Friday, January 13, 2012

ကိုယ်ဝန်ရှိတယ်လို့ ထင်ခဲ့ပေမယ့် ဖရဲသီးအရွယ်ကျူမာအလုံးကြီးရှိနေခဲ့သူ

ကိုယ်ဝန်ရှိတယ်လို့ ထင်ခဲ့ပေမယ့် ဖရဲသီးအရွယ်ကျူမာအလုံးကြီးရှိနေခဲ့သူ



ကိုယ်အလေးချိန်တွေတက်လာတယ် ၀မ်းဗိုက်ကလည်းဖောင်းလာတဲ့အတွက် သူမမှာ ကိုယ်ဝန်ရှိခဲ့တယ်လို့ ထင်မှတ်ခဲ့ပေ မယ့် တကယ့်တကယ်တော့ ကျူမာလို့ခေါ်တဲ့ ကင်ဆာအလုံးအကြိတ်ကြီးဖြစ်နေခဲ့ရပါတယ် ။ အသက် ၂၁ နှစ်ပဲရှိသေးတဲ့ Kayleigh Terry ဆို သူ အမျိုးသမီးလေးဟာ ကိုယ်ဝန် ရှိနေပြီ လို့ ပျော်ရွှင် ခဲ့ ရပေမယ့် Pregnancy test လုပ်ကြည့်တအခါ negative အဖြေ ထွက်ခဲ့တာကြောင့် ဇဝေဇ၀ါ ဖြစ်မှုတွေနဲ့အတူ နာကျင်မှုတွေနဲ့ နုံးခွေမှုတွေခံစားခဲ့ရပါတယ် ။

အာထရာဆောင်းရိုက်တဲ့အခါမှာတော့ ကြီးမားတဲ့ ကင်ဆာ အမြစ်တွေနဲ့အလုံးတွေက ရင်သားကနေတလျှောက်အောက်ဖက်ဝမ်းဗိုက်တလျှောက်ကိုဖုံးလွှမ်းနေခဲ့ပါတယ် ။ သူမမှာ Ewing's sarcoma ဆိုတဲ့ ရောဂါဆိုးကြီးတစ်ခုက ဆိုက်ကပ်နေခဲ့ပြီး အလျှင်အမြန် ကင်ဆာဆေးသွင်းကုသမှုတွေနဲ့ ဒီလို အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ကင်ဆာတွေကို သေးသွားအောင် ကြုံ့သွားအောင် ကြိုးစားကုသရပါတော့တယ် ။ Kayleigh မှာ ဆံပင်မွှေးတွေနဲ့ မျက်တောင်မွှေးတွေ ဆုံးရှုံးခဲ့ရပြီး လအနည်းငယ်မှာ ကျုံ့သွားတဲ့ ကျူမာ အလုံးကြီးဖယ်ထုတ်ပြီးတဲ့အခါမှာတော့ သူမဟာ မူလခန္ဓာကိုယ်အလေးချိန်ရဲ့ သုံးပုံတစ်ပုံပဲရှိပါတော့တယ် ။

ယနေ့အချိန်မှာတော့ ၂ နှစ်ခန့်မျှ ကံကြမ္မာဆိုးကြီးကိုတိုက်ထုတ်ခဲ့ရပြီးနောက် Kayleigh ဟာ ကင်ဆာ ဆဲလ်လုံး ၀ကင်းရှင်းကြောင်းကြေငြာနိုင်ခဲပြီး သူမ ရဲ့အနာဂါတ်မှာ မိသားစု ဘ၀တစ်ခု တည်ဆောက် ဖို့အထိ ပါ မျှော် လင့်ချက်ရောင်ခြည်တွေသမ်းလာရပြီဖြစ်ပါတယ် ။



မူလ ဖရဲသီးအရွယ်ကျူမာကြီး ( ရင်သားအောက်မှ ၀မ်းဗိုက်တလျှောက်လုံးပျံ့နေပုံ)

