Thursday, September 17, 2020

ရန်ကုန်ကို ကယ်တင်မယ့် (၁၄) ရက်


ရန်ကုန်ကို ကယ်တင်မယ့် (၁၄) ရက်

လူတစ်ယောက်ဟာ Covid-19 virus ဝင်ပြီးတာနဲ့ ရောဂါလက္ခဏာတွေပြဖို့ ၅ ရက်ကနေ ၆ ရက်အထိကြာနိုင်သလို ၁၄ ရက်ထိလည်းကြာနိုင်တယ်လို့ဆိုတယ် ။ အဲ့ဒါကို Pre-sympotomatic ( လက္ခဏာ ) မပြသေးခင်အချိန်လို့ခေါ်ကြတာပေါ့လေ ။ ဒါကလည်း လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ကိုယ်ခံအား ၊ အနေအထိုင် ၊ ရောဂါအခံရှိမရှိ အဲ့ဒါတွေအပေါ်မူတည်ပြီး ကွာနိုင်တာပဲ ။

Bloomberg တို့ Dailymail တို့ဆိုဒ်တွေမှာတော့ လူတစ်ယောက်ဟာ COVID-19 ကူးစက်ခံရပြီး ၁၁ ရက်မြောက်နေ့နောက်ပိုင်းမှာ အခြားလူတွေကို မကူးစက်နိုင်တော့ဘူးလို့ဆိုတယ် ။ စင်ကာပူ Study မှာလည်း ဒါကို ဖော်ပြထားတယ် - https://bloom.bg/33z2NXH , https://bit.ly/3mspllC

DVB ကဖော်ပြထားတဲ့ ကိုဗစ်ရောဂါပိုးက (၁၁)ရက်ကျော်ရင် တခြားသူကိုမကူးစက်နိုင်တော့လို့ လေ့လာတွေ့ရှိဆိုတဲ့သတင်း -  https://bit.ly/2FJnHLw

ထားပါတော့ WHO ထဲဝင်ဖတ်ကြည့်မယ်ဆိုရင် Isolation Criteria မှာ Update ဘာဖြည့်ထားလဲဆိုရင် ဆေးရုံမှာ သီးသန့် ခွဲထားရာကနေ ဘယ်အချိန်မှာ ဆေးရုံပေးဆင်းသလဲဆိုတော့

* ရောဂါလက္ခဏာပြတဲ့သူတွေကို လက္ခာပြပြီး ၁၀ရက်+လက္ခာမပြတော့တဲ့နောက်ထပ် ၃ ရက် ( အဖျားမရှိရ ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ လက္ခဏာများမရှိရ )ပေါင်း ၁၃ ရက်    
* ရောဂါလက္ခဏာ မပြတဲ့သူတွေဆိုရင် SARS-CoV-2 positive test ဖြစ်ပြီး ၁၀ ရက် လို့ရေးထားပါတယ် ။ https://bit.ly/3ksqxUu

ဆိုတော့ ချုံပြီးကြည့်ရင် လူတစ်ယောက် + ဖြစ်ပြီး ၁၁ ရက်ကျော်ရင် အခြား သူတစ်ယောက်ကို ကူးဖို့အလားအလာနည်းသွားပြီပဲ မကူးနိုင်တော့ဘူးပဲ
ဒီတော့ ပိုးတွေကူးနေတာက လူတွေအပြင်ထွက်နေလို့ ကူးနေတာသိသာနေတာပဲ 
ဒီတော့ ဒီ ၁၄ ရက်ကို သင်္ကြန်တုန်းကပိတ်ရက်လို အပြင်မထွက်ရ Stay Home လုပ်လိုက်ပြီး Circuit breaking days တွေလုပ်လိုက်ရင် ပိုးတွေ့သူဦးရေ ၀ုန်းကနဲထိုးကျသွားနိုင်ဖို့မျှော်လင့်တာပါ ။

၁၄ ရက် LD လုပ်ခြင်းဖြင့်ဖြစ်လာနိုင်တဲ့ဆိုးကျိုး

- စီးပွားရေး ထိခိုက်ပါမယ် လုပ်ငန်းတွေ အလုပ်တွေအားလုံး ၁၄ ရက်နားရပါမယ် ဝင်ငွေရပ်ကုန်ပါမယ်
- လက်လုပ်လက်စားတွေ ဝင်ငွေမရှိတော့လို့ စားဝတ်နေရေးပိုခက်ခဲသွားပါမယ်

၁၄ ရက် LD လုပ်ခြင်းဖြင့် ဖြစ်လာနိုင်တဲ့ကောင်းကျိုး

- Transmission rate က အတိုင်းအတာတစ်ခုထိရပ်သွားပြီး + cases တွေနည်းသွားပါမယ်
- ကူးစက်နေတဲ့ Circuit လမ်းကြောင်းကို ၁၄ ရက်တိတိဖြတ်ချလိုက်တာဖြစ်လို့ အခြေအနေပြန်ကောင်းလာမယ်

ဆိုးကျိုး ဖြစ်တဲ့ စီးပွားရေး ၁၄ ရက်စာ ထိခိုက်တာကြောင့် ဒီတိုင်းပဲဆက်သွားမလား
ဒါမှမဟုတ် ၁၄ ရက်စာ စီးပွားရေး နဲ့ဝင်ငွေကို မေ့ထားပြီး ကျန်းမာရေးကို ရွေးမလားဆိုတာကတော့ Law Enforcement လုပ်တဲ့ သူတွေအပေါ်မူတည်ပါတယ်

ပြိုင်တူတွန်းရင်ရွေ့မှာပါ ၁၄ရက်စာ အတွက် မရှိဆင်းရဲသားတွေကို
-နိုင်ငံတော်ကလည်းကူညီမယ်
-ပြည်သူတွေက လှူကြမယ်
-ဒီ ၁၄ ရက်ကိုတောင့်ခံထားကြမယ်
ပြည်သူတွေ ရုတ်ရုတ်သဲသဲနဲ့ ဆိုင်တွေမှာ မတိုးကြရလေအောင်ဘယ်နေ့ စမယ်ဆိုတာ ကို စကြေငြာထားမယ်
အခုလိုဖြစ်တဲ့နေရာလေးတွေကွက်ပြီး ပိတ်ပိတ်နေတာက ဘာမှမထူးပဲ +rate က တက်နေစမြဲမို့ strategy ပြောင်းဖို့အကြံပြုပါတယ်

ယနေ့ကမ္ဘာ
ပိုးတွေ့သူပေါင်း 30,034,508 ရှိပြီး
သေဆုံးသူပေါင်း 945,092 ရှိပါတယ်
21,800,991 ဦးရေပြန်ကောင်းလာပါတယ်

အိမ်နီးနားချင်းနိုင်ငံတွေရဲ့အခြေအနေက ပုံထဲမှာပြထားပေးပါတယ်

ယနေ့ မြန်မာ
ပိုးတွေ့သူပေါင်း - ၃၈၉၄
ပိုးတွေ့သေဆုံး - ၄၆ ယောက်နဲ့
ကုသဆဲ - ၂၉၄၀ ရှိပြီး
၉၀၈ ယောက်ပြန်ကောင်းထားပါတယ် ။

14 Days LD လုပ်သင့်မလုပ်သင့်ဆိုတာ အဖက်ဖက်ကနေစဉ်းစားရတာမို့ လွယ်လွယ် ဆုံးဖြတ်လို့မရမှန်းနားလည်ပါတယ်
ဒါပေမယ့် တစ်ခုလေးပဲ
သိပ် နောက်ကျသွားမှာ စိုးပါတယ် ။

သက်တန့်ချို
17 Sep-2020

 

No comments:

Post a Comment