Friday, July 29, 2011

နတ်သမီး (သို့ ) အဖြူသက်သက် ရစ်သမ်

နတ်သမီး (သို့ ) အဖြူသက်သက် ရစ်သမ်



၂၀၀၉ ခုနှစ်လောက်ကပေါ့ ။ ကျွန်တော် အင်တာနက်စသုံးနေတဲ့အချိန် အဲဒီလို ၀ဘ်ဆိုက်လေးတွေလုပ်ရတာ အတော်လေး ကို ၀ါသနာပါသွားတယ် ။ Blogger ကို မရောက်သေးခင် ပေါ့ wordpress , Ning , multiply စုံနေ တာပါပဲ ။ ဒီလိုနဲ့ Ning မှာလုပ်နေတုန်း ကျွန်တော် blogger ကိုတွေ့သွားပြီး အဲဒီမှာပဲ အထိုင်ချတော့မယ်လို့ ဆုံးဖြတ် ခဲ့တယ် ။ အဲဒီမှာပဲ ဘလော့ဂါ သူငယ်ချင်းတွေ အများကြီးရခဲ့ပါတယ် ။ အစ်မနိုင်းနိုင်းစနေ ၊ မေလေး ၊ အဖြူရောင် နတ်သမီး ၊ ရန်ကုန်သား ၊ ကိုမျိုး (အညာမြေ) ၊ ၀က်ဝံလေး ၊ နှင်းဟေမာ ၊ နှင်းနဲ့မာယာ ၊ သားကြီး ၊ ကိုလူထွေး စသဖြင့် အများကြီးပါပဲ ။ အဲဒီမှာ မှတ်မှတ်ရရ ကျွန်တော်ဘလော့တွေကို နိုင်ဆိုက်ထိကို လိုက်အားပေးတဲ့ သူကတော့ အစ်မ အဖြူရောင်နတ်သမီး နဲ့ အစ်မ မေလေးတို့ဖြစ်ပါတယ် ။ အစ်မနမ်းမ၀ ဟာ လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်လောက် ကတည်းက စသိခဲ့တာဖြစ်ပြီး ခင်မင်ခဲ့ပါတယ် ။ ကျန်းမာရေး ပြဿနာတွေကြုံလာတိုင်း ကျွန်တော့်ကို အကူ အညီတောင်းလေ့ရှိတယ် ။ ရင်းနှီးနွေးထွေးလှပြီး ကျွန်တော့်အတွက် အစ်မရင်းတစ်ယောက် ရသလိုပါပဲ ။ အခုလည်း အစ်မ အတွက် ဘလော့ဂ် ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကဗျာလေးတစ်ပုဒ်လက်ဆောင်ပေးလိုက်ပါတယ် ။

နတ်သမီး (သို့ ) အဖြူသက်သက် ရစ်သမ်

ရေလှိုင်းခတ်သံ ကြားတိုင်း
ဒဏ္ဍာရီဆန်တဲ့ ရက်စွဲအချို့ဟာ...
အတွေးထဲမှာ နေသားတကျ..
အဖြူရောင်လွင်ပြင်ကျယ်ကြီးထဲက...
ခရမ်းရင့်ရောင် နှင်းဆီတွေ..
ပြေပြစ်ကျော့ရှင်းခြင်းနဲ့အတူ...
သူမက...ရင့်ကျက်ခြင်းတွေကို ပိုင်ဆိုင်တယ်..
နတ်သမီးရေ........
သမိုင်းစာမျက်နှာအချို့ကတော့..
ဘာသာပြန်လွဲခဲ့ဖူးရဲ့...
ပျော်ဝင်နစ်မျောခြင်းဟာ..
သိုးတစ်ကောင်လို....ဖြူစင်နေဆဲ
ပီကာဆိုရဲ့ မပြီးဆုံးနိုင်တဲ့ ပန်းချီကားတစ်ချပ်လို
ကောင်းကြောင်းတစ်စုံနဲ့ စုတ်ချက်ရာတွေက
ဟိုး..........ဝေးဝေးက
ဖမ်းဆုပ်မရတဲ့....သက်တန့်ရောင်စဉ်တွေလို.
လိပ်ပြာတွေလည်းဝဲပျံကြ
နှင်းဆီတစ်ပွင့်ရဲ့ခမ်းနားခြင်းမှာ
ရိုးသားဖြူစင်ခြင်းတွေ စီးဝင်လို့...
နတ်သမီးရေ....
ရွှေရောင်ကောင်းကင်မှာနေပျော်လှဲ့
သက်တန့်ရောင်စဉ်တွေလည်း ဖန်ဆင်းလှဲ့
တခါတခါ...
အဖြူရင့်ရင့် ရစ်သမ်တွေနဲ့..
ဆံနွယ်တချို့ကို ၀ဲခါခဲ့....
အဲဒီအခါ...
ပန်းတို့ အကုန်မြေခတယ်...
ပန်းတို့ အကုန် ကြွေ ကျ မယ် . . .

သက်တန့်ချို
29 July 2011

အဲ ဝေဖန်ပေးရဦးမယ်ဆိုတော့လည်း ကဗျာ ရေးပေးပြီး ဝေဖန်လိုက်ဦးမယ် :P

၁ ။ အစ်မဘလော့ အပြင်အဆင်ကြီးမကြိုက်ပါဘူး ။ အရမ်းလေးနေပြီးတော့ ဘန်နာကြီးကလည်း မလှပါဘူး ။ အဲဒါလေးပြန်ပြင်စေချင်ပါတယ် ။ ပြီးတော့ နည်းနည်း ရှုပ်နေသလိုပါပဲ ။ မှောင်လည်းမှောင်တယ် ။

၂ ။ အတွေ့အကြုံနဲ့ကဗျာတွေများများရေးစေချင်ပါတယ် အစ်မ ။

၃ ။ ဖြစ်နိုင်ရင် စီဘောက်လေးပြန်ထည့်ပေးပါ ။ လိုအပ်ရင် register လုပ်မှ ရေးလို့ရအောင်လုပ်ထားပေါ့ ။

ဒါပါပဲ ကြည့်သလောက်တော့ စာဖတ်သူတွေကို ဗဟုသုတပေးနိုင်တဲ့ အတွေ့အကြုံလေးတွေ နဲ့ ဆိုက်ပရပ် က ဗဟုသု တလေးတွေ ကို မျှော်လင့်နေပါတယ် ။ လူချစ်လူခင်ပေါများပြီး နာမည်ကြီးပြီးသားဖြစ်တဲ့အတွက် အများကြီး မဝေ ဖန်တော့ ပါဘူး :P ( ကြုံတုန်းလေး နှိပ်ကွပ်ရတာ )

( အစ်မ အဖြူရောင်နတ်သမီး ကျန်းမာပျော်ရွှင်ပါစေ ဘလော့ဂ်လေးလည်း အစဉ်သဖြင့် လူတွေ ကို ကောင်း ကျိုးပြုနိုင်ပါစေ ။ )

ယခုလက်ရှိ ကျွန်တော့်ရဲ့ မေးလ်အသစ်ကတော့ bloggerthettantcho@gmail.com ဖြစ်ပါတယ် ။ မကြာခင်မှာပဲ အရင်လို ပို့စ်တွေ ပြန်ရေးသွားမှာဖြစ်ပါတယ် ။း)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

8 comments:

  1. “ထစ်ကနဲ”ဆို.. အမရှေ့မှာ အမြဲရပ်တည်ပေးတတ်တဲ့ မောင်အရင်းသဖွယ် ချစ်ခင်ရတဲ့ သက်တန့်ကို အရမ်းကျေးဇူးတင်ပါတယ်။
    အဖြူရောင်နတ်သမီး(၂)နှစ်ပြည့် အတွက် သက်တန့်ရဲ့ လက်ဆောင်ကဗျာလေးကိုလည်း မြတ်မြတ်နိုးနိုး ထာဝရသိမ်းထားပါ့မယ်..။
    ဘလော့ဂ်လေးကိုလည်း ပြင်လိုက်ပါ့မယ်..(လေးနေမှန်း သိပေမယ့် အမကိုယ်တိုင် ဘာမှ မလုပ်တတ်လို့ သူများပြင်ပေးတာကို စောင့်နေရတာပါ)။
    E mail လိပ်စာသစ်ကိုလည်း အက်လိုက်ပြီနော်...။
    အမရဲ့မောင်လေး သက်တန့်တစ်ယောက် စိတ်သွားတိုင်းကိုယ်ပါပြီး လိုအင်ဆန္ဒများအားလုံး ပြည့်ဝပါစေကွယ်...။

    ReplyDelete
  2. နတ်သမီးဘလော့အတွက် ကဗျာလေးလှတယ်....။

    ReplyDelete
  3. နတ်သမီးရုပ်ကလေးနဲ့ ကဗျာလေးနဲ့ လိုက်ဖက်တယ်

    ReplyDelete
  4. မမနတ်သမီးရဲ့ဘလော့နှစ်ပတ်လည်အတွက် ရေးပေးတဲ့ ကဗျာလေးပေါ့။။ အားပေးသွားပါတယ်ဗျ။။။

    ReplyDelete
  5. ကဗျာလေးနဲ့ မမနဲ့ ပနာရလိုက်တာ....ဂွတ်လိုက်တာနော်..:):)

    ReplyDelete
  6. ဟန်ကြည်July 30, 2011 at 4:47 AM

    ဒီရက်ပတ်ကတော့ နတ်သမီးရဲ့ ရက်ပတ်ပဲ ဖြစ်နေပါပေါ့လား သက်တန့်ရေ...

    ReplyDelete
  7. Happy Blog Birthday နတ်သမီး။ အစ်မနဲ့ နှစ်ပတ်ပဲကွာတာပဲ။ နှစ်နှစ်သမီးဆိုတော့ အကူမလိုပဲ လမ်းကောင်းကောင်း လျှောက်တတ်ပြီပေါ့။ ပျော်ရွှင်စွာ ဘလော့ဂ် ဆက်ရေးနိုင်ပါစေနော်။ ဒါနဲ့ သက်တန့်ချို ဘလော့ဂ်ဖွင့်ခါစက ဟောက်ဆာဂျင်ဘ၀ အတွေ့အကြုံပို့စ်တခုမှာ အစ်မ မှတ်ချက်ပေးလို့ သက်တန့်ချို ရန်ပြန်တွေ့တာကိုလည်း မှတ်မိနေတယ်။
    ပျော်ရွှင် ချမ်းမြေ့ပါစေ။

    ReplyDelete
  8. ဟုတ်ပ ကိုသက်တန့်ရေ..အဲဒီ နတ်သမီးကြီးကို စီပုံး တတ်ဖို့ ဂျီကျ ပေးပါ။။ အော်စရာမရှိ စီပုံးနတ္ထိ ၊ မန့်ရင် မတက်တာ များ၏။ ထို့ကြောင့် သူမ သည် ဘာကြီးမှန်းမသိ။ ဟဲဟဲ နတ်သမီး မြင်ရင်တော့... ဗိုက်ပူ နင်တော့ အထုခံရမယ် ဆိုပြီး ကြိမ်းမောင်းတာကို ပျော်ပျော်ကြီး ခံပါဦးမည်။

    ReplyDelete