Friday, April 28, 2017

တစ်ဖက်သားကို ကိုယ်က ပို တန်ဖိုး ထားတဲ့အတွက်ပါ

တခါတလေ နောက်ဆုတ်လိုက်တာ မှားနေလို့မဟုတ်ဘူး
ကိုယ်မှန်နေကြောင်းကိုယ့်ဖာသာ သိနေလို့ပါ

တခါတလေ လက်လျော့လိုက်တာ အရှုံးပေးလိုက်တာမဟုတ်ဘူး
ကိုယ့်ကြောင့် တစ်ဖက်သား မနာကျင်စေချင်တဲ့အတွက်ပါ

တခါတလေ ခေါင်းငုံ့လိုက်တာ ကိုယ်ညံ့နေလို့မဟုတ်ဘူး
ကိုယ့်ကြောင့် တစ်ဖက်သား မပူလောင်စေချင်တဲ့အတွက်ပါ

ကိုယ့်ဖက်က စပြီး လက်ကမ်းလိုက်တယ်ဆိုတာ
တစ်ဖက်သားကို ကိုယ်က ပို တန်ဖိုး ထားတဲ့အတွက်ပါ

#သက်တန့်ချို
28.4.2017 #ttclifequote

No comments:

Post a Comment