Monday, July 29, 2019

လူတွေရဲ့အမြင်နဲ့ မရှင်သန်ပါနဲ့


 လူတွေ သင့်ကို ဘယ်လိုထင်တယ်ဆိုတာအရေးမကြီးဘူး
သင့်လမ်းကိုသင်ဖြောင့်အောင်လျှောက်နိုင်ဖို့သာလိုတယ်

လူတွေသင့်ကို ဘယ်လို မြင်တယ်ဆိုတာ အရေးမကြီးဘူး
သင့်ပန်းတိုင်ကိုသင်မြင်နေဖို့သာလိုတယ်

လူတွေသင့်ကို ဘယ်လို ကောက်ချက်ချတယ်ဆိုတာ အရေးမကြီးဘူး
သင့်ကိုယ်သင် ဘယ်သူလဲဆိုတာ သိနေဖို့သာလိုတယ်

လူတွေရဲ့ မှတ်ချက်နဲ့ အမြင်တွေကြားမှား မရှင်သန်ပါနဲ့
သင်ယုံကြည်တဲ့မနက်ဖြန်ဆိုတာ သင့်ဆီရောက်လာမှာမို့

လဲကျတိုင်း ပြန်ထနိုင်ဖို့သာ လိုတယ်မဟုတ်လား ။

သက်တန့်ချို
29-July-2019
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment