင်တဲ့ အချက်တွေ များပြားတဲ့အတွက် အပိုင်း ၂ ကို ဆက်လက် စောင့်မျှော်ပေးကြပါ ။

စာရေးသူ....သက်တန့်ချို(၁၁း၃၅ ည ၈.၁၁.၀၉)

Ref: Wikipedia

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

6 comments:

  1. ကဲ ဒီလို သိရတဲ့အတွက် ကျေးဇူး ။ ဒါပေမယ့် ကုနည်းတွေက လွယ်ဘူးကော...

    ဘာသာပြန်ရတာလည်း လွယ်ဘူးနော်

    ReplyDelete
  2. ၃ တန်းလောက်က ကျောင်းမှာ ဘေးက သူငယ်ချင်းဖြစ်တာမြင်ဖူးတယ်။ သူက ဆေးအနီရောင်လေးပါတဲ့ ပလာဆတာလေးကပ်တာ။ ပူးတေတောင် ကူကပ်ပေးလိုက်သေးတယ်။ မကူးခဲ့ဘူး။ နောက်တော့ ဘယ်လိုပျောက်သွားလဲ မသိဘူး။ သူ့ကို အဲဒါဘာလဲမေးတော့ ကျွဲနို့တဲ့။ ဒါကြောင့် မှတ်မိနေတာ။

    ReplyDelete
  3. ကြွက်နို့နဲ့ ကျွဲနို့ တူတူပဲလား။ မျှပေးတာ ကျေးဇူးပါမောင်လေး။ အပိုင်း 2 ကိုလည်း စောင့်နေမယ်။ အားရင် လာပြန်ဖတ်မယ်နော်။

    ReplyDelete
  4. Thank you for useful material . Added your blog to bookmarks .

    ReplyDelete
  5. ကျေးဇူးတင်ပါတယ် ကိုသက်တန့်
ှဗဟုသုတ အများကြီးရပါတယ်
    အပိုင်း ၂ ကိုဆက်လက်အားပေးနေပါမယ်...

    ReplyDelete
  6. ကျေးဇူးတင်ပါတယ် အစ်ကို သိချင်နေခဲ့တာ ကြာပါ ပြီ။

    ReplyDelete