Saturday, April 29, 2017
လက်လွှတ်လိုက်တယ်ဆိုတာ .. သတ္တိရှိခြင်းတစ်မျိုးပါပဲ
သူတစ်ပါးကို ထွက်သွားခွင့်ပေးလိုက်တာဟာ
ကိုယ့်ကိုယ်ကို လွတ်လပ်ခွင့်ပေးလိုက်တာပါပဲ
သူတစ်ပါးကို နှုတ်ဆက်ခွင့်ပေးလိုက်တာက
ကိုယ့်ကိုယ်ကို ငြိမ်းချမ်းစေလိုက်တာပါပဲ
သူတစ်ပါးကို စွန့်လွှတ်ခွင့်ပေးလိုက်တာဟာ
ကိုယ့်ကိုယ်ကို အနှောင်အတွယ်မဲ့စေတာပါပဲ
" ကြိုးပြတ်သွားတဲ့ စွန်ကို လွတ်လပ်စွာ ပျံသန်းခွင့်ပေးလိုက်စမ်းပါ "
လက်လွှတ်လိုက်တယ်ဆိုတာ .. သတ္တိရှိခြင်းတစ်မျိုးပါပဲ ။
#သက်တန့်ချို
29.4.2017 #ttclifequote
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
အဆင်ပြေမှာပါ
မိုးစက်လေးတွေ တစ်စက်ချင်းတွေစုလိုက်ခြင်းအားဖြင့်
ပင်လယ်သမုဒ္ဒရာကို ဖန်တီးနိုင်တယ်
အုတ်ချပ်လေးတွေ တစ်ချပ်ခြင်းစုလိုက်ခြင်းအားဖြင့်
အဆောက်အအုံတွေကို ဖန်တီးနိုင်တယ်
ကိုယ့်ကိုယ်တွင်းက သဲတွေကိုအချိန်ပေးစုလိုက်ခြင်းဖြင့်
ကမာကောင်က လှပတဲ့ပုလဲလုံးကို ဖန်တီးနိုင်တယ်
ရေမှုံကလေးတွေနဲ့နေရောင်ခြည်စုဆုံစေခြင်းအားဖြင့်
လှပတဲ့ သက်တန့် တစ်စင်းကိုဖြစ်စေနိုင်တယ်
ကိုယ်ကရော ....
အခက်အခဲတွေ .. ခါးသီးမှုတွေကို
ဘာလို့ ဘ၀ရဲ့ တက်လမ်းအဖြစ် မပြောင်းလဲနိုင်ရမှာလဲ ။
မျက်ရည်ကျပြီးနောက်ပျော်ရွှင်ရမှာပါ ။
ခက်ခဲပြီးနောက် အဆင်ပြေလာမှာပါ ။
ခါးသီးပြီးနောက် ချိုမြိန်လာမှာပါ ။

ကံကြမ္မာဆိုတာ
တစ်ခါတုန်းက လူတစ်ယောက် အရမ်းမှန်တယ်ဆိုတဲ့ ပညာရှိ ဗေဒင်ဆရာဆီသွားမေးတယ်
" ကျွန်တော် .. အခုတလော အရမ်းကံဆိုးနေတယ်ဗျာ .. ဘာလုပ်လုပ်မအောင်မြင်ဘူး ကျွန်တော်ကံကြမ္မာက ကျွန်တော့်ကို တမင်များ ဆိုးအောင်လုပ်နေလားမသိပါဘူး ဆရာကူညီနိုင်ရင်ကူညီပါဦး"
ဗေဒင်ဆရာက ပြောတယ် " ဒါဆို ခင်ဗျားရဲ့ ဘယ်ဖက် လက်ဖ၀ါးပေးပါ ကျွန်တော်ကြည့်ပေးမယ် " လို့ပြောတယ်
ဒီလိုနဲ့ ဘယ်ဖက်လက်ဖ၀ါးကိုယူကြည့်ပြီး " ဒီမှာ ဒါက အချစ်လမ်းကြောင်း ဒါက စီးပွားရေးလမ်းကြောင်း ဒါက ကံကောင်းတဲ့ လမ်းကြောင်း ဒါက ကံဆိုးတဲ့လမ်းကြောင်း ဒါကတော့ ခင်ဗျားဘ၀ရဲ့တိုးတက်ရာတိုးတက်ကြောင်းလမ်းကြောင်း " လို့ ပြပြီး
" ကဲခင်ဗျား ကံကြမ္မာဆိုတာဘာလဲသိချင်လား " လို့မေးပြီး လက်ဖ၀ါးကို တင်းတင်းကျစ်နေအောင်ဆုပ်ခိုင်းတယ် ။ ပြီးမှ ပြန်ဖြန့်ခိုင်းပြီး ပြန်မေးတယ် ။
" ခုနက ကျွန်တော်ပြောခဲ့တဲ့ လက္ခဏာလမ်းကြောင်းတွေ ဘယ်ရောက်သွားလဲ "
" ကျွန်တော့်လက်ထဲမှာပါပဲ " လို့ အဲဒီလူက တွေဝေစွာတွေးပြီးပြန်ဖြေတယ် ။
ပညာရှိဗေဒင်ဆရာက ဆက်မေးတယ် ။
" ဒါဆို ရင် ကံကြမ္မာကရော " တဲ့ ။ အဲ့ဒီအချိန်မှ ဘာကို ဆိုလိုတယ်ဆိုတာ သူသဘောပေါက်လိုက်ပါတော့တယ် ။
...............................
ကံကောင်းခြင်းကံဆိုးခြင်းကို ဘယ်အရာမှ မသတ်မှတ်ထားပါဘူး .. ကိုယ့်လက်ထဲမှာပဲရှိပါတယ် ကိုယ့်အပေါ်မှာပဲမူတည်ပါတယ်
ကိုယ့်ကံကြမ္မာကို ကောင်းခြင်းဆိုးခြင်းဖြစ်စေတာ ..ကိုယ်ကိုယ်တိုင်ပါပဲ ။
#သက်တန့်ချို
#ttcinspirationalstories
29.4.2017
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
Friday, April 28, 2017
တစ်ဖက်သားကို ကိုယ်က ပို တန်ဖိုး ထားတဲ့အတွက်ပါ
တခါတလေ နောက်ဆုတ်လိုက်တာ မှားနေလို့မဟုတ်ဘူး
ကိုယ်မှန်နေကြောင်းကိုယ့်ဖာသာ သိနေလို့ပါ
တခါတလေ လက်လျော့လိုက်တာ အရှုံးပေးလိုက်တာမဟုတ်ဘူး
ကိုယ့်ကြောင့် တစ်ဖက်သား မနာကျင်စေချင်တဲ့အတွက်ပါ
တခါတလေ ခေါင်းငုံ့လိုက်တာ ကိုယ်ညံ့နေလို့မဟုတ်ဘူး
ကိုယ့်ကြောင့် တစ်ဖက်သား မပူလောင်စေချင်တဲ့အတွက်ပါ
ကိုယ့်ဖက်က စပြီး လက်ကမ်းလိုက်တယ်ဆိုတာ
တစ်ဖက်သားကို ကိုယ်က ပို တန်ဖိုး ထားတဲ့အတွက်ပါ
#သက်တန့်ချို
28.4.2017 #ttclifequote

သူတို့ဟာ .. " ကိုယ်တွေရဲ့ မိဘ တွေပါပဲ "
ကိုယ်ဘယ်လောက်ထိဆိုးဆိုး
ကိုယ့်ကို အမြဲသည်းခံပေးတယ်
ကိုယ်ဘယ်လောက်ထိ မျက်ရည်ကျအောင်လုပ်လုပ်
ကိုယ်ကို အမြဲ ခွင့်လွှတ်ပေးတတ်တယ်
ကိုယ်ဘယ်လောက်ထိ ရိုင်းပြ ရိုင်းပြ
ကိုယ့်ကို နားလည်နွေးထွေးပေးတယ်
ကိုယ်ဘယ်လောက်ထိ လစ်လျှုရှုခဲ့ ရှုခဲ့
ကိုယ့်အတွက်ဆို အမြဲ ဖြည့်ဆည်းပေးခဲ့တယ်
ကိုယ့်ဖက်က အချိန်တိုင်းမစဉ်းစားပေးပေမယ့်
ကိုယ့်အတွက်ဆို အမြဲ အချိန်တိုင်းစဉ်းစားပေးတယ်
ကိုယ့်ဖက်ကအမြဲ မစောင့်ရှောက်နိုင်ပေမယ့်
ကိုယ့်အတွက်ဆို အမြဲ အသင့်စောင့်ရှောက်နိုင်ခဲ့တယ်
ကိုယ့်ဖက်က အမြဲအချိန်မပေးနိုင်ပေမယ့်
ကိုယ့်အတွက်ဆို အချိန်တိုင်းပဲ အသင့်ရှိနေခဲ့ကြတယ်
သူတို့ဟာ .. " ကိုယ်တွေရဲ့ မိဘ တွေပါပဲ " ။
#သက်တန့်ချို
28.4.2017 #ttcparentquote
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
ကိုယ့်ကို အမြဲသည်းခံပေးတယ်
ကိုယ်ဘယ်လောက်ထိ မျက်ရည်ကျအောင်လုပ်လုပ်
ကိုယ်ကို အမြဲ ခွင့်လွှတ်ပေးတတ်တယ်
ကိုယ်ဘယ်လောက်ထိ ရိုင်းပြ ရိုင်းပြ
ကိုယ့်ကို နားလည်နွေးထွေးပေးတယ်
ကိုယ်ဘယ်လောက်ထိ လစ်လျှုရှုခဲ့ ရှုခဲ့
ကိုယ့်အတွက်ဆို အမြဲ ဖြည့်ဆည်းပေးခဲ့တယ်
ကိုယ့်ဖက်က အချိန်တိုင်းမစဉ်းစားပေးပေမယ့်
ကိုယ့်အတွက်ဆို အမြဲ အချိန်တိုင်းစဉ်းစားပေးတယ်
ကိုယ့်ဖက်ကအမြဲ မစောင့်ရှောက်နိုင်ပေမယ့်
ကိုယ့်အတွက်ဆို အမြဲ အသင့်စောင့်ရှောက်နိုင်ခဲ့တယ်
ကိုယ့်ဖက်က အမြဲအချိန်မပေးနိုင်ပေမယ့်
ကိုယ့်အတွက်ဆို အချိန်တိုင်းပဲ အသင့်ရှိနေခဲ့ကြတယ်
သူတို့ဟာ .. " ကိုယ်တွေရဲ့ မိဘ တွေပါပဲ " ။
#သက်တန့်ချို
28.4.2017 #ttcparentquote
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
Subscribe to:
Posts (Atom)