Tuesday, July 30, 2019

လူတွေအကြောင်း နားလည်လာတဲ့အခါ


 လူတစ်ချို့က
နာကျင်မှုတွေကို ပေါ့ပါးစေဖို့ ပြုံးပါတယ်

လူတစ်ချို့က
ဒါဏ်ရာတွေကို သက်သာစေဖို့ ပြုံးပါတယ်

လူတစ်ချို့က
မျက်ရည်တွေကို လူတွေမမြင်စေဖို့ ပြုံးပါတယ်

လူတစ်ချို့က
ကိုယ့်အတွင်းစိတ်ကို တခြားသူတွေမရိပ်မိအောင် ပြုံးပါတယ်

လူတစ်ချို့က
ကိုယ့်အားနည်းချက်ကို မပေါ်လွင်အောင် ပြုံးပါတယ်

လူတစ်ချို့က
သင်ခန်းစာတွေ အထပ်ထပ် ရလာတဲ့အခါ ပြုံးပါတယ်

စိတ်မပူပါနဲ့
လူတွေအကြောင်း နားလည်လာတဲ့အခါ
သင်လည်း ပြုံးတတ်လာမှာပါ ။

သက်တန့်ချို
30-July-2019
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment