Wednesday, November 9, 2011

ခွဲစိတ်စရိတ်မတတ်နိုင်လို့အစာအိမ်ကိုဓါးနဲ့ထိုးဖောက်ခဲ့တဲ့တရုတ်အမျိုးသမီး

ခွဲစိတ်စရိတ်မတတ်နိုင်လို့အစာအိမ်ကိုဓါးနဲ့ထိုးဖောက်ခဲ့တဲ့တရုတ်အမျိုးသမီး



တရုတ်အမျိုးသမီးတစ်ဦးဟာ ရေတွေနဲ့ပြည့်ဖောင်းနေတဲ့ ၀မ်းဗိုက်ကိုခွဲစိတ်ဖို့ရာ မတတ်နိုင်ခဲ့တဲ့အတွက် ကိုယ့်အ စာ အိမ်ကို ကိုယ် မီးဖိုချောင်သုံးဓါးနဲ့ ထိုးဖောက်ခဲ့တယ်လို့ ဆိုပါတယ် ။ သူမနာမည်က Wu Yuanbi အလို့အ မည်ရပြီး အသက် ၅၃ နှစ်ရှိပါပြီ ။ Chongqing မြူနီစီပယ် ဧရိယာမှာ ရွှေ့ပြောင်းလုပ်သားတစ်ဦးဖြစ်ပြီး သူမဟာ ဒီလို ခွဲစိတ်ဖို့မတတ်နိုင်တဲ့အတွက် ဒီလိုအလုပ်မျိုးလုပ်ခဲ့တယ်လို့ဆိုပါတယ် ။

သူမ ရုတ်တရက် ဓါးနဲ့ထိုးချလိုက်တဲ့အခါ အရာအားလုံးဟာ မှောင်မိုက်သွားပါတယ် ။ အလင်းသဲ့သဲ့ မျက်လုံးထဲ ပြန်ဝင်လာ တဲ့အချိန်မှာတော့ေ ဆးရုံကို ရောက်နေပြီးအခုတော့ ကုသမှုတွေအတွက် ကုန်ကျစရိတ်တွေ မပေးရတော့ ဘူးလို့ သိရပါတယ် ။ ၀ူဟာ အသက် ၁၃ နှစ်အရွယ်ကစပြီး Budd-Chiari syndrome လို့ခေါ်တဲ့အ စာအိမ်ထဲမှာ ရေတွေပြည့်နှက်နေတဲ့ ထူးထူးဆန်းဆန်းရောဂါကို ခံစားနေရသူဖြစ်ပါတယ် ။ ၂၀၀၂ ခုနှစ်မှာတော့ သူမ မိသားစုက အစာအိမ်ထဲကရေတွေထွက်ရှိစေဖို့အတွက် ခွဲစိတ်မှုတစ် ခုကို ငွေကုန်ကြေး ကျခံပြီးပြုလုပ် ခဲ့ပါတယ် ။ သူမပြန်ကောင်းလာတဲ့အချိန်မှာ မိသားစုဟာ အတော်လေး ဆင်းရဲသွားခဲ့ရပါတယ်။ ဒုတိယအ ကြိမ်ခွဲစိတ်ဖို့ ယွမ်ငါးသောင်းကို မတတ်နိုင်ခဲ့ပါဘူးလို့ မီဒီယာတွေကဖော်ပြထားပါတယ်။ မေ ၈ ရက်နေ့တုန်းက ၀ူဟာ ၀မ်းဗိုက်ထဲမှာ အလွန်အမင်းတင်းကျပ်နေတဲ့အတွက် အစာအိမ်ကို အခုလို ဓါးနဲ့ထိုးဖောက် ခဲ့ရတာပါလို့ဆိုပါတယ် ။ သူမ အမျိုးသား Cao Yunhui က သူမ အစာအိမ်ပွင့်နေတဲ့ အချိန်အလုပ်မှာရှိနေခဲ့ပြီး သူမဟာ နာရီအတော်ကြာ ပြင်းထန်တဲ့နာကျင်မှုကိုခံစားခဲ့ရပါ့တယ် ။ သူမအမျိုးသားပြန်ရောက်လာခဲ့အခါ ၀ူ ကို အစာအိမ်မှာ ၁၀ စင်တီမီတာလောက် ဒါဏ်ရာကြီးနဲ့လဲကျနေတာကိုတွေ့ပြီး အရည်တွေစိုရွဲနေတာကို မြင်ခဲ့ရပါတယ် ။ ဒါနဲ့ပဲ ချက်ချင်းဆေးရုံကိုပို့ဆောင်ခဲ့ရပါတယ် ။



“ အကယ်၍ ကျွန်မ သေဆုံးသွားခဲ့လည်း ဒါဟာ မိသားစုအတွက် ၀န်ထုပ်ဝန်ပိုးလျော့ကျစေတာဖြစ်တယ်လို့ မြင်မိ ပါတယ် ” လို့ ၀ူက ပြောဆိုခဲ့ပါတယ် ။

Source :rxpgnews

သက်တန့်ချို
9 Nov 2011

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

4 comments:

  1. ကွန်မြူနစ်တွေအုပ်ချုပ်တဲ့နိုင်ငံကလူနေမှုဘဝတွေကလဲ ဆိုးဝါးလှပါတယ်။ အာဏာရှင်တွေသာကြီးစိုးတဲ့နိုင်ငံတွေမှာလဲဒီလိုအဖြစ်မျိုးတွေမရှိဘူးလို့ မပြောနိုင်ဘူး။ တော်သေးတာပေါ့ ဝူဆိုတဲ့အမျိုးသမီးအသက်ရှင်ခွင့်ရသွားလို့ ။ လူထုကိုကျန်းမာရေးအာမခံချက်မပေးနိုင်တာအတော့်ကိုဆိုးဝါးတာပါပဲ။

    ReplyDelete
  2. မခံနိုင်တော့ရင် ဘာမှမမြင်တော့ဘူး ဗျ...

    ReplyDelete
  3. စိတ်ညစ်စရာဗျာ...

    ReplyDelete
  4. Wu ရဲ့အကြောင်းလေးဖတ်သွားတယ် မောင်သက်တန့်ရေ။
    လူ့ဘောင်ဘဝကြီးထဲ ဒုက္ခတွေကလည်းများလိုက်တာ။
    လူသားအားလုံး စိတ်ဓာတ်အစဉ်ကြည်လင်အေးမြကြပါစေ။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete