Wednesday, July 31, 2019

လူတစ်ယောက်အကြောင်းသိချင်ရင်

 လူတစ်ယောက်ရဲ့ စိတ်ကိုသိချင်ရင်
သူ့စကားတွေကိုနားထောင်ပါ

လူတစ်ယောက်ရဲ့ နှလုံးသားကိုမြင်ချင်ရင်
သူ့လုပ်ရပ်တွေကိုကြည့်ပါ

လူတစ်ယောက်ရဲ့ အနာဂါတ်ကိုတွေ့ချင်ရင်
သူ့ရဲ့ပစ္စုပ္ပန်ကိုကြည့်ပါ

လူတစ်ယောက်ရဲ့ အချစ်ကိုလိုချင်ရင်
ကိုယ်ကိုယ်တိုင် အချစ်ခံထိုက်အောင်နေပါ ။

သက်တန့်ချို
31-July-2019
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, July 30, 2019

လူတွေအကြောင်း နားလည်လာတဲ့အခါ


 လူတစ်ချို့က
နာကျင်မှုတွေကို ပေါ့ပါးစေဖို့ ပြုံးပါတယ်

လူတစ်ချို့က
ဒါဏ်ရာတွေကို သက်သာစေဖို့ ပြုံးပါတယ်

လူတစ်ချို့က
မျက်ရည်တွေကို လူတွေမမြင်စေဖို့ ပြုံးပါတယ်

လူတစ်ချို့က
ကိုယ့်အတွင်းစိတ်ကို တခြားသူတွေမရိပ်မိအောင် ပြုံးပါတယ်

လူတစ်ချို့က
ကိုယ့်အားနည်းချက်ကို မပေါ်လွင်အောင် ပြုံးပါတယ်

လူတစ်ချို့က
သင်ခန်းစာတွေ အထပ်ထပ် ရလာတဲ့အခါ ပြုံးပါတယ်

စိတ်မပူပါနဲ့
လူတွေအကြောင်း နားလည်လာတဲ့အခါ
သင်လည်း ပြုံးတတ်လာမှာပါ ။

သက်တန့်ချို
30-July-2019
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, July 29, 2019

လူတွေရဲ့အမြင်နဲ့ မရှင်သန်ပါနဲ့


 လူတွေ သင့်ကို ဘယ်လိုထင်တယ်ဆိုတာအရေးမကြီးဘူး
သင့်လမ်းကိုသင်ဖြောင့်အောင်လျှောက်နိုင်ဖို့သာလိုတယ်

လူတွေသင့်ကို ဘယ်လို မြင်တယ်ဆိုတာ အရေးမကြီးဘူး
သင့်ပန်းတိုင်ကိုသင်မြင်နေဖို့သာလိုတယ်

လူတွေသင့်ကို ဘယ်လို ကောက်ချက်ချတယ်ဆိုတာ အရေးမကြီးဘူး
သင့်ကိုယ်သင် ဘယ်သူလဲဆိုတာ သိနေဖို့သာလိုတယ်

လူတွေရဲ့ မှတ်ချက်နဲ့ အမြင်တွေကြားမှား မရှင်သန်ပါနဲ့
သင်ယုံကြည်တဲ့မနက်ဖြန်ဆိုတာ သင့်ဆီရောက်လာမှာမို့

လဲကျတိုင်း ပြန်ထနိုင်ဖို့သာ လိုတယ်မဟုတ်လား ။

သက်တန့်ချို
29-July-2019
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, July 23, 2019

ဘာကိုမှ မမျှော်လင့်ပါနဲ့


 ဘာကိုမှ မမျှော်လင့်ပါနဲ့
တစ်ခါတစ်လေ စွန့်လွှတ်လိုက်တာ စိတ်အေးချမ်းပါတယ်

ဘာကိုမှ မမျှော်လင့်ပါနဲ့
တစ်ခါတစ်လေ ခေါင်းငုံ့လိုက်တာ စိတ်အေးချမ်းပါတယ်

ဘာကိုမှ မမျှော်လင့်ပါနဲ့
တစ်ခါတစ်လေ ပေးသွားလိုက်တာ စိတ်အေးချမ်းပါတယ်

ဘာကိုမှ မမျှော်လင့်ပါနဲ့
တစ်ခါတစ်လေ တိတ်တိတ်နေလိုက်တာ စိတ်အေးချမ်းပါတယ်

ဘာကိုမှ မမျှော်လင့်ပါနဲ့
တစ်ခါတစ်လေ မြိုသိပ်လိုက်တာ စိတ်အေးချမ်းပါတယ်

ဘာကိုမှ မမျှော်လင့်ပါနဲ့
မျှော်လင့်ခြင်းနဲ့အတူ
ပင်ပန်းဆင်းရဲနာကျင်ခြင်းတွေ ရှိနေတတ်ပါတယ်

သက်တန့်ချို
23-July-2019


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, July 22, 2019

ဘာအတွက်ရှင်သန်နေရတာလဲ ?



အားနည်းတဲ့လူက သူတစ်ပါးကို အရင်လက်ညှိုးထိုးတယ်
နောက်ကျောမလုံတဲ့သူက အမြဲ ကိုယ်လွတ်ရုန်းတယ်

စိတ်ဓါတ်ညံ့ဖျင်းသူက အမြဲ အပြစ်တင်တတ်တယ်
ချို့ယွင်းချက်ရှိသူက သူတစ်ပါးအားနည်းချက်ကိုအရင်ရှာတယ်

ဘာအတွက် ရှင်သန်နေရတာလဲလို့မေးရင်
" ကိုယ့်အတွက် " လို့ ဆိုတာထက်
" သူတစ်ပါး အတွက် " ရှင်သန်ရတာက ပိုမြတ်ပါတယ်

ပြည့်သော အိုး များဟာ ဘယ်သောအခါမှ ဘောင်ဘင် မခတ်တတ်ပါ ။

သက်တန့်ချို
22-July-2019

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................