Saturday, April 29, 2017

ကံကြမ္မာဆိုတာ



 တစ်ခါတုန်းက လူတစ်ယောက် အရမ်းမှန်တယ်ဆိုတဲ့ ပညာရှိ ဗေဒင်ဆရာဆီသွားမေးတယ်

" ကျွန်တော် .. အခုတလော အရမ်းကံဆိုးနေတယ်ဗျာ .. ဘာလုပ်လုပ်မအောင်မြင်ဘူး ကျွန်တော်ကံကြမ္မာက ကျွန်တော့်ကို တမင်များ ဆိုးအောင်လုပ်နေလားမသိပါဘူး ဆရာကူညီနိုင်ရင်ကူညီပါဦး"

ဗေဒင်ဆရာက ပြောတယ် " ဒါဆို ခင်ဗျားရဲ့ ဘယ်ဖက် လက်ဖ၀ါးပေးပါ ကျွန်တော်ကြည့်ပေးမယ် " လို့ပြောတယ်

ဒီလိုနဲ့ ဘယ်ဖက်လက်ဖ၀ါးကိုယူကြည့်ပြီး " ဒီမှာ ဒါက အချစ်လမ်းကြောင်း ဒါက စီးပွားရေးလမ်းကြောင်း ဒါက ကံကောင်းတဲ့ လမ်းကြောင်း ဒါက ကံဆိုးတဲ့လမ်းကြောင်း ဒါကတော့ ခင်ဗျားဘ၀ရဲ့တိုးတက်ရာတိုးတက်ကြောင်းလမ်းကြောင်း " လို့ ပြပြီး

" ကဲခင်ဗျား ကံကြမ္မာဆိုတာဘာလဲသိချင်လား " လို့မေးပြီး လက်ဖ၀ါးကို တင်းတင်းကျစ်နေအောင်ဆုပ်ခိုင်းတယ် ။ ပြီးမှ ပြန်ဖြန့်ခိုင်းပြီး ပြန်မေးတယ် ။

" ခုနက ကျွန်တော်ပြောခဲ့တဲ့ လက္ခဏာလမ်းကြောင်းတွေ ဘယ်ရောက်သွားလဲ "

" ကျွန်တော့်လက်ထဲမှာပါပဲ " လို့ အဲဒီလူက တွေဝေစွာတွေးပြီးပြန်ဖြေတယ် ။

ပညာရှိဗေဒင်ဆရာက ဆက်မေးတယ် ။

" ဒါဆို ရင် ကံကြမ္မာကရော " တဲ့ ။ အဲ့ဒီအချိန်မှ ဘာကို ဆိုလိုတယ်ဆိုတာ သူသဘောပေါက်လိုက်ပါတော့တယ် ။

...............................

ကံကောင်းခြင်းကံဆိုးခြင်းကို ဘယ်အရာမှ မသတ်မှတ်ထားပါဘူး .. ကိုယ့်လက်ထဲမှာပဲရှိပါတယ် ကိုယ့်အပေါ်မှာပဲမူတည်ပါတယ်
ကိုယ့်ကံကြမ္မာကို ကောင်းခြင်းဆိုးခြင်းဖြစ်စေတာ ..ကိုယ်ကိုယ်တိုင်ပါပဲ ။

#သက်တန့်ချို
#ttcinspirationalstories
29.4.2017
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment