Tuesday, October 21, 2014

တစ်ခုခုကို လို ချင်ရင်တစ်ခုကိုစွန့်လွှတ်ရတာသဘာဝပါပဲ


မြေကြီးထဲမှာ အတင်းရုန်းကန်ထိုးထွက်လာရတဲ့ သစ်စေ့က
အပင်ဖြစ်လာတဲ့အခါ တခြားမျိုးတူ အပင်တွေထက် ပိုသန်မာသတဲ့

လူ့အရေပြားပေါ်က အမာရွတ်တွေက
တခြား သာမန် အရေပြားတွေထက် နာကျင်မှုဒါဏ်ကို ပိုခံနိုင်သတဲ့

အကြိမ်ကြိမ် ထုနှက်ခံရပြီး ပြင်းထန်တဲ့ မီးတောက်တွေဒါဏ်ကို ခံလာရတဲ့ သံ နဲ့ပြုလုပ်ထားတဲ့ဓါးဟာ
တခြားသာမန်ဓါးတွေထက် ပိုထက်မြက်သတဲ့

မုန်တိုင်းဒါဏ်ကို ကျော်ဖြတ်ဖူးတဲ့ သိမ်းငှက်ဟာ
မြေပြင်ကနေ အမြင့်ပေ ဘယ်လောက်မြင့်မြင့် တက်ရဲသတဲ့

လူ့ဘ၀ဆိုတာ ဒီလိုပါပဲ
မျက်ရည်မကျဖူးပဲနဲ့ ပျော်ရွှင်ခြင်းအရသာကို ဘယ်သိမလဲ
မနာကျင်ဖူးပဲနဲ့ အေးချမ်းခြင်းအရသာကို ဘယ်သိမလဲ
ပူလောင်သောကတွေကို မကျော်ဖြတ်ဖူးပဲနဲ့ ချမ်းမြေ့ငြိမ်သက်ခြင်းကို ဘယ်သိမလဲ

တစ်ခုခုကို လို ချင်ရင်တစ်ခုကိုစွန့်လွှတ်ရတာသဘာဝပါပဲ
အဆင်ပြေချောမွေ့ခြင်းကိုလိုချင်ရင်
ပင်ပန်းဆင်းရဲခြင်းကို ရင်းနှီးရတာ သဘာဝကျပါတယ် ။

သက်တန့်ချို 



စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment