Tuesday, December 21, 2010

အမုန်းစာရင်း

အမုန်းစာရင်း

၁ ။ သူငယ်ချင်း သူငယ်ချင်းဆိုပြီး နောက်ကျောဓါးနဲ့ထိုးတတ်တဲ့ ရေပေါ်ဆီတွေကိုလည်းမုန်းတယ် ။

၂ ။ ရွှေတစ်ဆယ်သားဘယ်လောက်စိန်လော်ကတ်သီးကြီးဘယ်လောက်ဆိုပြီး ကန်စွန်းရွက်တွေ အများကြီး ၀ယ် ၀ယ်သွားတဲ့ ရပ်ကွက်ထဲက ဒေါ်ငွေရှင်ကိုလည်းမုန်းတယ် ။

၃ ။ တခါတခါ မျက်နှာသာပေးမလိုနဲ့ တခါတခါ ချောက်ထဲတွန်းချတတ်တဲ့ ကံကြမ္မာကိုလည်း မုန်းတယ် ။

၎ ။ ပေါ်မလိုလို ပေါ်မလိုလိုနဲ့ Page Loading Error ပြတတ်တဲ့ ကွန်နက်ရှင်ကိုလည်းမုန်းတယ် ။

၅ ။ အချစ်ဆိုပြီးတော့ လူတွေညည်းညည်းနေကြတဲ့ အကောင်အထည်မပြနိုင်တဲ့ စိတ်ခံစားမှုကိုလည်းမုန်းတယ် ။

၆ ။ သိက္ခာဆည်တရားတွေ ပြပြနေပြီး ညနေအချိန်မှန် ခွက်ပုန်းချတတ်တဲ့ ဂေါပကလူကြီးကိုလည်းမုန်းတယ် ။

၇ ။ ကိုယ့်ရာသီနဲ့ကိုယ် မစစ်မှန်နိုင်တော့တဲ့ ဒီဇင်ဘာရဲ့ လျော့ပါးလာတဲ့ ချမ်းအေးမှုကိုလည်းမုန်းတယ် ။

၈ ။ ကဗျာရေးမရနိုင်တဲ့ ရှပ်ထွေးပွေလီတဲ့ မပီမသ ညတွေကိုလည်းမုန်းတယ် ။

၉ ။ အသည်းကွဲသမားယောင်ဆောင်ပြီး အွန်လိုင်းမှာ ကြူတတ်တဲ့ သကောင့်သမီး ၊ သကောင့်သား တွေကို လည်း မုန်းတယ် ။

၁၀ ။ နောက်ဆုံး.. ကိုယ့်ကိုယ်ကိုယ်လည်းမုန်းတယ် ။

Posted @ www.thettantvillage.com
သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

4 comments:

  1. ဘယ်လိုဖြစ်တာတုန်း အစ်ကိုသူကြီးသက်တန့်ရယ်.
    မုန်းတာများ LIST နဲ့တောင်ထုတ်ယူရတယ်..


    ဆွေလေးကတော့

    တစ်ရက်နဲ့တစ်ရက် ပိုပို ကျကျလာတဲ့ ဒေါ်လာဈေးကို မုန်းတယ်.

    ဟားဟား

    ReplyDelete
  2. အမုန်းစားရင်းတွေ ဖတ်သွားတယ်ကိုသက်တန့်ရေ့.....။

    “ညာနေတာသိရက်နဲ့.......တစ်ခါတလေမှာ အားနာလို့ မသိချင်ယောင်ဆောင်ပေးနေရတာတွေကိုလည်း.....မုန်းတယ်”......
    (ဖြည့်စွက်သွားတာ.......း))

    ခင်မင်ခြင်းအားဖြင့်......
    ဏီလင်းညို

    ReplyDelete
  3. အဲလိုမျိုးနေတဓူဝခံစားချက်တွေကိုဖတ်ချင်းပါတယ်။
    ဒါကနေ့စဉ်ဘ၀နဲ့နီးစပ်တယ်လေ၊သာမန်
    ပြည်သူတွေရဲ့နေတဓူခံစားချက်တွေကိုမဖတ်ရပဲ၊
    ဘိန်းမုန့်ကိုရွှေမှုန့်ကြဲထားလဲအလကားပါပဲ၊မြန်မာလူမျိုးတွေ
    စိတ်ဓါတ်တစ်ချိုကသိပ်ချစ်စရာကောင်းပါတယ်။
    အနောက်နိုင်ငံယဉ်ကျေမူးကိုတုပနေတဲ့၊ခေတ်လူငယ်တွေကိုပြောချင်းပါတယ်။ကောင်းတာကိုတုပါ။စည်းကမ်းမဲ့တဲ့
    သူတို့လူနေမူစရိုက်အချို့ကိုတော့မတုပစေချင်းပါဘူး။

    ReplyDelete
  4. အချစ်ဆိုပြီးတော့ လူတွေညည်းညည်းနေကြတဲ့ အကောင်အထည်မပြနိုင်တဲ့ စိတ်ခံစားမှုကိုလည်းမုန်းတယ် ။

    ကိုယ့်ကိုလဲ မုန်းနိုင်တယ်...( အာဂျီးမား)

    ReplyDelete