Tuesday, July 23, 2019

ဘာကိုမှ မမျှော်လင့်ပါနဲ့


 ဘာကိုမှ မမျှော်လင့်ပါနဲ့
တစ်ခါတစ်လေ စွန့်လွှတ်လိုက်တာ စိတ်အေးချမ်းပါတယ်

ဘာကိုမှ မမျှော်လင့်ပါနဲ့
တစ်ခါတစ်လေ ခေါင်းငုံ့လိုက်တာ စိတ်အေးချမ်းပါတယ်

ဘာကိုမှ မမျှော်လင့်ပါနဲ့
တစ်ခါတစ်လေ ပေးသွားလိုက်တာ စိတ်အေးချမ်းပါတယ်

ဘာကိုမှ မမျှော်လင့်ပါနဲ့
တစ်ခါတစ်လေ တိတ်တိတ်နေလိုက်တာ စိတ်အေးချမ်းပါတယ်

ဘာကိုမှ မမျှော်လင့်ပါနဲ့
တစ်ခါတစ်လေ မြိုသိပ်လိုက်တာ စိတ်အေးချမ်းပါတယ်

ဘာကိုမှ မမျှော်လင့်ပါနဲ့
မျှော်လင့်ခြင်းနဲ့အတူ
ပင်ပန်းဆင်းရဲနာကျင်ခြင်းတွေ ရှိနေတတ်ပါတယ်

သက်တန့်ချို
23-July-2019


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment