Monday, September 21, 2020

ကြိုလည်းကြိုဆိုပါတယ် .. ပြင်ဆင်ချိန်လေးတော့ပေးပါ


ကြိုလည်းကြိုဆိုပါတယ် .. ပြင်ဆင်ချိန်လေးတော့ပေးပါ

ရန်ကုန်ကို မနေ့ည၈ နာရီသတင်းမှာ Semi-lock down ပုံစံမျိုး ထပ်မံတိုးလိုက်တဲ့ restriction တွေနဲ့အတူ Stay at home ပြုလုပ်ခဲ့တာ အားလုံးသိကြပြီးဖြစ်မှာပါ

အခုလို အမိန့်ထွက်လာတာ ကြိုဆိုပါတယ် (နောက်တောင်ကျသွားသလားတောင်ထင်မိပါတယ် ) Stay home လုပ်ခိုင်းထားတာကို ထပ်ပြီး stay home လုပ်ခိုင်းတာလားလည်း ပြောနေကြသူတွေရှိပါတယ်

အမှန်တော့ယခင် stay home နဲ့ ယခု stay home မတူပါဘူး အခုက အလုပ်တွေပါ ပိတ်ခိုင်းတဲ့အတွက် Semi-LD ပုံစံမျိုးပါ

ဒီနေရာမှာ တစ်ခု ပြောချင်တာက အစိုးရအဖွဲ့က ဘာလို့များ အမိန့်တွေကို ကပ်ကပ်ထုတ်နေရသလဲဆိုတာပါပဲ

၂၁ ရက်နေ့ မနက်က ၈ နာရီ စအသက်ဝင်မယ့်အမိန့်ကို ၂၀ ရက်နေ့ ည ၈ နာရီမှ အမိန့်ထုတ်တယ်

ဒီတော့ ရပ်နားရမယ့်လုပ်ငန်းတွေနဲ့ Work from home လုပ်ရမယ့်လုပ်ငန်း တွေက သိသိချင်းပဲ အလုပ်ထဲကို ညတွင်းချင်း ကွန်ပြူတာတွေသွားသယ်ရတော့မလို
မနက် ၄ နာရီကနေ မနက် ၈ နာရီအတွင်းအလုပ်ကိုအမြန်သွားပြီး ဖိုင်တွေသွားသယ် ကွန်ပြူတာတွေသွားသယ်ရမလိုဖြစ်ကုန်ကြမှာမှာပါ

အမှန်ဆိုရင် စနေညလောက်က အမိန့်ထုတ်လိုက်ရင် တနင်္ဂနွေ ၁ ရက်လုံးပြင်ဆင်ချိန်ရလိုက်ကြမှာပါ

အမိန့်ကိုတော်တော်များများလည်း ဘာသာပြန် ထားကြလို့ ( အမှန်တော့မြန်မာစာကို မြန်မာလို ဘာသာပြန်ရတာ ) နားလည်လောက်ကြမယ်ထင်ပါတယ်

ကိုယ်နားလည်သလောက်ကတော့ တိုတို တုတ်တုတ်ပဲ

- အစိုးရ အလုပ်တွေအားလုံး ၂ ပတ်တက် ၂ ပတ် WFH
- Essential business တွေကလွဲလို့ ကျန်တဲ့အလုပ်တွေအားလုံး WFH လုပ် ( WFH လုပ်မရတဲ့အလုပ်တွေတော့ နားပေါ့ အဲ့လိုပဲနားလည်တယ် )
- Organization တွေ Company တွေ အိမ်ကနေ WFH လုပ် ( ဒီနေရာမှာ အထက်ပါ Essential business တွေကတော့လုပ်လို့ရတယ်လို့နားလည်ထားရမယ် )
ကျန်တာကတော့အရင်အတိုင်းပဲ
- CMP လုပ်ငန်းတွေနဲ့ စက်ရုံအလုပ်ရုံတွေကတော့ ၂၄ ကစပြီး နောက်လ ၇ ရက်နေ့အထိ ပိတ်ကိုပိတ်ထားပေးရမယ်
- စျေး ၁ ယောက်ထွက်ဝယ်လို့ရ ၊ ဆေးခန်းဆေးရုံသွားရင် ၂ ယောက်သွား ၊ Mask တပ် ၊ ဖယ်ရီတွေနဲ့ ဖြတ်သန်းခွင့်ပြုထားတဲယာဉ်တွေကိုသာ ရပ်ကွက်ထဲဝင်ခွင့်ပြုမယ်
အဲ .. ကားနဲ့သွားမယ်ဆိုရင်တော့ စျေးဝယ် ၁ + ဒရိုင်ဘာ ၁
ကားနဲ့ဆေးခန်းသွားမယ်ဆိုရင် လူ ၂ + ဒရိုင်ဘာ ၁ သွားလို့ရတယ်လို့ နားလည်ရမယ်

Stay Home ထဲတွင်မပါဝင်သော Essentail business ကတော့
၁ ။ စက်သုံးဆီ
၂ ။ စားသောက်ကုန် ၊ သားငါး ၊ အအေးခန်း လုပ်ငန်း
၃ ။ ဆေးကုမ္မဏီတွေ ဆေးဆိုင်တွေ ဆေးဝါးထုတ်လုပ်ဖြန့်သူတွေ ဆေးပစ္စည်းတင်သွင်းသူတွေ
၄ ။ Personal hygiene နဲ့ပတ်သတ်တဲ့ ပစ္စည်း ထုတ်တဲ့စက်ရုံတွေကတော့ ပိတ်စရာမလို အလုပ်သွားလို့ရတယ်လို့ဆိုတယ် ။

အထက်မှာ ရေးထားသလို ရှင်းလားဆိုတော့လည်း မရှင်းသေးဘူး ဒီထက်ပိုရှုပ်တာတွေရှိသေးတယ် အဲ့တော့ပုံထဲကကအတိုင်းပဲ အစိမ်း Green တွေက အပြင်ထွက်အလုပ်လုပ်လို့ရတယ်
အနီတွေက ၂၄ ကနေ နောက်လ ၇ ထိပိတ် ၊ ကျန်တဲ့အလုပ်အားလုံး အပြင်မထွက်ရ WFH ပါ ဘယ်အထိလဲဆိုတာ မပါပါ ဒီတော့နောက်ထပ်အမိန့်မထွက်မချင်းဖြစ်မှာပါ

အမြဲ (negative ) မြင်တာမဟုတ်ပါဘူး pressure တွေနဲ့လုပ်နေကြရတာအားလုံးနားလည်ပါတယ်
ဒါပေမယ့် နောက်ဆိုရင် ပြင်ဆင်ချိန်လေးတော့ပေးပါလား ခင်ဗျာ ။

သက်တန့်ချို
၂၁-စက်တင်ဘာ ၂၀၂၀

No comments:

Post a Comment