Saturday, April 29, 2017

အဆင်ပြေမှာပါ

မိုးစက်လေးတွေ တစ်စက်ချင်းတွေစုလိုက်ခြင်းအားဖြင့်
ပင်လယ်သမုဒ္ဒရာကို ဖန်တီးနိုင်တယ်

အုတ်ချပ်လေးတွေ တစ်ချပ်ခြင်းစုလိုက်ခြင်းအားဖြင့်
အဆောက်အအုံတွေကို ဖန်တီးနိုင်တယ်

ကိုယ့်ကိုယ်တွင်းက သဲတွေကိုအချိန်ပေးစုလိုက်ခြင်းဖြင့်
ကမာကောင်က လှပတဲ့ပုလဲလုံးကို ဖန်တီးနိုင်တယ်

ရေမှုံကလေးတွေနဲ့နေရောင်ခြည်စုဆုံစေခြင်းအားဖြင့်
လှပတဲ့ သက်တန့် တစ်စင်းကိုဖြစ်စေနိုင်တယ်

ကိုယ်ကရော ....
အခက်အခဲတွေ .. ခါးသီးမှုတွေကို
ဘာလို့ ဘ၀ရဲ့ တက်လမ်းအဖြစ် မပြောင်းလဲနိုင်ရမှာလဲ ။

မျက်ရည်ကျပြီးနောက်ပျော်ရွှင်ရမှာပါ ။
ခက်ခဲပြီးနောက် အဆင်ပြေလာမှာပါ ။
ခါးသီးပြီးနောက် ချိုမြိန်လာမှာပါ ။

#သက်တန့်ချို
29.4.2017 #ttclifequote
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment