Saturday, November 5, 2011

အဝေးရောက် . . .



အဝေးရောက် . . .

နေပျော်ပါတယ်လို့ . . .
ဘယ်သူတွေကများပြောသလဲ
မနက် နဲ့ညဟာ
ကော်ဖီခွက်ထဲက အနှစ်သာရလို
အေးစက်စက် . . . ခါးသက်သက်နဲ့
လူဖြစ်ရကျိုးမနပ်ဘူး ကွယ်

ဒီမယ် သူငယ်ချင်း
ငါက ကြယ်မှုန်ကလေးပေမယ့်
ကိုယ့်နိုင်ငံအတွက် .. မှုန်ပြပြလေးအဖြစ် လင်းချင်သေးတယ်
ဘယ်သူတွေဘာပဲပြောပြောပေါ့
အဝေးရောက်သူများအဖို့
ခံစားချက် အချို့ဟာ
မှေးမှိန် ခြောက်သွေ့နေခဲ့ရ

ဗေဒါပင်တွေလည်းမရှိဘူး
နှင်းဆီရနံ့တွေလည်းမရှိဘူး
လေထန်ကုန်းလည်းမရှိဘူး
အင်းလျားလည်းမရှိဘူး
ဒါပေမယ့် အပြုံးတစ်ချို့ကိုတပ်ဆင်လို့
ပညာတတ်ကြီးယောင်ဆောင်နေလိုက်တယ်
ကဲ . . ဘယ်လိုလဲ
ခေတ်ကတော့ ပြောင်းခဲ့ပြီ
အရိုးစွဲ မာန သိက္ခာတစ်ချို့ကိုစွန့်ပစ်လို့
ကျွန်တော် လူရိုးကလေးပဲလုပ်ရမလားဟင်

လွမ်းတတ်ပါတယ်
ခင်ဗျား တို့ ချစ်တာထက်တော့ မလျော့ဘူး
ဒီရေ ဒီမြေကို တမက်မက်နမ်းရှိုက်လို့
ကျွန်တော်က ကျည်ဆန်ရထားတွေ စီးနေရဆဲ
ကျည်ဆန် အလုပ်တွေလုပ်နေရဆဲ
ကျည်ဆန် အလွမ်းတွေ . . အိုး . . .မြန်သထက်မြန်
လူဟာ . . . အမြဲ ကျည်ဖူးအသွင်ဖြစ်ခဲ့
သူငယ်ချင်းရေ
မှောင်မိုက်ခဲ့ရသော ညတွေအကြောင်း
ငါ ကဗျာတွေ သီကုံးထားတယ်ကွယ်

ဘ၀က နေပျော်စရာမရှိပါဘူးလို့တော့မရေရွတ်စမ်းနဲ့
လူတိုင်းမှာ ကိုယ့်အပူနဲ့ကိုယ်ပေါ့
ဆီဦးထောပတ်စားနေရချိန်
လူဟာ. . ငါးပိရည်ကိုလည်း လွမ်းတတ်တယ်
မီးမလင်းသော ည အချို့နဲ့
ကျွန်တော်တို့ ထိုင်ခဲ့သော လက်ဖက်ရည်ဆိုင်ကလေး
အမြဲပဲ အရင်လို နွေးထွေးနေပါစေကွယ်

သက်တန့်ချို
5 /11/2011

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

11 comments:

  1. ရင်ကိုထိစေတဲ့ ကဗျာလေးပဲ အကို...
    ခ့စားအားပေးလျှက်..

    ReplyDelete
  2. "နေပျော်ပါတယ်လို့ . . .
    ဘယ်သူတွေကများပြောသလဲ
    မနက် နဲ့ညဟာ
    ကော်ဖီခွက်ထဲက အနှစ်သာရလို
    အေးစက်စက် . . . ခါးသက်သက်နဲ့
    လူဖြစ်ရကျိုးမနပ်ဘူး ကွယ်" ....

    ReplyDelete
  3. သမီးကဗျာလေးကိုဖတ်သွားပါတယ်ရှင်။အရမ်းကောင်းတဲ့ကဗျာလေးပဲ...အားပေးလျက်...

    ReplyDelete
  4. ခံအိမ်ဝေးတဲ့သူတိုင်း မပြန်ဖြစ်သေးသူတိုင်းလဲ ခံစားရတဲ့ ကဗျာကောင်းတစ်ပုဒ်ပါ။

    ReplyDelete
  5. ခံအိမ်ဝေးတဲ့သူတိုင်း မပြန်ဖြစ်သေးသူတိုင်းလဲ ခံစားရတဲ့ ကဗျာကောင်းတစ်ပုဒ်ပါ။

    ReplyDelete
  6. မိုးနှင်းပွင်.November 6, 2011 at 11:02 AM

    TTC
    ရိုဟင်ဂျာနဲ.ပတ်သတ်ပြီးတော.
    ဆရာ.၇ဲ.သဘောထားအကြောင်းကိုရေးပါဦး
    သူတို.ကို သနားသင်.လား မုန်းတီးရမှာလား
    မွတ်စလင်ဘာသာကိုတော. အရမ်းမုန်းတယ်
    တစ်ချို.ဘတော.ဂါတွေက ကျတော.ကိုယ်ချင်းစာသင်.တယ်တဲ.
    အဲဒါမှန်လား ?

    ReplyDelete
  7. နေချင်သလိုနေလို့မရတဲ့ လောကကြီးထဲမှာ
    နေပျော်တတ်အောင်နေဘို့သာ အရေးကြီးပါတယ်
    မောင်သက်တန့်ရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  8. အဝေးရောက်တွေက ဒီလိုပဲအမြဲခံစားရပါတယ်ဗျာ။ ကဗျာခံစားဖတ်သွားပါတယ်။

    ReplyDelete
  9. နေပျော်တယ်လို. ဘယ်သူပြောလဲ
    ဟုတ်တယ် ဖတ်ရတာမျက်ရည်ဝဲလာပီ
    ဟီးးးးးးးးးးးးးးးးးးးးးးးးလို.ပဲငိုလိုက်တော.မယ်

    ReplyDelete
  10. ပျော်ရာမှာ မနေရ.. တော်ရာမှာ နေရသူမို့..
    “ပျော်နေတယ်”လို့တော့ မထင်လိုက်ပါနဲ့...
    အဝေးရောက်နေသူရဲ့ ရင်မှာ
    ခပ်အအစကားတွေသာ ဆို့နစ်ခဲ့ရ...
    အခြေနေပေးရင်ဖြင့်
    တချိန်ချိန်တော့ အရောက်ပြန်လာခဲ့မယ်.. ကိုယ့်ပြည်အတွက်
    လူဖြစ်ရကျိုးနပ်ချင်သေးတယ်..။

    ReplyDelete
  11. အဝေးရောက်သူတွေထဲကကျန်တော်လည်းအဝေးရောက်သူတယောက်မို့ သည်ကဗျာလေးကိုအရမ်းနှစ်သက်မိပါတယ်..အဝေးရောက်နေကြတဲ့ရွှေမြန်မာများအားလုံးတချိန်မှာအမိမြန်မာပြည်ရင်ခွင်သို့ အမြန်ဆုံးပြန်လည်ခိုလှုံနိုင်ကြပါစေ

    ReplyDelete