Monday, November 28, 2011

နှစ်ပတ်ကြာ စိုက်ဝင်နေတဲ့မြှားကို ခွဲစိတ်ပြီးထုတ်ပေးခဲ့ရခြင်း

နှစ်ပတ်ကြာ စိုက်ဝင်နေတဲ့မြှားကို ခွဲစိတ်ပြီးထုတ်ပေးခဲ့ရခြင်း




Madya Pradesh tribal ဆိုသူဟာ နှစ်ပတ်ကြာကတည်းက သူ့ရင်ဘတ်မှာ စိုက်ဝင်နေတဲ့ မျြှားဦးခေါင်းကို ဆုပ် ကိုင်ပြီး ပုံမှန်အတိုင်းဆေးရုံကို လမ်းလျှောက်လာပါတယ် ။ အံ့သြစရာပါပဲ ။ ၂ ပတ်ကြာစိုက် ၀င်နေတဲ့မြှားခေါင်း ကို Andore မှာ ဆရာဝန်တွေက ခွဲစိတ် ဖယ်ရှားပေးခဲ့ရပါတယ် ။

Khargone ပြည်နယ်မှ အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ Gajuram ဟာ tribesman Kaliya ရဲ့ မြှားနဲ့ ပစ်ခြင်း ကိုခံခဲ့ရတာပါ ။ အကြောင်းရင်းတော့ သူလိုချင်တဲ့ ကြက်ကို ပေးဖို့ ငြင်းဆန်ခဲ့တဲ့အတွက်ပါတဲ့ ။ Gajuram ဟာ မြှားကိုဆွဲထုတ်ခဲ့သော်လည်း မြှားခေါင်းကတော့ ကျန်နေခဲ့တယ်လို့ ရဲတွေကပြောဆိုခဲ့ပါတယ် ။ Gajuram ဟာ Khargone ဆေးရုံကိုရောက်ရှိခဲ့ပြီး ဆရာဝန်တွေကသူ့ကို MY ဆေးရုံ Indoreကို ပြန်လွှဲပေးခဲ့ပါတယ် ။ ဒါပေ မယ့် Gajuram ဟာ ပေါ့ပေါ့ပါးပါးပဲနေခဲ့ပြီး သူ့အိမ်ကိုပြန်ကာ ပုံမှန်အလုပ်တွေလုပ်နေခဲ့ပါတယ် ။



၂ ပတ်ကြာတဲ့အခါမှာတော့ သူ့ဆွေမျိုးအိမ်နီးချင်းတစ်ဦးက သူ့ကို MY ဆေးရုံကို အတင်းခေါ်ခဲ့ပြီး ခွဲစိတ်မှု ခံယူစေခဲ့ပါတယ် ။ ဆေးရုံမှာ ဆရာဝန်တွေဟာ သူ့ကိုမြင်တဲ့အခါ အလွန် ထိတ်လန့်တုန်လှုပ်ခဲ့ပါတယ် X ray မှာပြနေ တာက မြှားခေါင်းလေးဟာ ရင်ဘတ်ကနေပြီးနက်ရှိုင်းစွာ စိုက်နေခဲ့ပါတယ် သူ့ရဲ့ အဆုတ်တစ်နေ ရာကိုထိခိုက်နေပါပြီ လို့ R.K. Mathur က ပြောဆိုခဲ့ပါတယ် ။ “ ဆရာဝန်တွေက သူ့ကိုမေ့ဆေးပေးပြီး ခွဲစိတ်မှုပြု လုပ်တဲ့အခါ ဒါဏ်ရာရနေတဲ့အဆုတ်ဟာ အန္တရာယ်များတဲ့အတွက် အလွန်ကို ထိတ်လန့်ခဲ့ရပါတယ် ” လို့ ဆရာဝန်တစ်ဦးဖြစ်သူ V.S.Bhatia ကပြောခဲ့ပါတယ် ။ Bhatia ဟာ သူ့ရဲ့ အထက် ဆရာဝန်ပေါင်း များစွာနဲ့ ဆွေးနွေးမှုပေါင်းများစွာကိုပြုလုပ်ခဲ့ရပြီး Gajuram ကိုမေ့ဆေးပေးကာ ၂ နာရီကြာ ခွဲစိတ်မှု ပြုလုပ်ခဲ့ရပါတယ် ။ ဒီလိုနဲ့ စိုက်ဝင်နေတဲ့မြှားခေါင်းကို တခြား ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ထိခိုက်စေခြင်း မရှိပဲနဲ့အောင်မြင်စွာ ဖယ်ထုတ်နိုင်ခဲ့ပါတယ် ။

“ တခြားလူတွေဆိုရင်တော့ ဒီလို ရင်ဘတ်ထဲမြှားစိုက်ဝင်ပြီး အဆုတ်ကို ထိသွားတယ်ဆိုရင် သေနိုင်ပါတယ် ” လို့ ဆရာ ၀န်တွေက ပြောဆိုခဲ့ပါတယ် ။ ဒါပေမယ့် သူကတော့ အာဂလူပါပဲ ။

http://www.rxpgnews.com

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment