Tuesday, December 14, 2010

သက်တန့်ရွာကလေးမှဆည်းဆာရိပ်သို့အလှူဒါန

သက်တန့်ရွာကလေးမှဆည်းဆာရိပ်သို့အလှူဒါန

၁၃.၁၂.၂၀၁၀ ရက်နေ့ ။ ညနေခင်းအချိန်မို့ အပူချိန်က သိပ်တော့မပြင်းလှ ။ ဒီဇင်ဘာလထဲဝင်လာပြီမို့ နှင်းငွေ့အေး အေးက ရင်သို့လာရောက်ရိုက်ခတ်လျှက်ရှိသည် ။ ဒီနေ့ ဆည်းဆာရိပ်ဆိုသော ဂီလာနဘိုးဘွားများ ပြုစုစောင့် ရှောက်မှု အဖွဲ့မှ တာဝန်ရှိသူဖြစ်တဲ့ ဥက္ကဌ ဒေါ်သန်းမြင့်အောင် (စာရေးဆရာမ) နဲ့ အလှူငွေ လှူဒါန်းဖို့ကိစ္စနဲ့ပတ်သတ်ပြီးချိန်းဆိုထားခဲ့ပါတယ် ။ စာရေးဆရာမဒေါ်သန်းမြင့်အောင်ဟာ လက်ရှိ ဆည်းဆာရိပ် လေးရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သလို နာရေးကူညီမှုအသင်း(ရန်ကုန်)မှာလည်း အကယ်ဒမီ ကျော်သူ(ဥက္ကဌ) နဲ့ ဦးဆောင်ပြီး နာရေးရှင်များ အား အခမဲ့ကူညီပေးလျှက်ရှိနေသူတစ်ဦးလည်းဖြစ်ပါတယ် ။

ဆရာမတို့ရောက်လာချိန်ဟာ ညနေငါးနာရီကျော်ပြီဖြစ်တဲ့အတွက် နည်းနည်းတော့မှောင်စပျိုးနေပြီဖြစ်ပါတယ် ။ တွေ့ တွေ့ခြင်းပဲ ဆရာမတို့ကို နှုတ်ဆက်ပြီး အလှူငွေလှူဒါန်းဖို့ ပြုလုပ်ခဲ့ကြပါတယ် ။ ဆရာမက " ကျေးဇူး တင်ပါတယ် နောက်လည်းအမြဲလှူနိုင်ပါစေ သက်တန့်ရွာသူရွာသားများ ရှင် " လို့ ဆုပေးသွားပါတယ် ။




ဒါကတော့ သူကြီးမှနေပြီး ဆရာမ ဒေါ်သန်းမြင့်အောင် (စာရေးဆရာမ) ကို အလှူငွေ ပေးအပ်နေပုံဖြစ်ပါတယ် ။ (အမှန်တော့ ငွေသားဆိုတော့ပုံထဲမှာ မပေါ်မှာဆိုတော့ အမြန်စာရိုက် print ထုတ်ပြီး ငွေတစ်သိန်းလို့ ရေးထားခြင်းဖြစ်ပါတယ် :D)



ပြီးနောက် ဆရာမကနေပြီး အလှူငွေဖြတ်ပိုင်းနဲ့ ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်နေပုံဖြစ်ပါတယ် ။



ဒါကတော့ သက်တန့်ရွာသူရွာသားများ ကောင်းမှု ( First Activity ) အဖြစ် ဆည်းဆာရိပ်သို့ ငွေကျပ်တစ်သိန်းလှူဒါန်းပြီး လက်ခံရရှိတဲ့ ဂုဏ်ပြုမှတ်တမ်းလွှာဖြစ်ပါတယ် ။



ဒါကတော့ အလှူခံဖြတ်ပိုင်းပုံဖြစ်ပါတယ်။



စာရေးဆရာမ ဒေါ်သန်းမြင့်အောင်ဟာ သူ့ရဲ့အတွေ့အကြုံ စာပေပညာနဲ့ " တွယ်ရာမဲ့ရှင်သန်ရစ်ကြသူများ " ဆိုတဲ့ လက်ကမ်းစာအုပ်လေးတွေ အခမဲ့ဖြန့်ဝေလျှက်ရှိပါတယ် ။

စာအုပ်ရဲ့နောက်ကျောဖုံးမှာ " အဲဒီလို ခိုကိုးရာမဲ့ ဂီလာန မိအိုဖအိုတွေကို ဘယ်လိုများ ကူညီပေးနိုင်မလဲလို့ စဉ်း စား ကြည့်ရအောင် " တဲ့ ။ ကျွန်တော်တို့ကူညီနိုင်စရာ နှစ်လမ်းပဲရှိပါတယ်။ တစ်လမ်းက လူကိုယ် တိုင်အနီး ကပ်ပြုစုစောင့်ရှောက်ဖို့နဲ့ နောက်တစ်နည်းကတော့ အလှူငွေလှူဒါန်းခြင်းပဲဖြစ်ပါတယ် ။ ပထမနည်းဟာ လူ့ လောကီ ထုံးစံအတိုင်း လူတိုင်းလူတိုင်း တာဝန်တွေ အလုပ်တွေ သောကတွေ နဲ့ ရှပ်ထွေးပွေလီလှတဲ့အတွက် ဘယ်သူကမှ အဲဒီလောက်အချိန်ပေးနိုင်မယ်မထင်ပါဘူး ။ ဒီတော့ ကျွန်တော်တို့ ဒုတိယနည်းလမ်းဖြစ်တဲ့ အလှူငွေပေးအပ်ခြင်းဟာ ဆည်းဆာရိပ်ကလေးကို ထာဝရရှင်သန်စေဖို့ အုတ်တစ်ချပ်ပဲဖြစ်ဖြစ် သဲတစ် ပွင့်ပဲဖြစ်ဖြစ် ဖြည့်ဆည်းပေးရာရောက်ပြီး လွန်စွာမှပဲ မွန်မြတ်တဲ့ အလှူဒါနဖြစ်တယ်လို့ ယူဆပါတယ် ။ ကြီးကြီး ကျယ်ကျယ် လှူတွေအများကြီးစု နောက် ပြီး ဝေးလားဝါးလား နဲ့အပျော်အပါး ကိုဦးစား ပေးတဲ့အလှူမျိုးထက် ဒီလိုမျိုး တိုက်ရိုက်ဆက်သွယ်လှူဒါန်းရခြင်းဟာ အလွန်ပဲ နှစ်သက်စ ရာကောင်းလှပါတယ် ။

သက်တန့်ရွာကလေးရဲ့ ပထမအကြိမ် အဖြစ်ဆည်းဆာရိပ် ဂီလာနဘိုးဘွားများစောင့်ရှောက်ရေးအဖွဲ့သို့ အလှူငွေ ကျပ်တစ်သိန်းတိတိလှူဒါန်းခြင်းနဲ့ပတ်သတ်ပြီး ရွာသူရွာသားများကိုယ်စီ သာဓု ခေါ်နိုင်ကြပြီး ရင်ထဲမှာ ချမ်းမြေ့ လှိုက်ဖို ကြည်နူးနိုင်ကြပါစေ ။

www.thettantvillage.com

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

5 comments:

  1. Please,May I get that place's address and contact no.Thank you .

    Also says (WEll done )3

    ReplyDelete
  2. @Anonymous

    ဒေါ်သန်းမြင့်အောင် (စာရေးဆရာမ)
    ဖုန်း ၀၉ ၉၉ ၂၈၅၄၉ ၊ ၂၀၅၄၅၁

    ဆည်းဆာရိပ် နေရာ

    ၁ ။ မစိုးရိမ်ကျောင်းလမ်း ၊မြို့ဟောင်းအလယ်ရပ်ကွက် ၊သန်လျင်မြို့
    ၂ ။ အမှတ် ၈၀၃ ၊ ၈၀၅ ၊ မဟော်သဓာလမ်း ၊အမှတ် ၁၂ ရပ်ကွက် ၊ အရှေ့ဒဂုံ

    ReplyDelete
  3. ဆည်းဆာရိပ်ကို ၇.၁.၂၀၁၂ မှာ မေမေနဲ့အတူ သူငယ်ချင်းတစ်စုလိုက် အမှတ်မထင် ရောက်ဖူးလိုက်တယ်... ခိုကိုးရာမဲ့ အဖိုး အဖွားတွေ မျက်မမြင် အဖွားတွေ နာမကျန်းအဖိုး အဖွားတွေကို ကြည့်ရင်း သံဝေဂ ရမိတယ်.... တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ကိုယ်လည်း အဲဒီအသက်အရွယ်ကို ရောက်ရှိကြမှာပဲလေ....... ဒီလို ဆည်းဆာဝင်ခါနီး အဖိုး အဖွားတွေအတွက် စေတနာ ထက်သန်စွာနဲ့ ဖွင့်လှစ်ပေးထားတဲ့ ဆရာမ ဒေါ်သန်းမြင့်အောင်နဲ့ ၀န်ထမ်းတွေကိုလည်း အရမ်းလေးစားချီးကျူးဂုဏ်ယူမိတယ်... ၀န်ထမ်းတွေဆို အဖိုးအဖွားတွေကို သေချာ ဂရုစိုက် ပြုစုတာ...... မိတ်ဆွေတို့လည်း သွားရောက်ဖို့ တိုက်တွန်းလိုက်ပါတယ်......

    ၇.၁.၂၀၁၂ မှာ ဆည်းဆာရိပ်ကို မသွားခင် မိဘမဲ့သီလရှင်ကျောင်းကို သွားခဲ့ကြတယ်....... လိုအပ်တာကို နိုင်သလောက် လှူဖို့ သူငယ်ချင်းတစ်စု သွားခဲ့ကြတာပါ...... စတုဒီသာလည်း ကျွေးခဲ့ပါသေးတယ်.....

    (တစ်နေ့တည်းနဲ့ အာရုဏ်တက်စအရွယ်နဲ့ ဆည်းဆာဝင်ခါနီး အရွယ်ကို လေ့လာသုံးသပ်မိခဲ့တယ်)

    ReplyDelete