Wednesday, December 23, 2009

ထူးဆန်းစွာ ဖြစ်ပေါ်နေသော တိမ်ပုံသဏ္ဍာန်များ

ထူးဆန်းစွာ ဖြစ်ပေါ်နေသော တိမ်ပုံသဏ္ဍာန်များ

အောက်မှာဖော်ပြထားတဲ့ ပုံတွေကို တစ်ချက်လောက်ကြည့်ကြည့်ပါ ။ အသက်ရှုမှားလောက်ဖွယ်ရာ ကောင်း ကင် မှ တိမ်ရောင်စုံများကို သင်ခံစားရမှာပါ ။



Florence , Italy

Arno မြစ်ပေါ်မှာ ဖြစ်ပေါ်နေတဲ့ ပုံသဏ္ဍာန်ဖြစ်ပါတယ် ။ ထွက်လာတဲ့ နေမင်းကြီးရဲ့ အလင်းရောင်နဲ့ တိမ်တွေစုပေါင်းသွားတဲ့အခါမှာ စိတ်လှုပ်ရှားဖွယ်ရာ အ၀ါနဲ့ မီးခိုးရောင် ကောင်းကင်ကြီး ဖြစ်လို့သွားပါတယ် ။



Huntsville, Alabama

Jones တောင်ကြားပေါ်မှာ ညဖက်မြင်ကွင်းဖြစ်တဲ့ လျင်မြန်စွာရွှေ့လျားနေတဲ့ တိမ်တွေဖြစ်ပြီး နိမ့်နိမ့်လေး သွားနေတာဖြစ်ပါတယ် ။ မြင်တွေ့ခဲ့တဲ့ Wes Thomas ကတော့ အရမ်းကိုကံကောင်းသွားပါပြီ ။ Blurred effect ကိုရရှိဖို့အတွက် သူဟာ ကင်မရာကို 30 second exposure ချိန်ခဲ့ရပါတယ် ။




New York , New York

Brooklyn တံတားပေါ်မှာ လမ်းလျောက်စဉ် နွေနေရောင်ခြည်ပတ်ဖျန်းထားတဲ့ မြို့တော်ကို Ben Brown က ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။



Rio Vista , California

သူမရဲ့ အိမ်ပြတင်းပေါက်ကနေ Diablo တောင်ကို လှမ်းကြည့်လိုက်တဲ့အခါမှာတော့ ၀ါမရင့်သေးတဲ့ ဓါတ်ပုံ ဆ၇ာမလေး Rebecca ဟာ အနီ အပြာရောနေတဲ့ ကောင်းကင်ကို ဓါတ်ပုံရိုက်ကူးယူခဲ့ခြင်းဖြစ်ပါတယ် ။



Walla Walla , Washington

နေအရမ်းမြင့်တဲ့အခါမှာ အပူရှိန်က ပြင်းလွန်းပါတယ် ။ တခါတရံမှာ အဲဒီသဘာဝတရားကို Lynn Suckow က နွေရာသီ နေ့လည်ခင်းမှာ ဓါတ်ပုံပညာနဲ့ ရိုက်ကူးထားခြင်းဖြစ်ပါတယ် ။



Valwncia , Spain

Marialuisa Wittlin ရဲ့ အဆိုရအရ ဒီ မှန်ဘီလူးပုံစံ တိမ်တွေဟာ တောင်တွေရဲ့အပေါ်မှာ တစ်နေ့လုံး ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ် ။ သူမက ဒီပုံကိုရဖို့အတွက် နေမင်းကြီးမ ၀င်သွားခင် ချစ်စရာ မြင်ကွင်းလေး ကွယ်ပျောက်မသွားခင်မှာ ကြိုးစားရိုက်ကူးခဲ့ရတယ်လို့ သိရပါတယ် ။



Buskerud , Norway

January တစ်လုံးမှာ Scandinavia ကောင်းကင်မှာ အေးအေးစိမ့်စိမ့်နဲ့ ဒီလှပတဲ့ တိမ်တွေဟာ ဖြစ်ပေါ်လို့ နေပါတယ် သူတို့ကို mother-of-pearl cloud လို့လည်း ခေါ်ပါသေးတယ် ။



Central lllinois

နေရောင်ခြည်က တိမ်ပါးပါးလေးတွေထဲကို ထိုးဖောက်ဝင်ရောက်သွားတဲ့အခါမှာ ညီညာပြန့်ကျဲနေတဲ့ မိုးပေါက်လေးတွေပေါ်ကို ဖြတ်သန်းရပါတယ် ။ အဲဒီအခါမှာ ပုံမှာ မြင်ရတဲ့အတိုင်း စွဲမက်ဖွယ် ပုံသဏ္ဍာန်လေး ဖြစ်ပေါ်လာပါတယ် ။



Santa Fe city , Argentina

အရမ်းအံ့သြစရာပါပဲ !!!!! အမည်းရောင်တိမ်တွေပေါ်က အဖြူရောင် အလင်းတန်းကြီး ။ ၈ လလောက်မိုး ခေါင်ပြီးတဲ့အခါမှာ မိုးစရွာတုန်းမှာပေါ့ ။ မိုးက 25 mm ဆိုလိုတာက ၁ လက် သာသာလောက်ပဲ ရွာချပါတယ် ။တိမ်တွေရဲ့ အရွယ်အစားရယ် ဟိုင်းဝေး လမ်းပေါ်က ကားမီးရောင်ရယ် နောက်ခံ မြို့ရဲ့ အဆောက်အအုံတွေကို မှတ်ထားရပါမယ် ။



Aurora Borealis

မနက်စောစောနာရီ ( စင်ကာပူနာရီ ခြောက်နာရီခွဲ) မှာ ရိုက်ထားတာပါ ။ အရမ်းကို မှောင်လွန်းပါတယ် ။

စာရေးသူ.....သက်တန့်ချို (၁၀း၀၀ ည ၂၂.၁၂.၀၉)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

15 comments:

  1. ကျွန်တော်လဲ တိမ်ဆိုအရမ်းသဘောကျတယ်။ငယ်ငယ်ကဆို ကောင်းကင်ကိုမော့ပြီး တိမ်ငေးယူရတာ အမောပဲ။ မြက်ခင်းစိမ်းစိမ်းပေါ်လှဲ ကောင်းကင်ပြာနဲ့ တိမ်လွှာဖြူတွေ ရစ်သိုင်းထားတဲ့ သဘာဝပန်းချီကားကြီးငေးရတာ နေစောင်းတဲ့အထိပဲဗျာ။

    ReplyDelete
  2. အရောင်စုံပြီး ပုံအမျိုး၂ ပေါ်နေတဲ့ တိမ်စိုင်တိမ်လိပ်တွေကို လာငေးသွားပါတယ်

    ပျော်ရွှင်တဲ့ ခရစ္စမတ်နေ့တွေ ပိုင်ဆိုင်ပါစေ

    ReplyDelete
  3. အမငယ်ငယ်က ရွာကတံတားဘောင်ပေါ်မှာ သူငယ်ချင်းနဲ့အတူတူ ညနေတိုင်း နေမ၀င်ခင် တိမ်တိုက်တွေကိုသွားသွားကြည့်ပြီး ပုံဖော်ခဲ့ဖူးတယ်.. အဲဒီတုန်းက ကင်မရာမရှိလို့ပေါ့...။ သက်တန့်တင်ထားတဲ့ တိမ်တွေအရမ်းလှတယ်...။
    တစ်ခါတစ်ခါ အဲဒီပေါ်မှာ လမ်းလျှောက်ကြည့်ချင်မိတယ်..။

    ခင်မင်စွာဖြင့်
    မိုးငွေ့

    ReplyDelete
  4. တိမ်တွေကိုကြည့်ရင်း တကယ်စိတ်ချမ်းသာ စရာကောင်းတယ် မောင်လေးရေ... သဘာဝက ဖန်တီးပေးတဲ့ အနုပညာဆို ဒါမျိုးဖြစ်မယ် ထင်ပါတယ်။

    ခင်မင်လေးစားလျှက်

    ReplyDelete
  5. ကျေးဇူးညီလေး
း) ထူးထူးဆန်းဆန်းမြင်ကွင်းတွေ ရှုခင်းတွေတင်တင်ပေး
    နေလို့း)

    ReplyDelete
  6. ဟုတ်တယ် တော်တော်လှတယ်ဗျနော်

    ReplyDelete
  7. တိမ်ရောင်စုံလေးတွေ လာငေးသွားတယ် သက်တန့်ရေ...။

    ReplyDelete
  8. တိမ်တွေရွေလျားနေတာတွေကို မိအောင်ရိုက်ထားတာ အတော်လှတယ်။ တိမ်တွေကို ငယ်ငယ်တုန်းက နိမ့်နိမ့်လေး တောင်ထိပ်ကနေ လှမ်းကိုင်ရင် မှီမယ်ထင်တယ်ဆိုပြီး ကလေးအတွေးနဲ့ တွေးခဲ့ဖူးတယ်။ တိမ်တွေကို သဘောကျတယ်။

    ReplyDelete
  9. လှပတဲ့ တိမ်ရောင်စုံတွေကို ငေးမောရင်း
    လွမ်းသလိုလိုလေး ခံစားလိုက်ရတယ် ...
    ဘာကိုလွမ်းမိလဲတော့ မသိဘူး ..
    ဒီလိုအလှအပလေးတွေကို ဝေမျှပေးတာ
    ကျေးဇူးပဲ အစ်ကိုတော်

    ပျော်ရွှင်ဖွယ်ခရစ်စမတ်ရက်လေးဖြစ်ပါစေနော်

    ခင်တဲ့ 

    ညီမလေး ပန်းခင်း

    ReplyDelete
  10. I love to look at cloud n flow with them in mind.They give me different imagination n different feeling.....:)
    Gyidaw

    ReplyDelete
  11. သဘာဝရဲ့အလှ

    ReplyDelete
  12. သဘာဝတရားမှာ.....
    အမည်မဖေါ်နှိင်တဲ့
    ဝေဒနာတွေပေးတတ်တယ်နော်...
    ကျေးဇူးပါ။

    ReplyDelete
  13. မိတ်ဆွေဖြစ်ချင်တာကြာပါပြီ။အခုမှဝင်ကြည့်တာ။ဘလော့တွေအတွက်ကျေးဇူးနော်။

    ReplyDelete
  14. အမှတ်တမဲ့ကနေအမှတ်တရလေးအဖြစ်ကြည့်ဖြင့်အောင်စွဲဆောင်နိုင်တဲ့ပြကွက် လေးပါ။စိတ်ဝင်စားစရာကောင်းပြီးကျေးဇူးတင်ပါတယ်။

    ReplyDelete
  15. အစစ်တွေလားဟင်
    တော်တော်လှတယ်နော်

    ReplyDelete