Sunday, January 29, 2012

ကမ္ဘာ့အသန်မာဆုံးမိန်းကလေးငယ်

ကမ္ဘာ့အသန်မာဆုံးမိန်းကလေးငယ်



သူမကို မိန်းကလေးဟာကြူလီလို့ သူငယ်ချင်းတွေက ခေါ်ကြတယ် ။ ဒီကလေးနာမည်က Varya Akulova ဖြစ်ပါ တယ် ။ သူမ ကိုယ်အလေးချိန် ၄၀ ကီလိုဂရမ်ရှိကတည်းက ၃၅၀ ကီလိုဂရမ်ကို သာသာလေးမ နိုင်ခဲ့တယ် ။ ကမ္ဘာ့အ သန်မာဆုံးမိန်းကလေးငယ်ပါပဲ ။ ဒီအချက်ကို ဂင်းနစ်မှတ်တမ်းကလည်း နှစ်ကြိမ်တိုင်တိုင် သက်သေ ပြုခဲ့ပြီး ပါပြီ ။



Varya ရဲ့ ကြွက်သားတွေက မြင်သာတယ်ဆိုယုံလေးပါ အရမ်းကြီးသန်မာထွားကြိုင်နေတာတော့မဟုတ်ခဲ့ဘူး ။ ဒါပေမယ့် သူ့ရဲ့ အလေးချိန်တွေကို ` မ ´ နိုင်တဲ့ စွမ်းအင်ကတော့ အံ့သြလောက်စရာပါပဲ ။ သူ့မှာ တောင့် တင်းတဲ့ ခန္ဓာနဲ့ ကြိုးတွေလို အရွတ်တွေလည်းပိုင်ဆိုင်ထားတယ် ။



Varya ကပြောတာကတော့ ` ကျွန်မ ကြီးထွားချင်ပါတယ်တကယ့်ကို ကြီးထွားချင်ပါတယ် ၁၉၀ စင်တီ မီတာလောက်အရပ်မြင့်ပြီး ကိုယ်အလေးချိန် ၁၀၀ ကီလို ဂရမ်ထက်ပိုလေးချင်ပါတယ် ဖေဖေ့လိုပေါ့ ´ တဲ့ ။ တ ကယ်တော့ Verya ဟာ သူမအတန်းမှာလည်း အတော်ဆုံးကျောင်းသူလေးတစ်ယောက်ဖြစ်ပါတယ် ။ အခုဆို သူမ ၇ တန်းကိုတက်ရောက်နေပြီဖြစ်ပါတယ် ။





















သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

5 comments:

  1. လူရဲ့ခန္ဓာကိုယ်အချိုးအစားကလည်း ပုံမှန်ပါလားနော်။
    ထူးခြားတဲ့ကြိုးတွေလိုအရွတ်တွေကြောင့်ကိုး။ ဗဟုသုတ
    ယူသွားတယ် မောင်သက်တန့်ရေ။ ကျေးဇူးနော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. လာရောက်ကြည့်ရှုသွားပါတယ်ချို

    ReplyDelete
  3. အတော်အားသန်မှာပဲနော်

    ReplyDelete
  4. အာဂျီးမားJanuary 30, 2012 at 3:02 PM

    မယုံနိုင်စရာပဲ.... သူကြီးလောက်ကတော့အသာကလေးကိုင်ပေါက်လိုက်မှာ.... ဟိ

    ReplyDelete