Thursday, August 12, 2010

ကမ္ဘာ့အကြီးဆုံးပင့်ကူကြီး ရှာဖွေတွေ့ရှိခြင်း

ကမ္ဘာ့အကြီးဆုံးပင့်ကူကြီး ရှာဖွေတွေ့ရှိခြင်း


ကမ္ဘာ့အကြီးဆုံး ပင့်ကူကြီးကို ရှာဖွေတွေ့ရှိခဲ့ပါပြီ ။ ဒီကြီးမားတဲ့ ပင့်ကူမျိုးစိတ်သစ်ဟာ အလွန်ပဲ ကြီးမားပြီး ငှက် တွေ ၊ လင်းနို့တွေကိုတောင် စားသောက်နိုင်ပါတယ် ။ ပြန့်ကားရှည်လျှားတဲ့ ခြေလေးချောင်းပါရှိပါတယ် ။

တွေ့ရှိခဲ့ရတာကတော့ Madagascar နဲ့ Africa မှာ ဖြစ်ပါတယ် ။ လေးလက်မထက် ပိုရှည်လျှား ဖွံ့ဖြိုး ပြီး ဒါဟာ ကမ္ဘာ့အကြီးဆုံး ပင့်ကူကြီးဖြစ်ပါတယ် ။ ဒီပင့်ကူကြီးကို Nephila Komaci လို့ နာမည်ပေးထားပါတယ် ။ သူ့မှာ ပိုးကောင် အင်းဆက်တွေကို ဖမ်းယူစားသောက်နိုင်တဲ့အစွမ်းရှိပြီး နောက်ဆုံး ငှက်လေးတွေ ၊ ပုတ်သင် ညိုလေး တွေနဲ့ လင်းနို့တွေကိုတောင် စားသောက်နိုင်ပါတယ် ။


လူတွေကိုတော့အဆိပ်အတောက်မဖြစ်စေနိုင်ပေမယ့် ကိုက်မိရင်တော့ အရေပြားပေါ်မှာ နာကျင်မှုကို ခံစားရ ပါတယ် ။ အခြားပင့်ကူတွေလိုပဲ ပင့်ကူအမတွေက ကြီးထွားပြီး သူတို့နဲ့မိတ်လိုက်ဖက်ဖြစ်တဲ့ အထီးတွေထက် ငါးဆ လောက်ကြီးမားပါတယ် ။

နှစ်စဉ်နှစ်တိုင်းမှာ ပင့်ကူမျိုးစိတ်ပေါင်း ၄၁၀၀၀ မှာ ၄၀၀ နဲ့ ၅၀၀ လောက် အသစ်ထည့်သွင်းနေရပါတယ် ။

သက်တန့်ချို
11 August 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

1 comment:

  1. ကြောက်စရာကြီးဗျာ ... ပင့်ကူတွေ .. အမက အထီးထက် ငါးဆလောက် ပိုကြီးတယ်ဆိုလို့ပါ ..

    ReplyDelete