Friday, September 18, 2020

အရမ်းနောက်မကျစေဖို့ဆုတောင်းပါတယ်


ဧရာ၀တီသတင်းဌာနက ပုံလေးကိုယူသုံးပါရစေ

မနေ့ကညပိုင်းကြေငြာချက် ၁၄၈ နဲ့ ဒီမနက် ၈ နာရီကြေငြာချက် ၂၅၆ ပေါင်းလိုက်ရင်
၄၀၄ ဦး (ပ + ဒု အသုတ် ) တွေ့ခဲ့ပါတယ်

လူတွေဟာ အခုချိန်မှာ စားဝတ်နေရေးပြေလည်တဲ့သူ လက်ချိုးရေလို့ရပါတယ်
တချို့လည်း ရပ်လိုက်ကြရပြီ
တချို့လည်းအလုပ်လက်မဲ့ဖြစ်ကြရပြီ
တချို့လည်း တောင့်ခံထားနေကြရပြီ
တချို့လည်း မျှော်လင့်ချက်တွေမဲ့ခဲ့ကြပြီ

COVID ရဲ့ ဆိုးကျိုးတွေဟာ ပေါ့သေးသေးမဟုတ်မှန်းလည်းသိခဲ့ကြသလို
ကြောက်စရာကောင်းမှန်းလည်း သိခဲ့ကြရပြီ

ထွက်ပေါ်လာတဲ့ Result တွေအရ travel histroy မရှိ Contact မရှိပဲ + ထွက်ခဲ့ကြသူတွေ အများကြီး
တချို့ကလည်း fever clinic ရောက်မှ မသင်္ကာလို့ swab စစ်ခဲ့ကြသူတွေ
တချို့လည်း အနံ့ပျောက်နေလို့ မသင်္ကာလို့ စစ်မှ တွေ့ခဲ့ကြသူတွေ
တချို့ကလည်း အခြားရောဂါနဲ့ဆေးရုံရောက်ပြီး symptom တူလို့ စစ်မှ သိခဲ့ကြသူတွေ

ပြဿနာက  Local transmission ကြီးက ပီပီပြင်ပြင်ဖြစ်ပေါ်နေတာပါပဲ
ဒီ Local Transmission ကို ဖြတ်ဖို့ အရမ်းအရေးကြီးတယ်ဆိုတာ လူတိုင်းသိပါတယ်
Local transmission ကို ဖြတ်ဖို့ဆိုရင် ပထမဆုံး လူတွေ အိမ်ထဲနေဖို့လိုတယ်
အိမ်ထဲနေဖို့ဆိုတာ တစ်နေ့လုပ်တစ်နေ့စားတွေအတွက်အဆင်မပြေဘူးဆိုတာ မှန်တယ်
ဒါပေမယ့် ဘယ်လောက်ကြာကြာနေရမလဲဆိုတဲ့အပေါ်မူတည်တယ်

၁၄ ရက်ပဲ ...
ဟုတ်တယ် ၁၄ ရက်ဆိုတာ transmission ကို ဖြတ်ဖို့လုံလောက်တဲ့အချိန်မှန်းမနေ့ကရေးခဲ့တဲ့ ပို့စ်မှာ လည်း ရေးခဲ့ပါတယ်
မနေ့ကအထိ အယောက် ၆၀ ဆုံးပါးခဲ့ပြီး ဒီမနက် +1 death ထပ်တိုးထားတယ်
အာဆီယံနိုင်ငံထဲမှာ ဖိလစ်ပိုင် ၊ အင်ဒို ၊ စင်ကာပူ ၊ မလေးရှားပြီးရင် မြန်မာပဲ
မြန်မာက ထိုင်းကိုလည်းကျော်သွားပြီ ကောင်းသောကျော်ခြင်းမဟုတ် မကောင်းသော ကျော်ခြင်းမျိုးနဲ့

သက်ဆိုင်ရာလူကြီးမင်းတွေလည်း အခုပို့စ်ထဲမှာဖော်ပြထားတဲ့ ပုံလေးထဲကလို
မျှော်လင့်ချက်မဲ့နေတဲ့စျေးသည်တွေအပြင်
အလုပ်လက်မဲ့ဖြစ်နေတဲ့ အလုပ်သမားတွေ
ရပ်ဆိုင်းထားရတဲ့ စီးပွားရေးလုပ်ငန်းတွေ အပြင်
တနိုင်ငံလုံးက ကျန်းမာရေးဝန်ထမ်းတွေ Volunteer တွေကို ငဲ့ညှာသောအားဖြင့်
တစ်နိုင်ငံလုံး ၁၄ ရက်လောက် နားစေချင်တယ် LD လုပ်စေချင်ပါကြောင်းထပ်ပြောပါရစေ

ဒီလို ၁၄ ရက်နားခြင်းအားဖြင့် လူနာ တိုးလာတွေ လျော့သွားမယ်
ကျန်းမာရေးဝန်ထမ်းတွေလည်း ဝန်ထုပ်ဝန်ပိုးလျော့လာမယ်
Volunteer တွေလည်း ခြေကုန်လက်ပမ်းကျတာ သက်သာမယ်
ဆေးရုံတွေနဲ့ Q Center တွေမှာလည်း လူနာတွေစုပြုံနေတာကိုသက်သာစေမှာအမှန်ပါပဲ ။

မနေ့ကရေးခဲ့သလိုပဲ သက်ဆိုင်ရာ Law Enforcement ထုတ်သူတွေအနေနဲ့
လက်ရှိအခြေအနေကိုသုံးသပ်ပြီး ဆုံးဖြတ်ချက်ချတဲ့အချိန်ဟာ
" အရမ်းနောက်မကျစေဖို့မျှော်လင့်တာပါပဲ "

အားတက်စရာက မနေ့က ခိုင်မာတဲ့ သတင်းရင်းမြစ်တစ်ခုမှာ ဖော်ပြထားပုံအရ
" ရန်ကုန်ကို LD လုပ်ရန်အစီအစဉ်မရှိပါတဲ့ "

ဟုတ်ကဲ့ အသက်ပေါင်းများစွာ ရင်းနှီးလိုက်ရတဲ့ plan တွေမဖြစ်ကြပါစေနဲ့လို့ဆုတောင်းပါတယ် ။

ယနေ့ ကမ္ဘာမှာ ပိုးတွေ့သူပေါင်း 30,348,579
ပိုးတွေ့သေဆုံး 950,545 ဦးရှိပါပြီ

ယနေ့မြန်မာမှာ ပိုးတွေ့သူပေါင်း 4299
ပိုးတွေ့သေဆုံး 61 ဦး ရှိပါပြီ

သက်တန့်ချို
18 Sept-2020


No comments:

Post a Comment