Monday, December 14, 2009

ရင်ထက်ထက်က ဆီးနှင်းသံ (အပိုင်း ၇)


ရင်ထက်ထက်က ဆီးနှင်းသံ (အပိုင်း ၇)

(ရ)
“သားရေသက်တန့် ဧည့်သည်လာတယ်ဟေ့”

အိပ်ပျော်လုဆဲဆဲမှာပင် လှမ်းအော်သံကြောင့် ဟိုကောင်တွေပဲဖြစ်မှာပဲဟု တွေးပြီးထလာခဲ့သည်။ အိမ်ရှေ့ ရောက်တော့ မျော်လင့်
မထားသော မြင်ကွင်းကြောင့် ကြက်သေသေသွားမိသည် ။ “ နှင်းပွင့်ဖြူ” သူမ သူ့အိမ်ရှေ့မှာထိုင်ရင်း သူ့ကို ပြုံးပြနေသည် ။

“ နှင်း....နှင်းပွင့်ဖြူ ..နင် ... ဒီကိုဘယ်လိုလုပ်ရောက်လာတာလဲ”

“ဥုံဖွဆိုပြီးတော့ ရောက်လာတာမဟုတ်ပါဘူးဟ ဒီလိုပဲ စုံစမ်းရင်းနဲ့ရောက်လာတာပေါ့ နင်ရန်ဖြစ်တယ်ကြားလို့ နောက်ပြီး နင့်ကိုလည်း ရှင်းပြစရာလေးတွေ ရှိလို့”

“ ဟ ရှုး တိုးတိုးလုပ်ပါဟ အိမ်ကိုလိမ်ပြောထားတာ”

“ ဟီးဟုတ်လား”

“ လာဟာ အအေးဆိုင်သွားရအောင်”

“ ဟဲ့နင်လိုက်လို့ ဖြစ်ပါ့မလား ခေါင်းမှာ ဒါဏ်ရာကြီးနဲ့ဟာကို”

“ ဖြစ်ပါတယ်ဟာ .. အမေေ၇... အပြင်သွားလိုက်ဦးမယ်”

" အေးအေး မိုးမချုပ်စေနဲ့နော်..သား”

“ ဟုတ်ကဲ့”

ဒီလိုနဲ့ သူနှင့် နှင်းပွင့်ဖြူ အအေးဆိုင်လေးသို့
လျောက်လာခဲ့သည် ။

“ သက်တန့် နင်ဘယ်သူတွေနဲ့ ရန်ဖြစ်တာလဲ”

“ ဒီလိုပါပဲဟာ ရုပ်ဖြောင့်တော့လည်း လူတိုင်းက မနာလိုကြတာပေါ့”

“ ကောင်စုတ်အကောင်းမေးနေတဲ့ဟာကို ဟွန်း”

“ မသိချင်ပါနဲ့ဟာ ဒီလိုပါပဲ ဒါနဲ့ နင်ရှင်းပြစရာရှိတယ်ဆို ဘာလဲပြောပါဦး”

“ ဟို ဟို.. နင်ငါ့ကို ဘယ်လိုမြင်လဲ”

“ ပခုံး နှစ်ဖက်ကြားခေါင်းပေါက်နေတဲ့ သတ္တ၀ါပေါ့ဟ”

“ အာ ...နောက်တောက်တောက်နဲ့နော်.. ဟို ငါ့ကို နင်ရိုင်းတယ်လို့များမထင်ဘူးလား”

“ ဘာလို့တုန်းဟ”

“ ဒီလိုလေဟာ နင်နဲ့
ငါစတွေ့တုန်းက ငါက နင့်ကို လျော်ကြေးပေးမယ်ဆိုပြီး ပိုက်ဆံပေးတဲ့ ကိစ္စလေ အဲဒါငါနင့်ကို ရှင်းပြချင်လို့ ..အဲဒီနေ့က ငါကျောင်းအပ်ပြီးအပြန်ပေါ့ ငါ့အဖေက အစိုးရ၀န်ထမ်းလေ ဒီကိုပြောင်းလာရတော့ ငါလည်း ကျောင်းလိုက်ပြောင်းရတာ အမှန်က ငါကျောင်းလုံးဝမပြောင်းချင်ဘူးဟ ဟိုမှာ သူငယ်ချင်းတွေအများကြီး ငါ့အချစ်ဆုံးသူငယ်ချင်းတွေလည်း ရှိတယ် အဲဒါ အိမ်နဲ့ငါနဲ့ တိုက်ပွဲဖြစ်နေတာ ဒေါသလည်း ထွက် စိတ်လည်း ညစ်နေတဲ့အချိန်ဟာ အဲဒီအချိန်နင်နဲ့ ပြဿနာ ဖြစ်တော့ ငါလည်း စိတ်ထဲမှာမရှိပဲ ဟိုလေလာ ဟို.. ၀ထ္ထုတွေထဲကလို မျိုးလုပ်ကြည့်လိုက်တာ ဟီး မင်းသမီးက ပိုက်ဆံနဲ့ အရာရာကို ဖြေ၇ှင်းနိုင်တယ်လို့ ထင်နေတဲ့ပုံမျိုးနဲ့ပေါ့ စိတ်ထဲမှာတော့ အဲဒီလိုကျောချင်တဲ့စိတ် ပိုင်းချင်တဲ့စိတ်တွေ ငါ့မှာ လုံးဝမရှိပါဘူးဟာ အဲဒါငါနင့်ကို မရှင်းပြရမချင်း နေလို့မတတ်လို့ အခု တမင်တကာလာ ရှင်းပြတာ နင်ငါ့ကိုခွင့်လွှတ်ပါနော် သက်တန့်”

စကားတွေအများကြီးပြောပြီး တတွတ်တွတ်၇ှင်းပြနေသော ကောင်မလေးကို ကြည့်ရင်း သူပြုံးလိုက်မိသည် ။

“ နင့်မျက်နှာကို ကြည့်ကတည်းက အဲဒီလို လူတစ်ဖက်သားကို မလုပ်တတ်မှန်း ငါသိပါတယ်ဟ နင်အဲဒီတုန်းက လူကြားထဲမှာ ရန်ဖြစ်တာကို ရှက်လို့ ရှက်ရမ်းရမ်းလိုက်မှန်းလည်း သိတယ် ဒါနဲ့ ဟို..နင့်ကို လည်းပြန်တောင်းပန်ရဦးမယ် ..ငါလေနင့်ကို...ဟို... ‘ .......’ တုန်းက နင်ငါ့ကို အတော်၇ဲတာပဲဆိုပြီး စိတ်ဆိုးသွားမှာပဲနော်ဟုတ်လား”

“ အာ...ဒီကောင် ဘာတွေပြောသွား...”

မျက်နှာလေး က ချက်ချင်းနီရဲတက်လာသည် ။ပြီးနောက် လှစ်ကနဲ ပြေးထွက်သွားသည် ။ ထိုအခိုက် ဘေးတစ်ဖက်တစ်ချက်ဆီမှာ သစ်ရွက်တွေက လေတစ်ချက်ဝှေ့လိုက်တော့ ၀ဲပျံတက်သွားကြသည် ။ နီညိုရောင် တိမ်စိုင်တွေက ကလေးဆန်စွာ ကောင်းကင်မှာ ဆော့ကစားနေကြသည် ။ ချစ်ရသူနဲ့ စကားတွေပြောပြီး မျက်နှာလေးကို ဘေးတိုက်ခိုးခိုးကြည့်ရသည်မှာလည်း ကဗျာဆန်လှသည် ။ နှလုံးသားတွေ နွေး.....က.....နဲ.....ပေါ့ ။


ဒီနေ့သိုင်းပြိုင်ပွဲစပြီ ။ အေခန်းကိုယ်စားပြု သူဝင်ပြိုင်မည်ဟု စာရင်းပေးလိုက်သည် ။ ဆရာဝန်၏ ကျန်းမာ ကြံ့ခိုင်ကြောင်းလက်မှတ်ပါ ပူးတွဲတင်ပြလိုက်သည် ။ သူက အထက.၁ ကိုယ်စားပြုပြီးဝင်ပြိုင်ရခြင်းဖြစ်သည် ။ ပြိုင်ပွဲမစခင် ၁ နာရီအလို နှင်းဆီဖြူနှင့်တွေ့သည် ။

“ သက်တန့် နင် ..သတိထားဦးနော်... စာမေးပွဲကနီးနေပြီ တော်ကြာနင်တစ်ခုခု ဖြစ်ရင်...”

“ တစ်ခုခုဖြစ်တော့ ဘာဖြစ်တုန်း ဆီးနှင်းဖြူရဲ့”

“ .................”

ဘယ်ဖက်ရင်အုံတစ်ခြမ်း နွေးကနဲဖြစ်သွားသည် ။

“ အေးပါဟာ ငါသတိထားမှာပါ”

ပြိုင်ပွဲက ကျောင်း ခြောက်ကျောင်း ရုံးထွက်ဖြစ်သည် ။ မဲနှိုက်တော့ ထ.၁ နှင့် ထ.၄ ၊ ထ.၂ နှင့် ထ.၆ ၊ ထ. ၃ နှင့် ထ.၅ တို့ ယှဉ်ပြိုင်ရမည် ဖြစ်သည် ။ ဒိုင်လူ
ကြီးမှ ၀ီစီသံပေးသည်နှင့် တစ်ကိုယ်လုံး ရှိ အကြောအချင်တို့ကို လျော့ချပစ်လိုက်သည် ။ တစ်ဖက်လူ၏ တိုက်ကွက်ကို မမှိတ်မသုံ လိုက်ကြည့်လိုက်သည် ။ လှစ်ကနဲဝင်လာသော ညာခြေကို ဘယ်ဖက် ညိုသကြီးနှင့် ဆီးခံပေးလိုက်သည် ။ နဲနဲတော့ အီသွားပုံရသည် ။ တော်ရုံရမ်းပြီးဝင်မလာရဲတော့ ။ ဆတ်ကနဲ မေးရိုးကို ညာဖြောင့်လက်သီး ပစ်ထည့်လိုက်သည် ။ သကောင့်သားက ခေါင်းငုံ့ပြီးရှောင်သည် ။ ကြိုက်သည်ပေါ့ လိုချင်သည့်အကွက်ထဲ သိပ်မပင်ပန်းလိုက်ရပဲ ၀င်လာသည် ။ ငုံ့ရှောင်လိုက်သော မျက်နှာကို ဒူးခေါင်းတစ်လုံး ပစ်ထည့်ပေးလိုက်သည်။ ပွဲက ဒီမှာတင် ပြတ်သွားသည် ။ နောက်တစ်ဆင့်ယှဉ်ရမှာက ထ.၅ နှင့် ။ ဒီတစ်ချီလည်း ခပ်မြန်မြန်ပင် ပွဲပြီးသွားသည် ။ နောက်ဆုံး ဖိုင်နယ် ။ သူနှင့် ယှဉ်ပြိုင်ရမည်က ထ.၆ ။ ကြိုးဝိုင်းထဲမှာ တစ်ဖက်လူကိုကြည့်လိုက်တော့ ဟိုကောင် ကျော်ဇေယျာဝင်းတင့်ဆိုသူဖြစ်သည်။ အော်... ဒီကောင်က ထ.၆ ကကိုး ။ သူ့ကို တွေ့လိုက်သည်နှင့် ဟိုကောင် မျက်စိမျက်နှာပျက်သွားသည် ။ ဒိုင်လူကြီး၏ ခရာသံဆုံးသည်နှင့် သားရဲတစ်ကောင်လို သူ့ကို အတင်းဝင်တိုက်တော့သည် ။ သူကတော့ သွေးအေးအေးပင် ။ ဒီကောင့်အမှားကို စောင့်နေလိုက်သည် ။ ထိုအခိုက် လူအုပ်ကြားထဲမှာ ဆီး..နှင်း....ဖြူ...လေး ။ သူ့ကို ငေးကြည့်နေသည်ကို တွေ့လိုက်ရသည် ။ သူကောင်မလေးကို သတိလက်လွတ် တစ်ချက်ငေးကြည့်မိတုန်း ရိပ်ကနဲဝင်လာသော လက်သီးကို ရုတ်တရက် ရှောင်ချိန်မ၇လိုက် ။ လူက အမှောင်ကမ္ဘာထဲ ခေတ္တရောက်သွားသည် ။ နားထဲမှာ အော်ခေါ်သံ တွေကြားနေရသည် ။

“ သက်တန့် သက်တန့်..အီး...ထပါသက်တန့်ရဲ့..ဟီး...”

ကြိုးဝိုင်းထဲမှာ သူ့ကိုတတွတ်တွတ် ပြောနေသော ဆီး..နှင်း...ဖြူ ။
မင်းအသံလေးနဲ့တင် လုံလောက်ပါတယ် ကောင်မလေးရယ် ... ။

“ ၄ ... ၅... ၆... ၇...”

ရှိသမျှ အားအင်ကို ယူ၍ သူရပ်လိုက်သည် ။ တဖက်လှည့်၍ အောင်ပွဲခံနေသော ဟိုကောင် သူထလာ၍ ဒေါသထွက်သွားပုံရသည် ။ သူအမြန်ဆုံး စိတ်ကို စုစည်းလိုက်သည် ။


ဆက်လက်ရေးသားပါဦးမည် ။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

4 comments:

  1. ဇာတ်လမ်းက ကိုရီးယားက ကြည့်နေရသလိုပဲ... ဆန့်တငင်ငင်နဲ့ ဒါနဲ့ ညို့သကျည်းက “ကျည်း”သိလား “ကြီး”မဟုတ်ဘူး :)

    ReplyDelete
  2. ဟုတ်ပါ့ နေ့ အိမ်မက်ပြောသလိုပါပဲ အပိုင်း(၃၀)လောက်တော့မရှည်ပါဘူးနော်....:p

    ReplyDelete
  3. ကိုသက်တန့်ရေ...
    အားနာပေမယ့် မြန်မြန်လေးရေးပါဦးလို့ တောင်းဆိုပါတယ်ခင်ဗျာ...။ ဇာတ်ရှိန်က တက်လာပြီလေ...ဟီးးးးး

    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  4. အီကြာကွေးးးး ဆွဲ ဆန့် မနေ ပါနဲ့ ဗျို့ ... !

    ReplyDelete