Warrington, Cheshire မှ Kayleigh က “ ကျွန်မ မိခင်တစ်ယောက်ဖြစ်ဖို့ အိပ်မက်အမြဲမက်နေခဲ့ရတာပါ ဒီလို မျိုး ကျူမာ အလုံးကြီးက မထင်မှတ်လောက်အောင်ကြီးထွားနေလိမ့်မယ်လို့ မထင်မိဘူး ဒီကျူမာအလုံးကလည်း ကလေး တစ်ယောက်ရဲ့ အသွင်သဏ္ဍာန်နဲ့အလုံးစုံတူနေခဲ့တယ်လေ ဒါဟာဘာလဲဆိုတာ ကျွန်မ စစသိခြင်း တုန်းက လုံးဝယုံကြည်လက်ခံနိုင်ခြင်းမရှိခဲ့ပါဘူး အသက်ရှင်ဖို့နဲ့ အနာဂါတ်မှာ ကလေးတွေရဖို့အတွက် ကျွန်မ ယုံကြည် မှုတွေ မွေးခဲ့ရတယ် အရာအားလုံးအတွက် စိတ်လှုပ်ရှားစရာတွေအတိနဲ့ ၂၀၁၂ မှာ ဘာတွေ ဆက်ဖြစ်လာမယ်ဆိုတာ ကျွန်မ မစောင့်နိုင်တော့ပါဘူး ” လို့ ပြောခဲ့ပါတယ် ။



ခွဲစိတ်မှုမပြုလုပ်ခင် ၂၀၀၉ ခုနှစ် စက်တင်ဘာ တွင် Chemotherapy ပေးအပြီး ကျုံ့သွားသော ကျူမာ

၂၀၀၉ ခုနှစ် က သူမရဲ့ ၁၉ နှစ်မြောက်မွေးနေ့မှာမှ သူမရဲ့အခြေအနေကို စတင် ပြီးစစ်ဆေးခဲ့ပါတယ် ။ သူမရဲ့ ဥယျာဉ်ထဲမှာ ပက်လက်လှန်ပြီးနေပူဆာ လှုံနေတုန်းမှာ သူမ သူငယ်ချင်းတွေက ၀မ်းဗိုက်ဟာ အနည်းငယ် အရှေ့ကို စူထွက်နေတယ်လို့ သတိပေးခဲ့ကြပါတယ် ။ ဆက်လက်ပြီး Kayleigh က “ အဲဒီတုန်းက ကျွန်မရဲ့ ၁၉ နှစ်မြောက်မွေးနေ့ ပါ ဒါပေမယ့်ကျွန်မ မွေးနေ့ကိတ်ကို မစားနိုင်ခဲ့ဘူး ဗိုက်ကို နှိပ်ကြည့်တော့လည်း မာ မာတောင့်တောင့်ကြီး အစာအိမ်ကလည်းအမြဲလေးနေသလို ခံစားရတယ် သူက ဘာလက္ခဏာ မှလည်းမပြ သလိုပါပဲ ” တဲ့ ။

ဒီလို ရောဂါအမည်မသိခင်တုန်းကတော့ သူမဟာ အစာအိမ်နာခြင်း ၊ မောပန်းနွမ်းနယ်ခြင်း အစားအသောက် ပျက်ခြင်း နဲ့ အစာအိမ်ထဲမှာ အလျှင်အမြန်ကင်ဆာ ဆဲလ်တွေ ပျံ့နှံ့နေခြင်းတို့ကြုံတွေ့နေရပါတယ် ။ တခါတရံ မှာ ဒီနာကျင်မှုတွေက အလွန်ကိုဆိုးပါတယ် ဒါကြောင့် နာတဲ့အချိန်မှာ ရေနွေးပူနွေးနွေးနဲပ မနက် အစောကြီးထပြီး ရေချိုးအနားယူခြင်းတွေကိုလည်း ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ် ။

“ ဆရာဝန်တွေဆီသွားပြတုန်းကတော့ သူတို့က ကျွန်မရဲ့အစာအိမ်နဲ့အူလမ်းကြောင်းကို စစ်ဆေးမှုများစွာ ပြုလုပ်ခဲ့ပါတယ် ဒါပေမယ့် ကိုယ်ဝန်ရှိတယ်ဆိုတဲ့အတွေးက အမြဲဝင်နေခဲ့တယ် ကျွန်မမှာလည်း boyfriend တစ်ဦးက ရှိနေတယ်လေ ဒါပေမယ့်လည်းတာဆေးတော့သောက်ပါတယ် ဒါကြောင့် သံသယရှိရှိခြင်း ဆီးစစ်ခဲ့ပေမယ့် အဖြေက negative ထွက်ခဲ့ပါတယ် ”

Kayleigh ဟာ ပြီးနောက် GP ဆီသွားပြီး သူမရဲ့နာကျင်နေတဲ့အစာအိမ်ကိုပြသလို့ သွေးစစ်မှု ၊ အာထ ရာဆောင်းတွေ ပြုလုပ်ခဲ့ပြီး ရက်အနည်းငယ်မှာ အဖြေကို မျှော်လင့်တကြီး စောင့်နေခဲ့တယ် ။ ဒါပေ မယ့် နောက်ရက်အနည်းငယ်မှာ ဆိုးရွားတဲ့သတင်းတစ်ခုက တယ်လီဖုန်းလိုင်းကနေဆင့် သူမဆီဝင် လာခဲ့ ပါ တယ် ။

“ အာထရာဆောင်းမှာ ဒီလို အစိုင်အခဲကြီးရှိနေတာကို screen မှာမြင်လိုက်ရတော့ ကျွန်မအတော်လည်း shock ရသွားခဲ့တယ် အဲဒီအဖြေသိပြီးနောက်ပိုင်း အလုပ်လည်းမသွားနိုင်တော့ဘူး ပိုပိုပြီးလည်းနာလာသလိုပါပဲ ကျွန်မ ကင်ဆာနဲ့ ကျူမာတွေအကြောင်းကို ဖတ်ဖူးပါတယ် ဒီအတွက်လည်း ပိုပြီး ထိတ်လန့်ခဲ့ရတပေါ့ ” လို့ ပြောပါတယ် ။

Ewings Sarcoma ဆိုတာ ရှားပါးတဲ့ကင်ဆာမျိုးနွယ်တစ်ခုပါ ရုတ်တရက်ပဲ လျှင်မြန်စွာ ပျံ့နှံ့စေနိုင်ပြီး လျှင်လျှင်မြန်မြန် ကင်ဆာဆေးသွင်းကုသနိုင်ဖို့အရေးကြီးပါတယ် ။ Kayleigh ဟာ Clatterbridge စင်တာမှာ Oncology အတွက် Chemotherapy ၂ လ ကုသမှုခံယူပြီး အရွယ်အစားသေးအောင် ကုသခဲ့ရပါတယ် ။ ၂၀၁၀ ခုနှစ် ဇန် န၀ါရီမှာတော့ အောင်မြင်စွာ ဖယ်ထုတ်နိုင်ခဲ့ပါတယ် ။ ခွဲစိတ်ပြီးတဲ့အခါမှာလည်း ခြောက်လ chemo ယူခဲ့ရပြီး ၃ လတကြိမ်ပုံမှန် check up ပြန်လုပ်နေခဲ့ရပါတယ် ။ သူမကို ကုသခဲ့တဲ့ Dr.Nasim Ali က “ Kayleigh ဟာ Ewings အနွယ်ဝင် ကျူမာ အလုံးရှိနေခဲ့တာပါ ပိုဆိုးပြီး အထူးကြပ်မတ် ဆေးသွင်းကုသရပါတယ် အချိန် လည်းပိုကြာပါတယ် ခွဲစိတ်ပြီးတာတောင်မှပဲ ပိုပြီးဂရုစိုက်ရပါတယ် ” လို့ပြောခဲ့ပါတယ် အခုတော့ သူဟာ ဆေးရုံကို နောင်နှစ်ပေါင်းများစွာတိုင်အောင် Follow up လာလာပြနေရဦးမှာပါပဲ ” လို့ပြောဆိုခဲ့ပါတယ် ။

သက်တန့်ချို

Source : http://www.dailymail.co.uk/health/article-2085137/I-thought-I-pregnant-bump-melon-sized-TUMOUR.html


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment