Saturday, December 26, 2009

အစိမ်းရောင်အမိုးနဲ့ အနုပညာကျောင်းတော်

အစိမ်းရောင်အမိုးနဲ့ အနုပညာကျောင်းတော်














အနုပညာကျောင်းတော်မှာ ကျနော်တို့ ပညာအစုံကိုဆည်းပူးနိုင်တယ် ။ အဲဒီကျောင်းတော်ကြီးရဲ့ အတွင်းမှာရော အပေါ်ဆုံးက အံ့သြစိတ်လှုပ်ရှားဖွယ် အစိမ်းရောင်အမိုးဒီဇိုင်းကို ရောပေါ့ ။ ဒီအနုပညာ ကျောင်းတော်ဟာ စင်ကာ ပူ နိုင်ငံ Nanyang နည်းပညာတက္ကသိုလ်မှာ ဒီဇိုင်းတီထွင်ထုတ်လုပ်ထားတာ ဖြစ်ပါတယ် ။ ဒီအချိုး ၅ ခုပါတဲ့ သစ်သားထောင့်ချိုးတွေဟာ ဓါတုပစ္စည်းတွေ ဇီဝပစ္စည်းတွေနဲ့ အတူတကွပေါင်းစည်းပြီးတော့ လှပတဲ့ ပုံသဏ္ဍာန် သဘာဝနဲ့ အဆင့်မြင့်နည်းပညာ ဖန်တီးနိုင်မှုစွမ်းအားတွေကို ပြသထားတာပဲ ဖြစ်ပါတယ် ။



ဒါကတော့ ဒီဇိုင်းအကြမ်းပုံစံပါ ။

စာရေးသူ....သက်တန့်ချို ( ၁၁း၀၀ ည ၂၅.၁၂.၀၉)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

7 comments:

  1. လှပပြီး ဆန်းသစ်တဲ့ ဒီဇိုင်းလေးကို လာကြည့်သွားတယ် သက်တန့်ရေ...


    ခင်မင်လေးစားလျှက်

    ReplyDelete
  2. မင်္ဂလာပါ ကိုသက်တန့်ရေ..

    ဒီ ဒီဇိုင်းလေးနဲ့ ပတ်သက်ပြီး ပြောကြဆိုကြတာတွေ အများသားပေါ့။ ကျနော် ဒုတိယနှစ် မြို့ပြ နဲ့ ကျောင်းတက်နေတုန်းက ဒီကျောင်းလေးက အပေါ်ဒီဇိုင်းလေးဘဲ အရင်ပြီးပြီး အတွင်းပိုင်းတွေက နောက်ပိုင်းမှ အဆုံးသတ်ကြတာလေ။ အတွင်းထဲမှာ library နဲ့ ပန်ချီဒီဇိုင်းတွေ များစွာ ခမ်းနားစွာ ရှိပါသေးတယ်။ အပေါ်က မျက်ခင်းကတော့ ညပိုင်းဆို အတွဲတွေ ပေါတာပေါ့။ နောက်ပိုင်းတော့ များလာလွန်းလို့ ထင်တယ် ညပိုင်းဆို မတက်ရတော့ဘူး။ ကျောင်းထဲမှာတော့ ထူးထူးခြားခြား ဒီဇိုင်းနဲ့ အလှဆုံး အဆောက်အဦးလို့ ဆိုရမှာပေါ့။ အခုလို ပြန်လည်မြင်ရတော့လဲ အလွမ်းသားဗျ။

    ခင်မင်စွာဖြင့်
    ကိုမျိုး

    ReplyDelete
  3. ကျောင်းကြီးက ကြည့်လို့တော့ လှသားဗျနော်။

    ReplyDelete
  4. ကျောင်းဒီဇိုင်းလေး လာကြည့်သွားတယ် ကိုသက်တန့် ရေ...

    ReplyDelete
  5. ကိုသက်တန့်ရေ...
    ကျောင်းဂျီးကို အဝေးကနေလှမ်းငေးသွားတယ်ဗျာ...
    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  6. ကိုသက်တန့်ရေ..ကျောင်းကိုက အနုပညာ အတော်ဆန်နေပြီ...

    ReplyDelete
  7. ဒီကျောင်းဆောင်ကြီးကို မြင်တော့ 
    ညီမလေးတို့  ဒဂုံတက္ကသိုလ်က
    အဆောင်တွေကိုတောင် သွားသတိရမိသေး :P

    ReplyDelete