Saturday, October 18, 2014

အရာရာကို ရင်ဆိုင်ရဲတဲ့သတ္တိရှိမှသာ





လူတစ်ချို့က ချမ်းသာစည်းစိမ်ဆိုတဲ့အရာကို ခံစားနေရချိန်မှာ
လူတစ်ချို့က ဆင်းရဲဒုက္ခဆိုတဲ့အရာကို ကြုံတွေ့နေရတယ်

လူတစ်ချို့က လောကကြီးက သာယာလိုက်တာလို့ ကြည်နူးစွာ ပြောနေချိန်မှာ
လူတစ်ချို့က ထမင်းနပ်မှန်ဖို့ နေ့စဉ်ရုန်းကန်နေရတယ်

လူတစ်ချို့က ဒေါ်လာ ထောင်ချီတန်တဲ့အရက်ပုလင်းနဲ့ ညစဉ် ဇိမ်ရစ်နေစဉ်မှာ
လူတစ်ချို့က မနက်ဖြန်မနက်စားဝတ်နေရေးအတွက် ပူပန်သောကရောက်နေရတယ်

ဘယ်လိုပဲ ဘ၀တွေ မိုးနဲ့မြေလို ကွာခြားပါစေ
ကိုယ်ကြုံရတဲ့ဘ၀ကို စိတ်မပျက်မိစေနဲ့
ကိုယ်ကြုံရတဲ့ အခက်အခဲတွေကို အားမလျော့မိစေနဲ့
ကိုယ်ကြုံရတဲ့ ဒုက္ခတွေကို အရှုံးမပေးမိစေနဲ့

ကြုံလာရတဲ့အရာမှန်သမျှကို
ပျက်ရယ်ပြုလိုက်စမ်းပါ ၊ လှောင်ပြုံးပြုံးလိုက်စမ်းပါ
အရာရာကို ရင်ဆိုင်ရဲတဲ့သတ္တိရှိမှသာ
လောကကြီးက နေလို့ကောင်းတာ ။

သက်တန့်ချို 

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment